Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,461–1,480 of 2,515 words

    မ

    မျက်စပြ

    [mrɛʔspɹ]
    မျက်ခုံးကို အယင့်ယင် ပင့်တင်ရေ။ ၂၊ တယောက်ယောက်အား သိစီလိုရေ အရာကို သဖောပေါက် သိမြင်နိုင်စီရန် မျက်ခုံးဖြင့် အချက်ပြရေ
    မျက်ခုံးကို လျင်မြန်စွာ ပင့်တင်သည်။ ၂၊ တစ်စုံတစ်ဦးအား သိစေလိုသော အရာကို သဘောပေါက် သိမြင်နိုင်စေရန် မျက်ခုံးဖြင့် အချက်ပြသည်
    raise eyebrow
    ကြိယာ

    မျက်စိ

    [mrɛʔsì]
    သတ္တဝါ၏ မြင်နှိုင်ရေ အင်္ဂါ အစိတ် အပိုင်း
    သတ္တဝါ၏ မြင်နိုင်သော အင်္ဂါ အစိတ် အပိုင်း
    eye
    နာမ်

    မျက်စိကစပ်

    [mrɛʔsìksaʔ]
    ဣန္ဒြေ မရယောင် ကြည့်ရေ။ မျက်နှာမရွေ့ပဲ စူးစိုက်ပနာ မျက်လုံးကျယ်ဖြင့် တတိန်းချေ ကြည့်ရေ
    ဣန္ဒြေ မရအောင် ကြည့်သည်။ မျက်နှာမရွေ့ပဲ စူးစိုက်၍ မျက်လုံးကျယ်ဖြင့် တိတ်တဆိတ် ကြည့်သည်
    make eyes
    ကြိယာ

    မျက်စိကျ

    [mrɛʔsìt͡ɕ]
    မကြည့်ချင် မမြင်ချင် ဖြစ်တေ။ ၂ မုန်းရေ။ အမြင်ကတ်ရေ။ (ဥပစာ) အမြင်စိတ်၏ ကျက်စားရာ အာရုံ၌ နှစ်သက် တပ်မက်ရေ။ မြင်ရရောင် ကြည့်ရှုခြင်း၌ နှစ်သက် သာယာရေ။ ၂၊ အိပ်ချင်စိတ် ဖြစ်တေ။ ငါအိပ်ချင်လို့ တစိကေ့ မျက်စိကျခိဗျာယ် (အရပ်)
    မကြည့်ချင် မမြင်ချင် ဖြစ်သည်။ ၂ မုန်းသည်။ အမြင်ကတ်သည်။ (ဥပစာ) အမြင်စိတ်၏ ကျက်စားရာ အာရုံ၌ နှစ်သက် တပ်မက်သည်။ မြင်ရအောင် ကြည့်ရှုခြင်း၌ နှစ်သက် သာယာသည်။ ၂၊ အိပ်ချင်စိတ် ဖြစ်သည်။ ငါအိပ်ချင်လို့ တစိကေ့ မျက်စိကျခိဗျာယ် (အရပ်)
    catch-all
    ကြိယာ

    မျက်စိကျယ်နားကျယ်

    [mrɛʔsìt͡ɕɛ̀nát͡ɕɛ̀]
    (ဥပစာ) အမြော်အမြင် ဟိရေ။ အမြင်ကျယ်သည်
    (ဥပစာ) အမြော်အမြင် ယှိသည်။ အမြင်ကျယ်သည်
    be experienced and knowledgeable
    ကြိယာ

    မျက်စိကြက်တက်

    [mrɛʔsìt͡ɕɛʔtɛʔ]
    အိပ်လိုကေလည်း အိပ်လို့မဖြောင့်ပဲ ဟိရေ။ ၂၊ မျက်လုံး ပြူးကြောင်၍ ကြည့်နီသည်
    အိပ်လိုပါလျက် အိပ်မပျော်ပဲ ယှိသည်။ ၂၊ မျက်လုံး ပြူးကြောင်၍ ကြည့်နေသည်
    have insomnia
    ကြိယာ

    မျက်စိကြည့်

    [mrɛʔsìt͡ɕɛ̰]
    အရိပ်အခြည်ကို အရိပ်ချရေ။ ၂၊ လိုလား ဆန္ဒဟိသူကို အရာသူထက် အခွင့်အရီး ပိုပြီးကေပီးရေ။ အဂတိ လိုက်စားသည်
    အရိပ်အခြည်ကို အကဲခတ်သည်။ ၂၊ လိုလား ဆန္ဒယှိသူကို အခြားသူထက် အခွင့်အရေး ပိုမိုပေးသည်။ အဂတိ လိုက်စားသည်
    observe
    ကြိယာ

    မျက်စိကြိမ်း

    [mrɛʔsìt͡ɕéɪɴ]
    အိပ်ရီး ပျက်အတွက်နန့် မျက်လုံးကြောများ နွမ်းရိ ကျိန်းစပ်ရေ
    အိပ်ရေး ပျက်သောကြောင့် မျက်လုံးကြောများ နွမ်းနယ် ကျိန်းစပ်သည်
    irritate
    ကြိယာ

    မျက်စိကြီးနားကြီး

    [mrɛʔsìt͡ɕïnát͡ɕï]
    (ဥပစာ) အကြားအမြင်များသူ
    (ဥပစာ) အကြားအမြင်များသူ
    power of divination
    နာမ်

    မျက်စိကြောင်

    [mrɛʔsìt͡ɕàʊɴ]
    မျက်စိသူငယ်အိမ် ကြောင်မျက်စိပိုင် အရောင်ကြောင်သူ။ ကြောင်သော မျက်စိဟိသူ
    မျက်စိသူငယ်အိမ် ကြောင်မျက်စိကဲ့သို့ အရောင်ကြောင်သူ။ ကြောင်သော မျက်စိယှိသူ
    have insomnia
    နာမ်

    မျက်စိကွယ်ရာနားကွယ်ရာ

    [mrɛʔsìkwɛ̀ɹànákwɛ̀ɹà]
    မျက်စိ ကွယ်ရာ နားကွယ်ရာ မကြားရ မမြင်ရရေ အရပ်။ ဆိတ်ကွယ်ရာအရပ်
    မျက်စိ ကွယ်ရာ နားကွယ်ရာ မကြားရ မမြင်ရသော အရပ်။ ဆိတ်ကွယ်ရာအရပ်
    secluded place
    နာမ်

    မျက်စိခတ်

    [mrɛʔsìkʰaʔ]
    မျက်စိမာ တခုတရီ ဝေဒနာကြောင့် ဆီးရည် ထည့်ရေ။ ၂၊ မျက်စိကို မှိတ်လိုက် ဖွင့်လိုက် ပြုရေ။ မျက်စိကို ဆင့်၍ဆင့်၍ ခတ်သည်
    မျက်စိတွင် တစ်စုံတစ်ခု ဝေဒနာကြောင့် ဆေးရည် ထည့်သည်။ ၂၊ မျက်စိကို မှိတ်လိုက် ဖွင့်လိုက် ပြုသည်။ မျက်စိကို ဆင့်၍ဆင့်၍ ခတ်သည်
    eyedrops
    ကြိယာ

    မျက်စိစူး

    [mrɛʔsìsùး]
    ကြည့်ရှုခြင်း၌ နှစ်သက် သာယာရေ။ ၂၊ (ဥပစာ) အကြည့်ရ ကတ်ရေ။ ကြည့်မြင်ရရေ အတွက် မသာယာခြင်း၊ မနှစ်လို ဖြစ်ရရေ။ အမြင်နက်နဲရေ။ ၃၊ မျက်စိမာ အစူးစူးဘိပိုင် နာကြင်တတ်ရေ အဖုငယ် ပေါ်ထွက်လှာရေ။ ၄၊ (ဥပစာ) အမြင်ရ ကတ်ရေ။ အကြည့်ရ ကတ်သည်
    ကြည့်ရှုခြင်း၌ နှစ်သက် သာယာသည်။ ၂၊ (ဥပစာ) အကြည့်ရ ကတ်သည်။ ကြည့်မြင်ရသည့် အတွက် မသာယာခြင်း၊ မနှစ်လို ဖြစ်ရသည်။ အမြင်နက်နဲသည်။ ၃၊ မျက်စိတွင် ဆူးစူးဘိသကဲ့သို့ နာကျင်တတ်သော အဖုငယ် ပေါ်ထွက်လာသည်။ ၄၊ (ဥပစာ) အမြင်ရ ကတ်သည်။ အကြည့်ရ ကတ်သည်
    be sharp-eyed
    ကြိယာ

    မျက်စိစွန်

    [mrɛʔsìsʊ̀ɴ]
    မျက်ခင်း မျက်ခွံ တခုခုအထဲ ဖက်မာ နာကြင်တတ်ရေ အဖုငယ် ပေါ်ထွက်လှာသည်
    မျက်ခင်း မျက်ခွံ တစ်ခုခုအတွင်း ဘက်တွင် နာကျင်တတ်သော အဖုငယ် ပေါ်ထွက်လာသည်
    have a sty on eyelid
    ကြိယာ

    မျက်စိတခတ်

    [mrɛʔsìtkʰaʔ]
    လျှပ်စီး လက်သည့်အခိုက်မျှ ကြာရှည်သော အချိန်ကာလ။ မျက်တောင် တခါခတ်မျှသော ကာလ
    လျှပ်စီး လက်သည့်အခိုက်မျှ ကြာရှည်သော အချိန်ကာလ။ မျက်တောင် တစ်ခါခတ်မျှသော ကာလ
    demarcation by space or time
    နာမ်

    မျက်စိတနှိပ်

    [mrɛʔsìtn̥ìaʔ]
    မျက်တောင် တခါခတ် မျှသော ကာလ။ တချက်ချေမျှသော အခိုက်
    မျက်တောင် တစ်ခါခတ် မျှသော ကာလ။ တခဏမျှသော အခိုက်
    demarcation by space or time
    နာမ်

    မျက်စိတမြင်

    [mrɛʔsìtmɹɪ̀ɴ]
    ရှုမြင်နှိုင်ရေ အပိုင်းအရာ
    ရှုမြင်နိုင်သော အပိုင်းအခြား
    demarcation by space or time
    နာမ်

    မျက်စိတမြင်၂

    [mrɛʔsìtmɹɪ̀ɴ၂]
    ရှုမြင်နှိုင်ရေ အပိုင်းအခြားဖြစ်ရေ
    ရှုမြင်နိုင်သော အပိုင်းအခြားဖြစ်သော
    demarcation by space or time
    နာမဝိသေသန

    မျက်စိတမြင်၃

    [mrɛʔsìtmɹɪ̀ɴ၃]
    ရှုမြင်နှိုင်ရေ အပိုင်းအရာထိ။ ၂၊ (ဥပစာ) နောင်အရှည်အတွက် အမြော်အမြင် ဟိစွာ
    ရှုမြင်နိုင်သော အပိုင်းအခြားထိ။ ၂၊ (ဥပစာ) နောင်အရှည်အတွက် အမြော်အမြင် ယှိစွာ
    demarcation by space or time
    ကြိယာဝိသေသန

    မျက်စိတသီ

    [mrɛʔsìtθí]
    ရှုမြင်နှိုင်ရေ အပိုင်းအရာထိ
    ရှုမြင်နိုင်သော အပိုင်းအခြားထိ
    demarcation by space or time
    ကြိယာဝိသေသန