Dictionary Entries
Showing 1,781–1,800 of 2,515 words
မ
မျှင်ကြိုး
[mɹ̯ɪ̀ɴt͡ɕó]
Arakanese:
၁၊ ပပိန်ချေသော ကြိုးလွန်းငယ်
Burmese:
၁၊ သေးသွယ်သော ကြိုးလွန်းငယ်
English:
string
Grammar Note:
နာမ်
မျှင်စဉ်
[mɹ̯ɪ̀ɴsɪ̀ɴ]
Arakanese:
(ဆံမျှင်) ခြည်မျှင် တမျှင်စီ၊ တမျှင်စီအနိန်နန့်။ ဂေါင်းဆံပင်ကို၊ မျှင်စဉ်ကိုင်ပနာလွင့်၏ (ဥဒိန်တု)
Burmese:
(ဆံမျှင်) ချည်မျှင် တစ်မျှင်စီ၊ တစ်မျှင်စီအားဖြင့်။ ဂေါင်းဆံပင်ကို၊ မျှင်စဉ်ကိုင်၍လွင့်၏ (ဥဒိန်တု)
English:
capillary
Grammar Note:
နာမ်
မျှဉ်း
[mr̯ɪ́ɴ]
Arakanese:
၁၊ အခိုက်အတန့် အိပ်ရေ။ ငါးလည်း ညောင်းလို့ တနား မျှိုင်းပစ်ခရေ (အရပ်)။ ၂၊ လှုပ်ရှားခြင်း မပြုပဲ သက်သာစွာ နိန်ရေ။ ပုံသွန်းဖော်ထုတ်၊ ဟောသော်အတိုင်း၊ တမျှိုင်းအိပ်လျှက် (ရှီးထုံး)
Burmese:
၁၊ အခိုက်အတန့် အိပ်သည်။ ငါးလည်း ညောင်းလို့ တစ်နား မျှိုင်းပစ်ခရေ (အရပ်)။ ၂၊ လှုပ်ရှားခြင်း မပြုပဲ သက်သာစွာ နေသည်။ ပုံသွန်းထုတ်ဖော်၊ ဟောသော်အတိုင်း၊ တမျှိုင်းအိပ်လျှက် (ရှေးထုံး)
English:
sleep
Grammar Note:
နာမ်
မျှဉ်း၂
[mr̯ɪ́ɴ၂]
Arakanese:
ဖြည်းညှင်း သက်သာစွာ ပြုလုပ်ရေ။ ကြာခြင်း
Burmese:
ဖြည်းညှင်း သက်သာစွာ ပြုလုပ်သည်။ နှေးကွေးခြင်း
English:
slow
Grammar Note:
နာမ်
မျှဉ်းပါလားရေ
[mr̯ɪ́ɴpàláɹè]
Arakanese:
၁၊တနားချေလောင်းာက် မှေးစက် လားရေ။ ၂၊ အခိုက်အတန့် အိပ်ရေ။ အိပ်သူ
Burmese:
၁၊ ခဏမျှ မှေးစက် သွားသည်။ ၂၊ အခိုက်အတန့် အိပ်သည်။ အိပ်သူ
English:
sleeper
Grammar Note:
နာမ်
မျှဉ်းဖော်ကိုက်
[mr̯ɪ́ɴpʰɔ̀kaɪʔ]
Arakanese:
ပျိုင်ချပ်အနားကို ခုံးကြွအောင် တနည်း မျှိုင်းလုံးပေါ်ယောင် ထိုးရရေ ရွီပေါ်တမျိုး
Burmese:
ပျဉ်ချပ်အနားကို ခုံးကြွအောင် သို့မဟုတ် မျဉ်းလုံးပေါ်အောင် ထိုးရသော ရွေပေါ်တစ်မျိုး
English:
(carpenter’s) plane
Grammar Note:
နာမ်
မျှဉ်းမျှဉ်းသျှေ
[mr̯ɪ́ɴmr̯ɪ́ɴʃè]
Arakanese:
ဖြည်းညှင်း သာယာစွာ
Burmese:
ဖြည်းညှင်း သာယာစွာ
English:
slowly
Grammar Note:
ကြိယာဝိသေသန
မျှဉ်းမျှဉ်းသျှေမျှဉ်းမျှဉ်းသျှေ
[mr̯ɪ́ɴmr̯ɪ́ɴʃèmr̯ɪ́ɴmr̯ɪ́ɴʃè]
Arakanese:
ကမန်းကတန်း မဟိပဲ။ အချိန်ယူဗျာယ်။ တဆတ်ဆတ်နှေးနှေး
Burmese:
အလျင်စလို မယှိပဲ။ အချိန်ယူလျက်။ ဖြည်းဖြည်းနှေးနှေး
English:
slowly
Grammar Note:
ကြိယာဝိသေသန
မျှဉ်းလုံးဖော်ကိုက်
[mr̯ɪ́ɴlóʊɴpʰɔ̀kaɪʔ]
Arakanese:
ပျိုင်ချပ် အနားကို ခုံးကြွအောင် တနည်း မျှိုင်းလုံး ပေါ်ယောင် ထိုးရရေ ရွီပေါ်တမျိုး
Burmese:
ပျဉ်ချပ် အနားကို ခုံးကြွအောင် သို့မဟုတ် မျဉ်းလုံး ပေါ်အောင် ထိုးရသော ရွေပေါ်တစ်မျိုး
English:
(carpenter’s) plane
Grammar Note:
နာမ်
မျှဉ်းသား
[mr̯ɪ́ɴθá]
Arakanese:
မျှိုင်းသတ်။ အရင်းလဲလတ်၊ အဖျားပြတ်ကေ၊ ဆုံကြီးတင်ထား၊ မျှဉ်းနှင့်သားပြီး၊ သင်းကန်ကြီးကို (ထွန်းတိ)
Burmese:
မျဉ်းသတ်။ အရင်းလဲလတ်၊ အဖျားပြတ်လျှင်၊ ဆုံကြီးတင်ထား၊ မျှဉ်းနှင့်သားပြီး၊ သင်းကန်ကြီးကို (ထွန်းတိ)
English:
draw a line
Grammar Note:
ကြိယာ
မျှတ
[mr̯t]
Arakanese:
၁၊ တခုထက် တခု အပိုအလျော့မဟိ ဖြစ်တေ။ ၂၊ ညီတူညီမျှ ရယောင် ခွဲဝီရေ။ ၃၊ ထိုက်တန်စွာ အတိုင်းအတာ ပမာဏ လောက် စီရေ
Burmese:
၁၊ တစ်ခုထက် တစ်ခု အပိုအလျော့မယှိ ဖြစ်သည်။ ၂၊ ညီတူညီမျှ ရအောင် ခွဲဝေသည်။ ၃၊ ထိုက်တန်စွာ အတိုင်းအတာ ပမာဏ ပြည့်ဝ စေသည်
English:
same
Grammar Note:
နာမ်
မျှလောက်
[mr̯lɔ́ɛʔ]
Arakanese:
အမျိုးအမည် မသိရေ အကြောင်း တခုတရီကို ရည်ညွှန်း မီးမြန်းရာမာ သုံးသော အမီးစကား။ အခင်ကြီး အေချင့် ဇာမျှလောင်းာက်လဲ (အရင်)
Burmese:
အမျိုးအမည် မသိသော အကြောင်း တစ်စုံတစ်ရာကို ရည်ညွှန်း မေးမြန်းရာ၌ သုံးသော အမေးစကား။ အခင်ကြီး အေချင့် ဇာမျှလောက်လဲ (အရင်)
English:
what
Grammar Note:
နာမ်
မျှား
[mr̯á]
Arakanese:
အဖျားမာ အစာတပ်ပြီးကေ ပိုက်ချရရေ သံစူးချိတ်
Burmese:
အဖျားတွင် အစာတပ်၍ ငါးဖမ်းရသော သံဆူးချိတ်
English:
hook
Grammar Note:
ပစ္စည်း
မျှား၂
[mr̯á၂]
Arakanese:
၁၊ ယင်း ငါးမျှားချိတ်ဖြင့် ပိုက်ချရေ။ ငါးမျှားချိတ်မာ အစာတင်ပနာ ပါလာယောင် သိမ်းသွင်း ဖမ်းယူရေ။ ၂၊ ကိုယ့်ဘက်ကို ပါလာယောင် ပရိယာယ်ဖြင့် ဆွဲငင် ကြံဆောင်ရေ။ ၃၊ တဆတ်ဆတ်နှင့် စိတ်ဝင်စားလာယောင် ပြုသည်
Burmese:
၁၊ ယင်း ငါးမျှားချိတ်ဖြင့် ငါးဖမ်းသည်။ ငါးမျှားချိတ်တွင် အစာတင်၍ ပါလာအောင် ဆွဲဆောင် ဖမ်းယူသည်။ ၂၊ မိမိဘက်သို့ ပါလာအောင် ပရိယာယ်ဖြင့် ဆွဲငင် ကြံဆောင်သည်။ ၃၊ တဖြည်းဖြည်းနှင့် စိတ်ပါလာအောင် ပြုသည်
English:
hook
Grammar Note:
နာမ်
မျှားကိုင်းတံ
[mr̯ákáɪɴtံ]
Arakanese:
ငါးမျှားကြိုး ခြည်ရရေ တုတ်ချောင်း။ ဒုတ်တံ
Burmese:
ငါးမျှားကြိုး ချည်ရသော တုတ်ချောင်း။ ဒုတ်တံ
English:
fishing stick
Grammar Note:
နာမ်
မျှားကြိုး
[mr̯át͡ɕó]
Arakanese:
အစွန်းတဖက်မာ ငါးမျှားချိတ်၊ အရာတဖက်မာ ငါးမျှားတံကို ခြည်ရရေ ကြိုး
Burmese:
အစွန်းတစ်ဘက်တွင် ငါးမျှားချိတ်၊ အခြားတစ်ဘက်တွင် ငါးမျှားတံကို ချည်ရသော ကြိုး
English:
fishing string
Grammar Note:
နာမ်
မျှားဆိတ်ကြိုး
[mr̯ásʰeɪʔt͡ɕó]
Arakanese:
တထွာလောက်ခန့် ရှည်ဟိ မျှား၏ အရင်း၌ တပ်ရရေကြိုး
Burmese:
တစ်ထွာလောက်ခန့် ရှည်ယှိ မျှား၏ အရင်း၌ တပ်ရသောကြိုး
English:
fishing string of hook
Grammar Note:
နာမ်
မျှားတန်းချ
[mr̯átáɴɕ]
Arakanese:
အတောင်နှစ်ရာ၊ သုံးရာခန့် ရှည်သော ကြိုးမာ ငါးမျှားချိတ် နှစ်ရာ၊ သုံးရာခန့်ကို တပ်ပြီးကေ ယင်းငါးမျှားချိတ်မာ အစာတပ်ကာ မြစ်မာ သွယ်တန်းချပြီး ငါးယှာရရေ ပိုက်ချနည်းတမျိုး
Burmese:
အတောင်နှစ်ရာ၊ သုံးရာခန့် ရှည်သော ကြိုးတွင် ငါးမျှားချိတ် နှစ်ရာ၊ သုံးရာခန့်ကို တပ်၍ ၎င်းငါးမျှားချိတ်တွင် အစာတပ်ကာ မြစ်တွင် သွယ်တန်းချပြီး ငါးရှာရသော ငါးဖမ်းနည်းတစ်မျိုး
English:
fishing stand in line of hook
Grammar Note:
နာမ်
မျှားတန်းပစ်
[mr̯átáɴpɪʔ]
Arakanese:
အဘုချေသူငယ်ရို့အား မကောင်းဆိုးဝါးရို့ ပူးကပ်နိူင်းရေအခါ အစာကျွေးရ ပစ်ရရေ ခေါစာပစ်နည်း တမျိုး
Burmese:
ခလေးသူငယ်တို့အား မကောင်းဆိုးဝါးတို့ ပူးကပ်ယှဉ်သည့်အခါ အစာကျွေးရ ပစ်ရသော ခေါစာပစ်နည်း တစ်မျိုး
English:
spirit food
Grammar Note:
နာမ်
မျှားတိုင်
[mr̯átàɪɴ]
Arakanese:
ငါးမျှားကြိုး ခြည်ရရေ တုတ်ချောင်း။ ဒုတ်တံ
Burmese:
ငါးမျှားကြိုး ချည်ရသော တုတ်ချောင်း။ ဒုတ်တံ
English:
fishing stick
Grammar Note:
နာမ်