Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,761–1,780 of 2,515 words

    မ

    မျောက်ရီငန်

    [mrɔ́ɛʔɹíŋàɴ]
    ဆစ္ဆီ၊ သဆီ၊ မှင်စာ၊ ဘုတ်၊ ပြိတ္တာ၊ ပယောဂ အစဟိစွာ့မျိုးရို့မာ ပါဝင်ရေ လူကိုဖမ်းစားတတ်ရေ မကောင်းဆိုးဝါးမျိုး။ ၂၊ မွီးရာပါ ခါကပင် လက်၊ ခြေအစဟိရေ ကိုယ်အင်္ဂါရို့ မငြိမ်မသက် အမြဲတမ်း လှုပ်ရှားပျာယာ ခတ်ဗျာယ်နိန်ရေသူ။ စစ္ဆီစုတ်မျိုးက်ရီငန်၊ သူငယ်သားကို၊ ဖမ်းစားသည်အဟန
    တစ္ဆေ၊ မှင်စာ၊ ဘုတ်၊ ပြိတ္တာ၊ ပယောဂ စသည့်မျိုးတို့တွင် ပါဝင်သော လူကိုဖမ်းစားတတ်သော မကောင်းဆိုးဝါးမျိုး။ ၂၊ မွေးရာပါ ကတည်းကပင် လက်၊ ခြေစသော ကိုယ်အင်္ဂါတို့ မငြိမ်မသက် အမြဲတမ်း လှုပ်ရှားပျာယာ ခတ်လျက်နေသောသူ။ စစ္ဆီစုတ်မျောက်ရီငန်၊ သူငယ်သားကို၊ ဖမ်းစားသည်အဟန
    goblin
    နာမ်

    မျောက်ရီမျောက်ရုပ်

    [mrɔ́ɛʔɹímrɔ́ɛʔɹoʊʔ]
    နှိမ့်ချလိုသည့် သဘောနန့် ပင်ဖြစ်ဖြစ်၊ ကျီစားလိုသည့် သဘောနန့် ပင်ဖြစ်ဖြစ် တင်စားပနာ ပြောဆိုရေစကား
    နှိမ့်ချလိုသည့် သဘောဖြင့် လည်းကောင်း၊ ကျီစားလိုသည့် သဘောဖြင့် လည်းကောင်း တင်စား၍ ပြောဆိုသောစကား
    like monkey
    နာမ်

    မျောက်ရုပ်

    [mrɔ́ɛʔɹoʊʔ]
    မျိုးက်ပိုင်ယှောင်
    မျောက်ကဲ့သို့သော
    like monkey
    နာမဝိသေသန

    မျောက်လက္ခဏာ

    [mrɔ́ɛʔlkʰə́kʰanà]
    ဆော့လွန်းသောသူကို တင်စားပနာ သုံးသောစကား
    ဆော့လွန်းသောသူကို တင်စား၍ သုံးသောစကား
    hyperactive
    နာမ်

    မျောက်လက်

    [mrɔ́ɛʔlɛʔ]
    တခုတရီ အပေါင်၊ တန်းခါးရွက် စစွာကို လုံယောင် ပိတ်ရာမာ ပြောင်းလဲပနာ မရရေ တဖက်ကွင်းသို့ အရာ လက်ယှက်ကွင်း တခုဖြင့် စွပ်သွင်း၍ လက်ခုတ်သီး ကန့်လန့်ကျင်အစဟိစွာ လျှိုပိတ်ရရေ ကိရိယာ။ ဘုရားသခင်၏ ဂုဏ်ကျေးဇုကို ချီးကျူး ထောမနာပြုတော် မူလီလျင်၊ ခလုတ်ဖကပ်
    တစ်စုံတစ်ခု အဖုံး၊ တံခါးရွက် စသည်ကို လုံအောင် ပိတ်ရာတွင် ပြောင်းလဲ၍ မရသော တစ်ဘက်ကွင်းသို့ အခြား လက်ယှက်ကွင်း တစ်ခုဖြင့် စွပ်သွင်း၍ သော့ခလောက် ကန့်လန့်ကျင်စသည် လျှိုပိတ်ရသည့် ကိရိယာ။ ဘုရားသခင်၏ ဂုဏ်ကျေးဇူးကို ချီးကျူး ထောမနာပြုတော် မူလေလျင်၊ ခလုတ်မျောက်လက်
    hasp
    နာမ်

    မျောက်လက်၂

    [mrɔ́ɛʔlɛʔ၂]
    တန်းခါးရွက်ကို စိပိတ်ရာမာ တန်းခါးရွက်တဖက် တလက်စီမာ တရားသီကွင်းကို သံတုတ်ချောင်း ထိုးပနာ ယင်းသံတုတ်ချောင်း၏ လက်ယှက်ကွင်းတံဖြင့် လျှိုသွင်း၍ ကန့်လန့် လျှိုပိတ်ရရေ ကိရိယာ
    တံခါးရွက်ကို စေ့ပိတ်ရာ၌ တံခါးရွက်တစ်ဘက် တစ်လက်စီတွင် ပုံသေကွင်းကို သံတုတ်ချောင်း ထိုး၍ ယင်းသံတုတ်ချောင်း၏ လက်ယှက်ကွင်းတံဖြင့် လျှိုသွင်း၍ ကန့်လန့် လျှိုပိတ်ရသော ကိရိယာ
    hasp
    နာမ်

    မျောက်လှုပ်ပင်

    [mrɔ́ɛʔɬoʊʔpɪ̀ɴ]
    အကိုင်းအခက် ရှည်သွယ်သည့် ပင်ကြီးတမျိုး
    အကိုင်းအခက် ရှည်သွယ်သည့် ပင်ကြီးတစ်မျိုး
    monkey jack
    နာမ်

    မျောက်သခွား

    [mrɔ́ɛʔθkʰWà]
    အသီးလက်မ လက်ညှိုးခန့် ကြီးပြီး၊ သခွားသီးအနံ့ အသက်ဟိသော တောမာ ပေါက်ရောက်သော နွယ်ပင်တမျိုး
    အသီးလက်မ လက်ညှိုးခန့် ကြီးပြီး၊ သခွားသီးအနံ့ အသက်ယှိသော တောတွင် ပေါက်ရောက်သော နွယ်ပင်တစ်မျိုး
    creeper
    နာမ်

    မျောက်သား

    [mrɔ́ɛʔθá]
    မောင်သားနှင့် နှမ သမီးတော်စပ်ပုံ။ ၂၊ နှမသမီးက မောင်းသား (ဦးလေးသား) ကိုခေါ်သော အမည်။ အမိမာမောင်၊ အခင်ကြီးသား၊ မျိုးက်သားလာရေ (တေး)။ မောင်ကောင်းတူဘိ၊ ကျွန့်ဝရီး၏၊ ရင်သွီးအသွင်၊ မျိုးက်သားရှင် (အရပ်)။ ၃၊ ဘုရင် မင်းမြတ် အစဟိစွာရို့၏ ကြင်ယာ၊ ခင်ပွန်းရို့ကို ခေါ
    မောင်သားနှင့် နှမ သမီးတော်စပ်ပုံ။ ၂၊ နှမသမီးက မောင်းသား (ဦးလေးသား) ကိုခေါ်သော အမည်။ အမိမှာမောင်၊ အခင်ကြီးသား၊ မျောက်သားလာရေ (တေး)။ မောင်ကောင်းတူဘိ၊ ကျွန့်ဦးရီး၏၊ ရင်သွီးအသွင်၊ မျောက်သားရှင် (အရပ်)။ ၃၊ ဘုရင် မင်းမြတ် စသည်တို့၏ ကြင်ယာ၊ ခင်ပွန်းတို့ကို ခေါ
    none
    နာမ်

    မျောတိုင်

    [mrɔ́tàɪɴ]
    ရီငန်ပိုင်းမာ ပေါက်ရောက်လီ့ ဟိသော သစ်ပေါ့ အပင်ပေါ် သစ်ချောင်းငယ်
    ရေငန်ပိုင်းတွင် ပေါက်ရောက်လေ့ ယှိသော သစ်ပေါ့ အပင်ပေါ် သစ်ချောင်းငယ်
    stick
    နာမ်

    မျောမျော

    [mrɔ́mrɔ́]
    သေလုနီး ခံစားရဗျာယ်။ သေလုမျိုးပါး။ သေကမန်း။ သီဖို့ပိုင် မလှုပ်မယှား မျိုးမျိုးကြီး ဖြစ်နီဗျာယ် (အရပ်)
    သေလုနီး ခံစားရလျက်။ သေလုမျောပါး။ သေကမန်း။ သီဖို့ပိုင် မလှုပ်မယှား မျောမျောကြီး ဖြစ်နီဗျာယ် (အရပ်)
    almost to death
    ကြိယာဝိသေသန

    မျော့မျော့

    [mrɔ̰mrɔ̰]
    အလွန် နွမ်းရိ ဖျော့တော့စွာ
    အလွန် နွမ်းရိ ဖျော့တော့စွာ
    anaemia
    ကြိယာဝိသေသန

    မျောဝါး

    [mrɔ́wàး]
    ရှည်မျိုး၍ ဖြောင့်သော ဝါးတမျိုး
    ရှည်မျော၍ ဖြောင့်သော ဝါးတစ်မျိုး
    bamboo
    နာမ်

    မျောသစ်

    [mrɔ́θɪʔ]
    ရီငန်ပိုင်းမာ ပေါက်ရောက်လီ့ ဟိသော သစ်ပေါ့အပင်ပေါ် သစ်ချောင်းငယ်
    ရေငန်ပိုင်းတွင် ပေါက်ရောက်လေ့ ယှိသော သစ်ပေါ့အပင်ပေါ် သစ်ချောင်းငယ်
    stick
    နာမ်

    မျှက်

    [mr̯ɛʔ]
    ၁၊ (အလွန်တရာ) အထူး မဲနက်ရေ။ နက်ကြုတ်သော။ အသားအရီ ဖုတ်ပြိတ္တာပိုင် မည်းလို့ မျှက်နီရေ (အရပ်)။ ၂၊ အဖျား သွယ်သွယ်သွန်းသွန်းနှင့် ထက်မြက်ရေ။ ချွန်မြသော။ ချွန်ထားရေ ကွပ်စူး အလိုက်တိုင်း မျှက်နီရေ (အရပ်)
    ၁၊ (အလွန့်အလွန်) အထူး မည်းနက်သော။ နက်ကြုတ်သော။ အသားအရီ ဖုတ်ပြိတ္တာပိုင် မည်းလို့ မျှက်နီရေ (အရပ်)။ ၂၊ အဖျား သွယ်သွယ်သွန်းသွန်းနှင့် ထက်မြက်သော။ ချွန်မြသော။ ချွန်ထားရေ သံစူး အလိုက်တိုင်း မျှက်နီရေ (အရပ်)
    jet black
    နာမ်

    မျှင်

    [mɹ̯ɪ̀ɴ]
    အစိတ်အစိတ် အမြွှာမြွှာ ဖြစ်ယောင် ခွဲဖြာနှိုင်ရေ
    အစိတ်အစိတ် အမြွှာမြွှာ ဖြစ်အောင် ခွဲဖြာနိုင်သော
    divisible
    နာမဝိသေသန

    မျှင်၂

    [mɹ̯ɪ̀ɴ၂]
    ၁၊ ပပိန်ချေသော ကြိုးလွန်းငယ် ။ ၂၊ အမျှင် ပေါင်းစပ်ထားရေကို ရွီတွက်သော အမည်
    ၁၊ သေးသွယ်သော ကြိုးလွန်းငယ် ။ ၂၊ အမျှင် ပေါင်းစပ်ထားသည်ကို ရေတွက်သော အမည်
    string
    နာမ်

    မျှင်၃

    [mɹ̯ɪ̀ɴ၃]
    ကျွဲ၊ နွား၊ နဖားကြိုးမာ သွင်းခြည်၍ လိုရာသို့ ဆွဲငင်ယူရရေ ကြိုး။
    ကျွဲ၊ နွား၊ နဖားကြိုးတွင် သွင်းချည်၍ လိုရာသို့ ဆွဲငင်ယူရသော ကြိုး။
    nose-ring
    နာမ်

    မျှင်ကိုင်

    [mɹ̯ɪ̀ɴkàɪɴ]
    ၁၊ ကြီးမှူး ဆောင်ရွက်ရေ။ ၂၊ ချယ်လှယ်ရေ။ ၃၊ ဩဇာပီး၍ စီစား ထိန်းကိုင်သည်
    ၁၊ ကြီးမှူး ဆောင်ရွက်သည်။ ၂၊ ချယ်လှယ်သည်။ ၃၊ ဩဇာပေး၍ စေစား ထိန်းကိုင်သည်
    lead
    နာမ်

    မျှင်ကိုင်၂

    [mɹ̯ɪ̀ɴkàɪɴ၂]
    ၁၊ ကြီးမှူး ဆောင်ရွက်သူ။ ၂၊ ချယ်လှယ်သူ။ ၃၊ ဩဇာညောင်းသူ
    ၁၊ ကြီးမှူး ဆောင်ရွက်သူ။ ၂၊ ချယ်လှယ်သူ။ ၃၊ ဩဇာညောင်းသူ
    leader
    နာမ်