Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,441–1,460 of 2,515 words

    မ

    မျက်ချစ်ဆင်

    [mrɛʔɕɪʔsʰɪ̀ɴ]
    တခုတရီသော ဆီးဝါး၊ မန္တန်၊ အင်းအိုင်အစဟိရေ အတတ်ပညာဖြင့် ကိုယ့်အား ချစ်ခင်လာယောင် ပြုရေ။ ချေကြိမ်မရောက်၊ သုံးကတ်ိမ်မြောက်လျှင်၊ မျိုးက်၏ မျက်ချစ်ဆင်သည် ဖြစ်ပနာ (မျိုးက်)
    တစ်စုံတစ်ခုသော ဆေးဝါး၊ မန္တန်၊ အင်းအိုင်စသော အတတ်ပညာဖြင့် မိမိအား ချစ်ခင်လာအောင် ပြုသည်။ လေးကြိမ်မရောက်၊ သုံးကြိမ်မြောက်လျှင်၊ မျောက်၏ မျက်ချစ်ဆင်သည် ဖြစ်၍ (မျောက်)
    be witch
    ကြိယာ

    မျက်ချို

    [mrɛʔɕÒ]
    သကြားကို အမွှီးရည်၊ အရောင်တင်ဆီး၊ အစဟိစွာရို့နန့် တကွ ရောနှော ကြိုချက်ရား ခဲစေကာ ပုံသဏ္ဍာန် အမျိုးမျိုး ပြုလုပ်ထားရေ စားဖွယ်
    သကြားကို အမွှေးရည်၊ အရောင်တင်ဆေး၊ စသည်တို့နှင့် တကွ ရောနှော ကျိုချက်ပြီး ခဲစေကာ ပုံသဏ္ဍာန် အမျိုးမျိုး ပြုလုပ်ထားသော စားဖွယ်
    snack
    နာမ်

    မျက်ချိုသွီး

    [mrɛʔɕÒθwï]
    တယောက်ယောက်၏ မျက်နှာသာ ပီးမှု၊ အကြိုက် တွေ့မှုအတွက် လိုက်လျောခယ ပြုမှုသည်
    တစ်စုံတစ်ဦး၏ မျက်နှာသာ ပေးမှု၊ အကြိုက် တွေ့မှုအတွက် လိုက်လျောခယ ပြုမှုသည်
    put on a fawning look
    ကြိယာ

    မျက်ချီး

    [mrɛʔɕï]
    မျက်စိထဲက ယိုထွက်ကျသော အညစ် အကြီး
    မျက်စိထဲမှ ယိုထွက်ကျသော အညစ် အကြေး
    eye pus
    နာမ်

    မျက်ချီးခြူ

    [mrɛʔɕïkʰɹù]
    မျက်စိထဲက မျက်ချီးများ ယိုထွက်ကျပနာ ပေကပ်နီမှု
    မျက်စိထဲမှ မျက်ချေးများ ယိုထွက်ကျ၍ ပေကပ်နေမှု
    eye pus
    နာမ်

    မျက်ချီးစပ်

    [mrɛʔɕïsaʔ]
    အသားအရီ ကြုံလှီ၍ အသားနှင့် အရိုး ထိစပ်လုသော။ (ကျွဲ၊ နွားအစဟိစွာ) လင်းတကိုက်၊ စွန်ပုတ်ဝဲ၊ နံရိုးကြဲ၊ မျက်ချီးစပ်၊ ဒူးခတ်၊ အာပေါက် (ကျွဲမင်း)
    အသားအရေ ကြုံလှီ၍ အသားနှင့် အရိုး ထိစပ်လုသော။ (ကျွဲ၊ နွားစသည်) လင်းတကိုက်၊ စွန်ရဲဝဲ၊ နံရိုးကြဲ၊ မျက်ချီးစပ်၊ ဒူးခတ်၊ အာပေါက် (ကျွဲမင်း)
    none
    နာမဝိသေသန

    မျက်ချီးစား

    [mrɛʔɕïsá]
    တဖဲ့ချေ။ စိကေချေ။ တဖဲ့ချေတောင်
    နည်းနည်း။ အနည်းငယ်။ စိုးစဉ်းမျှ
    few
    ကြိယာဝိသေသန

    မျက်ချီးစား၂

    [mrɛʔɕïsá၂]
    စိကေချေလောင်းာက် ဖြစ်ရေ။ အေပိုင်သျှေ မျက်ချီးစားလောက်သျှေနန့် စားရဖို့လား (အရပ်)
    အနည်းငယ်မျှ ဖြစ်သော။ အေပိုင်သျှေ မျက်ချီးစားလောက်သျှေနန့် စားရဖို့လား (အရပ်)
    few
    နာမ်

    မျက်ချီးလောက်

    [mrɛʔɕïlɔ́ɛʔ]
    နည်းသော အရာဝတ္တု။ ပမာဏ၊ မများခြင်း။ စိုးစဉ်း
    နည်းသော အရာဝတ္တု။ ပမာဏ၊ မများခြင်း။ စိုးစဉ်း
    few
    နာမ်

    မျက်ချောင်ကျ

    [mrɛʔɕàʊɴt͡ɕ]
    ပါးပြင်မျက်မား ပိန်လျော့ ချိုင့်ဝင်သော
    ပါးပြင်မျက်တွင်း ပိန်လျော့ ချိုင့်ဝင်သော
    hollow
    နာမဝိသေသန

    မျက်ခြည်ပြတ်

    [mrɛʔkʰɹɛpɹaʔ]
    ကြည့်ရှုမိရေ နီရာဝန်းကျင်မှ ကွယ်ပျောက်လားသည်
    ကြည့်ရှုမိသည့် နေရာဝန်းကျင်မှ ပျောက်ကွယ်သွားသည်
    lose sight of
    ကြိယာ

    မျက်ခွံ

    [mrɛʔkʰwံ]
    မျက်စိကို ဖုံးအုပ်ထားရေ အရီပြား
    မျက်စိကို ဖုံးအုပ်ထားသော အရေပြား
    eyelid
    နာမ်

    မျက်ခွက်

    [mrɛʔkʰwɛʔ]
    လည်အထက်ပိုင်း အဂေါင်းမာ မျက်လုံး၊ နခေါင်း၊ ပစ အစဟိစွာ့ ပါဟိရေ ဟိပိုင်းမြင်ကွင်း။ ညိုပြာချောညက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မြင်ရလိုကြောင်း၊ ဆုမွန်တောင်း၏ (ဒွေး)။ မေလှဆုံးပျက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မြင်ရလိုကြောင်း၊ ဆုမွန်တော
    လည်အထက်ပိုင်း ဦးခေါင်းတွင် မျက်လုံး၊ နှာခေါင်း၊ ပါးစပ် စသည့် ပါရှိသော ရှေ့ပိုင်းမြင်ကွင်း။ ညိုပြာချောညက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မြင်ရလိုကြောင်း၊ ဆုမွန်တောင်း၏ (ဒွေး)။ မေလှဆုံးပျက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မြင်ရလိုကြောင်း၊ ဆုမွန်တော
    face
    နာမ်

    မျက်ခွက်စမ်းဘရာ

    [mrɛʔkʰwɛʔsáɴbʱɹà]
    ဟိုကြည့် စွာကြည့် မငြိမ်မသက် ယောက်ယက်ခတ်ဗျာယ်။ အထိတ်တလန့် အံဩချောက်ချားဗျာယ်။ မျက်ခွက် စမ်းဘရာနန့် ဇာကိုကြည့်လို့လားရေလဲ (အရပ်)
    ဟိုကြည့် သည်ကြည့် မငြိမ်မသက် ယောက်ယက်ခတ်လျက်။ အထိတ်တလန့် အံဩချောက်ချားလျက်။ မျက်ခွက် စမ်းဘရာနန့် ဇာကိုကြည့်လို့လားရေလဲ (အရပ်)
    surprise
    ကြိယာဝိသေသန

    မျက်ခွက်ဆိုင်

    [mrɛʔkʰwɛʔsʰàɪɴ]
    တူရူ ရှေ့ဆိုင်မူဗျာယ်။ ဟိဆိုင်ဗျာယ်။ မျက်ခွက်ဆိုင်ကာ၊ သားသည်းချာမာ၊ ရယ်ကာနေငြား (ဒွေး)
    တူရူ ရှေ့ဆိုင်မူလျက်။ မျက်နှာချင်းဆိုင်လျက်။ မျက်ခွက်ဆိုင်ကာ၊ သားသည်းချာမှာ၊ ရယ်ကာနေငြား (ဒွေး)
    face to face
    ကြိယာဝိသေသန

    မျက်ခွက်မျက်နှာ

    [mrɛʔkʰwɛʔmrɛʔn̥à]
    လည်အထက်ပိုင်း အဂေါင်းမာ မျက်လုံး၊ နခေါင်း၊ ပစ အစဟိစွာ့ ပါဟိရေ ဟိပိုင်းမြင်ကွင်း။ ညိုပြာချောညက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မြင်ရလိုကြောင်း၊ ဆုမွန်တောင်း၏ (ဒွေး)။ မေလှဆုံးပျက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မြင်ရလိုကြောင်း၊ ဆုမွန်တော
    လည်အထက်ပိုင်း ဦးခေါင်းတွင် မျက်လုံး၊ နှာခေါင်း၊ ပါးစပ် စသည့် ပါရှိသော ရှေ့ပိုင်းမြင်ကွင်း။ ညိုပြာချောညက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မြင်ရလိုကြောင်း၊ ဆုမွန်တောင်း၏ (ဒွေး)။ မေလှဆုံးပျက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မြင်ရလိုကြောင်း၊ ဆုမွန်တော
    face
    နာမ်

    မျက်ငြိုးစူး

    [mrɛʔɲósùး]
    တယောက်ယောက်အာ တုံ့ပြန် အန္တရာယ်ပြုဖို့ စိတ်မာ မှတ်သိုထားခြင်း။ ကွာစိလိုသည်၊ မျက်ငြိုစူးစူး၊ ပရံသူစွာ၊ သူတထူးကို၊ ဖျက်ခဲတုံဗျာယ် (ထွန်းတိ)
    တစ်စုံတစ်ဦးအာ တုံ့ပြန် အန္တရာယ်ပြုရန် စိတ်တွင် မှတ်သိုထားခြင်း။ ကွာစိလိုသည်၊ မျက်ငြိုစူးစူး၊ ပရံသူသည်၊ သူတထူးကို၊ ဖျက်ခဲတုံလျက် (ထွန်းတိ)
    bear a grudge
    နာမ်

    မျက်ငြိုးတပ်

    [mrɛʔɲótaʔ]
    တယောက်ယောက် ကို တုံ့ပြန် အန္တရာယ်ပြုဖို့ အခွင့်အခါကို စောင့်နိန်ရေ။ များစွာမှူးမတ်၊ ပုဏ္ဏားကိုလျှင်၊ မျက်ငြိုးတပ်လို့၊ ထသတ်မည်ယောင် (ဒွေး)
    တစ်စုံတစ်ဦး အပေါ်တွင် တုံ့ပြန် အန္တရာယ်ပြုရန် အခွင့်အခါကို စောင့်နေသည်။ များစွာမှူးမတ်၊ ပုဏ္ဏားကိုလျှင်၊ မျက်ငြိုးတပ်လို့၊ ထသတ်မည်ယောင် (ဒွေး)
    bear a grudge
    ကြိယာ

    မျက်စဆင်

    [mrɛʔssʰɪ̀ɴ]
    မျက်ခုံးကို အယင့်ယင် ပင့်တင်ရေ။ ၂၊ တယောက်ယောက်အား သိစီလိုရေ အရာကို သဖောပေါက် သိမြင်နိုင်စီရန် မျက်ခုံးဖြင့် အချက်ပြရေ
    မျက်ခုံးကို လျင်မြန်စွာ ပင့်တင်သည်။ ၂၊ တစ်စုံတစ်ဦးအား သိစေလိုသော အရာကို သဘောပေါက် သိမြင်နိုင်စေရန် မျက်ခုံးဖြင့် အချက်ပြသည်
    raise eyebrow
    ကြိယာ

    မျက်စဉ်းဆီး

    [mrɛʔsɪ́ɴsʰï]
    မျက်စိဝေဒနာ အမျိုးမျိုးကို ပျောက်ကင်းစီရန် ခတ်ရရေ ဆီး။ ၂၊ နတ်ဘီလူးရို့ကို မြင်နှိုင်ရေ ဆီး။ နတ်ဘီလူးကို မြင်နှိုင်ရေ မျက်စဉ်းဆီးကိုကား၊ ပေးကေဘိအံ့ (တောင်)
    မျက်စိဝေဒနာ အမျိုးမျိုးကို ပျောက်ကင်းစေရန် ခတ်ရသော ဆေး။ ၂၊ နတ်ဘီလူးတို့ကို မြင်နိုင်သော ဆေး။ နတ်ဘီလူးကို မြင်နိုင်သော မျက်စဉ်းဆီးကိုကား၊ ပေးလျှင်ဘိအံ့ (တောင်)
    eyedrops
    နာမ်