Dictionary Entries
Showing 81–100 of 600 words
ယ
ယင်းသို့
[jɪ́ɴθo̰]
Arakanese:
ရှေ့၌ ပြဆိုခပြီးရေ့ အတိုင်း
Burmese:
ရှေ့၌ ပြဆိုခဲ့ပြီးသည့် အတိုင်း
English:
likewise
Grammar Note:
ပစ္စည်း
ယင်းသျှောင်
[jɪ́ɴʃàʊɴ]
Arakanese:
ပြဆိုခပြီးကေသော အကြောင်းအရာ အတိုင်း
Burmese:
ပြဆိုခဲ့ပြီးသော အကြောင်းအရာ အတိုင်း
English:
likewise
Grammar Note:
သမ္ဗန္တ
ယင်းသျှောင်မဟောက်ကေ
[jɪ́ɴʃàʊɴmhɔ́ɛʔkè]
Arakanese:
ပုဒ်တခုနှင့် တခု၊ ဝါကျတခုနှင့် တခုကို ယင်းပိုင်ရာမဟောက်ကေ (ယင်းပိုင်ရာမဟောက်ဆိုကေ) ဆိုရေ အနက်ဖြင့် ဆက်စပ်ပီးရေ စကားလုံး
Burmese:
ပုဒ်တစ်ခုနှင့် တစ်ခု၊ ဝါကျတစ်ခုနှင့် တစ်ခုကို ယင်းပိုင်ရာမဟောက်ကေ (ယင်းပိုင်ရာမဟောက်ဆိုကေ) ဟူသော အနက်ဖြင့် ဆက်စပ်ပေးသော စကားလုံး
English:
and
Grammar Note:
သမ္ဗန္တ
ယင်းအတိုင်း
[jɪ́ɴʔtáɪɴ]
Arakanese:
မရွေ့မပြောင်းပဲ ပကတိ ဟိမြဲတိုင်းပင်လျှင်။ ပကတိ ဟိမြဲ အနိန်အထား။ တခုလည်းမပြောင်း ယင်းလိုက်တိုင်းဟိပါရေ (အရပ်)
Burmese:
မရွေ့မပြောင်းပဲ ပကတိ ယှိမြဲတိုင်းပင်လျှင်။ ပကတိ ယှိမြဲ အနေအထား။ တစ်ခုလည်းမပြောင်း ယင်းလိုက်တိုင်းဟိပါရေ (အရပ်)
English:
rawness
Grammar Note:
သမ္ဗန္တ
ယစ်
[jɪʔ]
Arakanese:
၁၊ အရက် သေစာ အစဟိစွာ သောက်စား မှုကြောင့် ရီဝေ ယိုင်နန့်ရေ။ မူးဝေရေ။ မင်းပြောက်လည်း ဆင်ချစ်နှောင်ရင်းကို ကစော်ဖတ် ယစ်အောင် တိုက်ပြီးရေ် တန်းခါးကိုဖွင့်၍ လွှတ်၏ (တောင်)။ ဂဇာသိန်လေ၊ နာဂိန္တကို၊ ယစ်မှယစ်စေ၊ အသီကြံလိုက်၊ အားအဟိန်နှင့်၊ မာန်ဟိန်ထွက်အောင်၊ အရက်တို
Burmese:
၁၊ အရက် သေစာ စသည် သောက်စား မှုကြောင့် ရီဝေ ယိုင်နဲ့သည်။ မူးဝေသည်။ မင်းပြောက်လည်း ဆင်ချစ်နှောင်ရင်းကို ကစော်ဖတ် ယစ်အောင် တိုက်ပြီးသော် တံခါးကိုဖွင့်၍ လွှတ်၏ (တောင်)။ ဂဇာသိန်လေ၊ နာဂိန္တကို၊ ယစ်မှယစ်စေ၊ အသေကြံလိုက်၊ အားအဟိန်နှင့်၊ မာန်ရှိန်ထွက်အောင်၊ အရက်တို
English:
be tipsy - be drurk - be intoxicated
Grammar Note:
ကြိယာ
ယစ်ဖွယ်
[jɪʔpʰwɛ̀]
Arakanese:
အမြဲတစေအနိန်နန့် အရက် သေစာ သောက်စား နီတတ်သူ
Burmese:
အမြဲတစေ အားဖြင့် အရက် သေစာ သောက်စား နေတတ်သူ
English:
drunkard
Grammar Note:
နာမ်
ယစ်သျှာ
[jɪʔʃà]
Arakanese:
အမြဲတစေအနိန်နန့် အရက် သေစာ သောက်စား နီတတ်သူ
Burmese:
အမြဲတစေ အားဖြင့် အရက် သေစာ သောက်စား နေတတ်သူ
English:
drunkard
Grammar Note:
နာမ်
ယဇောင်
[jzàʊɴ]
Arakanese:
တခုတရီကို ထပ်ဆင့် ပြန်ပနာမကျဉ်းဖြစ်ပနာ ညွှန်ပြရာမာ သုံးသော စကားလုံး
Burmese:
တစ်စုံတစ်ရာကို ထပ်ဆင့် ပြန်လည်၍ ညွှန်ပြရာ၌ သုံးသော စကားလုံး
English:
none
Grammar Note:
နာမ်
ယဇောင်ကေ
[jzàʊɴkè]
Arakanese:
ဆက်ပနာပြီးကေ ပြောဖို့ဖြစ်ရေ စကား
Burmese:
ဆက်လက်၍ ပြောရန်ဖြစ်သော စကား
English:
context
Grammar Note:
နာမ်စား
ယဇောင်ပိုင်ယေ
[jzàʊɴpàɪɴjè]
Arakanese:
အဆက်အစပ်ဖြစ်ရေ စကား။ ဦးစွာဆုံး သျှစ်သောင်းဘုရား။ ယဇောင်ကေအရာ ကိုးသောင်းဘုရား။ ယဇောင်ကေအရာ ကျောက်တော်ဘုရား အစဟိစွာ (အရပ်)။ ရှေး၌ ပြဆို ခပြီးရေ့ အတိုင်း
Burmese:
အဆက်အစပ်ဖြစ်သော စကား။ ဦးစွာဆုံး သျှစ်သောင်းဘုရား။ ယဇောင်ကေအရာ ကိုးသောင်းဘုရား။ ယဇောင်ကေအရာ ကျောက်တော်ဘုရား စသည် (အရပ်)။ ရှေး၌ ပြဆို ခဲ့ပြီးသည့် အတိုင်း
English:
context
Grammar Note:
သမ္ဗန္တ
ယဇောင်ပိုင်သျှောင်
[jzàʊɴpàɪɴʃàʊɴ]
Arakanese:
တူညီချက်ကို နှိုင်းနိူင်းပြသော စကား။ ယင်းပိုင်တူ
Burmese:
တူညီချက်ကို နှိုင်းယှဉ်ပြသော စကား။ ယင်းကဲ့သို့တူ
English:
too
Grammar Note:
သမ္ဗန္တ
ယဉ်
[jɪ̀ɴ]
Arakanese:
၁၊ သိမ်မွေ့ နူးညံ့ ပျော့ပျောင်းရေ။ သာယာ ညှင်းပျောင်းသော။ ကျောင်းတိုင်းရို့၊ ကြားနာစလောက်၊ ဖတ်ရှုပီးနှိုင်၊ သတ္တုစဉ်ကို၊ ယဉ်အောင်ကကောက်လို့၊ လျှောက်ပတ်အောင်သာ (ပဒုမ္မာ)။ ၂၊ အမြင်မရိုင်းသော။ ၃၊ ရိုင်းစိုင်းခြင်း ထိတ်လန့်ခြင်း မဟိသော။ ၄၊ နူးညံ့ သိမ်မွေ့ နှစ်သ
Burmese:
၁၊ သိမ်မွေ့ နူးညံ့ ပျော့ပျောင်းသော။ သာယာ ညှင်းပျောင်းသော။ ကျောင်းတကာတို့၊ ကြားနာစလောက်၊ ဖတ်ရှုပေးနိုင်၊ သတ္တုစဉ်ကို၊ ယဉ်အောင်ကကောက်လို့၊ လျှောက်ပတ်အောင်သာ (ပဒုမ္မာ)။ ၂၊ အမြင်မရိုင်းသော။ ၃၊ ရိုင်းစိုင်းခြင်း ထိတ်လန့်ခြင်း မယှိသော။ ၄၊ နူးညံ့ သိမ်မွေ့ နှစ်သ
English:
benign
Grammar Note:
နာမဝိသေသန
ယဉ်း
[jɪ́ɴ]
Arakanese:
စိတ်မာ စီစိုင်ကြည့်ရေ။ ကြံဆ အောက်မိခရေ။ မောင်ဖြူ ပါးသို့ သွားရင် ကောင်းဖို့လားလို့ စိတ်ကူးယိုင်းခယင့် (အရပ်)
Burmese:
စိတ်တွင် စီစဉ်ကြည့်သည်။ ကြံဆ အောက်မေ့ခဲ့သည်။ မောင်ဖြူ ပါးသို့ လားကေ ကောင်းဖို့လားလို့ စိတ်ကူးယဉ်းခယင့် (အရပ်)
English:
thought - idea - imagination - arrange
Grammar Note:
နာမ်
ယဉ်ကျေး
[jɪ̀ɴt͡ɕé]
Arakanese:
ရိုင်းပျခြင်း မဟိသော။ သိမ်မွေ့ နူးညံ့ ပြေပြစ်ရေ့ အမူအရာ ဟိသော
Burmese:
ရိုင်းပျခြင်း မယှိသော။ သိမ်မွေ့ နူးညံ့ ပြေပြစ်သည့် အမူအရာ ယှိသော
English:
polite - courteous - well-bred - gentle - civilized - well-behaved
Grammar Note:
နာမဝိသေသန
ယဉ်ကျေးမှု
[jɪ̀ɴt͡ɕém̥oʊ]
Arakanese:
၁၊ ရှေး အစိုင်အလာ ထိန်းသိမ်း လာခရေ ထုံးတမ်း။ ဓလိ့။ ၂၊ အပြောအဆို အပြုအမူ၊ ပြေပြစ်သိမ်မွေ့မှု။ ၃၊ လူမှု အဆင့်အတန်း တမျိုး တဖုံ ပြောင်းလဲ တိုးတက်လာရေ အထူး သိမြင်နားလည် လိမ္မာမှု
Burmese:
၁၊ ရှေး အစဉ်အလာ ထိန်းသိမ်း လာခဲ့သော ထုံးတမ်း။ ဓလေ့။ ၂၊ အပြောအဆို အပြုအမူ၊ ပြေပြစ်သိမ်မွေ့မှု။ ၃၊ လူမှု အဆင့်အတန်း တစ်မျိုး တစ်ဖုံ ပြောင်းလဲ တိုးတက်လာသော အထူး သိမြင်နားလည် လိမ္မာမှု
English:
culture - civilization - politeness - delicacy
Grammar Note:
နာမ်
ယဉ်ကြောစ
[jɪ̀ɴt͡ɕɔ́s]
Arakanese:
ယဉ်ယဉ်အချေ ဖြစ်ရေ
Burmese:
ယဉ်ယဉ်ကလေး ဖြစ်သော
English:
tame - bland - accustomed to - used to
Grammar Note:
နာမဝိသေသန
ယဉ်းတိုက်
[jɪ́ɴtaɪʔ]
Arakanese:
တခုတရီ ပြုလုပ် ဆောင်ရွက်ဖို့အတွက် အဟိန်ယူရေ။ ကြက်နှစ်ကောင် ခွပ်ဖို့ ယိုင်းတိုက်နီ ကတ်တေ (အရပ်)
Burmese:
တစ်စုံတစ်ရာ ပြုလုပ် ဆောင်ရွက်ရန်အတွက် အရှိန်ယူသည်။ ကြက်နှစ်ကောင် ခွပ်ဖို့ ယိုင်းတိုက်နီ ကတ်တေ (အရပ်)
English:
none
Grammar Note:
နာမ်
ယဉ်းနား
[jɪ́ɴná]
Arakanese:
၁၊ ငတ်မွတ် ခေါင်းပါးသော ဖီးရောဂါ။ မမာ့ယောက်ျား၊ အကြင်သူကေ၊ ရှင်လူများရို့၊ ခေါင်းပါးငတ်မွတ်၊ ကပ်ရောဂါလေ၊ ယဉ်းနားသတ်၍၊ သက်ပြတ်ဇီဝိ (ဥဒိန်သာ)။ ၂၊ အခိုက်အတန့် အနိန်နန့်၊ မကန်မဝှန် ဖြစ်ပေါ်တတ်ရေ ကပ်ရောဂါဆိုး
Burmese:
၁၊ ငတ်မွတ် ခေါင်းပါးသော ဘေးရောဂါ။ မိန်းမယောက်ျား၊ အကြင်သူကေ၊ ရှင်လူများတို့၊ ခေါင်းပါးငတ်မွတ်၊ ကပ်ရောဂါလေ၊ ယဉ်းနားသတ်၍၊ သက်ပြတ်ဇီဝိ (ဥဒိန်သာ)။ ၂၊ အခိုက်အတန့် အားလျော်စွာ၊ အများအပြား ဖြစ်ပေါ်တတ်သော ကပ်ရောဂါဆိုး
English:
famine
Grammar Note:
နာမ်
ယဉ်ပေါင်
[jɪ̀ɴpèàɪ̀ɴ]
Arakanese:
ရက်ကန်းစင် ဆင်ရာမာ အဓိက လိုရင်းဖြစ်ရေ အလျားအလိုက် ထားရရေ အခြီခံ ဝဲ၊ ယာ သစ်သားပေါင် နှစ်ချောင်း
Burmese:
ယက်ကန်းစင် ဆင်ရာ၌ အဓိက လိုရင်းဖြစ်သော အလျားအလိုက် ထားရသော အခြေခံ ဝဲ၊ ယာ သစ်သားပေါင် နှစ်ချောင်း
English:
timber
Grammar Note:
နာမ်
ယဉ်ပါး
[jɪ̀ɴpàး]
Arakanese:
ကာမဆက်ဆံသည်
Burmese:
ကာမဆက်ဆံသည်
English:
have sexual relations - shag
Grammar Note:
ကြိယာ