Dictionary Entries
Showing 1,421–1,440 of 2,515 words
မ
မျက်ကြုက်
[mrɛʔt͡ɕoʊɛʔ]
Arakanese:
အနှောင့်အယှက် ပီးတတ်သည့် ဖီးအန္တရာယ်ဟိရေ။ ထောင်လွှားတတ်ကတ်၍ ရန်ပြုလိုရေ ခက်ထန်မှု။ မာန်မာန။ ဒေါသ
Burmese:
အနှောင့်အယှက် ပေးတတ်သည့် ဘေးအန္တရာယ်ရှိသော။ ထောင်လွှားတတ်ကြ၍ ရန်ပြုလိုသော ခက်ထန်မှု။ မာန်မာန။ ဒေါသ
English:
angry
Grammar Note:
နာမဝိသေသန
မျက်ကြောင်
[mrɛʔt͡ɕàʊɴ]
Arakanese:
မျက်စိ သူငယ်အိမ် အရောင်ကြောင်သော။ ကြောင်သော မျက်စိဟိသော
Burmese:
မျက်စိ သူငယ်အိမ် အရောင်ကြောင်သော။ ကြောင်သော မျက်စိယှိသော
English:
have insomnia
Grammar Note:
နာမဝိသေသန
မျက်ကြောတင်း
[mrɛʔt͡ɕɔ́tɪ́ɴ]
Arakanese:
မျက်ကြောကို တင်းမာအောင် ပြုသည်
Burmese:
မျက်နှာထားကို တင်းမာအောင် ပြုသည်
English:
hate the sight of
Grammar Note:
ကြိယာ
မျက်ကြောတင်း၂
[mrɛʔt͡ɕɔ́tɪ́ɴ၂]
Arakanese:
မျက်ကြော တင်းမာသော
Burmese:
မျက်နှာထား တင်းမာသော
English:
hate the sight of
Grammar Note:
နာမဝိသေသန
မျက်ကြောတည့်
[mrɛʔt͡ɕɔ́tɛ့̀]
Arakanese:
အစစအရာရာ လိုက်လျော ညီညွတ်စွာ။ စိတ်တူကိုယ်မျှ
Burmese:
အစစအရာရာ လိုက်လျော ညီညွတ်စွာ။ စိတ်တူကိုယ်မျှ
English:
share the same view
Grammar Note:
ကြိယာဝိသေသန
မျက်ကြောတည့်၂
[mrɛʔt͡ɕɔ́tɛ့̀၂]
Arakanese:
တဦးနှင့်တဦး ဆက်ဆံမှု ပြေလည် သင့်မြတ်သည်
Burmese:
တစ်ဦးနှင့်တစ်ဦး ဆက်ဆံမှု ပြေလည် သင့်မြတ်သည်
English:
share the same view
Grammar Note:
ကြိယာ
မျက်ကြောပြတ်
[mrɛʔt͡ɕɔ́pɹaʔ]
Arakanese:
(ဥပစာ) အာရုံ အမျှင် ပြတ်ရေ။ မြင်နိုင်လောက်သော အပိုင်းအရာမှ မမြင်ပဲ ကွယ်ပျောက် လားရေ။ မျက်စိထဲ မမြင်လိုက်ရပဲ ဟိရေ။ စာတိပီတိကို ကြည့်လို့မမြင်ဗျာ၊ မျက်ကြောပြတ်တေ (အရပ်)
Burmese:
(ဥပစာ) အာရုံ အမျှင် ပြတ်သည်။ မြင်နိုင်လောက်သော အပိုင်းအခြားမှ မမြင်ပဲ ပျောက်ကွယ် သွားသည်။ မျက်စိထဲ မမြင်လိုက်ရပဲ ယှိသည်။ စာတိပီတိကို ကြည့်လို့မမြင်ဗျာ၊ မျက်ကြောပြတ်တေ (အရပ်)
English:
lose sight
Grammar Note:
ကြိယာ
မျက်ကြောမတည့်
[mrɛʔt͡ɕɔ́mtɛ̰]
Arakanese:
(ဥပစာ) အမြင်ကတ်ရေ။ မျက်နှာချင်း ဆိုင်ရန် မလိုမလား ဟိရေ။ မောင်လှနန့် ငါနန့် မျက်ကြောမတည့် (အရပ်)
Burmese:
(ဥပစာ) အမြင်ကတ်သည်။ မျက်နှာချင်း ဆိုင်ရန် မလိုမလား ယှိသည်။ မောင်လှနန့် ငါနန့် မျက်ကြောမတည့် (အရပ်)
English:
hate the sight of
Grammar Note:
ကြိယာ
မျက်ကြောမသင့်
[mrɛʔt͡ɕɔ́mθɪ̀ɴ့]
Arakanese:
(ဥပစာ) အမြင်ကတ်ရေ။ ဟိဆိုင်ရန် မလို မလား ဟိသည်
Burmese:
(ဥပစာ) အမြင်ကတ်သည်။ မျက်နှာချင်းဆိုင်ရန် မလို မလား ယှိသည်
English:
hate the sight of
Grammar Note:
ကြိယာ
မျက်ကြောသီ
[mrɛʔt͡ɕɔ́θí]
Arakanese:
အာရုံတခုခုသို့ အမြဲ ကြည့်လွန်းသနန့် မျက်ခွံကျယ်စွာ ဖွင့်မရပဲ ဟိသော
Burmese:
အာရုံတစ်ခုခုသို့ အမြဲ ကြည့်လွန်းသဖြင့် မျက်ခွံကျယ်စွာ ဖွင့်မရပဲ ယှိသော
English:
have ptosis
Grammar Note:
နာမဝိသေသန
မျက်ကွင်း
[mrɛʔkwɪ́ɴ]
Arakanese:
မျက်ရစ်ဝန်း။ ၂၊ ဝါးကို ခွဲစိတ်၍ (အကွက်) ကျဲကျဲ ရက်ထားရေ အရာ (ဝါးထရံ)
Burmese:
မျက်ရစ်ဝန်း။ ၂၊ ဝါးကို ခွဲစိတ်၍ (အကွက်) ကျဲကျဲ ရက်ထားသော အရာ (ဝါးထရံ)
English:
eye ring
Grammar Note:
နာမ်
မျက်ကွယ်
[mrɛʔkwɛ̀]
Arakanese:
မျက်စိအောက် မြင်ကွင်း မဟုတ်ရေ တပါးသောအရပ်။ မမြင်သာသော အရပ်
Burmese:
မျက်စိအောက် မြင်ကွင်း မဟုတ်သော တစ်ပါးသောအရပ်။ မမြင်သာသော အရပ်
English:
turn a blind eye to
Grammar Note:
နာမ်
မျက်ကွယ်ထား
[mrɛʔkwɛ̀tʰá]
Arakanese:
မမြင်သည့်ပိုင် နိန်ရေ။ မကြေ့ရာလဲဲ ရွတ်မြောက်အောင် တပါးသို့ ခွာနိန်ရေ
Burmese:
မမြင်သည့်အလား နေသည်။ မကြည့်ပဲ လွတ်ကင်းအောင် တစ်ပါးသို့ ခွာနေသည်
English:
turn a blind eye to
Grammar Note:
ကြိယာ
မျက်ခမ်း
[mrɛʔkʰáɴ]
Arakanese:
မျက်လုံးအိမ်၏ အပေါင်အဖွင့် ဖြစ်ရေ အပေါ်အောက် အရီပြားအနား
Burmese:
မျက်လုံးအိမ်၏ အဖုံးအဖွင့် ဖြစ်သော အပေါ်အောက် အရေပြားအနား
English:
edge of eyelid
Grammar Note:
နာမ်
မျက်ခမ်းစပ်
[mrɛʔkʰáɴsaʔ]
Arakanese:
မျက်ခမ်းရောင်ခြင်း၊ မျက်ရည် မပြတ်ကျခြင်း အစဟိစွာ့ ဝေဒနာစု ဖြစ်ပေါ်သည်
Burmese:
မျက်ခမ်းရောင်ခြင်း၊ မျက်ရည် မပြတ်ကျခြင်း စသည့် ဝေဒနာစု ဖြစ်ပေါ်သည်
English:
trachoma
Grammar Note:
ကြိယာ
မျက်ခမ်းလှုပ်
[mrɛʔkʰáɴɬoʊʔ]
Arakanese:
(ဥပစာ) တခုတရီ ကောင်းကျိုး မကောင်းကျိုး ဖြစ်ဖွယ်ရာ နိမိတ်ဖြစ်ပေါ်သည်
Burmese:
(ဥပစာ) တစ်စုံတစ်ရာ ကောင်းကျိုး မကောင်းကျိုး ဖြစ်ဖွယ်ရာ နိမိတ်ဖြစ်ပေါ်သည်
English:
presage - show signs of a coming event
Grammar Note:
ကြိယာ
မျက်ခုံးမွီး
[mrɛʔkʰóʊɴmwï]
Arakanese:
မျက်ခုံးထက်မာ ပေါက်ရောက်သော အမွီး
Burmese:
မျက်ခုံးပေါ်တွင် ပေါက်ရောက်သော အမွေး
English:
eye brow
Grammar Note:
နာမ်
မျက်ချင်းဆိုင်
[mrɛʔɕɪ́ɴsʰàɪɴ]
Arakanese:
တဦးနှင့် တဦး တိုက်ရိုက် လူကိုယ်တိုင် တွိ့ဆုံရေ။ ၂၊ တဦးနှင့် တဦး အမှုအခင်း၊ လုပ်ငန်း၊ ငြင်းခုံမှု အစဟိစွာ ဖက်ပြိုင်သည်
Burmese:
တစ်ဦးနှင့် တစ်ဦး တိုက်ရိုက် လူကိုယ်တိုင် တွေ့ဆုံသည်။ ၂၊ တစ်ဦးနှင့် တစ်ဦး အမှုအခင်း၊ လုပ်ငန်း၊ ငြင်းခုံမှု စသည် ဖက်ပြိုင်သည်
English:
face to face
Grammar Note:
ကြိယာ
မျက်ချင်းဆိုင်၂
[mrɛʔɕɪ́ɴsʰàɪɴ၂]
Arakanese:
တခုနှင့်တခု အပြန်အလှန် တူရူ မျက်နှာမူဗျာယ်။ ၂၊ လူချင်း တိုက်ရိုက် တွိဆုံဗျာယ်
Burmese:
တစ်ခုနှင့်တစ်ခု အပြန်အလှန် တူရူ မျက်နှာမူလျက်။ ၂၊ လူချင်း တိုက်ရိုက် တွေ့ဆုံလျက်
English:
face to face
Grammar Note:
ကြိယာဝိသေသန
မျက်ချစ်
[mrɛʔɕɪʔ]
Arakanese:
မမာ့နှင့် ယောက်ျား တဦးနှင့် တဦး မခွဲမခွာ နှိုင်ယောင် စွဲလမ်းကတ်တေ။ မမာ့ကို ယောက်ျား၊ ယောက်ျားကို မမာ့က မျက်စိ အာရုံထဲမာ စွဲကပ်နီရေ။ ပိယ
Burmese:
မိန်းမနှင့် ယောက်ျား တစ်ဦးနှင့် တစ်ဦး မခွဲမခွာ နိုင်အောင် စွဲလမ်းကြသည်။ မိန်းမကို ယောက်ျား၊ ယောက်ျားကို မိန်းမက မျက်စိ အာရုံထဲတွင် စွဲကပ်နေသည်။ ပိယ
English:
love
Grammar Note:
ကြိယာ