Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,641–1,660 of 2,515 words

    မ

    မျက်ရည်ဇာ

    [mrɛʔɹɛ̀zà]
    သူတိပါးက နည်းအမျိုးမျိုးနှင့် မတရားနည်းလမ်းတကျ ရယူသော ဝန်ဥစ္စာ
    သူများထံမှ နည်းအမျိုးမျိုးနှင့် မတရားသဖြင့် ရယူသော ပစ္စည်းဥစ္စာ
    none
    နာမ်

    မျက်ရည်နန့်မျက်ခွက်

    [mrɛʔɹɛ̀nàɴ့mrɛʔkʰwɛʔ]
    အမြဲအစွဲလိုပင် ငိုယိုဗျာယ်
    အမြဲအစွဲလိုပင် ငိုယိုလျက်
    cry
    ကြိယာ

    မျက်ရည်ပါးရည်

    [mrɛʔɹɛ̀pàးɹɛ̀]
    မျက်ရည်ပြည့် ယိုသော မျက်လုံးများနှင့်
    မျက်ရည်ပြည့် ယိုသော မျက်လုံးများနှင့်
    cry
    ကြိယာ

    မျက်ရည်ရွဲ

    [mrɛʔɹɛ̀ɹwɛ]
    မျက်လုံးအိမ်၌ မျက်ရည်များ ယိုစိမ့်စ ပြုရေ။ ကေသရာခြင်္သေ့၊ ရှင်မတွက်ဝယ်၊ ရတတ်ပွေကေ၊ မျက်ရည်ရွဲနှင့် (ကော်)
    မျက်လုံးအိမ်၌ မျက်ရည်များ ယိုစိမ့်စ ပြုသည်။ ကေသရာခြင်္သေ့၊ ရှင်မတွက်ဝယ်၊ ရတတ်ပွေကေ၊ မျက်ရည်ရွဲနှင့် (ကော်)
    none
    ကြိယာ

    မျက်ရည်လည်

    [mrɛʔɹɛ̀lɛ̀]
    စိတ်မာ ခံစားရမှု တခုခုကြောင့် မျက်လုံးအိမ်အထဲမာ မျက်ရည်များ စိမ့်ယို ပြည့်လျှမ်းလာရေ
    စိတ်တွင် ခံစားရမှု တစုံတခုကြောင့် မျက်လုံးအိမ်အတွင်း၌ မျက်ရည်များ စိမ့်ယို ပြည့်လျှမ်းလာသည်
    cry
    ကြိယာ

    မျက်ရည်ဟိန်း

    [mrɛʔɹɛ̀héɪɴ]
    မျက်လုံးအိမ်မာ မျက်ရည်များ ပြည့်လျှမ်းလာရေ
    မျက်လုံးအိမ်တွင် မျက်ရည်များ ပြည့်လျှမ်းလာသည်
    cry
    ကြိယာ

    မျက်ရည်အိုင်

    [mrɛʔɹɛ̀ʔàɪɴ]
    မျက်ရည်များ ယိုဆင်း ဖိတ်လျှံမကျမီ စုအိုင်၍ နိန်ရေ
    မျက်ရည်များ ယိုဆင်း ဖိတ်လျှံမကျမီ စုအိုင်၍ နေသည်
    cry
    ကြိယာ

    မျက်ရည်အိုင်၂

    [mrɛʔɹɛ̀ʔàɪɴ၂]
    အစက်အပေါက်ကြီး အဖြစ် ယိုဆင်း မကျမီ စုအိုင်နိန်ရေ မျက်ရည်စု
    အစက်အပေါက်ကြီး အဖြစ် ယိုဆင်း မကျမီ စုအိုင်နေသော မျက်ရည်စု
    cry
    နာမ်

    မျက်ရိပ်ကဲခတ်

    [mrɛʔɹìaʔkɛkʰaʔ]
    အထဲ စိတ်ကြောင့် မျက်နှာမာ ပေါ်ထင်သော အမူအရာ
    အတွင်း စိတ်ကြောင့် မျက်နှာတွင် ပေါ်ထင်သော အမူအရာ
    facial expression
    ကြိယာ

    မျက်ရိပ်ပြ

    [mrɛʔɹìaʔpɹ]
    မျက်စိမျက်နှာ ကိုယ်နေ ကိုယ်ဟန် လှုပ်ယှားမှု အမှုအရာဖြင့် တခုတရီကို သိဟိစီရေ။ အချက်ပီးသည်
    မျက်စိမျက်နှာ ကိုယ်နေ ကိုယ်ဟန် လှုပ်ရှားမှု အမှုအရာဖြင့် တစ်စုံတစ်ရာကို သိယှိစေသည်။ အချက်ပေးသည်
    facial expression
    ကြိယာ

    မျက်ရိပ်မျက်ကဲ

    [mrɛʔɹìaʔmrɛʔkɛ]
    မျက်စိ မျက်နှာ ကိုယ်နေ ကိုယ်ဟန် လှုပ်ယှားမှု အမှုအရာဖြင့် တခုတရီကို သိဟိစီရေ။ အချက်ပီးသည်
    မျက်စိ မျက်နှာ ကိုယ်နေ ကိုယ်ဟန် လှုပ်ရှားမှု အမှုအရာဖြင့် တစ်စုံတစ်ရာကို သိယှိစေသည်။ အချက်ပေးသည်
    facial expression
    ကြိယာ

    မျက်ရိပ်မျက်ခြေ

    [mrɛʔɹìaʔmrɛʔkʰɹè]
    တယောက်တလီ၏ စိတ်နီ သဖောထား၊ အခြီအရဲ စစွာကို သိယောင် လိလာရေ
    တစ်စုံတစ်ယောက်၏ စိတ်နေ သဘောထား၊ အခြေအနေ စသည်ကို သိအောင် လေ့လာသည်
    study
    ကြိယာ

    မျက်ရီတင်း

    [mrɛʔɹítɪ́ɴ]
    အပိုးမသီရေ မျက်ကြောနှင့်။ ပြုတ်မနူး နောက်တောက် တောက်နှင့်။ မျက်နှာပုပ်မသီ၊ မျက်နှာရီတင်းတင်း (ပုံ)
    အပိုးမသေသော မျက်နှာထားနှင့်။ ပြောင်ချော်ချော် နောက်တောက် တောက်နှင့်။ မျက်နှာပုပ်မသီ၊ မျက်နှာရီတင်းတင်း (ပုံ)
    none
    ကြိယာဝိသေသန

    မျက်ရဲသတ္တိ

    [mrɛʔɹɛθt̪t̪a̰ì]
    ဝံ့စားသော။ တုန်လှုပ် ရှက်ရွံ့ခြင်းမဟိ၊ ရက်ရက်အလွယ်ချေ ပြုစွမ်းနှိုင်ရေ
    ဝံ့စားသော။ တုန်လှုပ် ရှက်ရွံ့ခြင်းမယှိ၊ ရက်ရက်လွယ်လွယ် ပြုစွမ်းနိုင်သော
    none
    နာမဝိသေသန

    မျက်ရှင်

    [mrɛʔʃɪ̀ɴ]
    တန်ခိုးဣဒ္ဓိပါဒ် ပတ္တမြား။ ကျောက်မျက်။ မြီလျှိုး မိုးပျံနှိုင်ရေ အစွမ်းထက်သော ပတ္တမြား
    တန်ခိုးဣဒ္ဓိပါဒ် ပတ္တမြား။ ကျောက်မျက်။ မြေလျှိုး မိုးပျံနိုင်သော အစွမ်းထက်သော ပတ္တမြား
    ruby
    နာမ်

    မျက်ရှင်၂

    [mrɛʔʃɪ̀ɴ၂]
    မဟာစန္ဒသူရိယ ဘုရင်မင်းမြတ် သွန်းလုပ်တော်မူသော ရုပ်ရှင်တော် မဟာမြတ်မုနိကို တင်စားပနာ ခေါ်ဝေါ်သုံးနှုန်းသော စကားလုံး
    မဟာစန္ဒသူရိယ ဘုရင်မင်းမြတ် သွန်းလုပ်တော်မူသော ရုပ်ရှင်တော် မဟာမြတ်မုနိကို တင်စား၍ ခေါ်ဝေါ်သုံးနှုန်းသော စကားလုံး
    none
    နာမ်

    မျက်ရှုဆင်

    [mrɛʔʃoʊsʰɪ̀ɴ]
    မိဖရို့သည် သားသမီးရို့၊ မျက်နှာကို မြင်ကေ၊ ချစ်မြတ်နိုးသော အမူအရာဖြင့် ကြည့်ရှု့၍ မရောင့်ရဲနိုင်၊ မျက်စိအောက်မာ အပျောက်မခံနိုင် ဟိနိန်ရေ၏ အဖြစ်။ မျက်ရှုဆင်၊ ကြည့်ကေမဝ၊ ရွင်ပျမျက်နှာ (လွမ်းမပြေ)
    မိဘတို့သည် သားသမီးတို့၊ မျက်နှာကို မြင်လျှင်၊ ချစ်မြတ်နိုးသော အမူအရာဖြင့် ကြည့်ရှု့၍ မရောင့်ရဲနိုင်၊ မျက်စိအောက်တွင် အပျောက်မခံနိုင် ယှိနေသည်၏ အဖြစ်။ မျက်ရှုဆင်၊ ကြည့်လျှင်မဝ၊ ရွင်ပျမျက်နှာ (လွမ်းမပြေ)
    under eyesight
    နာမ်

    မျက်လုံးအိမ်

    [mrɛʔlóʊɴʔèɪɴ]
    မျက်လုံးတည်ဟိရာ မားချိုင့်။ မျက်လုံးမား
    မျက်လုံးတည်ယှိရာ တွင်းချိုင့်။ မျက်လုံးတွင်း
    eye
    နာမ်

    မျက်လွှပစ်

    [mrɛʔlW̯pɪʔ]
    ကိုယ့် ဆောင်ရွက်ရန် တာဝန်ကို (သားအား) တနည်း တယောက်တလီအား ပြောင်းပြီးကေ ပီးအပ်ရေ။ ကိုယ့်တက်စား ဆောင်ရွက် စီရေ
    မိမိ ဆောင်ရွက်ရန် တာဝန်ကို (သားအား) သို့မဟုတ် တစ်စုံတစ်ယောက်အား ပြောင်း၍ ပေးအပ်သည်။ မိမိကိုယ်စား ဆောင်ရွက် စေသည်
    on behalf of
    ကြိယာ

    မျက်လွှာ

    [mrɛʔlW̯à]
    မျက်လုံးအိမ်အထဲဟိ မျက်ဆန်၌ ဖွဲ့တည်နိန်ရေ (ကြည်လင်သော) အကြည်လွှာ အထပ်။ ၂၊ မျက်စိကို ဖုံးအုပ်ထားရေ အပေါ် မျက်ခွံအရီပြား
    မျက်လုံးအိမ်အတွင်းယှိ မျက်ဆန်၌ ဖွဲ့တည်နေသော (ကြည်လင်သော) အကြည်လွှာ အထပ်။ ၂၊ မျက်စိကို ဖုံးအုပ်ထားသော အပေါ် မျက်ခွံအရေပြား
    eye-lid
    နာမ်