Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 41–60 of 600 words

    ယ

    ယင်းချင့်

    [jɪ́ɴɕɪ̀ɴ့]
    ၁၊ မလှမ်းမကမ်းဟိ အရာဝတ္တု တစုံကို ဖော်ပြသော စကား။ ၂၊ အမည်မမှတ်မိ၊ မဖော်ပြော နှိုင်ရေ အရာကို ဖော်ပြသောစကား
    ၁၊ မလှမ်းမကမ်းယှိ အရာဝတ္တု တစ်စုံကို ဖော်ပြသော စကား။ ၂၊ အမည်မမှတ်မိ၊ မဖော်ပြော နိုင်သော အရာကို ဖော်ပြသောစကား
    that - it
    နာမ်စား

    ယင်းချင့်ကိုယ်တိုင်

    [jɪ́ɴɕɪ̰ɴkÒɛ̀tàɪɴ]
    အမည်မမှတ်မိ၊ မဖော်ပြောပြ နှိုင်ရေ အရာကို ဖော်ပြသောစကား။ ယင်းတိုင်သျှင် အလှူဒါန်းကို ယင်းချင့်ကိုယ်တိုင် ဖိတ်စာဝီငှါရေ (အရပ်)
    အမည်မမှတ်မိ၊ မဖော်ပြောပြ နိုင်သော အရာကို ဖော်ပြသောစကား။ ယင်းသူ အလှူဒါန်းကို ယင်းချင့်ကိုယ်တိုင် ဖိတ်စာဝေငှါရေ (အရပ်)
    ifself
    နာမ်စား

    ယင်းချင့်ထက်မှာ

    [jɪ́ɴɕɪ̰ɴtʰɛʔm̥à]
    (ဥပစာ) ဒုက္ခ တစုံတရာ ဖြစ်ပွားရာမာ ငယ်ရေ ပြဿနာက ထပ်မံပနာ ဒုက္ခ ပေးပြန်ရေ။ အခက်အခဲ ကြုံရာမာ ထပ်မံပနာ အခက်အခဲ ဖြစ်စီရေ။ မျှော်ခါတမ်းလို့၊ လွမ်းသည်တချက်၊ ယင်းချင့်ထက်မာ၊ ကျီးငှက်တိရစ္ဆာန်၊ မြူးပျော်ပြန်သော (ရာမ)။ မေသက်ဝီမာ၊ အရဲလည်းခက်၊ ချစ်မပြယ်ကေ၊ ယရေ
    (ဥပစာ) ဒုက္ခ တစ်စုံတရာ ဖြစ်ပွားရာတွင် သေးငယ်သော ပြဿနာက ထပ်မံ၍ ဒုက္ခ ပေးပြန်သည်။ အခက်အခဲ ကြုံရာ၌ ထပ်မံ၍ အခက်အခဲ ဖြစ်စေသည်။ မျှော်ခါတမ်းလို့၊ လွမ်းသည်တချက်၊ ယင်းချင့်ထက်မှာ၊ ကျေးငှက်တိရစ္ဆာန်၊ မြူးပျော်ပြန်သော (ရာမ)။ မေသက်ဝီမှာ၊ အနီလည်းခက်၊ ချစ်မပြယ်ကေ၊ ယရေ
    indcommode
    နာမ်စား

    ယင်းစွာ

    [jɪ́ɴswà]
    သက်ဟိသက်မဲ့ရို့ကို ညွန်ပြရေ စကားလုံး (ထိုယောက်ကျားလေး)။ အောက်လားဝယ် ကျီဝန်ကြီး၊ ကောလင်းမင်းသား၊ ယင်းစွာ လာတုံဘိက (ဗမာချီ)
    သက်ယှိသက်မဲ့တို့ကို ညွန်ပြသော စကားလုံး (ဟိုကောင်လေး)။ အောက်သားဝယ် ကျီဝန်ကြီး၊ ကောလင်းမင်းသား၊ ယင်းစွာ လာတုံဘိက (ဗမာချီ)
    it
    နာမ်

    ယင်းဇို့

    [jɪ́ɴzo̰]
    ၁၊ ရှေ့၌ ပြဆိုခပြီးကေရေအတိုင်း။ ၂၊ ဤအကယ်တန္တိ။ ဝါကြီးမလေဝါကြီးမ၊ ယင်းဇို့ဖြစ်ကေ၊ ကောင်းလီဗျာယ်စွာ (ဓမ္မက)
    ၁၊ ရှေ့၌ ပြဆိုခဲ့ပြီးသည့်အတိုင်း။ ၂၊ ဤသို့ဖြစ်လျှင်။ ဝါကြီးမလေဝါကြီးမ၊ ယင်းဇို့ဖြစ်ကေ၊ ကောင်းလေပြီစွာ (ဓမ္မက)
    likewise
    ကြိယာဝိသေသန

    ယင်းဇုနန့်

    [jɪ́ɴzoʊna̰ɴ]
    ၁၊ ရှေ့၌ ပြဆိုခပြီးကေရေအတိုင်း။ ၂၊ ဤအကယ်တန္တိ။ ဝါကြီးမလေဝါကြီးမ၊ ယင်းဇုနန့် ကောင်းလီဗျာယ်စွာ (ဓမ္မက)
    ၁၊ ရှေ့၌ ပြဆိုခဲ့ပြီးသည့်အတိုင်း။ ၂၊ ဤသို့ဖြစ်လျှင်။ ဝါကြီးမလေဝါကြီးမ၊ ယင်းဇုနန့် ကောင်းလေပြီစွာ (ဓမ္မက)
    thereupon - so - therefore
    ကြိယာဝိသေသန

    ယင်းတိုင်ပင်

    [jɪ́ɴtàɪɴpɪ̀ɴ]
    (မရွေ့မပြောင်း) ပကတိ ဟိမဲ အတိုင်းပင်လျှင်
    (မရွေ့မပြောင်း) ပကတိ ယှိမဲ အတိုင်းပင်လျှင်
    rawness
    နာမဝိသေသန

    ယင်းတိုင်သား

    [jɪ́ɴtàɪɴθá]
    တခုတရီသော အဖွဲ့၊ အုပ်စုကို ရည်ညွန်း၍ ပြောဆိုရေ စကား။ ယင်းတိုင်သားတိ မရောက်ကတ်သိလား (အရပ်)
    တစ်စုံတစ်ခုသော အဖွဲ့၊ အုပ်စုကို ရည်ညွန်း၍ ပြောဆိုသော စကား။ ယင်းတိုင်သားတိ မရောက်ကတ်သိလား (အရပ်)
    they
    နာမ်စား

    ယင်းတိုင်သျှင်

    [jɪ́ɴtàɪɴʃɪ̀ɴ]
    ပုဂ္ဂိုလ်တဦးကို ရည်ညွန်း၍ ပြောဆိုရေ စကား။ ယင်းတိုင်သျှင် မရောက်သိလား’’ (အရပ်)
    ပုဂ္ဂိုလ်တစ်ဦးကို ရည်ညွန်း၍ ပြောဆိုသော စကား။ ယင်းတိုင်သျှင် မရောက်သိလား’’ (အရပ်)
    he
    နာမ်

    ယင်တောင်

    [jɪ̀ɴtàʊɴ]
    (ဥပစာ) ပါးလွှာသော အဝတ်ထည်။ အရာဝတ္တူ။ ပါးရာမှ ယင်တောင် (ပုံ)
    (ဥပစာ) ပါးလွှာသော အဝတ်ထည်။ အရာဝတ္တူ။ ပါးရာမှ ယင်တောင် (ပုံ)
    filmy cloth
    နာမ်

    ယင်းနိ.

    [jɪ́ɴnì.]
    ၁၊ အချိန်းအချက် သတ်မှတ်ထားရေ့ နိ။ ဇော်နိုင်ရို့ သျှင်ပြုရေ ယင်းနိ. ရောက်ပါလာယေ (အရပ်)။ ၂၊ အကြောင်း တခုတရီနှင့် ကြုံတွိရရေ တနည်း ဖြစ်ပေါ်လှာရေ့ တရက်နိ။ နတ်မင်းလည်းသုံးယောက်၊ ယင်းနိ.ရက်မာ၊ ဒို့သျှင်မင်းထံ၊ ကားကားရောက်တေ (စန္ဒရားဖွဲ့)။ ရွီး
    ၁၊ အချိန်းအချက် သတ်မှတ်ထားသည့် နေ့။ ဇော်နိုင်ရို့ သျှင်ပြုရေ ယင်းနိ. ရောက်ပါလာယေ (အရပ်)။ ၂၊ အကြောင်း တစ်စုံတစ်ရာနှင့် ကြုံတွေ့ရသည် သို့မဟုတ် ဖြစ်ပေါ်လာသည့် တစ်နေ့နေ့။ နတ်မင်းလည်းသုံးယောက်၊ ယင်းနိ.ရက်မှာ၊ ဒို့သျှင်မင်းထံ၊ ကားကားရောက်တေ (စန္ဒရားဖွဲ့)။ ရွီး
    due date
    ကြိယာဝိသေသန

    ယင်းနိ.ကပင်

    [jɪ́ɴnì.kpɪ̀ɴ]
    ၁၊ အချိန်းအချက် သတ်မှတ်ထားရီနီ့။ ဇော်နိုင်ရို့ သျှင်ပြုရေ ယင်းနိ.ကပင် ရောက်ပါရေယေ (အရပ်)။ ၂၊ အကြောင်း တခုတရီနှင့် ကြုံတွိရရေ တနည်း ဖြစ်ပေါ်လှာရေ့ တရက်နိ။ နတ်မင်းလည်းသုံးယောက်၊ ယင်းနိ.ကပင်ရက်မာ၊ ဒို့သျှင်မင်းထံ၊ ကားကားရောက်တေ (စန္ဒရားဖွဲ့
    ၁၊ အချိန်းအချက် သတ်မှတ်ထားသည့်နေ့။ ဇော်နိုင်ရို့ သျှင်ပြုရေ ယင်းနိ.ကပင် ရောက်ပါရေယေ (အရပ်)။ ၂၊ အကြောင်း တစ်စုံတစ်ရာနှင့် ကြုံတွေ့ရသည် သို့မဟုတ် ဖြစ်ပေါ်လာသည့် တစ်နေ့နေ့။ နတ်မင်းလည်းသုံးယောက်၊ ယင်းနိ.ကပင်ရက်မှာ၊ ဒို့သျှင်မင်းထံ၊ ကားကားရောက်တေ (စန္ဒရားဖွဲ့
    from that day onwards
    ကြိယာဝိသေသန

    ယင်းနိန်ရာမာ

    [jɪ́ɴnèɪɴɹàmà]
    ၁၊ အချိန်းအချက် သတ်မှတ်ထားရေ နီရာ။ ဇော်နိုင်ရို့ သျှင်ပြုရေ ယင်းနိန်ရာမာ ကခုန်ကြယေ (အရပ်)
    ၁၊ အချိန်းအချက် သတ်မှတ်ထားသည့် နေရာ။ ဇော်နိုင်ရို့ သျှင်ပြုရေ ယင်းနိန်ရာမာ ကခုန်ကြယေ (အရပ်)
    there
    ကြိယာဝိသေသန

    ယင်းပိုင်

    [jɪ́ɴpàɪɴ]
    မုချ သေချာစွာ ယှောင်သင့်အောင်။ ယင်းပိုင် သငယ်ချင်းတိကို အမားလုပ်တေ လူတိကို ယှောင်သင့်ဗျာယ် (အရပ်)
    မုချ သေချာစွာ ယှောင်သင့်အောင်။ ယင်းပိုင် သငယ်ချင်းတိကို အမှားလုပ်တေ လူတိကို ယှောင်သင့်ဗျာယ် (အရပ်)
    thus - such (----) that - such (----) as - such men as are false to their friends should be avoided
    ကြိယာဝိသေသန

    ယင်းပိုင်ပင်လား

    [jɪ́ɴpàɪɴpɪ̀ɴlá]
    မုချ သေချာ ပိုင်နိုင်စွာ ရဟိအောင်။ သေချာ ရမိအောင်။ လုံ့လကြီးစွာဖြင့်။ ဇွဲသန်သန်နှင့်။ အေနှစ် ဂုဏ်ထူး ခြောက်ဘာသာ ပါအောင် ယင်းပိုင်ပင်လား မရနန့်အရ အောင်ယောင် ကြိုးစာမည် (အရပ်)
    မုချ သေချာ ပိုင်နိုင်စွာ ရယှိအောင်။ သေချာ ရမိအောင်။ လုံ့လကြီးစွာဖြင့်။ ဇွဲသန်သန်နှင့်။ အေနှစ် ဂုဏ်ထူး ခြောက်ဘာသာ ပါအောင် ယင်းပိုင်ပင်လား မရနန့်အရ အောင်ယောင် ကြိုးစာမည် (အရပ်)
    perseverance
    နာမ်

    ယင်းပိုင်ဖြစ်လို့

    [jɪ́ɴpàɪɴpʰɹɪʔlo̰]
    ရှေ့နာမ်ကို နမူနာအဖြစ် ညွှန်ပြသော စကားလုံး။ သူ့ အကျင့်က ယင်းပိုင်ဖြစ်လို့ လူတိုင်းက သူ့ကို မကြိုက်ကတ်ပါ (အရပ်)
    ရှေ့နာမ်ကို ဥပမာအဖြစ် ညွှန်ပြသော စကားလုံး။ သူ့ အကျင့်က ယင်းပိုင်ဖြစ်လို့ လူတိုင်းက သူ့ကို မနှစ်သက်ကတ်ပါ (အရပ်)
    such that - His behaviour was such that everyone dislike him.
    သမ္ဗန္တ

    ယင်းပိုင်မဟောက်ကေ

    [jɪ́ɴpàɪɴmhɔ́ɛʔkè]
    ပြုလုပ် ဖြစ်ပျက်ခသော အကြောင်းတခုခုနှင့် ပတ်သက်ပြီးကေ ဆန့်ကျင်ဘက် အဖြစ်ကို တင်ပြ ပြောဆိုရာမာ ရှေ့ဝါကျနှင့် နောက်ဝါကျကို ဆက်စပ်ပီးရေ စကားလုံး။ ထီးပါခလို့ရာ ယင်းပိုင်မဟောက် ဆိုကေ မိုးစွတ်ဖို့ (အရပ်)
    ပြုလုပ် ဖြစ်ပျက်ခဲ့သော အကြောင်းတစ်ခုခုနှင့် ပတ်သက်၍ ဆန့်ကျင်ဘက် အဖြစ်ကို တင်ပြ ပြောဆိုရာတွင် ရှေ့ဝါကျနှင့် နောက်ဝါကျကို ဆက်စပ်ပေးသော စကားလုံး။ ထီးပါခလို့ရာ ယင်းပိုင်မဟောက် ဆိုကေ မိုးစွတ်ဖို့ (အရပ်)
    and
    ကြိယာဝိသေသန

    ယင်းပိုင်ယေ

    [jɪ́ɴpàɪɴjè]
    ရှေ့နာမ်ကို နမူနာအဖြစ် ညွှန်ပြသော စကားလုံး။ မိကောင်းဘခင် သားသမီးပြီသအောင် ယင်းပိုင်ယေ နီကတ်ရဖို့ (အရပ်)
    ရှေ့နာမ်ကို ဥပမာအဖြစ် ညွှန်ပြသော စကားလုံး။ မိကောင်းဘခင် သားသမီးပြီသအောင် ယင်းပိုင်ယေ နီကတ်ရဖို့ (အရပ်)
    by and by
    ကြိယာဝိသေသန

    ယင်းပိုင်ယေ၂

    [jɪ́ɴpàɪɴjè၂]
    ရှေ့နာမ်ကို နမူနာအဖြစ် ညွှန်ပြသော စကားလုံး။ မိကောင်းဘခင် သားသမီးပြီသအောင် ယင်းပိုင်ယေ နီကတ်ရဖို့ (အရပ်)
    ရှေ့နာမ်ကို ဥပမာအဖြစ် ညွှန်ပြသော စကားလုံး။ မိကောင်းဘခင် သားသမီးပြီသအောင် ယင်းပိုင်ယေ နီကတ်ရဖို့ (အရပ်)
    by and by
    ပစ္စည်း

    ယင်းပိုင်ရာမဟောက်ကေ

    [jɪ́ɴpàɪɴɹàmhɔ́ɛʔkè]
    ပုဒ်တခုနှင့် တခု၊ ဝါကျတခုနှင့် တခုကို ယင်းပိုင်ရာမဟောက်ကေ (ယင်းပိုင်ရာမဟောက်ဆိုကေ) ဆိုရေ အနက်ဖြင့် ဆက်စပ်ပီးရေစကားလုံး
    ပုဒ်တစ်ခုနှင့် တစ်ခု၊ ဝါကျတစ်ခုနှင့် တစ်ခုကို ယင်းပိုင်ရာမဟောက်ကေ (ယင်းပိုင်ရာမဟောက်ဆိုကေ) ဟူသော အနက်ဖြင့် ဆက်စပ်ပေးသောစကားလုံး
    and
    ပစ္စည်း