Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,661–1,680 of 2,515 words

    မ

    မျက်လွှာချ

    [mrɛʔlW̯àɕ]
    မျက်ခွံ အရီပြားကို မျက်လုံးရှေ့ အပြင်၌ ဖုံးအုပ်ကာနှင့် မျက်နက်ဝန်းကို အောက်ကို စိုက်ပနာ ကြည့်ရှု့သည်
    မျက်ခွံ အရေပြားကို မျက်လုံးရှေ့ အပြင်၌ ဖုံးအုပ်ကာနှင့် မျက်နက်ဝန်းကို အောက်သို့ စိုက်၍ ကြည့်ရှု့သည်
    downcast
    ကြိယာ

    မျက်ဝတ်

    [mrɛʔwaʔ]
    မျက်စိထဲက ယိုထွက်တတ်ရေ အညစ်အကြီး
    မျက်စိထဲမှ ယိုထွက်တတ်သော အညစ်အကြေး
    eyepus
    နာမ်

    မျက်ဝန်း

    [mrɛʔwáɴ]
    မျက်လုံးအိမ် အထဲဟိ မျက်နက်အဝန်း။ တနည်း သူငယ်အိမ်အဝန်း
    မျက်လုံးအိမ် အတွင်းယှိ မျက်နက်အဝန်း။ သို့မဟုတ် သူငယ်အိမ်အဝန်း
    iris
    နာမ်

    မျက်ဝီ

    [mrɛʔwí]
    သစ်၊ ဝါးရို့မာ အမျက်များ စုဝေးပေါင်းဆုံရာ အစိတ်အပိုင်း။ ခမေါင်းမျက်ဝီ၊ ကမ္ဘာလုံးကို၊ ခြက်လို့နီ၊ မျက်စီခမောင်း၊ အပင်သန်ကေ၊ ကျီးတခေါင်း (တေး)
    သစ်၊ ဝါးတို့၌ အမျက်များ စုဝေးပေါင်းဆုံရာ အစိတ်အပိုင်း။ ခမေါင်းမျက်ဝီ၊ ကမ္ဘာလုံးကို၊ ခြက်လို့နီ၊ မျက်စီခမောင်း၊ အပင်သန်ကေ၊ ကျီးတစ်ခေါင်း (တေး)
    none
    နာမ်

    မျက်ဝါး

    [mrɛʔwàး]
    မျက်စိအောက် မြင်ကွင်း။ မြင်နှိုင်ရေ ဝန်းကျင်
    မျက်စိအောက် မြင်ကွင်း။ မြင်နိုင်သော ဝန်းကျင်
    under eyesight
    နာမ်

    မျက်သား

    [mrɛʔθá]
    မျက်သားခေါ် မျက်ဆန်အဖြူသားမာ အသားပိုပြီးကေများ တက်လာရေ
    မျက်သားခေါ် မျက်ဆန်အဖြူသားတွင် အသားပိုများ တက်လာသည်
    white of the eye
    နာမ်

    မျက်သို့

    [mrɛʔθo̰]
    တယောက်ယောက်ကို တုံပြန့် အန္တရာယ်ပြုဖို့ အခွင့် စောင့်နိန်ရေ
    တစ်စုံတစ်ဦးအပေါ်တွင် တုံပြန့် အန္တရာယ်ပြုရန် အခွင့် စောင့်နေသည်
    none
    ကြိယာ

    မျဉ်း

    [mrɪ́ɴ]
    မျက်လုံးကို မျက်တောင်၊ မျက်ခွံရို့နန့် ယှက်သန်း ဖုံးပိတ်ရေ။ ၂၊ အခိုက်အတန့် အိပ်ရေ။ အဲ့ငါ့အိပ်ရာမာ တနားမျိုင်းပါလားခရေ (အရပ်)
    မျက်လုံးကို မျက်တောင်၊ မျက်ခွံတို့ဖြင့် ယှက်သန်း ဖုံးပိတ်သည်။ ၂၊ အခိုက်အတန့် အိပ်သည်။ အဲ့ငါ့အိပ်ရာမှာ တနားမျိုင်းပါလားခရေ (အရပ်)
    doze
    ကြိယာဝိသေသန

    မျဉ်း၂

    [mrɪ́ɴ၂]
    အခိုက်အတန့် အိပ်ရေ။ ငါ့တနား စင်ထက်မာ မျှိုင်းပစ်ခီဗျာယ် (အရပ်)
    အခိုက်အတန့် အိပ်သည်။ ငါ့တနား စင်ထက်မှာ မျဉ်းပစ်ခီဗျာယ် (အရပ်)
    doze
    ကြိယာ

    မျဉ်း၃

    [mrɪ́ɴ၃]
    မလျင်မမြန်သော၊ ဖင့်နွဲသော။ လာလ်ဝေး အလယင် ကားကတ်မေ မျှိုင်းနီလိုမဖြစ် (အရပ်)
    မလျင်မမြန်သော၊ ဖင့်နွဲသော။ လာလ်ဝေး အလယင် ကားကတ်မေ မျဉ်းနီလိုမဖြစ် (အရပ်)
    delay
    နာမဝိသေသန

    မျဉ်း၄

    [mrɪ́ɴ၄]
    တခုတရီသော မျက်နှာပြင်၌ တောက်လျှောက် ရီးခြစ်ထားရေ အရီးအကြောင်း
    တစ်စုံတစ်ခုသော မျက်နှာပြင်၌ တောက်လျှောက် ရေးခြစ်ထားသော အရေးအကြောင်း
    line
    နာမ်

    မျဉ်းကြိုး

    [mrɪ́ɴt͡ɕó]
    လက်သမား၊ သစ်ခွပ်ဆရာ၊ အစဟိစွာရို့ သစ်ခွဲစိတ်ရာမာ မျှိုင်းပြောင့်အောင် စွဲထင်စီရန် မီးသွီး၊ အိုးမဲ၊ မြီဖြူ တမျိုးမျိုးဖြင့် သုတ်လူး၍ မာမာစွဲကာ ထိခိုက်ရာ ပေါ်စီရေ့ကြိုး
    လက်သမား၊ သစ်ခုတ်သမား၊ စသည်တို့ သစ်ခွဲစိတ်ရာ၌ မျဉ်းဖြောင့်အောင် စွဲထင်စေရန် မီးသွေး၊ အိုးမဲ၊ မြေဖြူ တစ်မျိုးမျိုးဖြင့် သုတ်လိမ်း၍ မာမာစွဲကာ ထိခိုက်ရာ ပေါ်စေသည့်ကြိုး
    draw line
    နာမ်

    မျဉ်းကြောင်း

    [mrɪ́ɴt͡ɕáʊɴ]
    တခုတရီသော မျက်နှာပြင်ပေါ်၌ အလျားလိုက် စွဲထင်အောင် ရီးခြစ် ရိုက်နှိပ်ထားရေ မျှိုင်း။ ၂၊ မျဉ်းတံ
    တစ်စုံတစ်ခုသော မျက်နှာပြင်ပေါ်၌ အလျားလိုက် စွဲထင်အောင် ရေးခြစ် ရိုက်နှိပ်ထားသော မျဉ်း။ ၂၊ ပေတံ
    ruler
    နာမ်

    မျဉ်းစေါက်

    [mrɪ́ɴsaʊʔ]
    အထက်အောက် တဖြောင့်တည်းသော မျှိုင်း
    အထက်အောက် တဖြောင့်တည်းသော မျဉ်း
    vertical line
    နာမ်

    မျဉ်းဆွဲ

    [mrɪ́ɴsʰwɛ]
    မျှိုင်းကြောင်း မြင်သာယောင် ရီးထားရေ
    မျဉ်းကြောင်း မြင်သာအောင် ရေးထားသည်
    draw line
    ကြိယာ

    မျဉ်းတံ

    [mrɪ́ɴtံ]
    မျှိုင်းကြောင်းရာမာ ခဲကလောင်၊ မင်တံ အစဟိစွာ့ ဖီးစောင်း အနားကပ် မီရန် နှစ်ဘက် အနား ဖြောင့်ညီသည့် သစ်သား၊ သတ္တု အစဟိစွာ
    မျဉ်းကြောင်းရာ၌ ခဲတံ၊ မင်တံ စသည့် ဘေးစောင်း အနားကပ် မီရန် နှစ်ဘက် အနား ဖြောင့်ညီသည့် သစ်သား၊ သတ္တု စသည်
    ruler
    နာမ်

    မျဉ်းတန်း

    [mrɪ́ɴtáɴ]
    အလျား တဖြောင့်တည်း ဆွဲထားရေမျှိုင်း
    အလျား တဖြောင့်တည်း ဆွဲထားသောမျဉ်း
    horizontal line
    နာမ်

    မျဉ်းပြိုင်

    [mrɪ́ɴpɹàɪɴ]
    တကြောင်းနှင့် တကြောင်း အကွာအဝီး ညီစွာ သွယ်ပြိုင်နိန်ရေ မျှိုင်း
    တစ်ကြောင်းနှင့် တစ်ကြောင်း အကွာအဝေး ညီစွာ သွယ်ပြိုင်နေသော မျဉ်း
    parallel line
    နာမ်

    မျဉ်းမျဉ်း

    [mrɪ́ɴmrɪ́ɴ]
    ကမန်းကတန်း မဟိ အချိန်ယူဗျာယ်။ တဆတ်ဆတ်နှေးနှေး။ အယင်လားဖို့လို၊ မျှိုင်းမျှိုင်းလားကတ်မည် (အရပ်)
    အလျင်စလို မယှိ အချိန်ယူလျက်။ ဖြည်းဖြည်းနှေးနှေး။ အယင်လားဖို့လို၊ မျဉ်းမျဉ်းလားကတ်မည် (အရပ်)
    slow
    ကြိယာဝိသေသန

    မျဉ်းမျဉ်းသျှေ

    [mrɪ́ɴmrɪ́ɴʃè]
    ညံ့ပျောင်း သိမ်မွေ့စွာ။ တဆတ်ဆတ်သာသာ။ ဖြည်းညှင်းစွာ။ မျှိုင်းမျှိုင်းသျှေ လားကတ်မေလေ (အရပ်)
    ညံ့ပျောင်း သိမ်မွေ့စွာ။ ဖြည်းဖြည်းသာသာ။ ဖြည်းညှင်းစွာ။ မျဉ်းမျဉ်းသျှေ လားကတ်မေလေ (အရပ်)
    slow
    ကြိယာ