Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,561–1,580 of 2,515 words

    မ

    မျက်နှာပျက်

    [mrɛʔn̥àprɛʔ]
    အရှက်ရရေ။ ဂုဏ်သိက္ခာ ထိခိုက်ရေ။ ၂၊ မျက်နှာအမူအရာ မကောင်းဘက်ကို အဂု ပြောင်းလားရေ
    အရှက်ရသည်။ ဂုဏ်သိက္ခာ ထိခိုက်သည်။ ၂၊ မျက်နှာအမူအရာ မကောင်းဘက်သို့ ချက်ချင်း ပြောင်းသွားသည်
    lose one’s facial composure
    ကြိယာ

    မျက်နှာပြ

    [mrɛʔn̥àpɹ]
    (ကိုယ့်) မြင်ယောင် ပြုရေ။ အမြင်ခံရေ။ ၂၊ မြင်ယောင် ကိုယ်တိုင် အတွိခံသည်
    (မိမိကိုယ်တိုင်) မြင်အောင် ပြုသည်။ အမြင်ခံသည်။ ၂၊ မြင်အောင် ကိုယ်တိုင် အတွေ့ခံသည်
    show one’s face
    ကြိယာ

    မျက်နှာပြင်း

    [mrɛʔn̥àpɹɪ́ɴ]
    (ဟိုကြည့် စွာကြည့်) မတည်မကြည် မငြိမ်မသက်သီာ မျက်ကြောနှင့်။ ၂၊ မလိုလားသော အာရုံနှင့် မလိုလားမှု တခုခုကို ထင်ရှားစီဗျာယ်
    (ဟိုကြည့် သည်ကြည့်) မတည်မကြည် မငြိမ်မသက်သော မျက်နှာထားနှင့်။ ၂၊ မလိုလားသော အာရုံနှင့် မလိုလားမှု တစ်ခုခုကို ထင်ရှားစေလျက်
    face
    ကြိယာဝိသေသန

    မျက်နှာပြုံပြဲပြံပြဲ

    [mrɛʔn̥àpɹÒʊɴpɹɛpɹံpɹɛ]
    စိမ်းကီစိမ်းကြော ချော်ချော်။ နောက်တောက်တောက် ဣန္ဒြေကင်းစွာ။ ကြဲဇီကြဲဇဲ
    မျက်နှာပြောင် ချော်ချော်။ နောက်တောက်တောက် ဣန္ဒြေမဲ့စွာ။ စပ်ဖြဲဖြဲ
    brazenly
    ကြိယာ

    မျက်နှာပြောင်

    [mrɛʔn̥àpɹàʊɴ]
    မကောင်းရေ တစုံ တခုသော အမှုကိုပြုရာမာ မရှက်မထီ ရဲကေ့သော။ ၂၊ တည်ကြည်မှုမဟိ သရော်ပြောင်လောင်းာင်သော အမူအသွင်ဟိသော
    မကောင်းသော တစ်စုံ တစ်ခုသော အမှုကိုပြုရာ၌ မရှက်မကြောက် ရဲရင့်သော။ ၂၊ တည်ကြည်မှုမယှိ သရော်ပြောင်လှောင်သော အမူအသွင်ယှိသော
    brazenly
    နာမဝိသေသန

    မျက်နှာပြောင်တိုက်

    [mrɛʔn̥àpɹàʊɴtaɪʔ]
    မလုပ်သင့်စွာကို မရှက်မထီ မငဲ့မညှာ၊ မထောက်မထားပဲ ပြုမူသည်
    မလုပ်သင့်သည်ကို မရှက်မကြောက် မငဲ့မညှာ၊ မထောက်မထားပဲ ပြုမူသည်
    be have brazenly
    ကြိယာ

    မျက်နှာပွင့်

    [mrɛʔn̥àpwɪ̀ɴ့]
    အများတိုင်း သဖောကျနှစ်သက် မြတ်နိုးခြင်းကို ခံရရေ
    အများတကာ သဘောကျ နှစ်သက် မြတ်နိုးခြင်းကို ခံရသော
    like
    နာမဝိသေသန

    မျက်နှာပွင့်လင်း

    [mrɛʔn̥àpwɪ̀ɴ့lɪ́ɴ]
    မျက်နှာပွင့်လင်း အများတိုင်း ရိုသီခြင်း၊ လေးစားခြင်း ခံရရေ။ အရည်အခြင်း အစွမ်းသတ္တိ၊ ဝန်ဥစ္စာနှင့် ပြည့်စုံ၍ ထည်ဝါ ခန့်ညားသော
    မျက်နှာပွင့်လင်း အများတကာ ရိုသေခြင်း၊ လေးစားခြင်း ခံရသော။ အရည်အချင်း အစွမ်းသတ္တိ၊ ပစ္စည်းဥစ္စာနှင့် ပြည့်စုံ၍ ထည်ဝါ ခန့်ညားသော
    be popular
    နာမဝိသေသန

    မျက်နှာဖက်

    [mrɛʔn̥àpʰɛʔ]
    အဆောက်အအုံ တခုခု၏ ရှေ့ဘက်။ ၂၊ ဖေသာပြား၏ အရုပ်ဟိရာဘက်။ တခုတရီ၏ အထက်ပိုင်း
    အဆောက်အအုံ တစ်ခုခု၏ ရှေ့ဘက်။ ၂၊ ပိုက်ဆံပြား၏ အရုပ်ယှိရာဘက်။ တစ်စုံတစ်ခု၏ အထက်ပိုင်း
    frontage
    နာမ်

    မျက်နှာဖုံပြာ

    [mrɛʔn̥àpʰòʊɴpɹà]
    အမြင်သိမ်ငယ်၊ မတင့်မရေဟိဗျာယ်။ လူများ ပြစ်တင် ငြိုငြင်းခြင်း ခံရဗျာယ်။ မျက်စိမလှ မျက်နှာမလှဖြစ်ဗျာယ်
    အမြင်သိမ်ငယ်၊ မတင့်မတယ်ယှိလျက်။ သူတစ်ပါး အပြစ်တင် ငြိုငြင်းခြင်း ခံရလျက်။ မျက်စိမလှ မျက်နှာမလှဖြစ်လျက်
    scowl
    ကြိယာ

    မျက်နှာဖျက်

    [mrɛʔn̥àpʰrɛʔ]
    ကိုယ်ကျင့်တရား ကျဆင်း ထိပါးအောင် ပြုသည်
    ကိုယ်ကျင့်တရား ကျဆင်း ထိပါးအောင် ပြုသည်
    scowl
    ကြိယာ

    မျက်နှာဖြူ

    [mrɛʔn̥àpʰɹù]
    အသားအရီာင် ဖြူသော လူမျိုးကိုခေါ်သော အမည်
    အသားအရောင် ဖြူသော လူမျိုးကိုခေါ်သော အမည်
    white man
    နာမ်

    မျက်နှာမကောင်း

    [mrɛʔn̥àmkáʊɴ]
    (မျက်နှာ၌) မသာမယာ၊ မချမ်းမြေ့သော အသွင်ပေါ်သော
    (မျက်နှာ၌) မသာမယာ၊ မချမ်းမြေ့သော အသွင်ပေါ်သော
    lose face
    နာမဝိသေသန

    မျက်နှာမည်း

    [mrɛʔn̥àmɛ́]
    စက်ဆုပ်ရွံ့မုန်းသော အမူအရာ ဖြစ်တေ
    စက်ဆုပ်ရွံ့မုန်းသော အမူအရာ ဖြစ်သည်
    hate the sight of
    နာမဝိသေသန

    မျက်နှာမထားတတ်

    [mrɛʔn̥àmtʰátaʔ]
    ဆင်ခြင်တုံတရား မဟိ ဖြစ်တေ
    ဆင်ခြင်တုံတရား မယှိ ဖြစ်သည်
    be flushed with embarrassment
    ကြိယာ

    မျက်နှာမထောက်

    [mrɛʔn̥àmtʰɔ́ɛʔ]
    ကျေးဇုတရား ဟိစွာကို မသိယောင် ဆောင်နိန်ရေ။ ၂၊ ညှာတာ ငဲ့ကွက် ထောက်ထားခြင်း မဟိ ဖြစ်တေ
    ကျေးဇူးတရား ယှိသည်ကို မသိယောင် ဆောင်နေသည်။ ၂၊ ညှာတာ ငဲ့ကွက် ထောက်ထားခြင်း မယှိ ဖြစ်သည်
    none
    ကြိယာ

    မျက်နှာမနာ

    [mrɛʔn̥àmnà]
    ကျေးဇုတရားကို မထောက်ထားပဲ၊ ရက်ရက် စက်စက် ပြောရဲရေ။ ပြုရဲသည်
    ကျေးဇူးတရားကို မထောက်ထားပဲ၊ ရက်ရက် စက်စက် ပြောရဲသည်။ ပြုရဲသည်
    none
    ကြိယာ

    မျက်နှာမရ

    [mrɛʔn̥àmɹ]
    လူတိ၏ နှစ်သက်လိုလားမှု ကျေးဇုတင်မှုကို မခံရပဲ၊ ပြစ်တင်ခြင်းသာ ခံရရေ။ မျက်နှာမရ၊ ပါးဂြောင်ကျ (ပုံ)
    သူတစ်ပါး၏ နှစ်သက်လိုလားမှု ကျေးဇူးတင်မှုကို မခံရပဲ၊ အပြစ်တင်ခြင်းသာ ခံရသည်။ မျက်နှာမရ၊ ပါးချောင်ကျ (ပုံ)
    disgrace
    ကြိယာ

    မျက်နှာမသိ

    [mrɛʔn̥àmθì]
    တခါတရီ မြင်ဖူးကျွမ်းဝင် ရင်းနှီးသူ မဟိဖြစ်တေ။ ဆွီမျိုး သားချင်း မဟိဖြစ်တေ
    တစ်ခါတစ်ရံ မြင်ဖူးကျွမ်းဝင် ရင်းနှီးသူ မယှိဖြစ်သည်။ ဆွေမျိုး သားချင်း မယှိဖြစ်သည်
    look not know
    ကြိယာ

    မျက်နှာများ

    [mrɛʔn̥àmrá]
    အသိအကျွမ်း တိစွာ။ ရင်းနှီးခင်မင် ချစ်ခင်သူ တိစွာ
    အသိအကျွမ်း များသည်။ ခင်မင်ရင်းနှီး ချစ်ခင်သူ များသည်
    have many friends
    ကြိယာ