Dictionary Entries
Showing 581–600 of 600 words
ယ
ယှောက်
[ʃɔ́ɛʔ]
Arakanese:
အချေ အနှောင်း။ လင်ငယ်။ ငါးပိကောင်းရေ်၊ လောက်နှင့်သော်ကေ၊ စဉ်လာထုံးဟောင်း၊ က္ကုတ္ထိကောင်းက၊ အပေါင်းအဖော်၊ ယှောက်နှင့်ပျော်ဟု၊ များစွာပြောငြား (မျိုးက်)
Burmese:
အငယ် အနှောင်း။ လင်ငယ်။ ငါးပိကောင်းသော်၊ လောက်နှင့်သော်ကေ၊ စဉ်လာထုံးဟောင်း၊ က္ကုတ္ထိကောင်းက၊ အပေါင်းအဖော်၊ ယှောက်နှင့်ပျော်ဟု၊ များစွာပြောငြား (မျောက်)
English:
paramour
Grammar Note:
နာမ်
ယှောက်ခိုး
[ʃɔ́ɛʔkʰó]
Arakanese:
၁၊ လင်ငယ်နီရေ။ ၂၊ တပါးသော ယောက်ျားနှင့် ယှောက်ခိုးရေ
Burmese:
၁၊ လင်ငယ်နေသည်။ ၂၊ တစ်ပါးသော ယောက်ျားနှင့် ဖောက်ပြားသည်
English:
(of a wife) commit adultery - adulteress
Grammar Note:
ကြိယာ
ယှောက်ခိုးမ
[ʃɔ́ɛʔkʰóm]
Arakanese:
၁၊ မမာ့အား နှိမ့်ချပနာ ခေါ်ဝေါ်ပြောဆိုရေ အာလုပ်စကား။ ၂၊ သယောက်လင် ထားရေ မမာ့
Burmese:
၁၊ မိန်းမအား နှိမ့်ချ၍ ခေါ်ဝေါ်ပြောဆိုသော အာလုပ်စကား။ ၂၊ သယောက်လင် ထားသော မိန်းမ
English:
adulteress
Grammar Note:
နာမ်
ယှောက်ခိုးမ၂
[ʃɔ́ɛʔkʰóm၂]
Arakanese:
မယားဖြစ်သူက တရား၀င် လင် ထင်ရှားဟိနီဗျာယ်နှင့် အရာ ယောက်ျား တဦးတယောက်နှင့် ကျူးလွန်သင့်နိန်ရေ
Burmese:
မယားဖြစ်သူက တရား၀င် လင် ထင်ရှားယှိနေလျက်နှင့် အခြား ယောက်ျား တစ်ဦးတစ်ယောက်နှင့် ကျူးလွန်သင့်နေသည်
English:
adultery
Grammar Note:
နာမ်
ယှောက်လင်
[ʃɔ́ɛʔlɪ̀ɴ]
Arakanese:
တရားဝင် ဟိဗျာယ်နှင့် လင်ပိုင် တတိန်းချေ ဆက်ဆံနိန်ရေ အရာယောက်ျား။ လင်စောင်။ လင်ငယ်။ အဂုတုံ၌၊ တွိကြုံပကတိ၊ သူ့မာကေလေ့၊ ယှောက်လင်ဟိလို့၊ သာမိကလင်၊ ငါဘုရင်ကို၊ စောင်းမာမြီလွှတ်၊ သူကြံစိတ်ကေ၊ အသီးသတ်လို့ (ဥဒိန်သာ)
Burmese:
တရားဝင် ယှိလျက်နှင့် လင်ကဲ့သို့ တိတ်တဆိတ် ဆက်ဆံနေသော အခြားယောက်ျား။ လင်စောင်။ လင်ငယ်။ ယခုတုံ၌၊ တွေ့ကြုံပကတိ၊ သူ့မှာလျှင်လည်း၊ ယှောက်လင်ဟိလို့၊ သာမိကလင်၊ ငါဘုရင်ကို၊ စောင်းတွင်မြီလွှတ်၊ သူကြံစိတ်ကေ၊ အသီးသတ်လို့ (ဥဒိန်သာ)
English:
paramour
Grammar Note:
နာမ်
ယှောက်သား
[ʃɔ́ɛʔθá]
Arakanese:
၁၊ ဘမဲ့ ပျော်ပါးရာမာ ရရေ သား။ ၂၊ မည်သည့် ယောက်ျားနှင့် ပေါင်းဖက်၍ ရရေ သားဟု လက်ဆုပ် လက်ကိုင် မပြနိူင်ပဲ ပျော်ပါးရာမှ အချောင်ရရေ သားကို ခေါ်ဝေါ် ပြောဆိုရေ စကားလုံး။ ၃၊ ယှောက်သားဟု နှိမ့်ချပနာ ကော်ဆဲရေ စကား
Burmese:
၁၊ ဘမဲ့ ပျော်ပါးရာတွင် ရသော သား။ ၂၊ မည်သည့် ယောက်ျားနှင့် ပေါင်းဖက်၍ ရသော သားဟု လက်ဆုပ် လက်ကိုင် မပြနိုင်ပဲ ပျော်ပါးရာမှ အချောင်ရသော သားကို ခေါ်ဝေါ် ပြောဆိုသော စကားလုံး။ ၃၊ ယှောက်သားဟု နှိမ့်ချ၍ ဆဲဆိုသော စကား
English:
son of paramour
Grammar Note:
နာမ်
ယှောင်
[ʃàʊɴ]
Arakanese:
၁၊ ရွတ်မြောက်အောင် တပါးသို့ ခွာနိန်ရေ။ ၂၊ မပါဝင်ရယောင် တပါးသို့ တိမ်းခွာရေ။ ၃၊ ပယ်ထုတ်ရေ။ ၄၊ မြစ်ရေ။ ဟန့်ရေ။ ကာဆီးရေ။ ညဉ့်သိုင်ခေါင်၊ မိုက်ထဲ၊ လက်ဖျားဆွဲတဲ့၊ အိုမောင်မောင်၊ ဘားဘာသိမည်၊ ယှောင်၊ အီးယောင်သိမည်၊ ယှောင်ယှောင်၊ (ဇမ်း)
Burmese:
၁၊ လွတ်ကင်းအောင် တစ်ပါးသို့ ခွာနေသည်။ ၂၊ မပါဝင်ရအောင် တစ်ပါးသို့ တိမ်းခွာသည်။ ၃၊ ပယ်ထုတ်သည်။ ၄၊ မြစ်သည်။ ဟန့်သည်။ ကာဆီးသည်။ ညဉ့်သိုင်ခေါင်၊ မှောင်မိုက်ထဲ၊ လက်ဖျားဆွဲတဲ့၊ အိုမောင်မောင်၊ ဘားဘာသိမည်၊ ယှောင်၊ အီးယောင်သိမည်၊ ယှောင်ယှောင်၊ (ဇမ်း)
English:
evade - avoid
Grammar Note:
ကြိယာ
ယှောင်း
[ʃáʊɴ]
Arakanese:
ကဗျာ၊ လင်္ကာရို့မာ အများအနိန်နန့် ပုဒ်ဖြည့်အဖြစ် သုံးလီ့ဟိသော စကားလုံး
Burmese:
ကဗျာ၊ လင်္ကာတို့၌ အများအားဖြင့် ပုဒ်ဖြည့်အဖြစ် သုံးလေ့ယှိသော စကားလုံး
English:
particle suffixed to a poem for emphasis
Grammar Note:
နာမ်
ယှောင်၂
[ʃàʊɴ၂]
Arakanese:
တူညီချက်ကို နှိုင်းနိူင်းပြသော စကားလုံး။ ငါ့သားပိုင် ယှောင်၊ ယင်းယှောင်သဘောမှတ် (အရပ်)
Burmese:
တူညီချက်ကို နှိုင်းယှဉ်ပြသော စကားလုံး။ ငါ့သားပိုင် ယှောင်၊ ယင်းယှောင်သဘောမှတ် (အရပ်)
English:
that’s it!
Grammar Note:
နာမ်
ယှောင်ကြဉ်
[ʃàʊɴt͡ɕɪ̀ɴ]
Arakanese:
မပေါင်းသင်း မဆက်ဆံပဲ နိန်ရေ။ မတွိ မဆုံမိအောင် နိန်ရေ။ တခုတရီ ပြစ်မှု ကျူးလွန်မှု ရွတ်မြောက်အောင် ကြိုးစားသည်
Burmese:
မပေါင်းသင်း မဆက်ဆံပဲ နေသည်။ မတွေ့ မဆုံမိအောင် နေသည်။ တစ်စုံတစ်ခု ပြစ်မှု ကျူးလွန်မှု လွတ်ကင်းအောင် ကြိုးစားသည်
English:
refrain - connive
Grammar Note:
ကြိယာ
ယှောင်တခင်
[ʃàʊɴtkʰɪ̀ɴ]
Arakanese:
ဗြုန်းကနဲ အမှတ်မထင် ဖြစ်ပေါ်သောအနိန်နန့်
Burmese:
ဗြုန်းကနဲ အမှတ်မထင် ဖြစ်ပေါ်သော အားဖြင့်
English:
unexpectedly - suddenly
Grammar Note:
ကြိယာဝိသေသန
ယှောင်တခင်ခွင့်
[ʃàʊɴtkʰɪ̀ɴkʰwɪ̰ɴ]
Arakanese:
ဗြန်းကနဲ အမှတ်မထင် ဖြစ်ပေါ်လှာသော အရီးတကြီး အခြီအရဲ
Burmese:
ဗြန်းကနဲ အမှတ်မထင် ဖြစ်ပေါ်လာသော အရေးပေါ် အခြေအနေ
English:
casual leave
Grammar Note:
နာမ်
ယှောင်တိမ်း
[ʃàʊɴtéɪɴ]
Arakanese:
ကိုယ့်အား ဖီးအန္တရာယ် မထိပါးရယောင် လွတ်ရာသို့ ဖယ်ရှောင် နိန်ရေ
Burmese:
မိမိအား ဘေးအန္တရာယ် မထိပါးရအောင် လွတ်ရာသို့ ဖယ်ရှောင် နေသည်
English:
estrange - avoid - elude - abscond
Grammar Note:
ကြိယာ
ယှောင်ဖယ်
[ʃàʊɴpʰɛ̀]
Arakanese:
ကိုယ့်က တွေ့လိုသူ ရို့နန့် ရွတ်မြောက်အောင် ဖယ်ခွာနိန်ရေ
Burmese:
မိမိက တွေ့လိုသူ တို့နှင့် လွတ်ကင်းအောင် ဖယ်ခွာနေသည်
English:
keep away from - connive
Grammar Note:
ကြိယာ
ယှောင်ယှား
[ʃàʊɴʃá]
Arakanese:
ကိုယ့်က မလိုလားအပ်ရေ ရို့ကို မကျူးလွန် မိအောင် သတိဖြင့် လွတ်ရာမာ နိန်ရေ
Burmese:
မိမိက မလိုလားအပ်သည် တို့ကို မကျူးလွန် မိအောင် သတိဖြင့် လွတ်ရာ၌ နေသည်
English:
estrange - avoid - abstain - stay away from
Grammar Note:
ကြိယာ
ယှောင်ယှောင်
[ʃàʊɴʃàʊɴ]
Arakanese:
ကိုယ့်က အကျုံးဝင်ခြင်းကို မပြုပဲ၊ အဝီးတနီရာမှ ခပ်ခွာခွာနီဗျာယ်
Burmese:
မိမိက အကျုံးဝင်ခြင်းကို မပြုပဲ၊ အဝေးတစ်နေရာမှ ခပ်ခွာခွာနေလျက်
English:
[arch.] immediately - without hesitation - promptly - estrange
Grammar Note:
ကြိယာဝိသေသန
ယှောင်လွဲ
[ʃàʊɴlwɛ]
Arakanese:
ကိုယ့်က ဆောင်ရွက်ရန် ဟိစွာကို မဆောင်ရွက်ပဲ ရွတ်မြောက်အောင် ကြိုးစားသည်
Burmese:
မိမိက ဆောင်ရွက်ရန် ယှိသည်ကို မဆောင်ရွက်ပဲ လွတ်ကင်းအောင် ကြိုးစားသည်
English:
avoid - evade
Grammar Note:
ကြိယာ
ယှဲ
[ʃɛ]
Arakanese:
၁၊ ဖယ်ယှားရေ။ လက်မခံပဲ ထားရေ။ ၂၊ ယှောင်ရှား ဖယ်ခွာရေ။ ခွာထွက်ရေ။ ကင်းကွာသည်
Burmese:
၁၊ ဖယ်ရှားသည်။ လက်မခံပဲ ထားသည်။ ၂၊ ရှောင်ရှား ဖယ်ခွာသည်။ ခွာထွက်သည်။ ကင်းကွာသည်
English:
remove (as of an obstacle)
Grammar Note:
ကြိယာ
ယှဲ၂
[ʃɛ၂]
Arakanese:
၁၊ ဝိုင်းပယ်ရေ။ ၂၊ ပေါင်းဖက်ခြင်း မပြုပဲ ထားရေ
Burmese:
၁၊ ဝိုင်းပယ်သည်။ ၂၊ ပေါင်းဖက်ခြင်း မပြုပဲ ထားသည်
English:
ostracize
Grammar Note:
ကြိယာ
ယှဲဖဲ
[ʃɛpʰɛ]
Arakanese:
(ရခိုင်) တောက်တမ်းဖဲ ကစပ်ရာမာ ဖဲပွင့် အမည်းချွန်း၊ ဖူးနက်အမည်း ညှင်းဖဲပွင့်များ။ (ယင်းတောက်တမ်းဖဲ ကစပ်ရာမာ ယင်းဖဲပွင့်တိကို အသုံးမပြုပဲ ဖယ်ထားအတွက်နန့် ယှဲဖဲဟု ခေါ်ဆို ကတ်တေ။
Burmese:
(ရခိုင်) တောက်တမ်းဖဲ ကစားရာတွင် ဖဲပွင့် အမည်းချွန်း၊ ဖူးနက်အမည်း ညှင်းဖဲပွင့်များ။ (ယင်းတောက်တမ်းဖဲ ကစားရာတွင် ယင်းဖဲပွင့်များကို အသုံးမပြုပဲ ဖယ်ထားသောကြောင့် ယှဲဖဲဟု ခေါ်ဆို ကြသည်။
English:
cast somebody aside
Grammar Note:
နာမ်