Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,961–1,980 of 2,515 words

    မ

    မြမြ

    [mɹmɹ]
    ဓား၊ လှံအစဟိစွာ၏ ပိုင်။ အလွန်ပြတ်ရှ၊ စွယ်ရောင်မြမြ၊ မှန်ကင်းပြ၍ (ထွန်းတိ)
    ဓား၊ လှံစသည်၏ အသွား။ အလွန်ပြတ်ရှ၊ စွယ်ရောင်မြမြ၊ မှန်ကင်းပြ၍ (ထွန်းတိ)
    sharp
    နာမဝိသေသန

    မြမြ၂

    [mɹmɹ၂]
    နားခံသာယောင် ညင်သာစွာ။ သာယာ ညှင်းပျောင်းစွာ။ သနားအဂု၊ ခွင့်တော်ပြုပါ၊ မြတ်ဆရာဟု၊ တောင်းပန်ပြုသည်၊ နှုတ်သံ ညှင်းညှင်းမြမြတည်း (ထွန်းတိ)
    နားခံသာအောင် ညင်သာစွာ။ သာယာ ညှင်းပျောင်းစွာ။ သနားယခု၊ ခွင့်တော်ပြုပါ၊ မြတ်ဆရာဟု၊ တောင်းပန်ပြုသည်၊ နှုတ်သံ ညှင်းညှင်းမြမြတည်း (ထွန်းတိ)
    gentle
    ကြိယာဝိသေသန

    မြမြ၃

    [mɹmɹ၃]
    ညင်သာစွာ ဖြစ်ပေါ်လှာသော လှိုင်းလုံးအချေ၊ မြမဂင်္ဂါ၊ ရီသီစွာက၊ တောင်လီမြမြ၊ မှိုင်းပျပျ၊ တမြမြကေ၊ (ဓမ္မသာ)
    ညင်သာစွာ ဖြစ်ပေါ်လာသော လှိုင်းလုံးကလေး၊ မြမဂင်္ဂါ၊ ရီသီတာက၊ တောင်လီမြမြ၊ မှိုင်းပျပျ၊ တမြမြကေ၊ (ဓမ္မသာ)
    wave
    နာမ်

    မြဝါ

    [mɹwà]
    မင်းပါဘုရင်လက်ထက် လောကီဂန္ဓါရီအတတ်၊ သက်ပြောင်းကိုယ်ခွာအတတ်၊ ဓာတ်မန္တါအတတ်တိကို တတ်ကျွမ်း တတ်မြောက် ထူးချွန်သော ပုဂိ္ဂုလ်တဦး၏အမည်
    မင်းပါဘုရင်လက်ထက် လောကီဂန္ဓါရီအတတ်၊ သက်ပြောင်းကိုယ်ခွာအတတ်၊ ဓာတ်မန္တါအတတ်များကို ကျွမ်းကျင် တတ်မြောက် ထူးချွန်သော ပုဂိ္ဂုလ်တစ်ဦး၏အမည်
    none
    နာမ်

    မြာ

    [mɹà]
    ရီငန်ကမ်းစမာ ပေါက်သော သက်ငယ်ပင်နန့်တူသော မြက်တမျိုး။ ထိုရှားပြာကို၊ မျှောကာအံ့လောက်၊ မြာပင်ပေါက်ထ၊ ထိုခဏ၌ (ရခိုင်ကာ)
    ရေငန်ကမ်းစပ်တွင် ပေါက်သော သက်ငယ်ပင်နှင့်တူသော မြက်တစ်မျိုး။ ထိုရှားပြာကို၊ မျှောကာအံ့လောက်၊ မြာပင်ပေါက်ထ၊ ထိုခဏ၌ (ရခိုင်ကာ)
    grass
    နာမ်

    မြား

    [mɹá]
    ထိမ်းမြားရေ။ မင်္ဂလာဆောင်ရေ။ မင်္ဂလာဆောင် သမီးသျှင်နှင့် သတိုးသားကို လက်တွဲအစဟိစွာအနိန်နန့် ပတ်သက်ပြီးကေ၊ မင်္ဂလာ ခြည်မျှင်ဖြင့် ၃၊ ၅၊ ၇၊ ၉-ပတ် အစဟိစွာအနိန်နန့် ပတ်လို့ကေ၊ မင်္ဂလာပရိတ်ကို ရွတ်ဆိုတတ်ရေ အမြားဆရာက ရွတ်ဆို၍ အကြင်လင်မယားအဖြစ်သို့ ရောက်ယား ဖြစ်ကတ်ောင်
    လက်ထပ်သည်။ မင်္ဂလာဆောင်သည်။ မင်္ဂလာဆောင် သတို့သမီးနှင့် သတိုးသားကို ယှဉ်တွဲစသည်ဖြင့် ပတ်သက်ပြီးလျှင်၊ မင်္ဂလာ ခြည်မျှင်ဖြင့် ၃၊ ၅၊ ၇၊ ၉-ပတ် စသည်ဖြင့် ပတ်ပြီးလျှင်၊ မင်္ဂလာပရိတ်ကို ရွတ်ဆိုတတ်သော အမြားဆရာက ရွတ်ဆို၍ အကြင်လင်မယားအဖြစ်သို့ ရောက်ပြီး ဖြစ်ကြောင်
    marry
    နာမ်

    မြာ၂

    [mɹà၂]
    အုန်းပင်ထိပ်ဖျား၌ အရွက်မပြန်မီ လှံချွန်ပိုင် ထိုးထောင်နိန်ရေအရာ။ (အုန်းမြာ)
    အုန်းပင်ထိပ်ဖျား၌ အရွက်မပြန်မီ လှံချွန်ကဲ့သို့ ထိုးထောင်နေသောအရာ။ (အုန်းမြာ)
    none
    နာမ်

    မြားတက်မ

    [mɹátɛʔm]
    မြားတံဖြောင့်မတ်စွာ လားယောင် မြားတံ၏ အရင်းစွန်း၌ ပဲ့သဖောတပ်ဆင်ထားရေ့ အပြားလွှာ
    မြားတံဖြောင့်မတ်စွာ သွားအောင် မြားတံ၏ အရင်းစွန်း၌ ပဲ့သဘော တပ်ဆင်ထားသည့် အပြားလွှာ
    none
    နာမ်

    မြာတိုင်

    [mɹàtàɪɴ]
    အုန်းပင်ထိပ်ဖျား၌ အရွက်မပြန်မီ လှံချွန်ပိုင် ထိုးထောင်နိန်ရေအရာ။ (အုန်းမြာ)။ ၂၊ အလယ်ဗဟိုချက်မမာ ထိုးထောင်ထွက်နိန်ရေ အရာ
    အုန်းပင်ထိပ်ဖျား၌ အရွက်မပြန်မီ လှံချွန်ကဲ့သို့ ထိုးထောင်နေသောအရာ။ (အုန်းမြာ)။ ၂၊ အလယ်ဗဟိုချက်မတွင် ထိုးထောင်ထွက်နေသော အရာ
    none
    နာမ်

    မြာပင်

    [mɹàpɪ̀ɴ]
    ရီငန်ကမ်းစမာ ပေါက်သော သက်ငယ်ပင်နန့်တူသော မြက်တမျိုး။ ထိုရှားပြာကို၊ မျှောကာအံ့လောက်၊ မြာပင်ပေါက်ထ၊ ထိုခဏ၌ (ရခိုင်ကာ)
    ရေငန်ကမ်းစပ်တွင် ပေါက်သော သက်ငယ်ပင်နှင့်တူသော မြက်တစ်မျိုး။ ထိုရှားပြာကို၊ မျှောကာအံ့လောက်၊ မြာပင်ပေါက်ထ၊ ထိုခဏ၌ (ရခိုင်ကာ)
    grass
    နာမ်

    မြားပြ

    [mɹápɹ]
    တခုတရီသော နီရာကိုလားဖို့ မြားဦးသန် ပုံပြရီးသား၍ ရှီးရှုညွှန်းပြ ထားရေ
    တစ်စုံတစ်ခုသော နေရာကိုသွားရန် မြားဦးသန် ပုံပြရေးသား၍ ရှေးရှုညွှန်းပြ ထားသည်
    point
    ကြိယာ

    မြားဝါး

    [mɹáwàး]
    အဆစ်သွယ်၍ အသားပါးသော ဝါးတမျိုး
    အဆစ်သွယ်၍ အသားပါးသော ဝါးတစ်မျိုး
    bamboo
    နာမ်

    မြိတ်

    [mɹeɪʔ]
    ပူအိုက်ရေအခါ ကိုယ်ခန္ဓာ အရီပြားထက်မာ ပေါ်ထွက်သည့် ယားယံစီရေ အဖုအပိမ့်ငယ်များ။ ၂၊ ထုံးဖွဲ့ထားရေ ဆံထုံးမှ အစွန်း ထုတ်ထားရေ ဆံပင်စု။ ဆံမြတ်ချ၊ လှပါယင် (ပန်းဝှက်)။ အရောင်တောက်ပသော ကြယ်တိအစု။ အာကာမာ ကြယ်တိ မြိတ်နီရေ (အရပ်)
    ပူအိုက်သည့်အခါ ကိုယ်ခန္ဓာ အရေပြားပေါ်တွင် ပေါ်ထွက်သည့် ယားယံစေသော အဖုအပိမ့်ငယ်များ။ ၂၊ ထုံးဖွဲ့ထားသော ဆံထုံးမှ အစွန်း ထုတ်ထားသော ဆံပင်စု။ ဆံမြတ်ချ၊ လှပါယင် (ပန်းဝှက်)။ အရောင်တောက်ပသော ကြယ်များအစု။ ကောင်းကင်မှာ ကြယ်တိ မြိတ်နီရေ (အရပ်)
    tress of loose hair
    နာမ်

    မြိတ်၂

    [mɹeɪʔ၂]
    တခုတရီသော အရာကို နုပ်နုပ်စဉ်းရေ။ နံနံရွက်ကို မြိတ်ကျယောင် တွာပစ်ခီ (အရပ်)
    တစ်စုံတစ်ခုသော အရာကို နုပ်နုပ်စဉ်းသည်။ နံနံရွက်ကို မြိတ်ကျယောင် တွာပစ်လိုက် (အရပ်)
    cut
    ကြိယာ

    မြိတ်ဆံ

    [mɹeɪʔsʰံ]
    ထုံးဖွဲ့ထားရေ ဆံထုံး၊ ဆံစည်းရို့မှ အစွန်းထုတ် ထားရေ ဆံပင်စု
    ထုံးဖွဲ့ထားသော ဆံထုံး၊ ဆံစည်းတို့မှ အစွန်းထုတ် ထားသော ဆံပင်စု
    tress of loose hair
    နာမ်

    မြိတ်ထွက်

    [mɹeɪʔtʰwɛʔ]
    ပူအိုက်ရေအခါ ကိုယ်ခန္ဓာ အရီပြားထက်မာ ယားယံစီရေ အဖုငယ်များ ပေါ်ထွက်ရေ။ မြိတ်ထွက်သည်
    ပူအိုက်သည့်အခါ ကိုယ်ခန္ဓာ အရေပြားပေါ်တွင် ယားယံစေသော အဖုငယ်များ ပေါ်ထွက်သည်။ မြိတ်ထွက်သည်
    fringe
    ကြိယာ

    မြိတ်ပေါက်

    [mɹeɪʔpaʊʔ]
    ပူအိုက်ရေအခါ ကိုယ်ခန္ဓာ အရီပြားထက်မာ ယားယံစီရေ အဖုငယ်များ ပေါ်ထွက်ရေ။ မြိတ်ထွက်သည်
    ပူအိုက်သည့်အခါ ကိုယ်ခန္ဓာ အရေပြားပေါ်တွင် ယားယံစေသော အဖုငယ်များ ပေါ်ထွက်သည်။ မြိတ်ထွက်သည်
    fringe
    ကြိယာ

    မြိတ်မြိတ်

    [mɹeɪʔmɹeɪʔ]
    များရေအနိန်နန့်။ အာကာမာ ကြယ်တိ မြိတ်မြိတ် ထွက်နီရေ (အရပ်)
    များသော အားဖြင့်။ ကောင်းကင်မှာ ကြယ်တိ မြိတ်မြိတ် ထွက်နီရေ (အရပ်)
    mostly
    ကြိယာဝိသေသန

    မြိတ်မြိတ်၂

    [mɹeɪʔmɹeɪʔ၂]
    မကျဲမစိပ် ဖြူဖွေး ညီညာသော။ (သွား)။ သွားမှပုလဲ၊ ဖြူဖွေးဖွေးကေ၊ မကြဲမသိပ်၊ စိန်ရတီလို၊ ညီမြိတ်မြိတ်နှင့် (ပဒုမ္မာ)
    မကျဲမစိပ် ဖြူဖွေး ညီညာသော။ (သွား)။ သွားမှပုလဲ၊ ဖြူဖွေးဖွေးကေ၊ မကြဲမသိပ်၊ စိန်ရတီလို၊ ညီမြိတ်မြိတ်နှင့် (ပဒုမ္မာ)
    be united
    နာမဝိသေသန

    မြိတ်မြိတ်တွာ

    [mɹeɪʔmɹeɪʔtwà]
    ဒါးဖြင့် ပါးလွှာစွာ လှီးရေ။ ကြက်သွန်ဥကို ဒါးနန့် မြိတ်မြိတ်တွာ (အရပ်)။ ၂၊ ပါးပါးချေဖြစ်ယောင် ဒါးနှင့်နုပ်နုပ် စဉ်းရေ။ ဆီးမြစ်တိကို ဒါးနန့်မြိတ်မြိတ်တွာ၍ (ကုသတု)
    ဒါးဖြင့် ပါးလွှာစွာ လှီးသည်။ ကြက်သွန်ဥကို ဒါးနန့် မြိတ်မြိတ်တွာ (အရပ်)။ ၂၊ အသေးအဖွဲဖြစ်အောင် ဒါးနှင့်နုပ်နုပ် စဉ်းသည်။ ဆီးမြစ်တိကို ဒါးနန့်မြိတ်မြိတ်တွာ၍ (ကုသတု)
    cut
    ကြိယာ