Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,481–1,500 of 2,515 words

    မ

    မျက်စိတသီ၂

    [mrɛʔsìtθí၂]
    အလွန် ကွာလှမ်းသော။ အလွန် ဝီးလံသော။ နီးစပ်မှု မဟိသော
    အလွန် ကွာလှမ်းသော။ အလွန် ဝေးလံသော။ နီးစပ်မှု မယှိသော
    far
    နာမဝိသေသန

    မျက်စိနောက်

    [mrɛʔsìnɔ́ɛʔ]
    (ဥပစာ) အမြင်ရ သလမိရေ
    (ဥပစာ) အမြင်ရ စက်ဆုပ်သည်
    abomination
    ကြိယာ

    မျက်စိနှိပ်

    [mrɛʔsìn̥ìaʔ]
    မျက်ခမ်းစိ၍ မျက်လုံးကို ပိတ်ရေ
    မျက်ခမ်းစေ့၍ မျက်လုံးကို ပိတ်သည်
    close eyes
    ကြိယာ

    မျက်စိနှိပ်လှယာထုတ်

    [mrɛʔsìn̥ìaʔɬjàtʰoʊʔ]
    လှည့်ပတ်လိုရေတွက်နန့် ပရိယာယ် မာယာနန့် သေအကွန်ဆောင်ရေ။ (တနည်း) တခုတရီ ရုပ်ပြောင်း ရုပ်လွှဲပြုသည်
    လှည့်ပတ်လို၍ ပရိယာယ် မာယာဖြင့် သေဟန်ဆောင်သည်။ (သို့မဟုတ်) တစ်စုံတစ်ခု ရုပ်ပြောင်း ရုပ်လွှဲပြုသည်
    pretend
    ကြိယာ

    မျက်စိပျက်မျက်နှာပျက်

    [mrɛʔsìprɛʔmrɛʔn̥àprɛʔ]
    မျက်စိရော မျက်နှာရော အမူအရာ တနားချေနန့်အနိန်နန့် ပြောင်းလဲဗျာယ်။ ၂၊ တခုတရီသော အကြောင်းကြောင့် ကိုယ်ရို့ ဣန္ဒြေမရ ဟိကတ်ပနာ
    မျက်စိရော မျက်နှာရော အမူအရာ ခဏချင်း အားဖြင့် ပြောင်းလဲလျက်။ ၂၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် မိမိတို့ ဣန္ဒြေမရ ယှိကြလျက်
    lose facial composure
    ကြိယာဝိသေသန

    မျက်စိပြာ

    [mrɛʔsìpɹà]
    မျက်စိ အမြင် မကြည်လင် ဖြစ်တေ
    မျက်စိ အမြင် မကြည်လင် ဖြစ်သည်
    be blurred
    ကြိယာ

    မျက်စိပွင့်

    [mrɛʔsìpwɪ̀ɴ့]
    (ဥပစာ) အသိအမြင် အကြားအမြင် တိုးတက်ရေ။ ဉာဏ် ပွင့်လင်းသည်
    (ဥပစာ) အသိအမြင် အကြားအမြင် တိုးတက်သည်။ ဉာဏ် ပွင့်လင်းသည်
    be experienced and knowledgeable
    ကြိယာ

    မျက်စိမကောင်းမျက်ဆန်မကောင်း

    [mrɛʔsìmkáʊɴmrɛʔsʰàɴmkáʊɴ]
    အမြင် ဓာတ်အား နည်းရွီတွက်နန့်။ အမြင်အား ယုတ်လျော့သနန့်။ အမြင် မသေးမကွဲ မှုန်ဝါးသည် ဖြစ်ပနာ
    အမြင် ဓာတ်အား နည်းသောအားဖြင့်။ အမြင်အား ယုတ်လျော့သဖြင့်။ အမြင် မသေးမကွဲ မှုန်ဝါးသည် ဖြစ်၍
    have poor eyesight
    ကြိယာဝိသေသန

    မျက်စိမနှိပ်ခင်

    [mrɛʔsìmn̥ìaʔkʰɪ̀ɴ]
    (ဥပစာ) ကွယ်လွန်အနိစ္စ မရောက်သိမ့်မီ ကာလမာ
    (ဥပစာ) ကွယ်လွန်အနိစ္စ မရောက်သေးမီ ကာလတွင်
    before die
    ကြိယာ

    မျက်စိမလှမျက်နှာမလှ

    [mrɛʔsìmɬmrɛʔn̥àmɬ]
    (ဥပစာ) လူများ ပြစ်တင် မသတီ မရှုဆတ်ခြင်း ခံရဗျာယ်
    (ဥပစာ) သူတစ်ပါး အပြစ်တင် မကြည်ဖြူ မရှုဆတ်ခြင်း ခံရလျက်
    be jealous
    ကြိယာဝိသေသန

    မျက်စိမျက်ဆန်

    [mrɛʔsìmrɛʔsʰàɴ]
    မျက်စိမကြည့် မျက်နှာမကြည့် ထောက်ထား ငဲ့ညှာမှု မဟိပဲ။ သနားကြင်နာမှု ကင်းသောအနိန်နန့်။ မင်းလူကို မျက်စိမကြည့် မျက်နှာမကြည့် ပြောဝံ့ရေကာဟေ (အရပ်)
    မျက်စိမကြည့် မျက်နှာမကြည့် ထောက်ထား ငဲ့ညှာမှု မယှိပဲ။ သနားကြင်နာမှု ကင်းသော အားဖြင့်။ မင်းလူကို မျက်စိမကြည့် မျက်နှာမကြည့် ပြောဝံ့ရေကာဟေ (အရပ်)
    eyeball
    နာမ်

    မျက်စိမျက်နှာပျက်

    [mrɛʔsìmrɛʔn̥àprɛʔ]
    မျက်စိရော မျက်နှာရော အမူအရာ တနားချေနန့်အနိန်နန့် ပြောင်းလဲဗျာယ်။ ၂၊ တခုတရီသော အကြောင်းကြောင့် ကိုယ်ရို့ ဣန္ဒြေမရ ဟိကတ်ပနာ
    မျက်စိရော မျက်နှာရော အမူအရာ ခဏချင်း အားဖြင့် ပြောင်းလဲလျက်။ ၂၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် မိမိတို့ ဣန္ဒြေမရ ယှိကြလျက်
    lose facial composure
    ကြိယာဝိသေသန

    မျက်စိမျောင်

    [mrɛʔsìmràʊɴ]
    အမြင်အားဖြင့် လွဲမားစွာ အမှတ် ပြုမိရေ
    အမြင်အားဖြင့် လွဲမှားစွာ အမှတ် ပြုမိသည်
    mistake for another
    ကြိယာ

    မျက်စိမြင်နားမြင်

    [mrɛʔsìmɹɪ̀ɴnámɹɪ̀ɴ]
    ကိုယ်တိုင်ကြုံတွိ သိမြင်ရရေ ခြင်းရာ
    ကိုယ်တိုင်ကြုံတွေ့ သိမြင်ရသော ခြင်းရာ
    personal experience
    နာမ်

    မျက်စိမြင်နားမြင်၂

    [mrɛʔsìmɹɪ̀ɴnámɹɪ̀ɴ၂]
    မျက်စိအောက် မြင်ကွင်း။ မြင်နှိုင်ရေ ဝန်းကျင်။ ၂၊ သက်ဟိဘဝ ကာလ
    မျက်စိအောက် မြင်ကွင်း။ မြင်နိုင်သော ဝန်းကျင်။ ၂၊ သက်ယှိဘဝ ကာလ
    under eyesight
    နာမ်

    မျက်စိမွဲ

    [mrɛʔsìmwɛ]
    အမြင်ဓါတ် အားနည်းသော။ အမြင်အား ယုတ်လျော့သော။ အမြင် မသေးမကွဲ မှုန်ဝါးသော။ သား သက်စုကို၊ ကြည့်ရှုမျှော်လည်း၊ မမြင်ပါရာ၊ နီသူရိန်လေ၊ ရောင်ဟိန်ဖျက်ကေ၊ မျက်စိမွဲမျှ (ပဒုမ္မာ)။ မမာ့ကိုပင်၊ ယောက်ျားထင်၊ ဇောင်ပင်မျက်စိ၊ မွဲယင့်လားလေ (ဓမ္မက)
    အမြင်ဓါတ် အားနည်းသော။ အမြင်အား ယုတ်လျော့သော။ အမြင် မသေးမကွဲ မှုန်ဝါးသော။ သား သက်စုကို၊ ကြည့်ရှုမျှော်လည်း၊ မမြင်ပါပဲ၊ နေသူရိန်လေ၊ ရောင်ဟိန်ဖျက်ကေ၊ မျက်စိမွဲမျှ (ပဒုမ္မာ)။ မိန်းမကိုပင်၊ ယောက်ျားထင်၊ ဇောင်ပင်မျက်စိ၊ မွဲယင့်လားလေ (ဓမ္မက)
    have poor eyesight
    နာမဝိသေသန

    မျက်စိမှန်း

    [mrɛʔsìm̥áɴ]
    အမြင်အားဖြင့် ရမ်းဆဗျာယ်
    အမြင်အားဖြင့် ရမ်းဆလျက်
    estimation by sight
    ကြိယာဝိသေသန

    မျက်စိယဉ်

    [mrɛʔsìjɪ̀ɴ]
    ခါတိုင်း မြင်နီကျ ဖြစ်ပနာ မထူးဆန်း ဟိသည်
    ခါတိုင်း မြင်နေကျ ဖြစ်၍ မထူးဆန်း ယှိသည်
    recoginize the face through frequent encounters
    ကြိယာ

    မျက်စိယဉ်၂

    [mrɛʔsìjɪ̀ɴ၂]
    အမြင်အားဖြင့် လျောက်ပတ်သော။ သင့်မြတ်သော။ လျော်ကန်သော
    အမြင်အားဖြင့် လျောက်ပတ်သော။ သင့်မြတ်သော။ လျော်ကန်သော
    be proper
    နာမဝိသေသန

    မျက်စိယှုပ်

    [mrɛʔsìʃoʊʔ]
    အကြည့်ရ အမြင်ရ စိတ်မရှင်းမလင်း ဖြစ်တေ
    အကြည့်ရ အမြင်ရ စိတ်မရှင်းမလင်း ဖြစ်သည်
    be annoyed at the sight of sb or sth
    ကြိယာ