Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,901–1,920 of 2,515 words

    မ

    မြင်သား

    [mɹɪ̀ɴθá]
    သတ်စွာကို ကိုယ်တိုင် မြင်ရရေ သတ္တဝါ၏ အသား။ (ရဟန်းရို့၏ မစားအပ်ရေ အသားကြီး (၁၀) ပါးမာ ပါဝင်ရေ)
    သတ်သည်ကို ကိုယ်တိုင် မြင်ရသော သတ္တဝါ၏ အသား။ (ရဟန်းတို့၏ မစားအပ်သော အသားကြီး (၁၀) ပါးတွင် ပါဝင်သည်)
    animal slaughtered in one’s view
    နာမ်

    မြစ်

    [mɹɪʔ]
    တောင်ခြီ၊ အင်းအိုင်၊ စမ်းအစဟိရေ အဖျားရို့မှ ရှီးရှုတူရှု ပင်လယ်သမုဒ္ဒရာတိသို့ ထိတောင် အမြဲစီးဆင်းသော လမ်းကြောင်းကြီး။ မြီးမှ ပေါက်ဖွားသော သားသမီး
    တောင်ခြေ၊ အင်းအိုင်၊ စမ်းစသော အဖျားတို့မှ ရှေးရှုတူရှု ပင်လယ်သမုဒ္ဒရာများသို့ တိုင်အောင် အမြဲစီးဆင်းသော လမ်းကြောင်းကြီး။ မြေးမှ ပေါက်ဖွားသော သားသမီး
    great grandchild
    နာမ်

    မြစ်၂

    [mɹɪʔ၂]
    ဟန့်ဟန့်ရေ။ ဟန့်ဟန့်ရေ။ လှုပ်ရှားမိ၍ဖြစ်စီ၊ တခုတရီနှင့် ထိခိုက်မိ၍ ဖြစ်စီ၊ အကြောများ နီရာမမှန် လွဲချော်သည်
    တားဆီးသည်။ ဟန့်တားသည်။ လှုပ်ရှားမိ၍ဖြစ်စေ၊ တစ်စုံတစ်ခုနှင့် ထိခိုက်မိ၍ ဖြစ်စေ၊ အကြောများ နေရာမမှန် လွဲချော်သည်
    deter
    ကြိယာ

    မြစ်ကမ်းပါး

    [mɹɪʔkáɴpàး]
    မြစ်၏ ဟိုဘက်ဒေဘက်ဟိ ရေနှင့်စပ်ဗျာယ် ဟိနီရေ ကုန်းမြီ
    မြစ်၏ ဟိုဘက်ဒီဘက်ယှိ ရေနှင့်စပ်လျက် ယှိနေသော ကုန်းမြေ
    river bank
    နာမ်

    မြစ်ကူးချောင်းကူး

    [mɹɪʔkùးɕáʊɴkùး]
    မြစ်၊ ချောင်း အစဟိစွာ ကျော်ဖြတ် လားလာရရေ အရပ်။ ဝီးကွာ လှမ်းသော တပါးသောအရပ်
    မြစ်၊ ချောင်း စသည် ကျော်ဖြတ် သွားလာရသော အရပ်။ ဝေးကွာ လှမ်းသော တပါးသောအရပ်
    place beyond rivers and streams
    နာမ်

    မြစ်ကြားမြီ

    [mɹɪʔt͡ɕámɹì]
    ဝဲယာ နှစ်ဘက်ဟိ မြစ်မာ သွယ်စီး စီးဆင်းနိန်ရေ မြစ်ကြားမြေ
    ဝဲယာ နှစ်ဘက်ရှိ မြစ်တွင် သွယ်စီး စီးဆင်းနေသော မြစ်ကြားမြေ
    land
    နာမ်

    မြစ်ကြော

    [mɹɪʔt͡ɕɔ́]
    မြစ်ပြင်အထဲ လောင်း၊ သင်္ဘော သွားနှိုင်ယောင် နက်ဟိုင်းနိန်ရေ့ မြစ်ကြောင်း တလျောက် ဖြားတက်ကြောင်း။ မြစ်လမ်းခရီး။ ၂၊ မြစ်၏ စီးဆင်းရာလမ်း
    မြစ်ပြင်အတွင်း လှေ၊ သင်္ဘော သွားနိုင်အောင် နက်ရှိုင်းနေသည့် မြစ်ကြောင်း တလျောက် ရေတက်ကြောင်း။ မြစ်လမ်းခရီး။ ၂၊ မြစ်၏ စီးဆင်းရာလမ်း
    river bank
    နာမ်

    မြစ်ခုံ

    [mɹɪʔkʰòʊɴ]
    မြင့်မားသော မြစ်ကမ်း
    မြင့်မားသော မြစ်ကမ်း
    river bank
    နာမ်

    မြစ်ချင်းပြီး

    [mɹɪʔɕɪ́ɴpɹï]
    (အခြားဆီးများ ရောထည့်ရန် မလိုပဲနန့်) တမျိုးတည်းဖြင့် ရောဂါဝေဒနာ အမျိုးမျိုးကို ကုသနှိုင်ရေ (ဆီး)
    (တခြားဆေးများ ရောထည့်ရန် မလိုပဲ) တစ်မျိုးတည်းဖြင့် ရောဂါဝေဒနာ အမျိုးမျိုးကို ကုသနိုင်သော (ဆေး)
    single-dose remedy
    နာမဝိသေသန

    မြစ်ခွဲ

    [mɹɪʔkʰwɛ]
    မူလ မြစ်ကြောင်းမှ ခွဲဖြာထွက်သော သမုဒ္ဒရာ ပင်လယ်ထဲကို စီးဝင်သော ရီကြောင်း
    မူလ မြစ်ကြောင်းမှ ခွဲဖြာထွက်သော သမုဒ္ဒရာ ပင်လယ်ထဲသို့ စီးဝင်သော ရေကြောင်း
    branches of a river in the delta
    နာမ်

    မြစ်ဆိပ်

    [mɹɪʔsʰìaʔ]
    မြစ်ကမ်းတလျှောက်မာ တက်သက်၍ ရီချို ရီခပ် ဖွပ်ရာ နီရာ။ ၂၊ မြစ်ကမ်းတလျှောက်မာ လောင်း၊ သင်္ဘော အစဟိစွာ ဆိုက်ကပ်ရန် သတ်မှတ်ထားရေ နီရာ
    မြစ်ကမ်းတစ်လျှောက်တွင် တက်သက်၍ ရေချို ရေခပ် လျှော်ဖွပ်ရာ နေရာ။ ၂၊ မြစ်ကမ်းတလျှောက်တွင် လှေ၊ သင်္ဘော စသည် ဆိုက်ကပ်ရန် သတ်မှတ်ထားသော နေရာ
    wharf - riverside landing place
    နာမ်

    မြစ်ဆုံ

    [mɹɪʔsʰòʊɴ]
    အတက်၊ အလက်၊ မြစ်စို့၊ မြစ်မြွာရို့ ဖြာထွက်ရာ အပင်၏ အရင်ပိုင်း။ မြစ်ငယ်နှစ်မြွာ ပေါင်းယှက်ရာ အရပ်
    အတက်၊ အလက်၊ မြစ်စို့၊ မြစ်မြွာတို့ ဖြာထွက်ရာ သစ်ပင်၏ အရင်ပိုင်း။ မြစ်ငယ်နှစ်မြွာ ပေါင်းယှက်ရာ အရပ်
    confluence of a river
    နာမ်

    မြစ်ဆုတ်နာ

    [mɹɪʔsʰoʊʔnà]
    ခြောင်းဆိုး သွီးပါရေ အဆုတ်ရောဂါ
    ချောင်းဆိုး သွေးပါသော အဆုတ်ရောဂါ
    cough
    နာမ်

    မြစ်ညာ

    [mɹɪʔɲà]
    မြစ်အဖျားပိုင်းအရပ်
    မြစ်အဖျားပိုင်းအရပ်
    upper reaches of a river
    နာမ်

    မြစ်ညီနောင်

    [mɹɪʔɲínàʊɴ]
    သွယ်တန်းနိန်ရေ မြစ်နှစ်မြွာ
    သွယ်တန်းနေသော မြစ်နှစ်မြွာ
    twin river
    နာမ်

    မြစ်ထာ

    [mɹɪʔtʰà]
    ဟန့်ဟန့်ရေ။ ၂၊ သွန်သင်ဆုံးမရေ။ မကောင်းမြစ်ထာ၊ ကောင်းရာညွန်လတ်၊ အတတ်သင်စီ (ဆုံးမစာ)
    ဟန့်တားသည်။ ၂၊ သွန်သင်ဆုံးမသည်။ မကောင်းမြစ်ထာ၊ ကောင်းရာညွန်လတ်၊ အတတ်သင်စေ (ဆုံးမစာ)
    deter
    ကြိယာ

    မြစ်နံယောင်

    [mɹɪʔnံjàʊɴ]
    မြစ်ကြောင်းတလျှောက်၌ ဟိုဘက်ဒေဘက်၊ အရာနီရာတိထက် ပိုပြီးကေ ကျဉ်းသော နီရာ
    မြစ်ကြောင်းတလျှောက်၌ ဟိုဘက်ဒီဘက်၊ အခြားနေရာများထက် ပို၍ ကျဉ်းသော နေရာ
    defile of a river
    နာမ်

    မြစ်နား

    [mɹɪʔná]
    မြစ်ကမ်း နံဖီးအပါး ဒေသ
    မြစ်ကမ်း အနီးအပါး ဒေသ
    around river
    နာမ်

    မြစ်ပြင်

    [mɹɪʔpɹɪ̀ɴ]
    ကမ်းနှစ်ဘက်၏ အကြား ရီပြင်။ ကျယ်ပြန့်သော မြစ်၏ အပြန့်အပြင်။ ငါးတောင်သူ၊ မြစ်ပြင်ကိုသန်း၊ ညွန်ပြွန်းပြွန်းနှင့် (ဘောင်)
    ကမ်းနှစ်ဘက်၏ အကြား ရေပြင်။ ကျယ်ပြန့်သော မြစ်၏ အပြန့်အပြင်။ ငါးတောင်သူ၊ မြစ်ပြင်ကိုသန်း၊ ညွန်ပြွန်းပြွန်းနှင့် (ဘောင်)
    river
    နာမ်

    မြစ်ပြင်ဖြူ

    [mɹɪʔpɹɪ̀ɴpʰɹù]
    ဖြားတက်သော မြစ်ဝကျွန်းပေါ် အရပ်မာ ဖြားကျချိန်၌ နုန်းနစ်များ တင်ကျန်နီခရေ ကျယ်ပြန့်သည့်အပြင်
    ဒီရေတက်သော မြစ်ဝကျွန်းပေါ် အရပ်တွင် ဒီရေကျချိန်၌ နုန်းနစ်များ တင်ကျန်နေခဲ့သော ကျယ်ပြန့်သည့်အပြင်
    alluvial soil
    နာမ်