Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,741–1,760 of 2,515 words

    မ

    မျောက်ကုလားမ

    [mrɔ́ɛʔkoʊlám]
    အမွီးအမှင် မဲနက်ရေ မျိုးက်တမျိုး။ ၂၊ ကိုယ်လုံးအမွီနီ၍၊ ပါးမာ အမည်းပါရေ မျိုးက်တမျိုး
    အမွေးအမှင် မည်းနက်သော မျောက်တစ်မျိုး။ ၂၊ ကိုယ်လုံးအမွေနီ၍၊ ပါးတွင် အမည်းပါသော မျောက်တစ်မျိုး
    monkey
    နာမ်

    မျောက်ကြိမ်

    [mrɔ́ɛʔt͡ɕèɪɴ]
    ကြိမ်ပင်ပိုင် ရီငန်စပ်မာ ပေါက်သော လက်သန်းခန့်ဟိ ကြိမ်တမျိုး
    ကြိမ်ပင်ကဲ့သို့ ရေငန်စပ်တွင် ပေါက်သော လက်သန်းခန့်ယှိ ကြိမ်တစ်မျိုး
    cane
    နာမ်

    မျောက်ကြိုး

    [mrɔ́ɛʔt͡ɕó]
    ရက်ကန်းစင်သုံး ကြိုးတမျိုး၏ အမည်
    ယက်ကန်းစင်သုံး ကြိုးတစ်မျိုး၏ အမည်
    rope
    နာမ်

    မျောက်ခြောက်

    [mrɔ́ɛʔkʰɹɔ́ɛʔ]
    ကြောက်အောင်ပြုပနာ မောင်းနှင်ရေ။ ကြောက်အောင် လုပ်ရေ။ ကြောက်လန့် စီရေ။ ခြောက်လှန့်သည်
    ကြောက်အောင်ပြု၍ မောင်းနှင်သည်။ ကြောက်အောင် လုပ်သည်။ ကြောက်လန့် စေသည်။ ခြောက်လှန့်သည်
    frighten
    ကြိယာ

    မျောက်ငို

    [mrɔ́ɛʔŋÒ]
    အခက်အလက် ရှည်သွယ်သော အပင်တမျိုး
    အခက်အလက် ရှည်သွယ်သော သစ်ပင်တစ်မျိုး
    tree
    နာမ်

    မျောက်ငိုက်

    [mrɔ́ɛʔŋaɪʔ]
    ခဏမျှ အိပ်ပျော်ခြင်း။ အိပ်အလပ် နိုးအလပ်၊ မပျော်တပျော် ဟိခြင်း
    ခဏမျှ အိပ်ပျော်ခြင်း။ အိပ်တဝက် နိုးတဝက်၊ မပျော်တပျော် ယှိခြင်း
    be sleepy
    နာမ်

    မျောက်စပါး

    [mrɔ́ɛʔspàး]
    အပင်မာ စပါးပင်ပိုင် ဟိပြီး၊ အသီးမာ စမုန့်စပါးနှင့် တူသော တောမာ ပေါက်ရောက်ရေ့ အပင်တမျိုး
    အပင်မှာ စပါးပင်ကဲ့သို့ ယှိပြီး၊ အသီးမှာ စမုန့်စပါးနှင့် တူသော တောတွင် ပေါက်ရောက်သည့် အပင်တစ်မျိုး
    paddy
    နာမ်

    မျောက်တောင်း

    [mrɔ́ɛʔtáʊɴ]
    (ဥပစာ) အလွန် ဆော့လွန်းသူ
    (ဥပစာ) အလွန် ဆော့လွန်းသူ
    over playing
    နာမ်

    မျောက်ထိုင်

    [mrɔ́ɛʔtʰàɪɴ]
    တင်းစိုင်းပုံစံပိုင် တဆစ်ချိုးဟိသော အပင်မျိုး။ ၂၊ ပင်တလတ်မာ သုံးခွပြိုင်ထွက်သော အပင်မျိုး။ (ဤသစ်မျိုးကို ကျောင်းဆောက် အိမ်ဆောက် အစဟိစွာရို့မာ ပယ်ရေ။
    တံစဉ်းပုံစံကဲ့သို့ တစ်ဆစ်ချိုးယှိသော သစ်ပင်မျိုး။ ၂၊ ပင်တလတ်တွင် သုံးခွပြိုင်ထွက်သော သစ်ပင်မျိုး။ (ဤသစ်မျိုးကို ကျောင်းဆောက် အိမ်ဆောက် စသည်တို့တွင် ပယ်သည်။
    tree
    နာမ်

    မျောက်ထိုင်ထိုင်

    [mrɔ́ɛʔtʰàɪɴtʰàɪɴ]
    ခြေနှစ်ဘက်ကို ဟိကိုချပြီး ဆောင့်ခြောက် ထိုင်သည်
    ခြေနှစ်ဘက်ကို ရှေ့ကိုချပြီး ဆောင့်ခြောက် ထိုင်သည်
    squat
    ကြိယာ

    မျောက်ဒိုး

    [mrɔ́ɛʔdó]
    ခုံညင်းစိနှင့် တူသော ခုံညင်းအချေစား တမျိုး
    ခုံညင်းစေ့နှင့် တူသော ခုံညင်းအငယ်စား တစ်မျိုး
    mucuna creeper
    နာမ်

    မျောက်ဒိုးလက်

    [mrɔ́ɛʔdólɛʔ]
    ထွေပစ်ကစပ်ရရေ အစိငယ်များ ပါရေ သီးတောင့်သီးသော နွယ်ပင်တမျိုး။ ၂၊ ယင်းအပင်၏ အစိ။ (ခုံညင်း အချေစားမျိုး။
    ထွေပစ်ကစားရသော အစေ့ငယ်များ ပါသည့် သီးတောင့်သီးသော နွယ်ပင်တစ်မျိုး။ ၂၊ ယင်းအပင်၏ အစေ့။ (ခုံညင်း အငယ်စားမျိုး။
    creeper
    နာမ်

    မျောက်နှောင်

    [mrɔ́ɛʔn̥àʊɴ]
    ကိုယ်ခန္ဓာ ငယ်၍ လူနှင့်မနီး တောနက်ထဲမာ နီလေ့ဟိသော ပတုံးမပါ။ ဝှက်တတ်ရေ မျက်နှာဟိသော မျိုးက်ငယ်တမျိုး။ (ဤမျိုးက်နှောင် ဝင်ကေ ရပ်ရွာမာ အထိအခိုက် ဟိရေ။ ပြည်ရွာကေလေ့ ချောက်ချားရေလို့ အတိတ်၊ နိမိတ်အရ တိတ္ထုံပါရာကျမ်းမာ ပြဆိုထားပါရေ
    ကိုယ်ခန္ဓာ သေးငယ်၍ လူနှင့်မနီး တောနက်ထဲတွင် နေလေ့ယှိသော အမြီးမပါ။ ဝှက်တတ်သော မျက်နှာယှိသော မျောက်ငယ်တစ်မျိုး။ (ဤမျောက်နှောင် ဝင်လျှင် ရပ်ရွာတွင် အထိအခိုက် ယှိသည်။ ပြည်ရွာသော်လည်း ချောက်ချားသည်ဟု အတိတ်၊ နိမိတ်အရ တိတ္ထုံပါရာကျမ်းတွင် ပြဆိုထားပါသည်
    type of monkey
    နာမ်

    မျောက်ပန်းလှည့်

    [mrɔ́ɛʔpáɴɬɛ့̀]
    ဖေသာပြားသည် ခေါင်းဘက်က ပေါ်မည် ပန်းဘက်က ပေါ်ဖို့လို့ ဆိုကာ လောင်းကြီးဖြင့် ဖေသာကို ထောင်၍ လှည့်ကစပ်တေ
    ပိုက်ဆံပြားသည် ခေါင်းဘက်က ပေါ်မည် ပန်းဘက်က ပေါ်မည်ဟု ဆိုကာ လောင်းကြေးဖြင့် ပိုက်ဆံကို ထောင်၍ လှည့်ကစားသည်
    flip or toss up a coin
    ကြိယာ

    မျောက်ပန်းလှန်

    [mrɔ́ɛʔpáɴɬàɴ]
    ဖေသာပြားကို မြှောက်လှန်ပနာ ခေါင်းဘက်၊ ပန်းဘက် ကျရာဖြင့် အဆုံးအဖြတ် ပီးရေ
    ပိုက်ဆံပြားကို မြှောက်လှန်၍ ခေါင်းဘက်၊ ပန်းဘက် ကျရာဖြင့် အဆုံးအဖြတ် ပေးသည်
    flip or toss up a coin
    ကြိယာ

    မျောက်မ

    [mrɔ́ɛʔm]
    အကျင့် စာရိတ္တ စောင့်စည်း ထိန်းသိမ်းမှု မဟိခြင်း၊ ဣန္ဒြေကင်း ပြုမူနီထိုင်ခြင်း အစဟိစွာရို့မာ တင်စားပနာ သုံးနှုန်းသော စကားလုံး။ (မမာ့ကိုရာ ရည်ညွှန်း၍)
    အကျင့် စာရိတ္တ စောင့်စည်း ထိန်းသိမ်းမှု မယှိခြင်း၊ ဣန္ဒြေမဲ့ ပြုမူနေထိုင်ခြင်း စသည်တို့၌ တင်စား၍ သုံးနှုန်းသော စကားလုံး။ (မိန်းမကိုသာ ရည်ညွှန်း၍)
    keep a paramour
    နာမ်

    မျောက်များ

    [mrɔ́ɛʔmrá]
    များရေ။ အရွီအတွက် များရေ
    များပြားသော။ အရေအတွက် များသော
    many
    နာမဝိသေသန

    မျောက်မျီမျောက်မျောက်

    [mrɔ́ɛʔmrímrɔ́ɛʔmrɔ́ɛʔ]
    (ဥပစာ) အငြိမ် မနီနှိုင်ပဲ လှုပ်ရှားပျာယာ ခတ်ဗျာယ်။ မင်းက-မျိုးက်မျီမျိုးက်မျိုးက် ဇာဖို့ကိုင်ခီရေ၊ ပျက်စီးဖို့စွာကို မသိလား (အရပ်)
    (ဥပစာ) အငြိမ် မနေနိုင်ပဲ လှုပ်ရှားပျာယာ ခတ်လျက်။ မင်းက-မျောက်မျီမျောက်မျောက် ဇာဖို့ကိုင်ခီရေ၊ ပျက်စီးဖို့စွာကို မသိလား (အရပ်)
    be in a flurry
    ကြိယာဝိသေသန

    မျောက်ရီခတ်

    [mrɔ́ɛʔɹíkʰaʔ]
    (ဥပစာ) အငြိမ်မနီနှိုင်ပဲ လှုပ်ရှားပျာယာ ခတ်ဗျာယ်။ မင်းက-မျိုးက်မျီမျိုးက်မျိုးက် ဇာဖို့ကိုင်ခီရေ၊ ပျက်စီးဖို့စွာကို မသိလား (အရပ်)
    (ဥပစာ) အငြိမ်မနေနိုင်ပဲ လှုပ်ရှားပျာယာ ခတ်လျက်။ မင်းက-မျောက်မျီမျောက်မျောက် ဇာဖို့ကိုင်ခီရေ၊ ပျက်စီးဖို့စွာကို မသိလား (အရပ်)
    be in a flurry
    ကြိယာဝိသေသန

    မျောက်ရီခွ

    [mrɔ́ɛʔɹíkʰw]
    ဆစ္ဆီ၊ သဆီ၊ မှင်စာ၊ ဘုတ်၊ ပြိတ္တာ၊ ပယောဂ အစဟိစွာ့မျိုးရို့မာ ပါဝင်ရေ လူကို ဖမ်းစားတတ်ရေ မကောင်းဆိုးဝါးမျိုး။ ၂၊ မွီးရာပါ ခါကပင် လက်၊ ခြေ အစဟိရေ ကိုယ်အင်္ဂါရို့ မငြိမ်မသက် အမြဲတမ်း လှုပ်ရှားပျာယာ ခတ်ဗျာယ်နိန်ရေသူ
    တစ္ဆေ၊ မှင်စာ၊ ဘုတ်၊ ပြိတ္တာ၊ ပယောဂ စသည့်မျိုးတို့တွင် ပါဝင်သော လူကို ဖမ်းစားတတ်သော မကောင်းဆိုးဝါးမျိုး။ ၂၊ မွေးရာပါ ကတည်းကပင် လက်၊ ခြေ စသော ကိုယ်အင်္ဂါတို့ မငြိမ်မသက် အမြဲတမ်း လှုပ်ရှားပျာယာ ခတ်လျက်နေသောသူ
    goblin
    နာမ်