Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 541–560 of 600 words

    ယ

    ယှိန်း၂

    [ʃéɪɴ၂]
    ကိုယ်ဖျောက် နိုင်ခြင်း၊ သူတိနှင့်မတူ ထူးခြားသော တန်ခိုး၊ သတ္တိနှင့် ပြည့်စုံခြင်း အစဟိရေ လောကီ အစွမ်း သတ္တိ
    ကိုယ်ဖျောက် နိုင်ခြင်း၊ သူများနှင့်မတူ ထူးခြားသော တန်ခိုး၊ သတ္တိနှင့် ပြည့်စုံခြင်း စသော လောကီ အစွမ်း သတ္တိ
    power of becoming invisible or invulnerable
    နာမ်

    ယှိန်၃

    [ʃèɪɴ၃]
    ပူသော အခိုး။ အဟုန်။ (မီးဟိန်၊ နေဟိန်ဟု အသုံးပြုလေ့ ဟိရေ။) အဟိန်
    ပူသော အခိုး။ အဟုန်။ (မီးယှိန်၊ နေယှိန်ဟု အသုံးပြုလေ့ ယှိသည်။) အရှိန်
    speed - velocity momentum - force - tempo [phys.] acceleration degree of intensity effect - influence - authority
    နာမ်

    ယှိန်း၃

    [ʃéɪɴ၃]
    ၁၊ ပျံ့နှံ့သော။ ၂၊ ရှက်ရွံ့သော။ လူကြီးတိဟိက ဖြတ်လာရလို့ ခန္ဓာ တကိုယ်လုံး ဟိန်းလားခရေ (အရပ်)
    ၁၊ ပျံ့နှံ့သော။ ၂၊ ရှက်ရွံ့သော။ လူကြီးတိရှိက ဖြတ်လာရလို့ ခန္ဓာ တစ်ကိုယ်လုံး ယှိန်းလားခရေ (အရပ်)
    fervent - fervid (feeling emotion)
    နာမဝိသေသန

    ယှိန်စေါ်

    [ʃèɪɴsɔ̀]
    တန်ခိုး သတ္တိ
    တန်ခိုး သတ္တိ
    power - glory - might
    နာမ်

    ယှိန်းဆာယာ

    [ʃéɪɴsʰàjà]
    ကိုယ်ပျောက်နိုင်ခြင်း အစွမ်းသတ္တိ
    ကိုယ်ပျောက်နိုင်ခြင်း အစွမ်းသတ္တိ
    power of becoming invisible - backformation of
    နာမ်

    ယှိန်းတိန်းတိန်း

    [ʃéɪɴtéɪɴtéɪɴ]
    ၁၊ ရှက်ကြောက်မှုကြောင့် တကိုယ်လုံးသို့သွီးများ ပျံ့နှံ၍ ပူဟိန်းမှု ခံစားရရေ။ ၂၊ ကိုယ်လက် မအီ မသာ ဟိရေ။ ကိုယ်လက် ရောင်းသီရောင်းဖတ် ဟိန်းတိန်းတိန်း ဖြစ်နီရေ (အရပ်)
    ၁၊ ရှက်ကြောက်မှုကြောင့် တစ်ကိုယ်လုံးသို့ သွေးများ ပျံ့နှံ၍ ပူရှိန်းမှု ခံစားရသည်။ ၂၊ ကိုယ်လက် မအီ မသာ ယှိသည်။ ကိုယ်လက် မအီမသာ ယှိန်းတိန်းတိန်း ဖြစ်နီရေ (အရပ်)
    embarrasses - feel a sudden rush of sensation or emotion - flush
    ကြိယာ

    ယှိန်းပြီး

    [ʃéɪɴpɹï]
    ကိုယ်ပျောက်နှိုင်ရေ သတ္တိနှင့် ပြည့်စုံရေ။ ကိုယ်ပျောက် နှိုင်ရေ သတ္တိ ရဟိသည်
    ကိုယ်ပျောက်နိုင်သည့် သတ္တိနှင့် ပြည့်စုံသည်။ ကိုယ်ပျောက် နိုင်သည့် သတ္တိ ရယှိသည်
    have the power of becoming invisible or invulnerable
    ကြိယာ

    ယှိန်ယှိန်တောက်

    [ʃèɪɴʃèɪɴtɔ́ɛʔ]
    အဟုန်ပြင်းစွာ ဖြစ်ပေါ်သည်
    အဟုန်ပြင်းစွာ ဖြစ်ပေါ်သည်
    occur
    ကြိယာ

    ယှိန်ယှိန်တောက်၂

    [ʃèɪɴʃèɪɴtɔ́ɛʔ၂]
    တဟုန်တည်း တိုးတက် ထင်ရှားခြင်း
    တစ်ဟုန်တည်း တိုးတက် ထင်ရှားခြင်း
    conspicuous
    နာမ်

    ယှိမ်း

    [ʃéɪɴ]
    ပူသော။ စပ်သော
    ပူသော။ စပ်သော
    hot
    နာမဝိသေသန

    ယှိမ်းငရုပ်

    [ʃéɪɴŋɹoʊʔ]
    အစပ်ကဲ၍ အသီးလေး မိုးမျှော် သီးသော ငရုပ် တမျိုး
    အစပ်ကဲ၍ အသီးလေး မိုးမျှော် သီးသော ငရုပ် တစ်မျိုး
    chilly
    နာမ်

    ယှို့

    [ʃo̰]
    ၁၊ လောင်မြိုက်အောင် ပြုရေ။ ယာတောင်ထက်က၊ ဟို့မီးအရောင်၊ တပြောင်ပြောင်နှင့် (ဂုတ္တိလ)
    ၁၊ လောင်မြိုက်အောင် ပြုသည်။ ယာတောင်ထက်က၊ ယှို့မီးအရောင်၊ တပြောင်ပြောင်နှင့် (ဂုတ္တိလ)
    burn - set fire - ignite - put the torch [fig.] incite (a quarrel)
    ကြိယာ

    ယှိုး

    [ʃó]
    ဟန်ပန် အမူအရာ။ ပုံပန်းသဏ္ဍာန်။ တခုတရီသော ပုံပန်း အနိန်အထား
    ဟန်ပန် အမူအရာ။ ပုံပန်းသဏ္ဍာန်။ တစ်စုံတစ်ခုသော ပုံပန်း အနေအထား
    bearing - show
    နာမ်

    ယှိုးကောင်း

    [ʃókáʊɴ]
    အမူအရာ ကောင်းရေ။ သရုပ်ဆောင် ရာမာ အမူအရာ ပီပြင်သော
    အမူအရာ ကောင်းသော။ သရုပ်ဆောင် ရာတွင် အမူအရာ ပီပြင်သော
    unctuously
    နာမဝိသေသန

    ယှိုက်

    [ʃaɪʔ]
    ၁၊ ဝင်သက်ပြင်းစွာ ရှူသွင်းရေ။ ၂၊ ခံမားသို့ စုပ်သွင်း သောက်ရီ။ (ဆီးလိပ်) ဖွာသည်
    ၁၊ ဝင်သက်ပြင်းစွာ ရှူသွင်းသည်။ ၂၊ ခံတွင်းသို့ စုပ်သွင်း သောက်သည်။ (ဆေးလိပ်) ဖွာသည်
    breathe in - inhale deeply
    ကြိယာ

    ယှိုက်၂

    [ʃaɪʔ၂]
    အထဲကို စိကေချေ ချိုင့်ဝင်သော။ ဝမ်း စိကေချေ ခွက်ဝင်သော
    အတွင်းသို့ အနည်းငယ် ချိုင့်ဝင်သော။ ဝမ်းဗိုက် အနည်းငယ် ခွက်ဝင်သော
    concave - hollow
    နာမဝိသေသန

    ယှိုက်ပက်

    [ʃaɪʔpɛʔ]
    အထဲကို တိမ်းစွာ ခွက်ဝင်သော
    အတွင်းသို့ တိမ်းစွာ ခွက်ဝင်သော
    concave - hollow
    နာမဝိသေသန

    ယှိုင့်

    [ʃàɪɴ့]
    စိကေချေ အထဲကို (ဟိုက်) ချိုင့်သော
    အနည်းငယ် အတွင်းသို့ (ဟိုက်) ချိုင့်သော
    concave - dented
    နာမဝိသေသန

    ယှိုးထုတ်

    [ʃótʰoʊʔ]
    ၁၊ ကိုယ့်ဂုဏ်ကို ဖော်ထုတ် ဝင့်ဝါရေ။ ဝင့်ကြွားရေ။ ၂၊ ဖြီးလူးဝတ်စား ဆင်ယင်ရေ။ ကိုယ်ကို လှပအောင် ပြုပျင်သည်
    ၁၊ မိမိဂုဏ်ကို ဖော်ထုတ် ဝင့်ဝါသည်။ ဝင့်ကြွားသည်။ ၂၊ ဖြီးလိမ်းဝတ်စား ဆင်ယင်သည်။ ကိုယ်ကို လှပအောင် ပြုပြင်သည်
    be dressed up
    ကြိယာ

    ယှိုးထုတ်၂

    [ʃótʰoʊʔ၂]
    ဝင့်ကြွား ပလွှားမှု။ ကိုယ့်ဂုဏ်ကို ပိုပြီးကေ ကဲမြင့်၍ အယောင်ဆောင်မှု
    ဝင့်ကြွား ပလွှားမှု။ မိမိဂုဏ်ကို ပိုမို ကဲမြင့်၍ ဟန်ဆောင်မှု
    show
    နာမ်