Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,941–1,960 of 2,515 words

    မ

    မြတ်

    [mɹaʔ]
    ထူးကဲ သာလွန်သော ဂုဏ်အရည်အခြင်း ဟိသော
    ထူးကဲ သာလွန်သော ဂုဏ်အရည်အချင်း ယှိသော
    noble
    နာမဝိသေသန

    မြတ်၂

    [mɹaʔ၂]
    ကိုယ့် ရင်းနှီးငွီထက် ပိုပြီးကေ ရဟိသည်
    မိမိ ရင်းနှီးငွေထက် ပို၍ ရယှိသည်
    gain profit
    ကြိယာ

    မြတ်စွန်း

    [mɹaʔsʊ́ɴ]
    ရင်းနှီးငွီထက် ပိုပြီးကေ ရဟိရေ။ အမြတ်ရရေ
    ရင်းနှီးငွေထက် ပို၍ ရယှိသည်။ အမြတ်ရသည်
    gain profit
    ကြိယာ

    မြတ်စွာ

    [mɹaʔswà]
    ကျောင်းဆောက်ရာမာ နံရံအဖြစ် ကာသော အရောင်ဝါဝင်း ချောမွိ့သည့် သစ်မာတမျိုး
    ကျောင်းဆောက်ရာတွင် နံရံအဖြစ် ကာသော အရောင်ဝါဝင်း ချောမွေ့သည့် သစ်မာတစ်မျိုး
    hardwood
    နာမ်

    မြတ်စွာသျှင်ပင်

    [mɹaʔswàʃɪ̀ɴpɪ̀ɴ]
    ဗုဒ္ဓဘုရားသျှင်အား ဂုဏ်တော်ကို မြှောက်ချီ၍ ခေါ်သော အာလုပ်အမည်
    ဗုဒ္ဓဘုရားသျှင်အား ဂုဏ်တော်ကို မြှောက်ချီ၍ ခေါ်သော အာလုပ်အမည်
    the Buddha
    နာမ်

    မြတ်နိုး

    [mɹaʔnó]
    ၁၊ လေးစားစွာ ချစ်ခင် စုံမက်ရေ။ အထူး တန်ဖိုးထားပနာ နှစ်သက်ရေ။ ကိုယ့်ကေသွီး၊ ချစ်သမီးကို၊ မြတ်နိုးချစ်ခင်ကတ်၏ (ကုသတု)
    ၁၊ လေးစားစွာ ချစ်ခင် စုံမက်သည်။ အထူး တန်ဖိုးထား၍ နှစ်သက်သည်။ မိမိရင်သွီး၊ ချစ်သမီးကို၊ မြတ်နိုးချစ်ခင်ကြ၏ (ကုသတု)
    like
    ကြိယာ

    မြတ်လေး

    [mɹaʔlé]
    လေးမြတ်စွာ စုံမက် ချစ်ခင်ရေ။ အထူး တန်ဖိုးထားပနာ နှစ်သက် လိုလားသည်
    လေးမြတ်စွာ စုံမက် ချစ်ခင်သည်။ အထူး တန်ဖိုးထား၍ နှစ်သက် လိုလားသည်
    like
    ကြိယာ

    မြတ်သျှစ်သျှစ်

    [mɹaʔʃɪʔʃɪʔ]
    ဗုဒ္ဓဘုရားသျှင်အား ဂုဏ်တော်ကို မြှောက်ချီ၍ ခေါ်ဝေါ်သော အမည်။ သုံးလူ့သခင်၊ မြတ်သျှစ်သျှစ်ကို၊ မမြင်ရပြီးကေး၊ ဪသိကြားရို့ (ကျောက်ရိုး)။ (မြတ်သျှင်သျှင်လည်းဟူ၏။
    ဗုဒ္ဓဘုရားသျှင်အား ဂုဏ်တော်ကို မြှောက်ချီ၍ ခေါ်ဝေါ်သော အမည်။ သုံးလူ့သခင်၊ မြတ်သျှစ်သျှစ်ကို၊ မမြင်ရကား၊ ဪသိကြားတို့ (ကျောက်ရိုး)။ (မြတ်သျှင်သျှင်လည်းဟူ၏။
    the Buddha
    နာမ်

    မြန်

    [mɹàɴ]
    လှုပ်ယှားမှု ပေါ့ပါး ကကောင်းလျင် သွက်လက်သော။ ၂၊ လိုအပ်ရေ အချိန်ထက် အလျင် ပြုလုပ်နှိုင်ရေ
    လှုပ်ရှားမှု ပေါ့ပါး လျင်မြန် သွက်လက်သော။ ၂၊ လိုအပ်သော အချိန်ထက် အလျင် ပြုလုပ်နိုင်သော
    fast
    နာမဝိသေသန

    မြန်း

    [mɹáɴ]
    ပကတိ ပြုမှု လှုပ်ရှားမြဲအတိုင်း တက်ကြွ ကြည်လင်ခြင်း ဟိသော။ လူမမာ အစားအသီာက်ကောင်းလို့ မြန်းပါလတ်ဗျာ (အရပ်)
    ပကတိ ပြုမှု လှုပ်ရှားမြဲအတိုင်း တက်ကြွ ကြည်လင်ခြင်း ယှိသော။ လူမမာ အစားအသောက်ကောင်းလို့ မြန်းပါလတ်ဗျာ (အရပ်)
    active
    နာမဝိသေသန

    မြန်း၂

    [mɹáɴ၂]
    တခုသောနီရာမှ တခုသော နီရာသို့ လှမ်းကြွ လားရေ။ ၂၊ စွတ်စိုရာမှ စိကေချေ သွိခြောက်စ ပြုရေ။ အင်္ကျီမသွိသိ၊ တစိသျှေရာ မြန်းသိရေ (အရပ်)
    တစ်ခုသောနေရာမှ တစ်ခုသော နေရာသို့ လှမ်းကြွ သွားသည်။ ၂၊ စွတ်စိုရာမှ အနည်းငယ် သွေ့ခြောက်စ ပြုသည်။ အင်္ကျီမသွိသိ၊ တစိသျှေရာ မြန်းသိရေ (အရပ်)
    go
    ကြိယာ

    မြန်းကြွ

    [mɹáɴt͡ɕw]
    တခုသောနီရာမှ တခုသော နီရာသို့ လှမ်းကြွ လားရေ
    တစ်ခုသောနေရာမှ တစ်ခုသော နေရာသို့ လှမ်းကြွ သွားသည်
    go
    ကြိယာ

    မြန်စင်

    [mɹàɴsɪ̀ɴ]
    ပကတိ ပြုမူလှုပ်ရှားမြဲအတိုင်းထက် ကြည်လင်ခြင်း ဟိသည်
    ပကတိ ပြုမူလှုပ်ရှားမြဲအတိုင်းထက် ကြည်လင်ခြင်း ယှိသည်
    clear
    ကြိယာ

    မြန်ပါရေကာ

    [mɹàɴpàɹèkà]
    လှုပ်ယှားမှု ပေါ့ပါး ကကောင်းလျင် သွက်လက်ရေ။ ၂၊ လိုအပ်ရေ့ အချိန်ထက် အယင့်အယင် ရွက်ဆောင် နိုင်စွမ်းသည်
    လှုပ်ရှားမှု ပေါ့ပါး လျင်မြန် သွက်လက်သည်။ ၂၊ လိုအပ်သည့် အချိန်ထက် အလျင်အမြန် ရွက်ဆောင် နိုင်စွမ်းသည်
    be quick
    ကြိယာ

    မြန်မစင်သိ

    [mɹàɴmsɪ̀ɴθì]
    ပကတိအတိုင်း အင်အား မတောင့်တင်းနိုင်ပဲ ဟိနိန်ရေ။ လန်းဆန်း ကြည်လင်မှုမဟိ ဖြစ်တေ။ ဖျားရာကကောင်းကေလေ့၊ မြန်ချီးသိ (အရပ်)
    ပကတိအတိုင်း အင်အား မတောင့်တင်းနိုင်ပဲ ယှိနေသည်။ လန်းဆန်း ကြည်လင်မှုမယှိ ဖြစ်သည်။ ဖျားရာကကောင်းကေလေ့၊ မြန်မစင်သိ (အရပ်)
    be quick
    ကြိယာ

    မြန်းမြန်းစမ်းစမ်း

    [mɹáɴmɹáɴsáɴsáɴ]
    ပကတိ ပြုမူလှုပ်ရှားက မြန်းမြန်းစမ်းစမ်း ကောင်းလားခပါဗျာယ် (အရပ်)
    ပကတိ ပြုမူလှုပ်ရှားက မြန်းမြန်းစမ်းစမ်း ကောင်းလားခပါဗျာယ် (အရပ်)
    quick
    နာမဝိသေသန

    မြန်းမြန်းစမ်းစမ်း၂

    [mɹáɴmɹáɴsáɴsáɴ၂]
    ပကတိ ပြုမှုလှုပ်ရှားမြဲအတိုင်း တက်ကြွကြည်လင်ခြင်း ဟိသည်
    ပကတိ ပြုမှုလှုပ်ရှားမြဲအတိုင်း တက်ကြွကြည်လင်ခြင်း ယှိသည်
    active
    ကြိယာ

    မြန်လွန်း

    [mɹàɴlʊ́ɴ]
    လှုပ်ယှားမှု ပေါ့ပါး ကကောင်းလျင် သွက်လက်ရေ။ ၂၊ လိုအပ်ရေ့အချိန်ထက် အယင့်အယင် ရွက်ဆောင်နိုင်စွမ်းသည်
    လှုပ်ရှားမှု ပေါ့ပါး လျင်မြန် သွက်လက်သည်။ ၂၊ လိုအပ်သည့်အချိန်ထက် အလျင်အမြန် ရွက်ဆောင်နိုင်စွမ်းသည်
    be quick
    ကြိယာ

    မြမ်း

    [mɹáɴ]
    မြင့်မားသော အဆောက်အအုံတိကို လုပ်နိုင်ဖို့ အတွက် ယာယီ ပြုလုပ်ထားရေ စင်မြင့်။ အပင်စောင့်တတ်၊ ရုက္ခနတ်ကို၊ ထိုခါရိုကျိုး၊ မြမ်းကြီးထိုးပနာ (ထွန်းတိ)။ ၂၊ တခုတရီ စောင့်ကြည့်ရန် အမြင့်မာ ဆောက်လုပ်ထားရေ စင်
    မြင့်မားသော အဆောက်အအုံများကို လုပ်နိုင်ရန် အတွက် ယာယီ ပြုလုပ်ထားသော စင်မြင့်။ အပင်စောင့်တတ်၊ ရုက္ခနတ်ကို၊ ထိုခါရိုကျိုး၊ မြမ်းကြီးထိုး၍ (ထွန်းတိ)။ ၂၊ တစ်စုံတစ်ခု စောင့်ကြည့်ရန် အမြင့်တွင် ဆောက်လုပ်ထားသော စင်
    scaffolding
    နာမ်

    မြမ်းဆင်

    [mɹáɴsʰɪ̀ɴ]
    အဆောက်အအုံအတွက် ငြမ်းဆင်ရေ။ အပင်စောင့်တတ်၊ ရုက္ခနတ်ကို၊ ထိုခါရိုကျိုး၊ မြမ်းကြီးထိုးပနာ (ထွန်းတိ)
    အဆောက်အအုံအတွက် ငြမ်းဆင်သည်။ အပင်စောင့်တတ်၊ ရုက္ခနတ်ကို၊ ထိုခါရိုကျိုး၊ မြမ်းကြီးထိုး၍ (ထွန်းတိ)
    put up a scaffolding
    ကြိယာ