Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,701–1,720 of 2,515 words

    မ

    မျိတ်နီရေ

    [mreɪʔníɹè]
    အဖျားသွယ်သွယ် သွန်းသွန်းဖြစ်ယောင် လုပ်ရေ။ ၂၊ သာယောင်ထူးအောင်၊ မြတ်အောင် လုပ်ရေ
    အဖျားသွယ်သွယ် သွန်းသွန်းဖြစ်အောင် လုပ်သည်။ ၂၊ သာအောင်ထူးအောင်၊ မြတ်အောင် လုပ်သည်
    sharp
    ကြိယာ

    မျိုး

    [mró]
    ပူပင်ကြောင့်ကတ်မေ မဟိပဲ ငြိမ်းချမ်းစွာ။ မောင်ဖြူ မျိုင်းနီရေကာ၊ အလုပ်အကြံပြီးကေ မျိုင်းနီဖို့နီရာ (အရပ်)
    ပူပင်ကြောင့်ကြမယ် မယှိပဲ ငြိမ်းချမ်းစွာ။ မောင်ဖြူ မျိုင်းနီရေကာ၊ အလုပ်အကြံပြီးကေ မျိုင်းနီဖို့နေရာ (အရပ်)
    peace
    ကြိယာ

    မျို

    [mrÒ]
    ၁၊ တစုံတရာကို ခံမားထဲကို ရောက်ယောင် မျှောချရေ။ ၂၊ တခုတရီကို မြီအောက်ကို ဆွဲစုပ်ယူရေ။ ၃၊ တခုတရီကို အရာတစုံတရာ အပေါ်မှ ဖုံးလွှမ်းအောင် ငုံသည်
    ၁၊ တစ်စုံတရာကို ခံတွင်းထဲသို့ ရောက်အောင် မျှောချသည်။ ၂၊ တစ်စုံတစ်ရာကို မြေအောက်သို့ ဆွဲစုပ်ယူသည်။ ၃၊ တစ်စုံတစ်ရာကို အခြားတစ်စုံတရာ အပေါ်မှ ဖုံးလွှမ်းအောင် ငုံသည်
    swallow
    ကြိယာ

    မျိုး

    [mró]
    အဆိုးအကောင်း အစဟိစွာ အနိမ့်အမြင့် အလိုက် ခွဲခြား သတ်မှတ်ထားချက်။ ၂၊ မိဘမျိုးနွယ်မှ သွီးသားမခြားပဲ တဆက်တည်း ဆင်းသက်လာသူတိ။ ၂၊ တိရစ္ဆာန်ရို့၏ နွယ်မျိုး ဆက်ပွားစီနှိုင်ရေ မျိုးလောင်းဗီဇ
    အဆိုးအကောင်း စသည် အနိမ့်အမြင့် အလိုက် ခွဲခြား သတ်မှတ်ထားချက်။ ၂၊ မိဘမျိုးနွယ်မှ သွေးသားမခြားပဲ တစ်ဆက်တည်း ဆင်းသက်လာသူများ။ ၂၊ တိရစ္ဆာန်တို့၏ နွယ်မျိုး ဆက်ပွားစေနိုင်သော မျိုးလောင်းဗီဇ
    type
    နာမ်

    မျိုး၂

    [mró၂]
    ရေအလျဉ်၌ စုန်၍ ပါလားရေ။ ပွင့်လျာဘုန်းဟိ၊ ဆင်ဟတ္ထိကေ၊ နင်းမိအံကို၊ ရွတ်ရွတ်ချိုးက၊ ခိုင်ကျိုးဘိန္န၊ မြစ်သို့ကျသော်၊ လက်မအစုံ၊ မျိုးလေတုံ၍ (ရှီးထုံး)။ ၂၊ ရေပေါ်၌ ပေါ်ဗျာယ် စုန်ဆန် ရွိရေ။ အတက်အကျ၊ မြစ်ပင်လယ်ကေ၊ ရီပြင်ရိုးမာ၊ မျိုးနီကတ်လို့ (ဝိဇယ)။
    ရေအလျဉ်၌ စုန်၍ ပါသွားသည်။ ပွင့်လျာဘုန်းဟိ၊ ဆင်ဟတ္ထိလျှင်၊ နင်းမိအံကို၊ ရွတ်ရွတ်ချိုးက၊ ခိုင်ကျိုးဘိန္န၊ မြစ်သို့ကျသော်၊ လက်မအစုံ၊ မျိုးလေတုံ၍ (ရှေးထုံး)။ ၂၊ ရေပေါ်၌ ပေါ်လျက် စုန်ဆန် ရွေ့လျားသည်။ အတက်အကျ၊ မြစ်ပင်လယ်ကေ၊ ရီပြင်ရိုးမှာ၊ မျိုးနီကြလို့ (ဝိဇယ)။
    be in a coma
    ကြိယာ

    မျိုး၃

    [mró၃]
    မျိုးရိုး။ ၂၊ ပင်ကိုယ်စရိုက်။ ၃၊ မျိုးစိပြန့်ပွားရာ အခြီခံ အရင်းအမြစ်
    မျိုးရိုး။ ၂၊ ပင်ကိုယ်စရိုက်။ ၃၊ မျိုးစေ့ပြန့်ပွားရာ အခြေခံ အရင်းအမြစ်
    type
    နာမ်

    မျိုးကပ်

    [mrókaʔ]
    တိရစ္ဆာန်မ၌ ပဋိသန္ဓေ ငြိကပ်သည်
    တိရစ္ဆာန်မ၌ ပဋိသန္ဓေ ငြိကပ်သည်
    conceive
    ကြိယာ

    မျိုးကြဲ

    [mrót͡ɕɛ]
    အပင် မျိုးပွားစီရန် အစိတိကို စိုက်ခင်းပြင်၌ အနှံ့ ပက်ဖျန်းသည်
    အပင် မျိုးပွားစေရန် အစေ့များကို စိုက်ခင်းပြင်၌ အနှံ့ ပက်ဖျန်းသည်
    sow
    ကြိယာ

    မျိုးကွဲ

    [mrókwɛ]
    အမျိုးအစား ကွဲပြား ခြားနားသည်
    အမျိုးအစား ကွဲပြား ခြားနားသည်
    different breed
    ကြိယာ

    မျိုးကွဲ၂

    [mrókwɛ၂]
    အမျိုးဇာတ် မတူသော လူမျိုးစုကွဲ
    အမျိုးဇာတ် မတူသော လူမျိုးစုကွဲ
    different breed
    နာမ်

    မျိုးချ

    [mróɕ]
    လူတိထက် စော၍ မျိုးစိ စိုက်ပျိုးသည်
    သူတစ်ပါးထက် စော၍ မျိုးစေ့ စိုက်ပျိုးသည်
    sow
    ကြိယာ

    မျိုးချစ်စိတ်

    [mróɕɪʔseɪʔ]
    ကိုယ့်မျိုးနွယ်၏ နိုင်ငံတော်အတွက် အကျိုးစီးပွားကို ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ယူသောစိတ်
    မိမိမျိုးနွယ်၏ နိုင်ငံတော်အတွက် အကျိုးစီးပွားကို ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ယူသောစိတ်
    patriotism
    နာမ်

    မျိုးခြား

    [mrókʰɹá]
    လူမျိုး ကွဲပြားရေ။ ၂၊ အမျိုးအမည် ကွဲပြားရေ
    လူမျိုး ကွဲပြားသည်။ ၂၊ အမျိုးအမည် ကွဲပြားသည်
    different nationality
    ကြိယာ

    မျိုးခြား၂

    [mrókʰɹá၂]
    ကွဲပြားသော လူမျိုး။ ၂၊ ကွဲပြားသော အမျိုးအစား
    ကွဲပြားသော လူမျိုး။ ၂၊ ကွဲပြားသော အမျိုးအစား
    different nationality
    နာမ်

    မျိုးငဆွိင

    [mróŋsʰwìŋ]
    တစုံတရာ စားရန်၊ အစားအစာကို ဆွီမျိုးအားလုံးရို့အား ဝီငှပေးဗျာယ်။ ၂၊ ဆွီမျိုးရို့ပါးကို လားလာ လည်ပတ်ဗျာယ်
    တစ်စုံတရာ စားရန်၊ အစားအစာကို ဆွေမျိုးအားလုံးတို့အား ဝေငှပေးလျက်။ ၂၊ ဆွေမျိုးတို့ထံသို့ သွားလာ လည်ပတ်လျက်
    issue
    ကြိယာ

    မျိုင်း

    [mráɪɴ]
    မျက်လုံးကို မျက်တောင်၊ မျက်ခွံရို့နန့် ယှက်သန်း ဖုံးပိတ်ရေ။ ၂၊ အခိုက်အတန့် အိပ်ရေ။ အဲ့ငါ့အိပ်ရာမာ တနားမျိုင်းပါ လားခရေ (အရပ်)
    မျက်လုံးကို မျက်တောင်၊ မျက်ခွံတို့ဖြင့် ယှက်သန်း ဖုံးပိတ်သည်။ ၂၊ အခိုက်အတန့် အိပ်သည်။ အဲ့ငါ့အိပ်ရာမှာ တနားမျိုင်းပါ လားခရေ (အရပ်)
    doze
    ကြိယာ

    မျိုးစပ်

    [mrósaʔ]
    မျိုးရင်းအုပ်စုတူ တောကြက်ဖနှင့် အိမ်ကြက်မကို ပေါင်းသင်းစီပနာ မျိုးနွယ်သစ် ထွန်းကားစီရေ။ သားစပ်ရေ။ ၂၊ မျိုးရင်း အုပ်စုတူ အပင်များ တမျိုးကိုင်းဆက်ခြင်း အစဟိစွာအနိန်နန့် မျိုးသစ် ရယောင် ပြုလုပ်ရေ
    မျိုးရင်းအုပ်စုတူ တောကြက်ဖနှင့် အိမ်ကြက်မကို ပေါင်းသင်းစေ၍ မျိုးနွယ်သစ် ထွန်းကားစေသည်။ သားစပ်သည်။ ၂၊ မျိုးရင်း အုပ်စုတူ အပင်များ တစ်မျိုးကိုင်းဆက်ခြင်း စသည်ဖြင့် မျိုးသစ် ရအောင် ပြုလုပ်သည်
    cross breed
    ကြိယာ

    မျိုးစိ

    [mrósì]
    တဖန်စိုက်ပျိုးရန် မျိုးစိအဖြစ် ရွီးချယ်ထားရေ စပါးသန့်။ ကောင်းဆိုးမသိ၊ မဒိဌိတို၊ မျိုးစိတောင်က၊ မကျန်ရယောင် (ဥဒိန်သာ)
    တစ်ဖန်စိုက်ပျိုးရန် မျိုးစေ့အဖြစ် ရွေးချယ်ထားသော စပါးသန့်။ ကောင်းဆိုးမသိ၊ မဒိဌိတို၊ မျိုးစိတောင်မှ၊ မကျန်ရအောင် (ဥဒိန်သာ)
    seed
    နာမ်

    မျိုးစိချ

    [mrósìɕ]
    လူတိထက် စော၍ မျိုးစိစိုက်ပျိုးသည်
    သူတစ်ပါးထက် စော၍ မျိုးစေ့စိုက်ပျိုးသည်
    sow seed
    ကြိယာ

    မျိုးဆက်

    [mrósʰɛʔ]
    အမျိုးအနွယ် မပြတ်ရယောင် ပွားသည်
    အမျိုးအနွယ် မပြတ်ရအောင် ပွားသည်
    generation
    ကြိယာ