Dictionary Entries
Showing 1,821–1,840 of 2,515 words
မ
မျှိုးပိုက်
[mr̯ópaɪʔ]
Arakanese:
ရီစီးရာမာ ဖြားသင့် တွဲလောင်း ဆွဲချ မျိုးပါနေစီပြီးကေ ထောင်ရရေ ပိုက်ချပိုက်တမျိုး
Burmese:
ရေစီးရာတွင် ရေစုန် တွဲလျား ဆွဲချ မျောပါနေစေလျက် ထောင်ရသော ငါးဖမ်းပိုက်တစ်မျိုး
English:
fishing tool
Grammar Note:
နာမ်
မျှိုးလိုက်
[mr̯ólaɪʔ]
Arakanese:
ရီစီး ဖောင်မျှော သဖောဖြားသင့် မျှော၍ လိုက်ပါလားရေ
Burmese:
ရေစီး ဖောင်မျှော သဘော ရေစုန် မျှော၍ လိုက်ပါသွားသည်
English:
float
Grammar Note:
နာမ်
မျှို့သွီးစမ်း
[mr̯o̰θwïsáɴ]
Arakanese:
(ဥပစာ) အခြီအရဲကို တိုလို့ယိုလို့ စမ်းသပ် ဆောင်ရွက်သည်
Burmese:
(ဥပစာ) အခြေအနေကို မဝံ့မရဲ စမ်းသပ် ဆောင်ရွက်သည်
English:
test
Grammar Note:
နာမ်
မျှောင်
[mr̯àʊɴ]
Arakanese:
၁၊ နံဖီးအပါး၌ တည်ရေ။ ကပ်တည်ရေ။ အမင်ာင်အမင်ာင်၊ တိုင်မာမျှောင်၊ အမင်ာင်ဇာကကားင် (ဇမ်း)။ ၂၊ တတူတကွ ဆောင်ယူရေ။ တွဲစပ်ပူးဝင်ရေ။ ဆစ္ဆီ၊ သဆီမှင်စာ၊ ဖုတ်ပြိတ္တာ၊ ဥပါသံဖက်၊ ဖမ်းဆီးယူဆောင်၊ ဤတောတောင်ကာ၊ မျှောင်ကာဝှက်လည်း (မျိုးက်)။ အစိမ်းသီကေ၊ ဆစ္ဆီ၊ သဆီမှင်စာ၊ ဖမ်းမျှောင်
Burmese:
၁၊ အနီးအပါး၌ တည်သည်။ ကပ်တည်သည်။ အမောင်အမောင်၊ တိုင်မှာမျှောင်၊ အမောင်ဇာကရောင် (ဇမ်း)။ ၂၊ အတူတကွ ဆောင်ယူသည်။ တွဲစပ်ပူးဝင်သည်။ တစ္ဆေမှင်စာ၊ ဖုတ်ပြိတ္တာ၊ ဥပါသံဖက်၊ ဖမ်းဆီးယူဆောင်၊ ဤတောတောင်မှာ၊ မျှောင်ကာဝှက်လည်း (မျောက်)။ အစိမ်းသီကေ၊ တစ္ဆေမှင်စာ၊ ဖမ်းမျှောင်
English:
surrounding
Grammar Note:
နာမ်
မျှောင်း
[mr̯áʊɴ]
Arakanese:
အမဲသား၊ ဆိတ်သား၊ ငါးမန်းသား အစဟိစွာရို့ကို ငယ်ရေ အချောင်းအချောင်း ဖြစ်ယောင် လှီးရေ။ အုန်းရည်နန့် နှက်ဖို့ ငါးမန်းသား တမျှောင်းဖုတ်၊ ငရုတ်နန့် လက်သုတ်သုတ် (အရပ်)
Burmese:
အမဲသား၊ ဆိတ်သား၊ ငါးမန်းသား စသည်တို့ကို သေးငယ်သော အချောင်းအချောင်း ဖြစ်အောင် လှီးသည်။ အုန်းရည်နန့် နှက်ဖို့ ငါးမန်းသား တစ်မျှောင်းဖုတ်၊ ငရုတ်နန့် လက်သုတ်သုတ် (အရပ်)
English:
cut
Grammar Note:
နာမ်
မျှောင်း၂
[mr̯áʊɴ၂]
Arakanese:
ကြိမ်လုံးနှင့် ရိုက်သနန့် နောက်ကုန်းမာ အသားအရီ အစဟိစွာ ပကတိ မျက်နှာပြင်မှ မြင့်မို ကြွဖောင်းတက်ရေ။ ဖူးဖူးတက်ရေ။ ကြိမ်လုံးနှင့် ရိုက်သနန့် နောက်ကုန်းမာ အလျားလိုက် ဖူးကြွ ရမ်းရေ။ ဆတ်ကျာသတ်ရာလေ၊ ဝိဇ္ဇာသတ်ကေ၊ မျှောင်းလို့ပေါ်စီရေ (ကော်)
Burmese:
ကြိမ်လုံးနှင့် ရိုက်သဖြင့် ကျောကုန်းတွင် အသားအရေ စသည် ပကတိ မျက်နှာပြင်မှ မြင့်မို ကြွဖောင်းတက်သည်။ ဖူးဖူးတက်သည်။ ကြိမ်လုံးနှင့် ရိုက်သဖြင့် ကျောကုန်းတွင် အလျားလိုက် ဖူးကြွ ရောင်ရမ်းသည်။ ကြိမ်ဒဏ်ရာလေ၊ ဝိဇ္ဇာသတ်ကေ၊ မျှောင်းလို့ပေါ်စေရ (ကော်)
English:
be badly swollen
Grammar Note:
နာမ်
မျှောင်ကပ်
[mr̯àʊɴkaʔ]
Arakanese:
ချိုင်းကပ် ခိုဝင်ရေ
Burmese:
ချဉ်းကပ် ခိုဝင်သည်
English:
approach
Grammar Note:
ကြိယာ
မျှောင်စာ
[mr̯àʊɴsà]
Arakanese:
မှီခို ညာစားရေ။ ကပ်ရပ် စားသောက် နီထိုင်သည်
Burmese:
မှီခို ညာစားသည်။ ကပ်ရပ် စားသောက် နေထိုင်သည်
English:
dependence
Grammar Note:
နာမ်
မျှောင်းမျှောင်း
[mr̯áʊɴmr̯áʊɴ]
Arakanese:
အလျားရှည်၍၊ ကျဉ်းဗျာယ်
Burmese:
အလျားရှည်၍၊ ကျဉ်းလျက်
English:
be alongside - get alongside - stay alongside - depend on
Grammar Note:
နာမ်
မျှော်
[mr̯ɔ̀]
Arakanese:
၁၊ အဝီးရပ်သို့ မျက်နှာမူရာ တည့်တည့်ကြည့်ရေ။ လာပါနိုင်းနိုင်း၊ နိနိတိုင်းကို၊ ကသိုဏ်းရှုမျှော်၊ နန်းဘုံသာက (ကျောက်ရိုး)။ ၂၊ ရောက်လှာမည်ကို တမ်းတ ရည်ရော် စောင့်ဆိုင်းရေ။ မင်းရဲစန္ဒာ၊ သုံးလူချာကို၊ ဖူးမြော်ချင်လှ၊ လွန်ရူတသည်၊ နန်းဝမျှော်ကြည့် ရှာသတည်း (ကျ
Burmese:
၁၊ အဝေးရပ်သို့ မျက်နှာမူရာ တည့်တည့်ကြည့်သည်။ လာပါနိုင်းနိုင်း၊ နေ့နေ့တိုင်းကို၊ ကသိုဏ်းရှုမျှော်၊ နန်းဘုံသာက (ကျောက်ရိုး)။ ၂၊ ရောက်လာမည်ကို တမ်းတ ရည်ရော် စောင့်ဆိုင်းသည်။ မင်းရဲစန္ဒာ၊ သုံးလူချာကို၊ ဖူးမြော်ချင်လှ၊ လွန်ရူတသည်၊ နန်းဝမျှော်ကြည့် ရှာသတည်း (ကျ
English:
wait
Grammar Note:
ကြိယာ
မျှော်ကိုး
[mr̯ɔ̀kó]
Arakanese:
တခုတရီ ဖြစ်လှာမည် ရောက်လှာမည် အခြီအရဲကို ပြိုးကြည့်
Burmese:
တစ်စုံတစ်ခု ဖြစ်လာမည် ရောက်လာမည် အခြေအနေကို လှမ်းကြည့်သည်
English:
hope
Grammar Note:
နာမ်
မျှော်ခေါ်
[mr̯ɔ̀kʰɔ̀]
Arakanese:
အခြီအရဲ တစုံတရာကို ဆင်ခြင် စိုင်းစားသည်
Burmese:
အခြေအနေ တစ်စုံတရာကို ဆင်ခြင် စဉ်းစားသည်
English:
think
Grammar Note:
ကြိယာ
မျှော်စင်
[mr̯ɔ̀sɪ̀ɴ]
Arakanese:
အဝီးကို ပြိုးကြည့်ရန် ပြုလုပ်ထားရေ စင်မြင့် အဆောက်အအုံ
Burmese:
အဝေးသို့ လှမ်းကြည့်ရန် ပြုလုပ်ထားသော စင်မြင့် အဆောက်အအုံ
English:
tower
Grammar Note:
နာမ်
မျှော်စပ်
[mr̯ɔ̀saʔ]
Arakanese:
တခုတရီ စားရနိုးနိုး၊ ရနိုးနိုးနှင့် မျှော်စပ် စောင့်ဆိုင်း နေခြင်း
Burmese:
တစ်စုံတစ်ခု စားရနိုးနိုး၊ ရနိုးနိုးနှင့် မျှော်ကိုး စောင့်ဆိုင်း နေခြင်း
English:
waiting
Grammar Note:
နာမ်
မျှော်မှန်း
[mr̯ɔ̀m̥áɴ]
Arakanese:
မရလာသိမ့်ရေ အရာ၊ ရစီလိုရေ အရာ အစဟိစွာ၏ အခြီအရဲကို စိတ်မာ သတ်မှတ်ထားခြင်း
Burmese:
မရလာသေးသော အရာ၊ ရစေလိုသော အရာ စသည်၏ အခြေအနေကို စိတ်တွင် သတ်မှတ်ထားခြင်း
English:
hope
Grammar Note:
နာမ်
မျှော်ရှု
[mr̯ɔ̀ʃoʊ]
Arakanese:
ရောက်လှာမည်ကို တမ်းတ ရည်ရော် ငံ့လင်ခြင်း။ မျှော်ရှုမျှော်ရှု၊ ကသိုဏ်းရှုဗျာယ်၊ သုံးလူ့သခင်၊ မြတ်သျှင်ပင်ကို၊ မမြင်ရပြီးကေး (ကျောက်ရိုး)
Burmese:
ရောက်လာမည်ကို တမ်းတ ရည်ရော် ငံ့လင်ခြင်း။ မျှော်ရှုမျှော်ရှု၊ ကသိုဏ်းရှုလျက်၊ သုံးလူ့သခင်၊ မြတ်သျှင်ပင်ကို၊ မမြင်ရကား (ကျောက်ရိုး)
English:
hope
Grammar Note:
နာမ်
မျှော်လင့်
[mr̯ɔ̀lɪ̀ɴ့]
Arakanese:
နောင်အနာဂတ် ဖြစ်ပျက်မှု တခုတရီကို စိတ်ဓာတ် တက်ကြွစွာ အမှန်အကန် မှတ်ယူ မျှော်လင့် ငံ့ဆိုင်းသည်
Burmese:
နောင်အနာဂတ် ဖြစ်ပျက်မှု တစ်စုံတစ်ရာကို စိတ်ဓာတ် တက်ကြွစွာ အမှန်တကယ် မှတ်ယူ မျှော်လင့် ငံ့ဆိုင်းသည်
English:
hope
Grammar Note:
ကြိယာ
မျှော်လင့်ချက်
[mr̯ɔ̀lɪ̀ɴ့ɕɛʔ]
Arakanese:
တခုတရီ လာရောက် ရပ်တည် စီလိုပိုင် မျှော်လင့် ငံ့ဆိုင်းနိန်ရေ စိတ်ဓာတ် တက်ကြွ ကျီနပ် အားရဖွယ် အခြီအရဲ
Burmese:
တစ်စုံတစ်ခု လာရောက် ရပ်တည် စေလို၍ မျှော်လင့် ငံ့ဆိုင်းနေသော စိတ်ဓာတ် တက်ကြွ ကျေနပ် အားရဖွယ် အခြေအနေ
English:
hope
Grammar Note:
နာမ်
မြ
[mɹ]
Arakanese:
အလွန်ကြည်လင်သည့် မြက်၊ သစ်ရွက် အရောင် မားထွက် ကျောက်မျက်ရတနာ တမျိုး
Burmese:
အလွန်ကြည်လင်သည့် မြက်၊ သစ်ရွက် အရောင် တွင်းထွက် ကျောက်မျက်ရတနာ တစ်မျိုး
English:
emeralds jewel
Grammar Note:
နာမ်
မြ၂
[mɹ၂]
Arakanese:
မပူလွန်း မအေးလွန်း နွေးနွေးဟိသော။ အဖျားကျလို့ ခြီတိလက်တိ မြနီရေ (အရပ်)
Burmese:
မပူလွန်း မအေးလွန်း နွေးနွေးယှိသော။ အဖျားကျလို့ ခြီတိလက်တိ မြနီရေ (အရပ်)
English:
warm
Grammar Note:
နာမဝိသေသန