Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,921–1,940 of 2,515 words

    မ

    မြစ်ဖြတ်ဆီး

    [mɹɪʔpʰɹaʔsʰï]
    ရောဂါ ဝေဒနာ တခုခုကို တခေါက်တည်းဖြင့် လုံးဝ ပျောက်ကင်းအောင်ထိ ကုသပီးနှိုင်သော ဆီး
    ရောဂါ ဝေဒနာ တစ်ခုခုကို တစ်ကြိမ်တည်းဖြင့် လုံးဝ ပျောက်ကင်းအောင်ထိ ကုသပေးနိုင်သော ဆေး
    single-dose remedy
    နာမ်

    မြစ်ဖွား

    [mɹɪʔpʰWà]
    ညောင်မုတ်ဆိတ် အစဟိရေ အပင်အချိုမာ ပင်မကြီးမှ ထွက်ပြီးကေ လေပြင်ထဲမာ တွဲကျနီသော အမြစ်များ၊။ လီရှုမြစ်
    ညောင်မုတ်ဆိတ် စသော သစ်ပင်အချိုတွင် ပင်စည်မှ ထွက်၍ လေပြင်ထဲ၌ တွဲကျနေသော အမြစ်များ၊။ လေရှုမြစ်
    root
    နာမ်

    မြစ်ဗူးဝါး

    [mɹɪʔbùးwàး]
    မြစ်ကြောကို သိဟိနှိုင်ယောင် ရီကြောင်းအလိုက် မျိုးချရရေ ဘွသီးခွံ အစဟိစွာပိုင် ပေါ့ပါးသောဝန်
    မြစ်ကြောကို သိယှိနိုင်အောင် ရေကြောင်းအလိုက် မျောချရသော ဗူးသီးခွံ စသည်ကဲ့သို့ ပေါ့ပါးသောပစ္စည်း
    thing
    နာမ်

    မြစ်မ

    [mɹɪʔm]
    အပင်ရို့မာ မြီအောက်နက်သို့ စွဲဝင်သော ရီသောက်မြစ်
    အပင်တို့တွင် မြေအောက်နက်သို့ စွဲဝင်သော ရေသောက်မြစ်
    tap root
    နာမ်

    မြစ်မရမ်းပေါက်လီ

    [mɹɪʔmɹáɴpaʊʔlí]
    အနောက်တောင်ထောင့်မှ တိုက်ခတ်လာရေ လေ။ သင်္ဘောလည်းလွင့်၊ မြစ်မပေါက်သော်၊ လီကတ္တရံ၊ ထတုံပြန်ပနာ၊ တောင်ကတိမ်း၊ မြောက်ခလိန်းနှင့် (ထွန်းတိ)
    အနောက်တောင်ထောင့်မှ တိုက်ခတ်လာသော လေ။ သင်္ဘောလည်းလွင့်၊ မြစ်မပေါက်သော်၊ လီကတ္တရံ၊ ထတုံပြန်၍၊ တောင်ကတိမ်း၊ မြောက်ခလိန်းနှင့် (ထွန်းတိ)
    stream of air
    နာမ်

    မြစ်မော်

    [mɹɪʔmɔ̀]
    ရီအောက် တောင်က ရီပြင်ထက်ရို့ စွန်းထွက်နိန်ရေ မြေ၊ ကျောက် အစဟိစွာ
    ရေအောက် တောင်မှ ရေပြင်ပေါ်သို့ စွန်းထွက်နေသော မြေ၊ ကျောက် စသည်
    none
    နာမ်

    မြစ်မွန်

    [mɹɪʔmʊ̀ɴ]
    (အရပ်) ၁၊ မြစ်၏အဖျားပိုင်း။ မြစ်အထက်ပိုင်းအရပ်။ ၂၊ ချောင်းဖျား အရပ်ဟု ခေါ်သောအမည် (ရခိုင်မဟာရာဇဝင်)
    (အရပ်) ၁၊ မြစ်၏အဖျားပိုင်း။ မြစ်အထက်ပိုင်းအရပ်။ ၂၊ မြစ်ညာ အရပ်ဟု ခေါ်သောအမည် (ရခိုင်မဟာရာဇဝင်)
    upper reaches of a river
    နာမ်

    မြစ်ရိုးရွာစဉ်

    [mɹɪʔɹóɹwàsɪ̀ɴ]
    မြစ်ကြီး၏ ဝဲယာကမ်း တလျောက် မြို့၊ ရွာ ဒေသ
    မြစ်ကြီး၏ ဝဲယာကမ်း တလျောက် မြို့၊ ရွာ ဒေသ
    none
    နာမ်

    မြစ်ရီချိန်

    [mɹɪʔɹíɕèɪɴ]
    မြစ်ရီ အတိုးအဆုတ် အတိုင်းအတာ ပမာဏ
    မြစ်ရေ အတိုးအဆုတ် အတိုင်းအတာ ပမာဏ
    river level
    နာမ်

    မြစ်လက်တက်

    [mɹɪʔlɛʔtɛʔ]
    မြစ်မကြီးထဲကို စီးဝင်သော မြစ်ငယ်
    မြစ်မကြီးထဲသို့ စီးဝင်သော မြစ်ငယ်
    tributary
    နာမ်

    မြစ်ဝ

    [mɹɪʔw]
    မြစ်ထဲကို စီးဝင်သော မြစ်လက်တက်၏ အဝ
    မြစ်ထဲသို့ စီးဝင်သော မြစ်လက်တက်၏ အဝ
    tributary
    နာမ်

    မြစ်ဝှမ်း

    [mɹɪʔʍáɴ]
    နယ်ကျယ်သော မြစ်၏ ဝန်းကျင်အရပ်
    နယ်ကျယ်သော မြစ်၏ ဝန်းကျင်အရပ်
    river basin
    နာမ်

    မြစ်အောက်

    [mɹɪʔʔɔ́ɛʔ]
    မြောက်အရပ်ကို ခေါ်အမည်
    မြောက်အရပ်ကို ခေါ်အမည်
    north
    နာမ်

    မြည်

    [mɹɛ]
    အသံ ပေါ်ထွက် စီရေ။ အသံ ပေါ်ထွက်အောင် ပြုလုပ်ရေ။ ကြောင်သျှေမြည်ကေ၊ ပုတ်ထောင့်က (တေး)။ ၃၊ တယောက်တလီအား မကောင်းရေကို ရည်ရွယ် ပြောဆိုရေ။ ဇာလဲပြစ်ပြစ်နှင့်ပင်၊ မြည်နီရေ (အရပ်)
    အသံ ပေါ်ထွက် စေသည်။ အသံ ပေါ်ထွက်အောင် ပြုလုပ်သည်။ ကြောင်သျှေမြည်ကေ၊ ပုတ်ထောင့်က (တေး)။ ၃၊ တစ်စုံတစ်ယောက်အား မကောင်းသည်ကို ရည်ရွယ် ပြောဆိုသည်။ ဇာလဲပြစ်ပြစ်နှင့်ပင်၊ မြည်နီရေ (အရပ်)
    sound - produce sound - give a cry or emit a sound - berate - scold (someone)
    ကြိယာ

    မြည့်

    [mɹɛ့]
    ဟောင်းမြင်း ယိုယွင်းသော။ ဆွေးရိသော
    ဟောင်းမြင်း ယိုယွင်းသော။ ဆွေးရိသော
    be tender - be razor sharp
    နာမဝိသေသန

    မြည်း

    [mɹɛ́]
    ကောင်းမကောင်း အရသာကို စားသုံးကတ်ည့်ရေ။ ၂၊ တခုတရီသော စားသောက်ဖွယ်နှင့် တွဲဖက်၍ စားသုံးရေ။ ၃၊ (နမူနာ) အရင်ခေါက်ခါမှ မလုပ်ကိုင် ဖူးသိမ့်ရေ တခုတရီ အလုပ်ကို ကိုယ့် စူးစမ်းသည့် အနိန်နန့် စတင် လုပ်ဆောင်ကြည့်ရေ
    ကောင်းမကောင်း အရသာကို စားသုံးကြည့်သည်။ ၂၊ တစ်စုံတစ်ခုသော စားသောက်ဖွယ်နှင့် တွဲဖက်၍ စားသုံးသည်။ ၃၊ (ဥပမာ) တစ်ရံတစ်ခါမှ မလုပ်ကိုင် ဖူးသေးသော တစ်စုံတစ်ရာ အလုပ်ကို မိမိကိုယ်တိုင် စူးစမ်းသည့် အနေဖြင့် စတင် လုပ်ဆောင်ကြည့်သည်
    nibble
    ကြိယာ

    မြည်း၂

    [mɹɛ́၂]
    ကုန်းကြောင်း ခရီးလားရန်နှင့် ဝန်တင်ဖို့အတွက် အသုံးပြုလေ့ ဟိသည့် မြင်းအမျိုးအပါအဝင် တိရစ္ဆာန်မျိုး
    ကုန်းလမ်း ခရီးသွားရန်နှင့် ဝန်တင်ရန်အတွက် အသုံးပြုလေ့ ယှိသည့် မြင်းအမျိုးအပါအဝင် တိရစ္ဆာန်မျိုး
    donkey
    နာမ်

    မြည်ညို

    [mɹɛɲÒ]
    ကိုယ်ခန္ဓာ ကြက်မ လောက်ဟိ အမွီးအရောင် မြက်စိမ်းရောင်ပိုင် မြီးတံမဲ့ ရေစပ်ခြုံထဲမာ နီလေ့ဟိသော ငှက်တမျိုး
    ကိုယ်ခန္ဓာ ကြက်မ လောက်ယှိ အမွေးအရောင် မြက်စိမ်းရောင်ကဲ့သို့ မြီးတံမဲ့ ရေစပ်ချုံထဲတွင် နေလေ့ယှိသော ငှက်တစ်မျိုး
    bird
    နာမ်

    မြည်တမ်း

    [mɹɛtáɴ]
    မသာမယာသော စိတ်ဖြင့် ရည်ရွယ် ပြောဆိုရေ
    မသာမယာသော စိတ်ဖြင့် ရည်ရွယ် ပြောဆိုသည်
    lament - bewail
    ကြိယာ

    မြည်ဟီး

    [mɹɛhï]
    အဟိန်အဟုန် ကျယ်လောင် ပြင်းထန်သော အသံဖြစ်ပေါ်သည်
    အရှိန်အဟုန် ကျယ်လောင် ပြင်းထန်သော အသံဖြစ်ပေါ်သည်
    sound loudly
    ကြိယာ