Dictionary Entries
Showing 561–580 of 600 words
ယ
ယှို့မီး
[ʃo̰mï]
Arakanese:
၁၊ အကြောင်းမဲ့ တလိတမန် လောင်အောင် ပြုရေ မီး။ ၂၊ လယ်ယာ အစဟိစွာရို့မာ စပါးပင်ငုတ်၊ ပေါင်းမြက်၊ အပင်ငယ်၊ အစဟိစွာ ရို့ကို ဟို့ဖြစ်ရေ မီး
Burmese:
၁၊ အကြောင်းမဲ့ တမင်သက်သက် လောင်အောင် ပြုသော မီး။ ၂၊ လယ်ယာ စသည်တို့တွင် ကောက်ပင်ငုတ်၊ ပေါင်းမြက်၊ သစ်ပင်ငယ်၊ စသည် တို့ကို ယှို့ဖြစ်သော မီး
English:
arson fire set alight to paddy field after harvest
Grammar Note:
နာမ်
ယှုံ့
[ʃo̰ʊɴ]
Arakanese:
အထဲကို ကျုံ့ဝင် တွန့်ခေါက်သော
Burmese:
အတွင်းသို့ ကျုံ့ဝင် တွန့်ခေါက်သော
English:
wrinkled
Grammar Note:
နာမဝိသေသန
ယှုံး
[ʃóʊɴ]
Arakanese:
၁၊ အောင်နိုင်မှုမရပဲ ဟိရေ။ အရီး နိမ့်ရေ။ ဂုလျင်ဆောမြင်းယူချေ၊ ပြိုင်၍ယှုံးသော် မြင်းကိုယူကြဖို့လို့ (ဗမာချီ)
Burmese:
၁၊ အောင်နိုင်မှုမရပဲ ယှိသည်။ အရေး နိမ့်သည်။ ဂုလျင်ဆောမြင်းယူချေ၊ ပြိုင်၍ယှုံးသော် မြင်းကိုယူကြမည်ဟု (ဗမာချီ)
English:
fail (examination) - be defeated (in battle sports and games) - lose (in business game match legal case etc.)
Grammar Note:
ကြိယာ
ယှုံ့၂
[ʃo̰ʊɴ၂]
Arakanese:
အထဲကို ကျုံ့ဝင် တွန့်ခေါက်အောင် ပြုသည်
Burmese:
အတွင်းသို့ ကျုံ့ဝင် တွန့်ခေါက်အောင် ပြုသည်
English:
rumple - wrinkle contract - shrink
Grammar Note:
ကြိယာ
ယှုံးနိမ့်
[ʃóʊɴnèɪɴ့]
Arakanese:
ပြိုင်မှုမာ အောင်မြင်မှု မရပဲ ဟိသည်
Burmese:
ပြိုင်မှုတွင် အောင်မြင်မှု မရပဲ ယှိသည်
English:
be defeated in a contest
Grammar Note:
ကြိယာ
ယှုပ်
[ʃoʊʔ]
Arakanese:
နခေါင်းမားသို့ တပြိုင်တည်းသော အဟုန်ဖြင့် ဟိုက်သွင်းသည်
Burmese:
နှာခေါင်းတွင်းသို့ တစ်ချက်တည်းသော အဟုန်ဖြင့် ရှိုက်သွင်းသည်
English:
gasp
Grammar Note:
ကြိယာ
ယှုပ်၂
[ʃoʊʔ၂]
Arakanese:
ထွီးယှက် ရောပြွမ်းသော။ မရှင်းမလင်း ဖြစ်ရေ
Burmese:
ထွေးယှက် ရောပြွမ်းသော။ မရှင်းမလင်း ဖြစ်သော
English:
jumbled - confused - disorderly - complicated
Grammar Note:
နာမဝိသေသန
ယှုပ်ချီယှုပ်ချက်
[ʃoʊʔɕíʃoʊʔɕɛʔ]
Arakanese:
မငြိမ်မသက်၊ ရည်ရွယ်ချက်မဟိ လားလာရေ။ မတည်မငြိမ် ဟိရေ။ တနီရာမှ တနီရာသို့ ခေါက်တုံ့ ခေါက်ပြန် လားလာ နိန်ရေ
Burmese:
မငြိမ်မသက်၊ ရည်ရွယ်ချက်မယှိ သွားလာသည်။ မတည်မငြိမ် ရှိသည်။ တစ်နေရာမှ တစ်နေရာသို့ ခေါက်တုံ့ ခေါက်ပြန် သွားလာ နေသည်
English:
In a meddlesome way
Grammar Note:
ကြိယာဝိသေသန
ယှုပ်ထွီး
[ʃoʊʔtʰwï]
Arakanese:
ရှင်းလင်းခြင်း မဟိ၊ ထွီးယှက် ရောပြွမ်းနိန်ရေ
Burmese:
ရှင်းလင်းခြင်း မယှိ၊ ထွေးယှက် ရောပြွမ်းနေသော
English:
complicated rascally - rougish
Grammar Note:
နာမဝိသေသန
ယှုပ်ထွီး၂
[ʃoʊʔtʰwï၂]
Arakanese:
ရောဝင် နှောင့်ယှက်ရေ။ ဗလဗွီသတ်အောင် ဖန်တီးရေ
Burmese:
ရောဝင် နှောင့်ယှက်သည်။ ရှုပ်ထွေးအောင် ဖန်တီးသည်
English:
be mixed up - be confused - be jumbled up - be unclear - be untidy
Grammar Note:
ကြိယာ
ယှုပ်ဖွီးကလီ
[ʃoʊʔpʰwïklí]
Arakanese:
အမျိုးမျိုး အထွီထွီ စုံလင် ရောနှောသော။ ပြဿနာ အမျိုးမျိုး ရောနှော ဆိုင်ရေ
Burmese:
အမျိုးမျိုး အထွေထွေ စုံလင် ရောနှောသော။ ပြဿနာ အမျိုးမျိုး ရောနှော ပတ်သက်သော
English:
jumbled - confused - disorderly - complicated
Grammar Note:
နာမဝိသေသန
ယှုပ်ယှက်ခတ်
[ʃoʊʔʃɛʔkʰaʔ]
Arakanese:
ဗရမ်းဗတာ ကရားကထား ယှုပ်ထွေး ပွေနောက်ဗျာယ်
Burmese:
အစီအစဉ်မကျ ဖရိုဖရဲ ယှုပ်ထွေး ပွေနောက်လျက်
English:
in confusion - in disorder
Grammar Note:
ကြိယာဝိသေသန
ယှုပ်ယှက်ခြူခြာ
[ʃoʊʔʃɛʔkʰɹùkʰɹà]
Arakanese:
ပြဿနာ ပွီလီ၍ ကမောက်ကမ ဖြစ်ယောင် ဝင်ရောက် အားထုတ်သောအနိန်နန့်။ ပြဿနာ ကြီးမား ခြူအောင် စွက်ဖက်သောအနိန်နန့်
Burmese:
ပြဿနာ ပွေလီ၍ ကမောက်ကမ ဖြစ်အောင် ဝင်ရောက် အားထုတ်သော အားဖြင့်။ ပြဿနာ ကြီးမား ရှုပ်ပွေအောင် စွက်ဖက်သော အားဖြင့်
English:
in a meddlesome way
Grammar Note:
ကြိယာဝိသေသန
ယှုပ်ယှက်ထွီး
[ʃoʊʔʃɛʔtʰwï]
Arakanese:
အရောရော အနှောနှော။ အယှက်ယှက် အတင်တင်။ တောင်ကမြောက်ပြီး၊ မြို့လုံးဆူကေ၊ လူချင်းအက်ပျာ၊ ယှုပ်ယှက်ထွီးလို့ (ဒွေး)
Burmese:
အရောရော အနှောနှော။ အယှက်ယှက် အတင်တင်။ တောင်ကမြောက်ပြီး၊ မြို့လုံးဆူကေ၊ လူချင်းအက်ပျာ၊ ယှုပ်ယှက်ထွီးလို့ (ဒွေး)
English:
in confusion - in disorder
Grammar Note:
ကြိယာဝိသေသန
ယှုပ်ယှုပ်
[ʃoʊʔʃoʊʔ]
Arakanese:
၁၊ လည်ပတ် မွီနှောက် လားလာ လုပ်ကိုင်ရေ။ ၂၊ အကျင့် ဆိုးညစ်သည်
Burmese:
၁၊ လည်ပတ် မွှေနှောက် သွားလာ လုပ်ကိုင်သည်။ ၂၊ အကျင့် ဆိုးသွမ်းသည်
English:
be disorganized - be in disorder - be in a mess interfere
Grammar Note:
နာမ်
ယှုပ်ယှုပ်ငို
[ʃoʊʔʃoʊʔŋÒ]
Arakanese:
ပြင်သို့ အသံမထွက်စီပဲ၊ မျက်ရည် သုတ်ကာ၊ ဆက်ကာဆက်ကာ (တရှုပ်ရှုပ်) ငိုရေ။ မြိုင်ခွင်တောအုပ်၊ ငါ့မိခင်ကို၊ နှင်ကာထုတ်လို့၊ ယှုပ်ယှုပ်ငိုတမ်း၊ လှမုတ္ထိုရ်မာ၊ သားကိုနမ်းလို့၊ နေစဉ်ခါဝယ် (ကော်)။ လေးယောက်စုံသည်၊ ကူးတုံဖက်ကြကေလည်း ငိုကတ်ရ တယှုပ်ယှုပ် (ဗမာချီ)
Burmese:
ပြင်သို့ အသံမထွက်စေပဲ၊ မျက်ရည် သုတ်ကာ၊ ဆက်ကာဆက်ကာ (တရှုပ်ရှုပ်) ငိုသည်။ မြိုင်ခွင်တောအုပ်၊ ငါ့မိခင်ကို၊ နှင်ကာထုတ်လို့၊ ယှုပ်ယှုပ်ငိုတမ်း၊ လှမုတ္ထိုရ်မှာ၊ သားကိုနမ်းလို့၊ နေစဉ်ခါဝယ် (ကော်)။ လေးယောက်စုံသည်၊ ကူးတုံဖက်ကြပါလျက် ငိုကြရ တယှုပ်ယှုပ် (ဗမာချီ)
English:
snivel sound - sniffle sound
Grammar Note:
နာမ်
ယှုပ်ယှုပ်ယှက်ယှက်
[ʃoʊʔʃoʊʔʃɛʔʃɛʔ]
Arakanese:
ပြဿနာ ပွီလီ၍ ကမောက်ကမ ဖြစ်ယောင် ဝင်ရောက် အားထုတ်သောအနိန်နန့်။ ပြဿနာ ကြီးမား ခြူအောင် စွက်ဖက်သောအနိန်နန့်
Burmese:
ပြဿနာ ပွေလီ၍ ကမောက်ကမ ဖြစ်အောင် ဝင်ရောက် အားထုတ်သော အားဖြင့်။ ပြဿနာ ကြီးမား ရှုပ်ပွေအောင် စွက်ဖက်သော အားဖြင့်
English:
in a meddlesome way
Grammar Note:
ကြိယာဝိသေသန
ယှူ
[ʃù]
Arakanese:
ယှူရေ။ အသံမထွက် ဖြစ်တေ။ ရယူရန် အားထုတ်ရေ။ စာမိန်းပွဲ ယှူရေ။ ၂၊ အမြောက်ဆန် ပစ်ဖောက်၍ ယှူသည်
Burmese:
မအောင်မြင်။ အသံမထွက် ဖြစ်သည်။ ရယူရန် အားထုတ်သည်။ စာမေးပွဲ ယှူသည်။ ၂၊ အမြောက်ဆန် ပစ်ဖောက်၍ ယှူသည်
English:
fail (examination) - be defeated (in battle sports and games) - lose (in business game match legal case etc.)
Grammar Note:
ကြိယာ
ယှူး
[ʃùး]
Arakanese:
ထုထည် လုံးဝန်း အစဟိစွာ တံပက်ဘက်ကို အစိုင်အတိုင်း လျော့လားရေ။ စာတီမာပိုင် အရင်းကြီးပြီးကေ၊ အဖျားယှူးလားခရေ (အရပ်)
Burmese:
ထုထည် လုံးဝန်း စသည် တဘက်ဘက်သို့ အစဉ်အတိုင်း လျော့သွားသော။ စာတီမှာပိုင် အရင်းကြီးပြီးကေ၊ အဖျားယှူးလားခရေ (အရပ်)
English:
shining - blazing
Grammar Note:
နာမဝိသေသန
ယှူး၂
[ʃùး၂]
Arakanese:
အဖျားရှူးရေ။ ပြောရေခါတော့ ဟောက်တိပတ်တိ၊ လက်တွိကျရေအခါ အဖျား ယှူးလားခဗျာယ် (အရပ်)။ အတည်းဆိုဖွယ်၊ မြွီမဝယ်တုံ၊ အချေချေဦး၊ မြွီးဂေါင်းယှူးသား၊ စက္ခုမျက်စိ၊ ကျဉ်းဇာတိနှင့်၊ မထိအလပ်၊ လည်ရီးပြတ်၏ (ကင်းမဟော်)
Burmese:
အဖျားရှူးသည်။ ပြောရေခါတော့ ဟောက်တိပတ်တိ၊ လက်တွိကျရေအခါ အဖျား ယှူးလားခဗျာယ် (အရပ်)။ အတည်းဆိုဖွယ်၊ မြွီမဝယ်တုံ၊ အငယ်လေးဦး၊ မြွီးဂေါင်းယှူးသား၊ စက္ခုမျက်စိ၊ ကျဉ်းဇာတိနှင့်၊ မထိအလွတ်၊ လည်ရေးပြတ်၏ (ကင်းမဟော်)
English:
taper
Grammar Note:
ကြိယာ