Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,801–1,820 of 2,515 words

    မ

    မျှားထင်

    [mr̯átʰɪ̀ɴ]
    ငါးမျှားချိတ် အရင်းမာ ကြိုးချိုင်သည့် အဖု၊ အပြာလေး
    ငါးမျှားချိတ် အရင်းတွင် ကြိုးချည်သည့် အဖု၊ အပြာလေး
    none
    နာမ်

    မျှားဟက်

    [mr̯áhɛʔ]
    ငါးမျှားချိတ်မာ ပါရေ အတက်လီး
    ငါးမျှားချိတ်တွင် ပါသော အတက်လေး
    hook
    နာမ်

    မျှိတ်

    [mr̯eɪʔ]
    အဖျား သွယ်သွယ်သွန်းသွန်းနှင့် ထက်မြက်ရေ။ ချွန်မြသော။ ချွန်ထားရေ ကွပ်စူး အလိုက်တိုင်း မျှိတ်နီရေ၊ တိုက်ကေပေါက်ဖို့ (အရပ်)
    အဖျား သွယ်သွယ်သွန်းသွန်းနှင့် ထက်မြက်သော။ ချွန်မြသော။ ချွန်ထားရေ သံစူး အလိုက်တိုင်း မျှိတ်နီရေ၊ တိုက်ကေပေါက်ဖို့ (အရပ်)
    sharp
    နာမဝိသေသန

    မျှို့

    [mr̯o̰]
    ၁၊ ရေမာ နီတတ်၍ ခြီမဲ့လက်မဲ့ ကိုယ်ထည် ဆန့်ကုပ်နှိုင်ဗျာယ်း သတ္တဝါဟူသမျှကို တွယ်ကပ်၍ သွီးစုပ်ယူတတ်သည့် ကြောရိုးမဲ့ သတ္တဝါတမျိုး။ ၂၊ (ဥပစာ) အဆောက်အအုံရို့မာ ထပ်ပိုး၍ တွယ်ကပ်ထားရေ တန်းစစွာကို မြဲအောင် ကုပ်ထားရေအရာ
    ၁၊ ရေတွင် နေတတ်၍ ခြေမဲ့လက်မဲ့ ကိုယ်ထည် ဆန့်ကုပ်နိုင်ပြီး သတ္တဝါဟူသမျှကို တွယ်ကပ်၍ သွေးစုပ်ယူတတ်သည့် ကျောရိုးမဲ့ သတ္တဝါတစ်မျိုး။ ၂၊ (ဥပစာ) အဆောက်အအုံတို့တွင် ထပ်ပိုး၍ တွယ်ကပ်ထားသော တန်းစသည်ကို မြဲအောင် ကုပ်ထားသောအရာ
    leech
    နာမ်

    မျှိုး

    [mr̯ó]
    ရီပြင်ထက်မာ ရွေ့ပါစီရေ
    ရေပြင်ပေါ်တွင် ရွေ့ပါစေသည်
    float
    နာမ်

    မျှို့ကုပ်

    [mr̯o̰koʊʔ]
    ၁၊ ရေမာ နီတတ်၍ ခြီမဲ့လက်မဲ့ ကိုယ်ထည် ဆန့်ကုပ်နှိုင်ဗျာယ်း သတ္တဝါဟူသမျှကို တွယ်ကပ်၍ သွီးစုပ်ယူတတ်သည့် ကြောရိုးမဲ့ သတ္တဝါတမျိုး။ ၂၊ (ဥပစာ) အဆောက်အအုံရို့မာ ထပ်ပိုး၍ တွယ်ကပ်ထားရေ တန်းစစွာကို မြဲအောင် ကုပ်ထားရေအရာ
    ၁၊ ရေတွင် နေတတ်၍ ခြေမဲ့လက်မဲ့ ကိုယ်ထည် ဆန့်ကုပ်နိုင်ပြီး သတ္တဝါဟူသမျှကို တွယ်ကပ်၍ သွေးစုပ်ယူတတ်သည့် ကျောရိုးမဲ့ သတ္တဝါတစ်မျိုး။ ၂၊ (ဥပစာ) အဆောက်အအုံတို့တွင် ထပ်ပိုး၍ တွယ်ကပ်ထားသော တန်းစသည်ကို မြဲအောင် ကုပ်ထားသောအရာ
    nape of the stick
    နာမ်

    မျှို့ကြောင်း

    [mr̯o̰t͡ɕáʊɴ]
    ပျိုင်ချပ်၊ ဒါး အစဟိစွာမာ အလှအပအတွက်ရာ အလျားလိုက် လှီးကော်ထားရေ မြောင်းကြော
    ပျဉ်ချပ်၊ ဒါး စသည်တွင် အလှအပအလို့ငှာ အလျားလိုက် လှီးကော်ထားသော မြောင်းကြော
    fluting in the blade of a knife
    နာမ်

    မျှိုးခွက်

    [mr̯ókʰwɛʔ]
    နှီးသားကို သရိုးသစ်စေးရို့နန့် မွမ်းမံ ပြုလုပ်ထားရေ အဝကျယ် အောက်ကျဉ်း ခွက်ရှည်
    နှီးသားကို သရိုးသစ်စေးတို့ဖြင့် မွမ်းမံ ပြုလုပ်ထားသော အဝကျယ် အောက်ကျဉ်း ခွက်ရှည်
    cup
    နာမ်

    မျှိုင်

    [mr̯àɪɴ]
    ပင်လယ် ကမ်းစ၌ ကျက်စားတတ်ရေ ငါးပိ ပြုလုပ်ရရေ အလွန် ငယ်ရေ ပဇွန်ဒက် တမျိုး
    ပင်လယ် ကမ်းစပ်၌ ကျက်စားတတ်သော ငါးပိ ပြုလုပ်ရသည့် အလွန် သေးငယ်သော ပုစွန်ဆိတ် တစ်မျိုး
    shrimp
    နာမ်

    မျှိုင်း

    [mr̯áɪɴ]
    ၁၊ ပျောင်းခွေ ငြိမ်သက်စွာ မျက်စိပိတ်ပနာ အာရုံ ခံစားနိန်ရေ။ ၂၊ ရောဂါ ဝေဒနာ တခုတရီကြောင့် မမာ့ောနိန်ရေ။ မလှုပ်မရှားနိုင်ပဲ ဟိရေ။ ၃၊ အိပ်လို့မဖြောင့်ပဲဗျာယ် မျက်စိမိတ်၍ ငြိမ်သက်စွာ နားနိန်ရေ။ အဲ-ငါဝေး့ နီးမကောင်းလို့ မျှိုင်းနီရေ (အရပ်)
    ၁၊ ပျောင်းခွေ ငြိမ်သက်စွာ မျက်စိပိတ်၍ အာရုံ ခံစားနေသည်။ ၂၊ ရောဂါ ဝေဒနာ တစ်စုံတစ်ခုကြောင့် မိန်းမောနေသည်။ မလှုပ်မရှားနိုင်ပဲ ယှိသည်။ ၃၊ အိပ်မပျော်ပဲလျက် မျက်စိမိတ်၍ ငြိမ်သက်စွာ နားနေသည်။ အဲ-ငါလည်း နီးမကောင်းလို့ မျှိုင်းနီရေ (အရပ်)
    take a rest
    နာမ်

    မျှိုင်၂

    [mr̯àɪɴ၂]
    ဖွံ့ဖြိုး၍ ညွတ်ကိုင်းနိန်ရေ စပါး သီးနှံများ။ မောင်စံရွှီရို့ လယ်ပြင်မာ စပါးနှံတိ ငိုက်လို့ မျှိုင်နီရေ (အရပ်)
    ဖွံ့ဖြိုး၍ ညွတ်ကိုင်းနေသော စပါး သီးနှံများ။ မောင်စံရွှေရို့ လယ်ကွင်းမှာ စပါးနှံတိ ငိုက်လို့ မျှိုင်နီရေ (အရပ်)
    rich in variety
    နာမ်

    မျှိုင်း၂

    [mr̯áɪɴ၂]
    ၁၊ အခိုက်အတန့် အိပ်ရေ။ ငါဝေး့ ညောင်းလို့ တနား မျှိုင်းပစ်ခရေ (အရပ်)။ ၂၊ လှုပ်ရှားခြင်း မပြုပဲ သက်သာစွာ နိန်ရေ။ ပုံသွန်းဖော်ထုတ်၊ ဟောသော်အတိုင်း၊ တမျှိုင်းအိပ်လျှက် (ရှီးထုံး)
    ၁၊ အခိုက်အတန့် အိပ်သည်။ ငါလည်း ညောင်းလို့ တစ်နား မျှိုင်းပစ်ခရေ (အရပ်)။ ၂၊ လှုပ်ရှားခြင်း မပြုပဲ သက်သာစွာ နေသည်။ ပုံသွန်းထုတ်ဖော်၊ ဟောသော်အတိုင်း၊ တမျှိုင်းအိပ်လျှက် (ရှေးထုံး)
    take a rest
    နာမ်

    မျှိုင်၃

    [mr̯àɪɴ၃]
    စပါးမှည့်ချိန် လယ်ပြင်မာ ပေါက်တတ်ရေ အရွက်ငယ်ပနာ ပင်မကြီးဖေါ့ဖြစ်ရေ တနှစ်ခံ စိမ်မြေပေါက် အပင်။ (ညိုကြီး၊ ညိုသျှေ ဆိုပနာ မျိုးကွဲများ ဟိသိရေ။
    စပါးမှည့်ချိန် လယ်ကွင်းတွင် ပေါက်တတ်သော အရွက်သေး၍ ပင်စည်ဖေါ့ဖြစ်သော တစ်နှစ်ခံ စိမ်မြေပေါက် အပင်။ (ညိုကြီး၊ ညိုသျှေ ဟူ၍ မျိုးကွဲများ ရှိသေးသည်။
    grass
    နာမ်

    မျှိုင်၄

    [mr̯àɪɴ၄]
    ၁၊ အသာအယာ မှီတွယ်ရေ။ ကိုယ်တိုင် အားထုတ်မှု မဟိပဲ၊ အရာ တပါးကို အားပြုပနာ လိုက်ရေ။ မောင်လှဖြူ ငါ့နန့်မျှိုင်လို့ လိုက်လာရေ (အရပ်)။ ၂၊ မသာမယာသော မျက်နှာဖြင့် တခုတရီကို မှီပြီးကေ မှိုင်နီသည်
    ၁၊ အသာအယာ မှီတွယ်သည်။ ကိုယ်တိုင် အားထုတ်မှု မယှိပဲ၊ အခြား တစ်ပါးကို အားပြု၍ လိုက်သည်။ မောင်လှဖြူ ငါ့နန့်မျှိုင်လို့ လိုက်လာရေ (အရပ်)။ ၂၊ မသာမယာသော မျက်နှာဖြင့် တစ်စုံတစ်ခုကို မှီ၍ ငိုင်နေသည်
    dependence
    နာမ်

    မျှိုင်၅

    [mr̯àɪɴ၅]
    ၁၊ အိပ်စက်ခြင်း။ တယောက်တည်းရာ၊ စက်ငွီ့ မှိတ်မှိတ်၊ မျှိုင်၍ အိပ်က (မေတ္တာစာ)။ ၂၊ တခုခုသော အာရုံမာ တွေဝေ စူးစိုက် နိန်ရေ။ ရပ်စောက်မူးမှိုင်၊ ရပ်စောက်မျှိုင်ရေ(မင်းနန်)။
    ၁၊ အိပ်စက်ခြင်း။ တယောက်တည်းသာ၊ စက်ငွေ့ မှိတ်မှိတ်၊ မျှိုင်၍ အိပ်က (မေတ္တာစာ)။ ၂၊ တခုခုသော အာရုံတွင် တွေဝေ စူးစိုက် နေသည်။ မတ်တတ်မူးမှိုင်၊ ရပ်စောက်မျှိုင်ရေ(မင်းနန်)။
    sleep
    နာမ်

    မျှိုင်ငါးပိ

    [mr̯àɪɴŋàးpì]
    မျှင်ကောင်အချေကို ထောင်းပနာ ပြုလုပ်ထားရေ ငါးပိ၊ မျှင်ငါးပိ
    မျှင်ကောင်ကလေးကို ထောင်း၍ ပြုလုပ်ထားသော ငါးပိ၊ မျှင်ငါးပိ
    ngapi
    နာမ်

    မျှိုင်ပါး

    [mr̯àɪɴpàး]
    ၁၊ များပြားရေ။ ၂၊ မျှင်ကောင်ကချေတိ ပင်လယ် ကမ်းနားသို့ ပါးရေ။ နတ်တောင်ဂျိုင်၊ မျှိုင်ပါးရေ၊ ကောက်ရှီမိငါးကို၊ ကြောင်စားသည် (တေး)
    ၁၊ များပြားသည်။ ၂၊ မျှင်ကောင်ကလေးများ ပင်လယ် ကမ်းနားသို့ ပါးသည်။ နတ်တောင်ဂျိုင်၊ မျှိုင်ပါးရေ၊ ကောက်ရှီမိငါးကို၊ ကြောင်စားရေ (တေး)
    many
    နာမ်

    မျှိုင်ပါးပါး

    [mr̯àɪɴpàးpàး]
    လူသူလေးပါး အရီးမစိုက်ပဲ ထားပနာ မသာမယာသော မျက်ကြောဖြင့် ချောင်ကုပ် နိန်ရေ။ မောင်သာဖြူကို တယောက်လည်း အရီးမစိုက်ပဲ ထားလို့ ထောင့်ချောင်မာ မျှိုင်ပါးပါးနီယင် (အရပ်)
    လူသူလေးပါး အရေးမစိုက်ပဲ ထား၍ မသာမယာသော မျက်နှာထားဖြင့် ချောင်ကုပ် နေသည်။ မောင်သာဖြူကို တစ်ယောက်လည်း အရေးမစိုက်ပဲ ထားလို့ ထောင့်ချောင်မှာ မျှိုင်ပါးပါးနီယင် (အရပ်)
    take a back seat
    နာမ်

    မျှိုင်သျှေ

    [mr̯àɪɴʃè]
    ဖွံ့ဖြိုး၍ ညွတ်ကိုင်းနိန်ရေ စပါးသီးနှံများ။ မောင်စံရွှီရို့ လယ်ပြင်မာ စပါးနှံတိ ငိုက်လို့ မျှိုင်နီရေ (အရပ်)။ ချောင်းဖျားသျှေ၊ မျှိုင်သျှေ ရင်းဒွန်းထိုးကတ်မေ (တေး)
    ဖွံ့ဖြိုး၍ ညွတ်ကိုင်းနေသော စပါးသီးနှံများ။ မောင်စံရွှေရို့ လယ်ကွင်းမှာ စပါးနှံတိ ငိုက်လို့ မျှိုင်နီရေ (အရပ်)။ ချောင်းဖျားသျှေ၊ မျှိုင်သျှေ ရင်းဒွန်းထိုးကတ်မေ (တေး)
    paddy
    နာမ်

    မျှိုးစာ

    [mr̯ósà]
    သစ်၊ ဝါး အစဟိစွာ တနီရာမှ တနီရာသို့ ရွိ့ပြောင်း သယ်ယူနိုင်ခွင့် ပီးရေ့စာ
    သစ်၊ ဝါး စသည် တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်း သယ်ယူနိုင်ခွင့် ပေးသည့်စာ
    permit
    နာမ်