Dictionary Entries
Showing 61–80 of 600 words
ယ
ယင်းပိုင်သျှောင်
[jɪ́ɴpàɪɴʃàʊɴ]
Arakanese:
ပြဆိုခပြီးကေသော အကြောင်းအရာ အတိုင်း
Burmese:
ပြဆိုခဲ့ပြီးသော အကြောင်းအရာ အတိုင်း
English:
likewise
Grammar Note:
သမ္ဗန္တ
ယင်ပေါင်
[jɪ̀ɴpèàɪ̀ɴ]
Arakanese:
လိုင်တံဖြူ၊ နှုတ်သီးနက်၍ ရေကမ်းစမာ ကျက်စားလိဟိရေ ငှက်တမျိုး။ (နှမများငှက် လို့လေ့ ခေါ်ရေ။) နမူနာပုံတူ၊ ဇာနန့်တူ၊ ပြိန်းမတူယင်ဘောင်၊ ဖော်ကွဲယောင်၊ မေဇာကိုယ်ခြည်း၊ လုံးချင်းတည်း(ဓမ္မက)။ ယင်ပေါင်ယင်ပေါင်၊ ဥလူခေါင်၊ ယင်ဘောင်ဒေဝန်း၊ နုတ်သီးချွန်း (တေး)
Burmese:
လည်တံဖြူ၊ နှုတ်သီးနက်၍ ရေကမ်းစပ်တွင် ကျက်စားလေ့ရှိသော ငှက်တစ်မျိုး။ (နှမများငှက် ဟုလည်း ခေါ်သည်။) ဥပမာပုံတူ၊ ဇာနန့်တူ၊ ပြိန်းမတူယင်ဘောင်၊ ဖော်ကွဲယောင်၊ မေဇာကိုယ်ချည်း၊ လုံးချင်းတည်း(ဓမ္မက)။ ယင်ပေါင်ယင်ပေါင်၊ ဥလူခေါင်၊ ယင်ဘောင်ဒေဝန်း၊ နုတ်သီးချွန်း (တေး)
English:
pelican
Grammar Note:
နာမ်
ယင်ပျား
[jɪ̀ɴprá]
Arakanese:
များရွီတွက်နန့် သစ်ခေါင်းရို့မာ အုံဖွဲ့ပြီးကေ နီတတ်ရေ ယင်ပိုင်ယှောင် အဆိပ်မဟိသော ပျားကောင်ငယ် တမျိုး
Burmese:
များသောအားဖြင့် သစ်ခေါင်းတို့တွင် အုံဖွဲ့၍ နေတတ်သော ယင်ကဲ့သို့သော အဆိပ်မယှိသော ပျားကောင်ငယ် တစ်မျိုး
English:
kind of social bee
Grammar Note:
နာမ်
ယင်းပြီးကေ
[jɪ́ɴpɹïkè]
Arakanese:
၁၊ အချိန်းအချက် သတ်မှတ်ထားရေ အရာ။ ဇော်နိုင်ရို့ သျှင်ပြုရေ ယင်းပြီးကေ စစ်တွေပွိုင့်ကို လားကတ်ဖို့ (အရပ်)
Burmese:
၁၊ အချိန်းအချက် သတ်မှတ်ထားသည့် အရာ။ ဇော်နိုင်ရို့ သျှင်ပြုရေ ယင်းပြီးကေ စစ်တွေပွိုင့်ကို လားကတ်ဖို့ (အရပ်)
English:
thereafter - then - next - after that - afterwards
Grammar Note:
ကြိယာဝိသေသန
ယင်မနား
[jɪ̀ɴmná]
Arakanese:
အဂု။ မဆိုင်းအငံ့။ လက်ငင်း။ လောလောဆယ်
Burmese:
ချက်ချင်း။ မဆိုင်းအငံ့။ လက်ငင်း။ လောလောဆယ်
English:
instantly
Grammar Note:
နာမ်
ယင်းမနှစ်က
[jɪ́ɴmn̥ɪʔk]
Arakanese:
အဂုနှစ်သို့ မရောက်မီ လွန်ခရေ နှစ်က
Burmese:
ယခုနှစ်သို့ မရောက်မီ လွန်ခဲ့သော နှစ်က
English:
last year
Grammar Note:
သမ္ဗန္တ
ယင်းမာ
[jɪ́ɴmà]
Arakanese:
ရောက်ရာဒေသ၊ ရောက်ရာဌာန။ ယင်းမာရောက်လီက၊ ရွှီနို့သျှင်သည်၊ မိခင်ထံရင်းဝ၌၊ ရိုတုပ်ကွ၊ ပူဖော်ခါ (ဗမာချီ)
Burmese:
ရောက်ရာဒေသ၊ ရောက်ရာဌာန။ ယင်းမာရောက်လေက၊ ရွှီနို့သျှင်သည်၊ မိခင်ထံရင်းဝ၌၊ ရိုတုပ်ကွ၊ ပူဖော်ခါ (ဗမာချီ)
English:
there - over there
Grammar Note:
ကြိယာဝိသေသန
ယင်းမှာကေယင်းမှာတကာလ
[jɪ́ɴm̥àkèjɪ́ɴm̥àtkàl]
Arakanese:
သီးသန့်ပိုင်းခြား ကန့်သတ်ထားရေ အရာ။ နီရာ။ အရပ်။ ယင်းမာကေယင်းမာတိုင်းလ၊ ငါ့ရိုနန့် မသက်ဆိုင် (အရပ်)
Burmese:
သီးသန့်ပိုင်းခြား ကန့်သတ်ထားသော အရာ။ နေရာ။ အရပ်။ ယင်းမှာကေယင်းမှာတကာလ၊ ငါ့ရိုနန့် မသက်ဆိုင် (အရပ်)
English:
separated place
Grammar Note:
နာမ်
ယင်းမှာကေယင်းမှာအလျှောက်
[jɪ́ɴm̥àkèjɪ́ɴm̥àʔʃɔ́ɛʔ]
Arakanese:
၁၊ (နှစ်သိုက်တရွာ၊ တနိုင်ငံသို့ လားရေဟိသော်) ယင်းပြည်၊ ရွာ၊ နိုင်ငံသားရို့၏ နီမှု၊ ထိုင်မှု၊ စားသောက်မှု ဓလိ့ ထုံးစိုင် ယိုင်ကျေးမှု အစဟိစွာ အနိန်နန့်။ ၂၊ ရေအလိုက်၊ မြေအလိုက်၊ လူနီမှုအလိုက် အနိန်နန့်။ (အမင်ရကန်၊ ဂျပန်ကို သွားရင်လေ့) ယင်းမာကေယင်းမာအလျှော
Burmese:
၁၊ (တစ်ပြည်တစ်ရွာ၊ တစ်နိုင်ငံသို့ သွားသည်ယှိသော်) ယင်းပြည်၊ ရွာ၊ နိုင်ငံသားတို့၏ နေမှု၊ ထိုင်မှု၊ စားသောက်မှု ဓလေ့ ထုံးစံ ယဉ်ကျေးမှု စသည် အားလျော်စွာ။ ၂၊ ရေအလိုက်၊ မြေအလိုက်၊ လူနေမှုအလိုက် အားလျော်စွာ။ (အမေရိကန်၊ ဂျပန်ကို လားကေလေ့) ယင်းမှာကေယင်းမှာအလျှော
English:
cultures
Grammar Note:
နာမ်စား
ယင့်ယင့်
[jɪ̀ɴ့jɪ̀ɴ့]
Arakanese:
၁၊ အသံကို ရှည်စွာ ဆွဲငင့်၍ တရားဟောခြင်းနှင့် ယှက်သောတေးခြင်း။ ၂၊ သာယာသော အသံနှင့်ရင့်ကျူး တွန်မြည်သောအသံ ကမ္ဗျာသံဆင့်၊ တယင့်ယင့်ကို၊ ဆိုရို့ပင်ဇာ (ဥက္ကာပျံ)
Burmese:
၁၊ အသံကို ရှည်စွာ ဆွဲငင့်၍ တရားဟောခြင်းနှင့် ယှက်သောသီချင်း။ ၂၊ သာယာသော အသံနှင့်ရင့်ကျူး တွန်မြည်သောအသံ ကမ္ဗျာသံဆင့်၊ တယင့်ယင့်ကို၊ ဆိုရို့ပင်ဇာ (ဥက္ကာပျံ)
English:
pleasant sound
Grammar Note:
အာလုပ်
ယင်းရပ်
[jɪ́ɴɹaʔ]
Arakanese:
ရောက်ရာဒေသ၊ ရောက်ရာဌာန။ ယင်းရပ်မြီရောက်လီက၊ ရွှီနို့သျှင်သည်၊ မိခင်ထံရင်းဝ၌၊ ရိုတုပ်ကွ၊ ပူဖော်ခါ (ဗမာချီ)
Burmese:
ရောက်ရာဒေသ၊ ရောက်ရာဌာန။ ယင်းရပ်မြီရောက်လေက၊ ရွှီနို့သျှင်သည်၊ မိခင်ထံရင်းဝ၌၊ ရိုတုပ်ကွ၊ ပူဖော်ခါ (ဗမာချီ)
English:
there - over there
Grammar Note:
ကြိယာဝိသေသန
ယင်ရုံ
[jɪ̀ɴɹòʊɴ]
Arakanese:
(ဥပစာ) အရီးတယူ ပြုလုပ်ခြင်း မဟိပဲ။ နောက်ကွယ် ထားရေ။ ဂရုမစိုက်ပဲ ပစ်ပယ် ထားရေ။ သူနာ တယောက်ကို မစိုက်မစာပဲ ယင်ရောင်းရောင်းနန့် ပစ်ထားလို့ ဖြစ်ဖို့လား (အရပ်)။ ၂၊ ပုပ်သိုးသော အညှေ့အဟောက် ထက်မာ ယင်များ တရုံရုံ ဝိုင်းအုံ နိကတ်ရေ
Burmese:
(ဥပစာ) အရေးတယူ ပြုလုပ်ခြင်း မယှိပဲ။ နောက်ကွယ် ထားသည်။ ဂရုမစိုက်ပဲ ပစ်ပယ် ထားသည်။ သူနာ တစ်ယောက်ကို မစိုက်မစာပဲ ယင်ရောင်းရောင်းနန့် ပစ်ထားလို့ ဖြစ်ဖို့လား (အရပ်)။ ၂၊ ပုပ်သိုးသော အညှိအဟောက် ပေါ်တွင် ယင်များ တရုံရုံ ဝိုင်းအုံ နေကြသည်
English:
cast somebody aside
Grammar Note:
နာမ်
ယင်းရေခါ
[jɪ́ɴɹèkʰà]
Arakanese:
ယင်းခါ၌၊ ထိုကာလမာ၊ ထိုရောအခါ။ ယင်းရေအခါ ဆင်ကြီးတကောင် အကျွန်ရို့ ရွာနားမာ အမြဲတမ်းနီပါရေ (အရပ်)
Burmese:
ထိုအခါ၌၊ ထိုကာလ၌၊ ထိုရောအခါ။ ယင်းရေအခါ ဆင်ကြီးတစ်ကောင် အကျွန်ရို့ ရွာနားမှာ အမြဲတမ်းနီပါရေ (အရပ်)
English:
since
Grammar Note:
ဝိသေသန
ယင်ရောင်းရောင်း
[jɪ̀ɴɹáʊɴɹáʊɴ]
Arakanese:
(ဥပစာ) အရီးတယူ ပြုလုပ်ခြင်း မဟိပဲ။ နောက်ကွယ် ထားရေ။ ဂရုမစိုက်ပဲ ပစ်ပယ် ထားရေ။ သူနာ တယောက်ကို မစိုက်မစာပဲ ယင်ရောင်းရောင်းနန့် ပစ်ထားလို့ ဖြစ်ဖို့လား’’ (အရပ်)
Burmese:
(ဥပစာ) အရေးတယူ ပြုလုပ်ခြင်း မယှိပဲ။ နောက်ကွယ် ထားသည်။ ဂရုမစိုက်ပဲ ပစ်ပယ် ထားသည်။ သူနာ တစ်ယောက်ကို မစိုက်မစာပဲ ယင်ရောင်းရောင်းနန့် ပစ်ထားလို့ ဖြစ်ဖို့လား’’ (အရပ်)
English:
cast somebody aside
Grammar Note:
ကြိယာဝိသေသန
ယင်ရွေး
[jɪ̀ɴɹwé]
Arakanese:
အသီးတောင့်မှကျကျိုင်းပြောင်ချောသော အစိငယ်များ ထွက်သည့် ခြုံနွယ်ပင် တမျိုး။ ခြိုးပြီးပျိုင်ကေ၊ ယင်ရွေးခြုံမာ၊ နားယောင်မေလေ (တေး)။ ယင်ရွေးခြုံလေ၊ ပန်းခြံမို့မို့၊ ညို့တန်လေ၊ အဖျားချောင်းမာ၊ ရီညို့ညို့လေ (နတ်ခြင်း)
Burmese:
အသီးတောင့်မှ မာကျော ပြောင်ချောသော အစေ့ငယ်များ ထွက်သည့် ချုံနွယ်ပင် တစ်မျိုး။ ခြိုးပြီးပျိုင်ကေ၊ ယင်ရွေးခြုံမှာ၊ နားယောင်မေလေ (တေး)။ ယင်ရွေးခြုံလေ၊ ပန်းခြံမို့မို့၊ ညို့တန်လေ၊ အညာချောင်းမှာ၊ ရီညို့ညို့လေ (နတ်ခြင်း)
English:
none
Grammar Note:
နာမ်
ယင်းလိုက်
[jɪ́ɴlaɪʔ]
Arakanese:
မရွေ့မပြောင်းပဲ ပကတိ ဟိမြဲတိုင်း ပင်လျှင်။ ပကတိ ဟိမြဲ အနိန်အထား။ တခုလည်းမပြောင်း ယင်းလိုက်တိုင်းဟိပါရေ (အရပ်)
Burmese:
မရွေ့မပြောင်းပဲ ပကတိ ယှိမြဲတိုင်း ပင်လျှင်။ ပကတိ ယှိမြဲ အနေအထား။ တစ်ခုလည်းမပြောင်း ယင်းလိုက်တိုင်းဟိပါရေ (အရပ်)
English:
rawness
Grammar Note:
နာမ်စား
ယင်းလူ
[jɪ́ɴlù]
Arakanese:
၁၊ အမည် မဖော်ပြပဲ တယောက်တလီသော ပုဂ္ဂိုလ်အား ရည်ညွှန်း၍ ပြောသော စကား။ ၂၊ မယားက လင်အား အမည်ကို ဖော်ထုတ်ပနာ မပြောဆို၊ မခေါ်ဝေါ်ပဲ၊ ယင်းတိုင်သျှင်ဟု ယိုင်ကျေးပနာ ပြောဆို သုံးနှုန်းသော စကားလုံး
Burmese:
၁၊ အမည် မဖော်ပြပဲ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အား ရည်ညွှန်း၍ ပြောသော စကား။ ၂၊ မယားက လင်အား အမည်ကို ထုတ်ဖော်၍ မပြောဆို၊ မခေါ်ဝေါ်ပဲ၊ ယင်းလူဟု ယဉ်ကျေးစွာ ပြောဆို သုံးနှုန်းသော စကားလုံး
English:
this man
Grammar Note:
နာမ်စား
ယင်းလောက်
[jɪ́ɴlɔ́ɛʔ]
Arakanese:
ဒေလောက်ထိသာ။ ရေကလောက်။ (ပမာဏကို ဖော်ပြလိုရာမာ သုံးရေ)။ ယင်းလောက် သန်ရေ အိမ်သို့ ကိုယ်ပင်က ဝှက်မထားနိုင်
Burmese:
ဤမျှလောက်သာ။ သည့်ကလောက်။ (ပမာဏကို ဖော်ပြလိုရာ၌ သုံးသည်)။ ယင်းလောက် သန်ရေ အိမ်ကို ကိုယ်ပင်က ဝှက်မထားနိုင်
English:
same as - that - you cannot hide a house that big
Grammar Note:
ကြိယာဝိသေသန
ယင်းလောက်ဆိုကေ
[jɪ́ɴlɔ́ɛʔsʰÒkè]
Arakanese:
တခုတရီ အားနည်းချက် ဖြစ်ပေါ်လှာရေ့အခါ မျိုးမာ ပင်ဖြစ်ဖြစ်၊ မခံချင်သည့် သဖောဖြစ်ပေါ်လှာရေ့အခါ မျိုးမာ ပင်ဖြစ်ဖြစ်၊ နှုတ်ကထွက်ပြီးကေ ပြောဆိုရေ စကား။ ယင်းလောက်ဆိုကေ (ယင်းလောက်ရာဆိုကေ) ထိုးလိုက်ဖိ (အားနည်းချက် သဘော)၊ ယင်းလောက်ဆိုကေ (ယင်းလောက်ရာဆိုကေ) ဖြစ
Burmese:
တစ်စုံတစ်ခု အားနည်းချက် ဖြစ်ပေါ်လာသည့်အခါ မျိုးတွင် လည်းကောင်း၊ မခံချင်သည့် သဘော ဖြစ်ပေါ်လာသည့်အခါ မျိုးတွင် လည်းကောင်း၊ နှုတ်မှထွက်၍ ပြောဆိုသော စကား။ ယင်းလောက်ဆိုကေ (ယင်းလောက်ရာဆိုကေ) ထိုးလိုက်ဖိ (အားနည်းချက် သဘော)၊ ယင်းလောက်ဆိုကေ (ယင်းလောက်ရာဆိုကေ) ဖြစ
English:
reciprocally
Grammar Note:
ကြိယာဝိသေသန
ယင်းလောက်ယေ
[jɪ́ɴlɔ́ɛʔjè]
Arakanese:
တခုတရီသော အတိုင်းအတာ၊ အရွီအတွက်၊ ပမာဏ အစဟိစွာရို့ကို ရည်ညွှန်း ဖော်ပြလိုရာမာ သုံးသော စကားလုံး။ အေလောက်တည်းလား။ အဲ-ယင်းလောက်ယေ (အရပ်)
Burmese:
တစ်စုံတစ်ခုသော အတိုင်းအတာ၊ အရေအတွက်၊ ပမာဏ စသည်တို့ကို ရည်ညွှန်း ဖော်ပြလိုရာတွင် သုံးသော စကားလုံး။ အေလောက်တည်းလား။ အဲ-ယင်းလောက်ယေ (အရပ်)
English:
magnitude
Grammar Note:
ပစ္စည်း