Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,721–1,740 of 2,515 words

    မ

    မျိုးဆက်၂

    [mrósʰɛʔ၂]
    ဆွီမျိုးအစိုင်။ တခုတည်းသော အမျိုးအနွယ်မှ ပြန့်ပွားသော အရာ
    ဆွေမျိုးအစဉ်။ တစ်ခုတည်းသော အမျိုးအနွယ်မှ ပြန့်ပွားသော အရာ
    generation
    နာမ်

    မျိုးဆွီ

    [mrósʰwí]
    သွီးစပ်၍ ဖြစ်စီ၊ အိမ်ထောင်စပ်၍ ဖြစ်စီ တော်သောသားချင်း။ မိဘမျိုးဆွီ၊ တဂူရီအား၊ အညီခုဝယ်၊ ဆုတော်ကြီးကို၊ ပီးရဖို့ကား (ဥဒိန်သာ)
    သွေးစပ်၍ ဖြစ်စေ၊ အိမ်ထောင်စပ်၍ ဖြစ်စေ တော်သောသားချင်း။ မိဘမျိုးဆွီ၊ တဂူရီအား၊ အညီခုဝယ်၊ ဆုတော်ကြီးကို၊ ပီးရမည်ကား (ဥဒိန်သာ)
    relatives
    နာမ်

    မျိုးတူနွယ်တူ

    [mrótùnwɛ̀tù]
    အမျိုးအစိုင် တူညီရေအရာ။ အမျိုးအနွယ်နှင့် သဘောတူ သဘာဝ မျိုးတူညီရေသူ
    အမျိုးအစဉ် တူညီသောအရာ။ အမျိုးအနွယ်နှင့် သဘောတူ သဘာဝ မျိုးတူညီသောသူ
    sort
    နာမ်

    မျိုးနွယ်

    [mrónwɛ̀]
    ဆွီမျိုး အစိုင်အဆက်
    ဆွေမျိုး အစဉ်အဆက်
    generation
    နာမ်

    မျိုးနွယ်ဆက်

    [mrónwɛ̀sʰɛʔ]
    ဆွေစဉ်မျိုးဆက်။ ဆွီမျိုး အစိုင်အဆက်
    ဆွေစဉ်မျိုးဆက်။ ဆွေမျိုး အစဉ်အဆက်
    generation
    နာမ်

    မျိုးနွယ်ရိုး

    [mrónwɛ̀ɹó]
    အစိုင် ဆက်နွယ်သော အမျိုး
    အစဉ် ဆက်နွယ်သော အမျိုး
    descent
    နာမ်

    မျိုးနွယ်အလိုက်

    [mrónwɛ̀ʔlaɪʔ]
    အမျိုးအနွယ်နန့် စာရိတ္တ၊ အသွင် အစဟိစွာ တူညီလိုက်ပြီးကေ ဖြစ်ပွားသည်
    အမျိုးအနွယ်နှင့် စာရိတ္တ၊ အသွင် စသည် တူညီလိုက်၍ ဖြစ်ပွားသည်
    none
    ကြိယာ

    မျိုးပြတ်

    [mrópɹaʔ]
    အစတုံးရေ။ အဆက်အနွယ် မကျန်ပဲ ဟိသည်
    အစတုံးသည်။ အဆက်အနွယ် မကျန်ပဲ ယှိသည်
    come to an end
    ကြိယာ

    မျိုးပြတ်ဆွီပြတ်

    [mrópɹaʔsʰwípɹaʔ]
    အစတုံးရေ။ အဆက်အနွယ် မကျန်ပဲ ဟိသည်
    အစတုံးသည်။ အဆက်အနွယ် မကျန်ပဲ ယှိသည်
    come to an end
    ကြိယာ

    မျိုးပွား

    [mrópWà]
    အပင် အစဟိစွာရို့ မပြတ်မလပ်စီရန် မျိုးစိကိုပျိုး၍ စိုက်ပျိုးသည်
    အပင် စသည်တို့ မပြတ်မလပ်စေရန် မျိုးစေ့ကိုပျိုး၍ စိုက်ပျိုးသည်
    reproduce
    ကြိယာ

    မျိုးဖျက်

    [mrópʰrɛʔ]
    ကိုယ့်မျိုးနွယ်၏ ကိုယ်ကျင့်တရား နိမ့်ကျအောင် ပြုလုပ်ကျူးလွန်သူ။ ကိုယ့် အမျိုးအနွယ်ကို စောင့်ရှောက်ခြင်း မဟိပဲ အခြားမျိုးကွဲနှင့် ထိမ်းမြားသူ
    မိမိမျိုးနွယ်၏ ကိုယ်ကျင့်တရား နိမ့်ကျအောင် ပြုလုပ်ကျူးလွန်သူ။ မိမိ၏ အမျိုးအနွယ်ကို စောင့်ရှောက်ခြင်း မယှိပဲ တခြားမျိုးကွဲနှင့် လက်ထပ်သူ
    one who tarnishes race or nation
    နာမ်

    မျိုးယုတ်မသား

    [mrójoʊʔmθá]
    ယုတ်သော အမျိုးအနွယ်မှ ပေါက်ဖွားသောသူ
    ယုတ်သော အမျိုးအနွယ်မှ ပေါက်ဖွားသောသူ
    bad generation son
    နာမ်

    မျိုးရိုး

    [mróɹó]
    အစိုင် ဆက်နွယ်သော အမျိုး
    အစဉ် ဆက်နွယ်သော အမျိုး
    generation
    နာမ်

    မျိုးရိုးအလိုက်

    [mróɹóʔlaɪʔ]
    အမျိုးအနွယ်နှင့် စာရိတ္တ၊ အသွင် အစဟိစွာ တူညီလိုက်ပြီးကေ ဖြစ်ပွားသည်
    အမျိုးအနွယ်နှင့် စာရိတ္တ၊ အသွင် စသည် တူညီလိုက်၍ ဖြစ်ပွားသည်
    be hereditary - inherit family characteristics
    ကြိယာ

    မျိုသိပ်

    [mrÒθìaʔ]
    အလိုဆန္ဒနှင့် တခုတရီ ခံစားမှုကို မဖွင့်ဟပဲ စောင့်ထိန်း သည်းခံရေ။ ထိန်းချုပ်သည်
    အလိုဆန္ဒနှင့် တစ်စုံတစ်ရာ ခံစားမှုကို မဖွင့်ဟပဲ စောင့်ထိန်း သည်းခံသည်။ ထိန်းချုပ်သည်
    keep suppressed
    ကြိယာ

    မျိုးသုဉ်း

    [mróθoʊɪ́ɴ]
    မျိုးနွယ် ဆက်ပွားနိုင်စွမ်း ပျက်သုဉ်းသည်
    မျိုးနွယ် ဆက်ပွားနိုင်စွမ်း ပျက်သုဉ်းသည်
    come to an end
    ကြိယာ

    မျော

    [mrɔ́]
    ကြန့်ကြာစွာ သတိလစ် မမာ့ျောနိန်ရေ
    အချိန်ကြာမြင့်စွာ သတိလစ် မိန်းမျောနေသည်
    faint
    ကြိယာ

    မျော့

    [mrɔ̰]
    အလွန် နွမ်းရိ ဖျော့လီရေ။ မလှုပ်မယှား မျိုး့နီရေ (အရပ်)
    အလွန် နွမ်းရိ ဖျော့တော့သည်။ မလှုပ်မယှား မျော့နီရေ (အရပ်)
    anaemia
    ကြိယာ

    မျောက်

    [mrɔ́ɛʔ]
    တယောက်ယောက်ကို ဖိနှိပ် ချိုးနှိမ်၍ ခေါ်ဝေါ်သော စကားလုံး။ လူမျိုးက်ခိုးသား၊ ဇာကိုလားလိမ့်၊ တန့်လောဟာလူ၊ မယူလီလင့် (ကင်းမဟော်)။ ဆော့လွန်းသော သူကို တင်စားပနာ ခေါ်ဝေါ်သော စကားလုံး
    တစ်စုံတစ်ဦးကို ဖိနှိပ် ချိုးနှိမ်၍ ခေါ်ဝေါ်သော စကားလုံး။ လူမျောက်ခိုးသား၊ ဇာကိုလားလိမ့်၊ တန့်လောဟာလူ၊ မယူလေလင့် (ကင်းမဟော်)။ ဆော့လွန်းသော သူကို တင်စား၍ ခေါ်ဝေါ်သော စကားလုံး
    monkey
    နာမ်

    မျောက်၂

    [mrɔ́ɛʔ၂]
    လှုပ်ရှားရေ။ မတည်မငြိမ် ဖြစ်တေ။ ဣန္ဒြေ မရယောင် ကစပ်တေ
    လှုပ်ရှားသည်။ မတည်မငြိမ် ဖြစ်သည်။ ဣန္ဒြေ မရအောင် ကစားသည်
    monkey
    ကြိယာ