Dictionary Entries
Showing 21–40 of 600 words
ယ
ယက်အူ၂
[jɛʔʔù၂]
Arakanese:
ပင်လယ် ရီပြင်၌ လီဟုန်ကြောင့် ရိုက်ခတ်သော လှိုင်း၏ ဆူညံသော အသံ
Burmese:
ပင်လယ် ရေပြင်၌ လေဟုန်ကြောင့် ရိုက်ခတ်သော လှိုင်း၏ ဆူညံသော အသံ
English:
boom
Grammar Note:
နာမ်
ယခင်
[jkʰɪ̀ɴ]
Arakanese:
အဂုပြောဆို ဖော်ပြရေ့ ကာလမရောက်ခင် လွန်ခရေ အတိတ်ကာလက
Burmese:
ယခုပြောဆို ဖော်ပြသည့် ကာလမတိုင်မီ လွန်ခဲ့သော အတိတ်ကာလက
English:
before - in the past - formerly
Grammar Note:
ကြိယာဝိသေသန
ယခေါင်
[jkʰèàɪ̀ɴ]
Arakanese:
ကဂေါင်းဝီးကွာသော ရှေးရှေး ကာလ။ ရှီးပဝေသဏီ ကာလ
Burmese:
အလွန်ဝေးကွာသော ရှေးရှေး ကာလ။ ရှေးပဝေသဏီ ကာလ
English:
long long ago
Grammar Note:
ကြိယာဝိသေသန
ယခါ
[jkʰà]
Arakanese:
ယပြီးကေ၊ ယင်းကနိန်နောက်မာ။ ‘အအကျွန်ောင်ဖြူပါ ရို့လားခိပါရေ၊ ယခါ မိုးထခါ လာလတ်လို့ ပြောလိုက်ပါရေ’ (အရပ်)
Burmese:
ထို့နောက်၊ ထိုမှနောက်၌။ ‘အကျွန်မောင်ဖြူပါ တို့လားခိပါရေ၊ ယခါ နက်ဖြန်ခါ လာလတ်လို့ ပြောလိုက်ပါရေ’ (အရပ်)
English:
then - after that
Grammar Note:
သမ္ဗန္တ
ယင်
[jɪ̀ɴ]
Arakanese:
၁၊ စီမံ ဖန်တီးရေ။ နီရာတကျ စီစိုင် ဖန်တီး ပြုလုပ်ရေ။ ၂၊ စီစိုင် ခင်းကျင်းရေ။ ၃၊ ထမင်း၊ ငါး၊ ဟင်း အစဟိစွာ ချက်ပြုတ်ရန် အသင့် ပြင်ဆင်ထားရေ။ မုန့်ခြောက်ရိက္ခာ၊ လမ်းအစာကို၊ မေပင်သာခြေ၊ ယင်ရမေလေ (ကျီးတက်)
Burmese:
၁၊ စီမံ ဖန်တီးသည်။ နေရာတကျ စီစဉ် ဖန်တီး ပြုလုပ်သည်။ ၂၊ စီစဉ် ခင်းကျင်းသည်။ ၃၊ ထမင်း၊ ငါး၊ ဟင်း စသည် ချက်ပြုတ်ရန် အသင့် ပြင်ဆင်ထားသည်။ မုန့်ခြောက်ရိက္ခာ၊ လမ်းအစာကို၊ မေပင်သာခြေ၊ ယင်ရမေလေ (ကျီးတက်)
English:
array
Grammar Note:
နာမ်
ယင့်
[jɪ̀ɴ့]
Arakanese:
ပိုင်ဆိုင်ခြင်း သဘောနန့် နာမ်နှစ်ခုကို ဆက်စပ်ပီးရေ့ စကားလုံး၊ မိုဃ်းမင်းညိုလေ၊ ရွာချင်ပါယင့်၊ ထက်အာကာမာ လီသင်ထုန်းကို၊ မုန်တိုင်ဖျက်လို့ (ဇမ်း)။ ငါ့နှမမာ၊ ဘယာရောဂါ၊ မထောင်ထာကေ၊ မာပါယင့်လား၊ မိန်းလိုက်ကေေ(မိုး)။ စာရီးရာမာ ၏ အစား ယင့် ကို ပြောင်းလဲ ရီးသ
Burmese:
ပိုင်ဆိုင်ခြင်း သဘောဖြင့် နာမ်နှစ်ခုကို ဆက်စပ်ပေးသည့် စကားလုံး၊ မိုဃ်းမင်းညိုလေ၊ ရွာချင်ပါယင့်၊ ထက်အာကာမှာ လီသင်ထုန်းကို၊ မုန်တိုင်ဖျက်လို့ (ဇမ်း)။ ငါ့နှမမှာ၊ ဘယာရောဂါ၊ မထောင်ထာကေ၊ မာပါယင့်လား၊ မိန်းလိုက်ပါကေ(မိုး)။ စာရေးရာ၌ ၏ အစား ယင့် ကို ပြောင်းလဲ ရေးသ
English:
word indicating possessive case. postpositional marker placed at the end of an affirmative sentence [followed by interrogative particle in the case of an interrogative sentence].
Grammar Note:
ဝိသေသန
ယင်း
[jɪ́ɴ]
Arakanese:
၁၊ မလှမ်းမကမ်းဟိ အရာဝတ္တု တစုံတရာကို ဖော်ပြသော စကား၊ ယင်းအနားမာယေ (အရပ်)။ ၂၊ အမည်မမှတ်မိ၊ မဖော်ပြနှိုင်ရေ အရာကို ဖော်ပြသော စကား။ ယင်ချင့်မာထော့ (အရပ်)
Burmese:
၁၊ မလှမ်းမကမ်းယှိ အရာဝတ္တု တစ်စုံတရာကို ဖော်ပြသော စကား၊ ယင်းအနားမှာယေ (အရပ်)။ ၂၊ အမည်မမှတ်မိ၊ မဖော်ပြနိုင်သော အရာကို ဖော်ပြသော စကား။ ယင်ချင့်မှာထော့ (အရပ်)
English:
this
Grammar Note:
အာလုပ်
ယင်၂
[jɪ̀ɴ၂]
Arakanese:
နှောင့်နှေးခြင်း မဟိပဲ။ တုံ့ဆိုင်းခြင်း မဟိပဲ။ အယင့်ယင်။ အဂု။ ရီးမေသျင်မြ၊ ဒွေးရာနန်းကို၊ မကြာယင်အောင်၊ အပြင်လွတ်ကေ (ဒွေး)
Burmese:
နှောင့်နှေးခြင်း မယှိပဲ။ တုံ့ဆိုင်းခြင်း မယှိပဲ။ လျင်မြန်စွာ။ ချက်ချင်း။ ရီးမယ်သျင်မြ၊ ဒွေးမယ်နော်ကို၊ မကြာယင်အောင်၊ အပြင်လွတ်ကေ (ဒွေး)
English:
instantly
Grammar Note:
ကြိယာဝိသေသန
ယင့်၂
[jɪ̀ɴ့၂]
Arakanese:
၁၊ အသံကို ရှည်စွာ ဆွဲငင့်၍ တရားဟောခြင်းနှင့် ယှက်သော တေးခြင်း။ ၂၊ သာယာသော အသံနှင့်ရင့်ကျူး တွန်မြည်သော အသံ။ ခြိုးမလိုင်ရှည်၊ ယင့်ကာမြည်က၊ ရွာပြည်သာလှ၊ မိုဃ်းကာဟု၊ တွန်သံမြူမှတ်၊ တွန်ပါလတ်ဟု (ရခိုင်ကာ)။ ၃၊ စကား ပြောဆိုရာမာ ဆွဲငင်၍ ပြောဆိုရေ စကားလုံး။ ဖလောင်
Burmese:
၁၊ အသံကို ရှည်စွာ ဆွဲငင့်၍ တရားဟောခြင်းနှင့် ယှက်သော သီချင်း။ ၂၊ သာယာသော အသံနှင့်ရင့်ကျူး တွန်မြည်သော အသံ။ ခြိုးမလိုင်ရှည်၊ ယင့်ကာမြည်က၊ ရွာပြည်သာလှ၊ မိုဃ်းကာဟု၊ တွန်သံမြူမှတ်၊ တွန်ပါလတ်ဟု (ရခိုင်ကာ)။ ၃၊ စကား ပြောဆိုရာ၌ ဆွဲငင်၍ ပြောဆိုသော စကားလုံး။ ဖလောင်
English:
slow sound
Grammar Note:
နာမ်
ယင်း၂
[jɪ́ɴ၂]
Arakanese:
တစုံတရာကို ထပ်ဆင့် ပြန်ပနာမကျဉ်းဖြစ်ပနာ ညွန်ပြရာမာ သုံးသော စကား။ ထို၊ ယင်း။ လောင်းသင်္ဘောမာ၊ ကျွန်ရို့နောက်မာပါ၏၊ ချီသွားခါ၊ ယင်းကပေ၊ သီဒါမြစ်ကို၊ လွင့်ငြားထွက်လှား လီရေ (ဗမာချီ)
Burmese:
တစ်စုံတရာကို ထပ်ဆင့် ပြန်လည်၍ ညွန်ပြရာ၌ သုံးသော စကား။ ထို၊ ၎င်း။ လှေသင်္ဘောတွင်၊ ကျွန်တို့နောက်တွင်ပါ၏၊ ချီသွားခါ၊ ယင်းကပေ၊ သီဒါမြစ်ကို၊ လွင့်ငြားထွက်သွား လေသည် (ဗမာချီ)
English:
it
Grammar Note:
နာမဝိသေသန
ယင်၃
[jɪ̀ɴ၃]
Arakanese:
အပုပ်အသိုးကို စားသောက်တတ်ရေ အခြီ ခြောက်ချောင်းဟိ၍ ပျံလားနှိုင်တတ်ရေ ပိုးကောင်တမျိုး။ မှတ်၊ ခြင်၊ ယင်၊ လေ၊ မြွီကင်းသန်း (ဗမာချီ)
Burmese:
အပုပ်အသိုးကို စားသောက်တတ်သော အခြေ ခြောက်ချောင်းယှိ၍ ပျံသွားနိုင်တတ်သော ပိုးကောင်တစ်မျိုး။ မှတ်၊ ခြင်၊ ယင်၊ လေ၊ မြွေကင်းသန်း (ဗမာချီ)
English:
fly
Grammar Note:
နာမ်
ယင်း၃
[jɪ́ɴ၃]
Arakanese:
အချိန် ကာလ၏ အဦးအစ ကျရေ။ နောက်မကျပဲ အလျင်အဦး ဖြစ်တေ။ ယင်းလို့ကြံမှ၊ အတန်ကျရေ (ပုံ)။ အခင်ကြီး အစည်းအဝီးကို ယင်းလို့ လားပါကတ်မေ (အရပ်)
Burmese:
အချိန် ကာလ၏ အဦးအစ ကျသည်။ နောက်မကျပဲ အလျင်အဦး ဖြစ်သည်။ ယင်းလို့ကြံမှ၊ အတန်ကျရေ (ပုံ)။ အခင်ကြီး အစည်းအဝေးကို ယင်းလို့ လားပါကတ်မေ (အရပ်)
English:
first
Grammar Note:
နာမ်
ယင်းက
[jɪ́ɴk]
Arakanese:
ရှေး၌ ပြဆိုခရေ့ အတိုင်း။ တိုင်းပြည်တိကို၊ သိမ်းငြား၊ ယူခကျင်ဗျာယ်၊ ငါ့ထံမာဆက်ရဖို့၊ ချတော်ပြုသည်၊ ယင်းက စီခန့် လီရေ (ဗမာချီ)
Burmese:
ရှေး၌ ပြဆိုခဲ့သည့် အတိုင်း။ တိုင်းပြည်များကို၊ သိမ်းငြား၊ ယူခဲ့ကျင်လျက်၊ ငါ့ထံတွင်ဆက်ရမည်၊ ချတော်ပြုသည်၊ ယင်းက စီခန့် ပေသည် (ဗမာချီ)
English:
likewise
Grammar Note:
နာမ်
ယင်ကောင်
[jɪ̀ɴkàʊɴ]
Arakanese:
အပုပ်အသိုးကို စားသောက်တတ်ရေ အခြီ ခြောက်ချောင်းဟိ၍ ပျံလားနှိုင်တတ်ရေ ပိုးကောင်တမျိုး
Burmese:
အပုပ်အသိုးကို စားသောက်တတ်သော အခြေ ခြောက်ချောင်းယှိ၍ ပျံသွားနိုင်တတ်သော ပိုးကောင်တစ်မျိုး
English:
fly
Grammar Note:
နာမ်
ယင်ကျား
[jɪ̀ɴt͡ɕá]
Arakanese:
ယင်ကောင်ကို ခုန်အုပ်ပြီးကေ ဖမ်းစားတတ်ရေ အခြီ လေးချောင်းဟိ သတ္တဝါတမျိုး
Burmese:
ယင်ကောင်ကို ခုန်အုပ်၍ ဖမ်းစားတတ်သော အခြေ လေးချောင်းယှိ သတ္တဝါတစ်မျိုး
English:
tiger
Grammar Note:
နာမ်
ယင်းကျေးဇူး
[jɪ́ɴt͡ɕézùး]
Arakanese:
တခုတရီသော ကုသိုလ်၊ အကုသိုလ်ကို ပြုမိခဲ့အတွက်နန့် ယင်း၏ အကြောင်းတရားကြောင့် ကောင်းကျိုး၊ မကောင်းကျိုးတိကို ခံစားရရေ
Burmese:
တစ်စုံတစ်ခုသော ကုသိုလ်၊ အကုသိုလ်ကို ပြုမိခဲ့သောကြောင့် ယင်း၏ အကြောင်းတရားကြောင့် ကောင်းကျိုး၊ မကောင်းကျိုးများကို ခံစားရသည်
English:
so - therefore - hence
Grammar Note:
ကြိယာဝိသေသန
ယင်ကြဲချီး
[jɪ̀ɴt͡ɕɛɕï]
Arakanese:
(ဥပစာ) လူ၏ မျက်နှာပြင်မာ ပေါ်ပေါက်တတ်ရေ ယင်၏ ချီးအပြောက် သဏ္ဍာန် ပုလဲပေါက်
Burmese:
(ဥပစာ) လူ၏ မျက်နှာပြင်တွင် ပေါ်ပေါက်တတ်သော ယင်၏ ချေးအပြောက် သဏ္ဍာန် အစက်အပြောက်
English:
fly-blown
Grammar Note:
နာမ်
ယင်ကြဲမ
[jɪ̀ɴt͡ɕɛm]
Arakanese:
ခေါင်းနှင့် ကိုယ်လုံးပါ အစိမ်းရောင် ပြောင်လက်၍ အတောင်ကြီးပြီး အတောင်ခတ်သံ ပိုပြီးကေ ကျယ်လောင်သော ယင်တမျိုး။ ယင်မမဲရိုင်း
Burmese:
ခေါင်းနှင့် ကိုယ်လုံးပါ အစိမ်းရောင် ပြောင်လက်၍ အတောင်ကြီးပြီး အတောင်ခတ်သံ ပို၍ ကျယ်လောင်သော ယင်တစ်မျိုး။ ယင်မမဲရိုင်း
English:
blue-bottle fly
Grammar Note:
နာမ်
ယင်ကြဲဥ
[jɪ̀ɴt͡ɕɛʔṵ]
Arakanese:
ဖြူဖွေး၍ ယင်မမဲရိုင်းမာ ဥသော အဥ
Burmese:
ဖြူဖွေး၍ ယင်မမဲရိုင်းတွင် ဥသော အဥ
English:
blue-bottle fly egg
Grammar Note:
နာမ်
ယင်းခါ
[jɪ́ɴkʰà]
Arakanese:
ယင်းခါ၌၊ ထိုကာလမာ၊ ထိုရောအခါ၊ ခဲယမ်း၊ ဗုံးစကြာကို စုံအောင်သာ ချယူထွေ၊ မီးငူသတ်ရေ၊ ယင်းခါ ပါကေလေ၏ (ဗမာချီ)
Burmese:
ထိုအခါ၌၊ ထိုကာလ၌၊ ထိုရောအခါ၊ ခဲယမ်း၊ ဗုံးစကြာကို စုံအောင်သာ ချယူထွေ၊ မီးငူသတ်သည်၊ ယင်းခါ ပါလျှင်လေ၏ (ဗမာချီ)
English:
then
Grammar Note:
ကြိယာဝိသေသန