Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,621–1,640 of 2,515 words

    မ

    မျက်မွီးတဆုံး

    [mrɛʔmwïtsʰóʊɴ]
    (ဥပစာ) အရှည် အဝီးစစွာကို တိုင်းဆ ချင့်ချိန်ပြီးကေ မထားပဲ။ ဆင်ခြင် သုံးသပ်နိုင်စွမ်း မဟိသောအနိန်နန့်
    (ဥပစာ) အရှည် အဝေးစသည်ကို တိုင်းဆ ချင့်ချိန်၍ မထားပဲ။ ဆင်ခြင် သုံးသပ်နိုင်စွမ်း မယှိသော အားဖြင့်
    as far as one’s eye can see
    ကြိယာ

    မျက်မွီးလိမ်ပျား

    [mrɛʔmwïlèɪɴprá]
    ဆံပင်ကိုသော် ပင်ဖြစ်ဖြစ်၊ မျက်မွီးကိုသော် ပင်ဖြစ်ဖြစ် လိမ်တတ်ရေ ယင်ငယ်ပိုင်ယှောင် ပျားတမျိုး
    ဆံပင်ကိုသော် လည်းကောင်း၊ မျက်မွေးကိုသော် လည်းကောင်း လိမ်တတ်သော ယင်ငယ်ကဲ့သို့သော ပျားတစ်မျိုး
    bee
    နာမ်

    မျက်မှန်

    [mrɛʔm̥àɴ]
    မျက်စိအမြင်အားကို တိုးစီရန် မျက်လုံးရှေ့မှ ကာတပ်ထားရေ ကိုင်းပါရေ မှန်ချပ်အစုံ
    မျက်စိအမြင်အားကို တိုးစေရန် မျက်လုံးရှေ့မှ ကာတပ်ထားသော ကိုင်းပါသည့် မှန်ချပ်အစုံ
    glass
    နာမ်

    မျက်မှုန်တန်း

    [mrɛʔm̥òʊɴtáɴ]
    မျက်လုံးအိမ်အထက် မျက်မားရိုးစွန်းပေါ်ဟိ စကေမို့သော အမွီးအမှင်ပေါက်သည့် အစိတ်အပိုင်းစ။ ၂၊ မျက်ခုံးမွီးများ ပေါက်ရောက်နီသော အရာ
    မျက်လုံးအိမ်အထက် မျက်တွင်းရိုးစွန်းပေါ်ယှိ အတန်ငယ်မို့သော အမွေးအမှင်ပေါက်သည့် အစိတ်အပိုင်းစ။ ၂၊ မျက်ခုံးမွေးများ ပေါက်ရောက်နေသော အရာ
    eye brow
    နာမ်

    မျက်မှောက်

    [mrɛʔm̥ɔ́ɛʔ]
    မျက်စိနှစ်ဘက်အကြား နှာရိုးအထက် နီရာအပြင်။ မျက်မှောက်တော်ဓါတ်၊ ဖူးကတ်မေ (တေး)
    မျက်စိနှစ်ဘက်အကြား နှာရိုးအထက် နေရာအပြင်။ မျက်မှောက်တော်ဓါတ်၊ ဖူးကတ်မေ (တေး)
    the present
    နာမ်

    မျက်မှောက်ကာလ

    [mrɛʔm̥ɔ́ɛʔkàl]
    မျက်စိအောက် အထင်အရှား။ မြင်နှိုင်ရေ နံဖီးတဝိုက်။ ၂၊ အဂုမြင်တွိ ရရေ အချိန်ပိုင်း
    မျက်စိအောက် အထင်အရှား။ မြင်နိုင်သော အနီးတဝိုက်။ ၂၊ ယခုမြင်တွေ့ ရသော အချိန်ပိုင်း
    under eyesight
    နာမ်

    မျက်မှောက်ကုပ်

    [mrɛʔm̥ɔ́ɛʔkoʊʔ]
    မျက်နှာကို မလိုလား မနှစ်မြို့သော အမူအရာ ပြုရေ။ ပဇိပဆာများ စက်ဆုပ်ဟန်ကို ပြရေ။ ၂၊ မျက်မှောက် အရီပြားကို ကျဉ်းအောင် ကျုံရေ။ လူကုန်ယောင်တိုင်၊ မျက်မိုက်ကုပ်စွာ၊ တချို့လျှင်လေ၊ အမြင်ညီးကေ၊ (ဒွေး)
    မျက်နှာကို မလိုလား မနှစ်မြို့သော အမူအရာ ပြုသည်။ အလိုမကျ စက်ဆုပ်ဟန်ကို ပြသည်။ ၂၊ မျက်မှောက် အရေပြားကို ကျဉ်းအောင် ကျုံသည်။ လူကုန်အောင်တိုင်၊ မျက်မှောင်ကုပ်စွာ၊ အချို့လျှင်လေ၊ အမြင်ညီးကေ၊ (ဒွေး)
    scowl
    ကြိယာ

    မျက်မှောင်တန်း

    [mrɛʔm̥àʊɴtáɴ]
    မျက်လုံးအိမ်အထက် မျက်မားရိုးစွန်းပေါ်ဟိ စကေမို့သော အမွီးအမှင် ပေါက်သည့် အစိတ်အပိုင်းစ။ ၂၊ မျက်ခုံးမွီးများ ပေါက်ရောက်နီသော အရာ
    မျက်လုံးအိမ်အထက် မျက်တွင်းရိုးစွန်းပေါ်ယှိ အတန်ငယ်မို့သော အမွေးအမှင် ပေါက်သည့် အစိတ်အပိုင်းစ။ ၂၊ မျက်ခုံးမွေးများ ပေါက်ရောက်နေသော အရာ
    scowl - frown - knit one’s brows
    နာမ်

    မျက်ယမ်း

    [mrɛʔjáɴ]
    အမြင်အားဖြင့် ရမ်းဆဗျာယ်။ ဒီပါတောင်ကျွန်း၊ ဒေဘက်ကမ်းက၊ မျက်ယမ်းမျှော်ဆ (ရာမ)
    အမြင်အားဖြင့် ရမ်းဆလျက်။ ဒီပါတောင်ကျွန်း၊ ဤဘက်ကမ်းက၊ မျက်ယမ်းမျှော်ဆ (ရာမ)
    estimation by sight
    ကြိယာဝိသေသန

    မျက်ယမ်းကောင်း

    [mrɛʔjáɴkáʊɴ]
    အမြင်အားဖြင့် နီးစပ် မှန်ကန်ယောင် ရမ်းဆ နိုင်စွမ်းသော
    အမြင်အားဖြင့် နီးစပ် မှန်ကန်အောင် ရမ်းဆ နိုင်စွမ်းသော
    recoginize the face through frequent encounters
    နာမဝိသေသန

    မျက်ယမ်းဆ

    [mrɛʔjáɴsʰ]
    အမှတ်ထင်ထင် စွဲစိုက် သတိပြုပနာ မြင်မှတ်မိရေ
    အမှတ်ထင်ထင် စွဲစိုက် သတိပြု၍ မြင်မှတ်မိသည်
    recoginize the face through frequent encounters
    ကြိယာ

    မျက်ရစ်

    [mrɛʔɹɪʔ]
    မျက်လုံး ပတ်လည်အဝန်း။ သျှင်ငယ်ရို့လေ့ ဆီးမြစ်ကို မျက်ရစ်၌ ကွင်းဗျာယ် လှည့်ပတ်၍ ကြည့်လီလျှင် (တောင်)
    မျက်လုံး ပတ်လည်အဝန်း။ သျှင်ငယ်တို့လည်း ဆီးမြစ်ကို မျက်ရစ်၌ ကွင်းလျက် လှည့်ပတ်၍ ကြည့်လေလျှင် (တောင်)
    eyelid
    နာမ်

    မျက်ရစ်ဝန်း

    [mrɛʔɹɪʔwáɴ]
    မျက်လုံး ပတ်လည်အဝန်း။ သျှင်ငယ်ရို့လေ့ ဆီးမြစ်ကို မျက်ရစ်၌ ကွင်းဗျာယ် လှည့်ပတ်၍ ကြည့်လီလျှင် (တောင်)
    မျက်လုံး ပတ်လည်အဝန်း။ သျှင်ငယ်တို့လည်း ဆီးမြစ်ကို မျက်ရစ်၌ ကွင်းလျက် လှည့်ပတ်၍ ကြည့်လေလျှင် (တောင်)
    eyelid
    နာမ်

    မျက်ရည်

    [mrɛʔɹɛ̀]
    အကြောင်းအနိန်နန့် ဝမ်နည်းမှု၊ ရယ်ရွှင်မှု၊ စိတ်ထိခိုက်မှု အစဟိစွာ ဖြစ်ပေါ်လှာရေ့အခါ မျက်လုံးအိမ်ထဲက စိမ့်ယိုထွက်ကျသော အရည်
    အကြောင်းအားလျော်စွာ ဝမ်နည်းမှု၊ ရယ်ရွှင်မှု၊ စိတ်ထိခိုက်မှု စသည် ဖြစ်ပေါ်လာသည့်အခါ မျက်လုံးအိမ်ထဲမှ စိမ့်ယိုထွက်ကျသော အရည်
    tear
    နာမ်

    မျက်ရည်ကျ

    [mrɛʔɹɛ̀t͡ɕ]
    ကိုယ်စိတ်ထိခိုက် ခံစားရမှု တခုတရီရို့ကြောင့် မျက်လုံးအိမ်ထဲက အရည်များ စိမ့်ယိုကျရေ
    ကိုယ်စိတ်ထိခိုက် ခံစားရမှု တစ်စုံတစ်ရာတို့ကြောင့် မျက်လုံးအိမ်ထဲမှ အရည်များ စိမ့်ယိုကျသည်
    cry
    ကြိယာ

    မျက်ရည်ခံ

    [mrɛʔɹɛ̀kʰံ]
    မျက်ရည် စီးယိုကျရေ့နီရာမာ ဟိသောမဲ့
    မျက်ရည် စီးယိုကျသည့်နေရာ၌ ယှိသောမဲ့
    tear
    နာမ်

    မျက်ရည်စက်လက်

    [mrɛʔɹɛ̀sɛʔlɛʔ]
    အမြဲတမ်း လိုပင် ငိုယိုဗျာယ်။ ၂၊ ငိုဗျာယ် တန်းလန်းနှင့်၊ မျက်ရည် ပြည့်ယိုအောင် မျက်လုံးများနှင့်
    အမြဲတမ်း လိုပင် ငိုယိုလျက်။ ၂၊ ငိုလျက် တန်းလန်းနှင့်၊ မျက်ရည် ပြည့်ယိုအောင် မျက်လုံးများနှင့်
    cry
    ကြိယာ

    မျက်ရည်စို

    [mrɛʔɹɛ̀sÒ]
    မျက်လုံးအိမ်၌ မျက်ရည်များ ယိုစိမ့်စ ပြုသည်
    မျက်လုံးအိမ်၌ မျက်ရည်များ ယိုစိမ့်စ ပြုသည်
    tear
    ကြိယာ

    မျက်ရည်စု

    [mrɛʔɹɛ̀soʊ]
    မျက်ရည်များ ယိုဆင်း ဖိတ်လျှံမကျမီ စုအိုင်၍ နိန်ရေ
    မျက်ရည်များ ယိုဆင်း ဖိတ်လျှံမကျမီ စုအိုင်၍ နေသည်
    tear
    ကြိယာ

    မျက်ရည်စု၂

    [mrɛʔɹɛ̀soʊ၂]
    အစက်အပေါက်ကြီး အဖြစ် ယိုဆင်း မကျမီ စုအိုင်နိန်ရေ မျက်ရည်စု
    အစက်အပေါက်ကြီး အဖြစ် ယိုဆင်း မကျမီ စုအိုင်နေသော မျက်ရည်စု
    tear
    နာမ်