Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 521–540 of 600 words

    ယ

    ယှပ်ယှပ်တက်တက်

    [ʃaʔʃaʔtɛʔtɛʔ]
    အရာဝတ္တု နှစ်ခုရို့ အပြားအပြင်ချင်း ပွတ်တိုက်မိ၍ မြည်သော အသံ။ (ယှပ်ယှပ်ခြုတ်ခြုတ်။ ယှပ်ယှပ်ပြုတ်ပြုတ် အစဟိစွာ သုံးနှုန်းလေ့ ဟိရေ။
    အရာဝတ္တု နှစ်ခုတို့ အပြားအပြင်ချင်း ပွတ်တိုက်မိ၍ မြည်သော အသံ။ (ယှပ်ယှပ်ခြုတ်ခြုတ်။ ယှပ်ယှပ်ပြုတ်ပြုတ် စသည် သုံးနှုန်းလေ့ ယှိသည်။
    creak sound
    နာမ်

    ယှပ်ယှပ်ယှက်ယှက်

    [ʃaʔʃaʔʃɛʔʃɛʔ]
    တိန်း့ ညိအခါ၌ ကြားရရေ အသံမျိုး မြည်သည်
    တိတ်ဆိတ်သည့် ညဉ့်အခါ၌ ကြားရသော အသံမျိုး မြည်သည်
    fizzle
    ကြိယာ

    ယှမ်း

    [ʃáɴ]
    ရှမ်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းမာ အခြီစိုက် နီထိုင်သော တိုင်းရင်းသား လူမျိုးတစု။ လူမျိုး၏အမည်
    ရှမ်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အခြေစိုက် နေထိုင်သော တိုင်းရင်းသား လူမျိုးတစ်စု။ လူမျိုး၏အမည်
    Shan: name of one of the national groups of the Union of Myanmar suit of dominoes in a three-deck domino game
    နာမ်

    ယှမ်းတန်းတန်း

    [ʃáɴtáɴtáɴ]
    တခုတရီကို မြေမာ ဒရွတ်တိုက် ဆွဲငင်ယူရေ
    တစ်စုံတစ်ခုကို မြေတွင် ဒရွတ်တိုက် ဆွဲငင်ယူသည်
    shamble
    ကြိယာ

    ယှား

    [ʃá]
    ၁၊ တွေ့ဟိ၊ ရဟိရန် ခက်ခဲသော။ ၂၊ (အရွီအတွက် ပမာဏ) နည်းပါးသော။ မယားကောင်းလင်၊ ခံရသူလေ၊ လူအများရို့၊ ယှားလှကျင်ရေ (မျိုးက်)
    ၁၊ တွေ့ယှိ၊ ရယှိရန် ခက်ခဲသော။ ၂၊ (အရေအတွက် ပမာဏ) နည်းပါးသော။ မယားကောင်းလင်၊ ခံရသူလေ၊ လူအများတို့၊ ယှားလှကျင်ရေ (မျောက်)
    rare - scarce expensive
    နာမဝိသေသန

    ယှား၂

    [ʃá၂]
    ခန္ဓာကိုယ်မာ အဝတ်ကို ဖယ်ယှားရေ။ ပယ်ထုတ်ရေ။ အဝတ်ကို ယှားလို့ ရီချိုးရေ (အရပ်)
    ခန္ဓာကိုယ်မှာ အဝတ်ကို ဖယ်ရှားသည်။ ပယ်ထုတ်သည်။ အဝတ်ကို ယှားလို့ ရီချိုးရေ (အရပ်)
    undress
    ကြိယာ

    ယှားခြည်

    [ʃákʰɹɛ]
    မာတောင့်သော ခြည်ချော တမျိုး
    မာတောင့်သော ချည်ချော တစ်မျိုး
    cotton thread - dungaree
    နာမ်

    ယှာစောင်းထိုး

    [ʃàsáʊɴtʰó]
    (ဥပစာ) စကားဖြင့် မခံချင်အောင် ပြုရေ။ မလိုမလား ပြောရေ။ စောင်းချိတ်၍ ရန်စကား ပြောရေ
    (ဥပစာ) စကားဖြင့် မခံချင်အောင် ပြုသည်။ မလိုမလား ပြောသည်။ စောင်းချိတ်၍ ရန်စကား ပြောသည်
    guy
    နာမ်

    ယှားထည်

    [ʃátʰɛ̀]
    မာတောင့်သော ခြည်ဖြင့် ရက်သော ပါးကျဲသော ခြည်ချောထည် တမျိုး
    မာတောင့်သော ချည်ဖြင့် ရက်သော ပါးကျဲသော ချည်ချောထည် တစ်မျိုး
    cloth - cambric
    နာမ်

    ယှားပါး

    [ʃápàး]
    ၁၊ ရနိုင်ဖို့ ခက်ခဲသော။ ၂၊ အလွန် နည်းပါးသော။ သစ်သီးတိကို၊ ဆွတ်ငြားမကျန်၊ ဘီလူးကြီးရို့၊ ဖျက်ဆီးဟန်ကြောင့်၊ ရှာကြံမရ၊ ရသေ့ကျော်ရို့၊ မွေ့လျော်တောမာ၊ ယှားပါးကတ်ရေ (ရာမ)
    ၁၊ ရနိုင်ရန် ခက်ခဲသော။ ၂၊ အလွန် နည်းပါးသော။ သစ်သီးများကို၊ ဆွတ်ငြားမကျန်၊ ဘီလူးကြီးတို့၊ ဖျက်ဆီးဟန်ကြောင့်၊ ရှာကြံမရ၊ ရသေ့ကျော်တို့၊ မွေ့လျော်တောမှာ၊ ယှားပါးကြရေ (ရာမ)
    less - rare - scarce expensive
    နာမဝိသေသန

    ယှားပြ

    [ʃápɹ]
    အဝတ်ကို လှစ်ပြရေ။ ချွတ်ပြရေ။ အားပါးမနာ၊ အဝတ်ကို ယှားပြရေ (အရပ်)
    အဝတ်ကို လှစ်ပြသည်။ ချွတ်ပြသည်။ အားပါးမနာ၊ အဝတ်ကို ယှားပြရေ (အရပ်)
    undress
    ကြိယာ

    ယှာယှာ

    [ʃàʃà]
    အရသာကို ခံစားနိုင်ခြင်း အစဟိစွာ ဆောင်စွမ်းနှိုင်ရေ ခံမားဟိ လူးလွန့် လှုပ်ရှားနှိုင်ရေ အသားစု
    အရသာကို ခံစားနိုင်ခြင်း စသည် ဆောင်စွမ်းနိုင်သော ခံတွင်းရှိ လူးလွန့် လှုပ်ရှားနိုင်သည့် အသားစု
    tongue
    နာမ်

    ယှားယှား

    [ʃáʃá]
    ၁၊ ရခဲ့ လှစွာသော။ ခဲယဉ်းလှသော။ ၂၊ အလွန်နည်းပါးသော။ အေ-မျိုး ဝန် ယှားယှား (အရပ်)
    ၁၊ ရခဲ့ လှစွာသော။ ခဲယဉ်းလှသော။ ၂၊ အလွန်နည်းပါးသော။ အေ-မျိုး ပစ္စည်း ယှားယှား (အရပ်)
    less - rare - scarce expensive
    နာမဝိသေသန

    ယှားယှားပါးပါး

    [ʃáʃápàးpàး]
    နည်းပါး ယုတ်လျော့သော။ ရနိုင် ခက်ခဲသော။ ပါးရှားသော
    နည်းပါး ယုတ်လျော့သော။ ရနိုင် ခက်ခဲသော။ ပါးရှားသော
    difficult
    နာမဝိသေသန

    ယှိ

    [ʃì]
    ၁၊ (စားပွဲခုံမာစာအုပ်) တည်နီရေ။ ၂၊ (သင်္ဘောတစီး) ပိုင်ဆိုင်မှုအဖြစ် တည်ရေ။ ၃၊ (တခုတရီသော ပမာဏ၊ အရွီအတွက်သို့) ဆိုက်ရောက်ရေ။ မောင်လှဖြူ သျှင်ပြုစွာ ကိုးရက် ဟိဗျာယ် (အရပ်)
    ၁၊ (စားပွဲခုံမှာစာအုပ်) တည်နေသည်။ ၂၊ (သင်္ဘောတစ်စီး) ပိုင်ဆိုင်မှုအဖြစ် တည်သည်။ ၃၊ (တစ်စုံတစ်ခုသော ပမာဏ၊ အရေအတွက်သို့) ဆိုက်ရောက်သည်။ မောင်လှဖြူ သျှင်ပြုစွာ ကိုးရက် ယှိဗျာယ် (အရပ်)
    be have
    ကြိယာ

    ယှိတ်

    [ʃeɪʔ]
    ၁၊ သီဖို့ခါ ကာလ ထွက်သက်၊ ဝင်သက် လီပြင်းစွာ ရှုနှိုင်ရေ။ ၂၊ အခိုးကို ခံမားသို့ စုပ်ယူပနာ မှုတ်ထုတ်ရေ။ ဆီးလိပ် တဖွင်း ဟိတ်ပစ်ခီတေ (အရပ်)
    ၁၊ သေခါနီး ကာလ ထွက်သက်၊ ဝင်သက် လေပြင်းစွာ ရှုနိုင်သည်။ ၂၊ အခိုးကို ခံတွင်းသို့ စုပ်ယူ၍ မှုတ်ထုတ်သည်။ ဆီးလိပ် တဖွင်း ယှိတ်ပစ်လိုက်တေ (အရပ်)
    gasp - breathe - inhale smoke (opium marijuana etc.)
    ကြိယာ

    ယှိတ်ကနဲ

    [ʃeɪʔknɛ]
    အလွန်ကေမြန် တိုတောင်းစွာ
    အလွန်လျှင်မြန် တိုတောင်းစွာ
    curtly
    ကြိယာဝိသေသန

    ယှိန်

    [ʃèɪɴ]
    အပူဟိန် ထိတွိသော။ အပူခိုး ခံစားရရေ။ ပူသော
    အပူငွေ့ ထိတွေ့သော။ အပူခိုး ခံစားရသော။ ပူသော
    warm (due to heat of sun or fire fever etc.)
    နာမဝိသေသန

    ယှိန်း

    [ʃéɪɴ]
    ၁၊ ပျံ့နှံ့ရေ။ ၂၊ ရှက်ရွံ့ရေ။ လူကြီးတိဟိက ဖြတ်လာရလို့ ခန္ဓာ တကိုယ်လုံး ဟိန်းလားခရေ (အရပ်)
    ၁၊ ပျံ့နှံ့သည်။ ၂၊ ရှက်ရွံ့သည်။ လူကြီးတိရှိက ဖြတ်လာရလို့ ခန္ဓာ တစ်ကိုယ်လုံး ယှိန်းလားခရေ (အရပ်)
    intensify
    ကြိယာ

    ယှိန်၂

    [ʃèɪɴ၂]
    ၁၊ အပူဟိန် ဖြာရေ။ ၂၊ အရောင် ဖြာထွက်သည်
    ၁၊ အပူငွေ့ ဖြာသည်။ ၂၊ အရောင် ဖြာထွက်သည်
    (of heat) radiate
    ကြိယာ