Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 181–200 of 1,415 words

    ရ

    ရစု

    [ɹsoʊ]
    ရတတ်သမျှသော အရာ။ အမျိုးအမည်။ အတန်းအစား။ အသုံး ဝင်မဝင် မခွဲခြားပဲ စုဆောင်းထားရေ အရာဝတ္တု။ အသင့်လွယ်ရာ ရတတ်သမျှ
    ရတတ်သမျှသော အရာ။ အမျိုးအမည်။ အတန်းအစား။ အသုံး ဝင်မဝင် မခွဲခြားပဲ စုဆောင်းထားသော အရာဝတ္တု။ အသင့်လွယ်ရာ ရတတ်သမျှ
    assortment
    နာမ်

    ရစုရရာ

    [ɹsoʊɹɹà]
    ရသင့်ရထိုက်သော အဖို့အစု
    ရသင့်ရထိုက်သော အဖို့အစု
    claim
    နာမ်

    ရစ်

    [ɹɪʔ]
    ခွေပတ်ရေ။ ပတ်လည် စည်းနှောင်ရေ။ ၂၊ ဝဲ၊ ယာ ပတ်လည် လှည့်ပတ်ရေ။ ဝန်းခွေရေ။ ၃၊ တစုတခုသော ဆန္ဒအတွက် အဖန်ဖန်အထပ်ထပ်၊ တဝဲလည်လည်ပြုရေ။ တဝမ်းနီကေ၊ ညီမယားကို၊ နှောင်ဖွားကရစ်၊ မေ့ကိုပင်လေ၊ မြင်ကေကြိုက်လို့(ပန်း)။ ၄၊ တဦးကို တဦး အလီးအနက် ချစ်ခင်မှုချင်း
    ခွေပတ်သည်။ ပတ်လည် စည်းနှောင်သည်။ ၂၊ ဝဲ၊ ယာ ပတ်လည် လှည့်ပတ်သည်။ ဝန်းခွေသည်။ ၃၊ တစ်စုတစ်ခုသော ဆန္ဒအတွက် အဖန်ဖန်အထပ်ထပ်၊ တဝဲလည်လည်ပြုသည်။ တဝမ်းနီကေ၊ ညီမယားကို၊ နှောင်ဖွားကရစ်၊ မေ့ကိုပင်လေ၊ မြင်လျှင်ကြိုက်လို့(ပန်း)။ ၄၊ တစ်ဦးကို တစ်ဦး အလေးအနက် ချစ်ခင်မှုချင်း
    wind (as in ချည်ကို~) make a light circular cut (as in သစ်သီးကို ဓါးဖြင့်~) have a griping pain in the stomach (as in ဝမ်းထဲက~) loiter around - court (as in ကြက်ဖကြီး ~ ရေပိုင်) screw (as in ဝက်အူကို ~ရေ)
    ကြိယာ

    ရစ်၂

    [ɹɪʔ၂]
    ပတ်ပတ်လည် ထင်သော အရီးအကြောင်း။ အရစ်။ ကိုယ်မာ ပုလဲပေါက် ပါရေ ကြက်နန့်တူသော ငှက်တမျိုး
    ပတ်ပတ်လည် ထင်သော အရေးအကြောင်း။ အရစ်။ ကိုယ်တွင် အစက်အပြောက် ပါသော ကြက်နှင့်တူသော ငှက်တစ်မျိုး
    pheasant
    နာမ်

    ရစ်ကာရစ်ကာ

    [ɹɪʔkàɹɪʔkà]
    တခုတရီ၏ နံဖီးအပါးမာ ဝေ့ဝိုက်လှည့်ပတ် လားလာဗျာယ်။ ရစ်ကာရစ်ကာ ချီးပတ်မာ ငါးဝက်ရစ်တေပိုင် (ပုံ)
    တစ်စုံတစ်ရာ၏ အနီးအပါးတွင် ဝေ့ဝိုက်လှည့်ပတ် သွားလာလျက်။ ရစ်ကာရစ်ကာ ချီးပတ်မှာ ငါးဝက်ရစ်တေပိုင် (ပုံ)
    circle
    ကြိယာဝိသေသန

    ရစ်စောင်းရိပ်စောင်း

    [ɹɪʔsáʊɴɹìaʔsáʊɴ]
    အရိပ်အခြည်မျှကို ပြ၍ အရိပ်ကျလောင်းာက်ရီနည်းနန့်
    အရိပ်အခြည်မျှကို ပြ၍ သွယ်ဝိုက်သော နည်းဖြင့်
    indirectly
    ကြိယာဝိသေသန

    ရစ်စောင်းသတ်

    [ɹɪʔsáʊɴθaʔ]
    အရိပ်ကျလောင်းာက်ရေစကားဖြင့် ထိခိုက် ပုတ်ခတ်သည်
    သွယ်ဝိုက်သော စကားဖြင့် ထိခိုက် ပုတ်ခတ်သည်
    calumny
    ကြိယာ

    ရစ်ပတ်

    [ɹɪʔpaʔ]
    ခြည်မျှင်၊ အဝတ်ချာသော တခုတရီရို့နန့် တစုံတရာကို လှည့်ဝိုက် စည်းနှောင်သည်
    ချည်မျှင်၊ အဝတ်စသော တစ်စုံတစ်ခုတို့ဖြင့် တစ်စုံတရာကို လှည့်ဝိုက် စည်းနှောင်သည်
    wind (thread or cloth around sth)
    ကြိယာ

    ရစ်ပျာရစ်ပျာ

    [ɹɪʔpràɹɪʔprà]
    တခုတရီ၏ နံဖီးအပါးမာ ဝေ့ဝိုက် လှည့်ပတ် လားလာဗျာယ်။ ရစ်ကာရစ်ကာ ချီးပတ်မာ ငါးဝက်ရစ်တေပိုင် (ပုံ)
    တစ်စုံတစ်ရာ၏ အနီးအပါးတွင် ဝေ့ဝိုက် လှည့်ပတ် သွားလာလျက်။ ရစ်ကာရစ်ကာ ချီးပတ်မှာ ငါးဝက်ရစ်တေပိုင် (ပုံ)
    circle
    ကြိယာဝိသေသန

    ရစ်ဝဲ

    [ɹɪʔwɛ]
    စောင်းငဲ့၍ လှည့်လည် ပျံသန်းရေ။ ခရုသင်းစကြာ၊ စီးဗျာယ်ခါမှ၊ စန္ဒာရွှီလေး၊ လက်မာစွဲ၍၊ ရစ်ဝဲအာကာ၊ တောင်မိုင်ယံမာ၊ ပျံကာသန်းကေ၊ လှမ်းလို့လာရေ (ကော်)
    စောင်းငဲ့၍ လှည့်လည် ပျံသန်းသည်။ ခရုသင်းစကြာ၊ စီးပြီးခါမှ၊ စန္ဒာရွှီလေး၊ လက်မှာစွဲ၍၊ ရစ်ဝဲအာကာ၊ တောင်မိုင်ယံမှာ၊ ပျံကာသန်းကေ၊ လှမ်းလို့လာရေ (ကော်)
    fly in circles over sth - go round and round
    ကြိယာ

    ရစ်သိုင်း

    [ɹɪʔθáɪɴ]
    အထက်က လွှမ်းအုပ်ရေ။ ဝန်းကျင်က ပတ်ရစ်ရေ။ အပေါ်နန့် ဝန်းကျင်က လွှမ်းအုပ် ပတ်ရစ်ရေ။ သျှင်မချစ်နီဆာလှုံ၊ ကာသိန်မြို့တိုင်း၊ ခတောင်းပိုင်းကို၊ ရစ်ဟန်ကိုယ်ပေါ်ခြုံဗျာယ် (ဥဒိန်တု)
    အပေါ်က လွှမ်းအုပ်သည်။ ဝန်းကျင်က ပတ်ရစ်သည်။ အပေါ်နှင့် ဝန်းကျင်က လွှမ်းအုပ် ပတ်ရစ်သည်။ သျှင်မချစ်နီဆာလှုံ၊ ကာသိန်မြို့တိုင်း၊ ပုဆိုးပိုင်းကို၊ ရစ်သိုင်းကိုယ်ပေါ်ခြုံလျက် (ဥဒိန်တု)
    wear sth slung across ones sholder (like a sash) (as in ဒယောကွင်း~-) tie - bind - strap - wrap (sth with a cord rope strap etc)
    ကြိယာ

    ရစ်သီရစ်ဝဲ

    [ɹɪʔθíɹɪʔwɛ]
    အဝီးကို မခွာထွက်ပဲ နံဖီးအပါးမာ လှည့်ပတ် လားလာဗျာယ်။ တဝဲလည်လည် လှည့်ပတ်ဗျာယ်
    အဝေးကို မခွာထွက်ပဲ အနီးအပါးတွင် လှည့်ပတ် သွားလာလျက်။ တဝဲလည်လည် လှည့်ပတ်လျက်
    (keep remain loiter) in the vicinity of sb or sth (with an intention of getting sth)
    ကြိယာဝိသေသန

    ရစွာပိုင်

    [ɹswàpàɪɴ]
    မထိုက်မတန် အရာမသွင်းတန်စွာကို အရာသွင်းဗျာယ်။ မထိုက်တန်ပဲဗျာယ်။ အရာမဟုတ်ဘဲ မာကျယ်ဗျာယ်
    မထိုက်မတန် အရာမသွင်းတန်သည်ကို အရာသွင်းလျက်။ မထိုက်တန်ပဲလျက်။ အရာမဟုတ်ပဲ တွင်ကျယ်လျက်
    elaborateness
    ကြိယာဝိသေသန

    ရဉ်

    [ɹɪ̀ɴ]
    ပိုင်းဖြတ်ရေ။ အထူးဂါရ ကပိုင်သားကို ဒါးနန့် ရဉ် (ပုံ)။ သစ်သား အသားသေစီရန် အပင်၏ အောက်ခြီအရင်းမှ ပင်လုံးကို ပတ်ပတ် လည်လည်ရစ်၍ စိကေချေ ထစ်ထားရေ
    ပိုင်းဖြတ်သည်။ မဆီမဆိုင် ကပိုင်သားကို ဒါးနန့် ရဉ် (ပုံ)။ သစ်သား အသားသေစေရန် သစ်ပင်၏ အောက်ခြေအရင်းမှ ပင်လုံးကို ပတ်ပတ် လည်လည်ရစ်၍ အနည်းငယ် ထစ်ထားသည်
    compartmentalize
    ကြိယာ

    ရဉ့်

    [ɹɪ̀ɴ့]
    အခက်အလက် ထူထပ်စွာ အုပ်ဆိုင်း၍ အဝီးမှမြင်ရရေ သစ်တော။ အပင်စု၊ အပင် စရေ။ မောင်လှဦးဘ သစ်တောကို အဝီးက ကြည့်ကေ ရိုင့်လို့ တညီတည်း မြင်ရရေ (အရပ်)။ ငါးထောင် ပိုက်ချသော ကိရိယာ
    အခက်အလက် ထူထပ်စွာ အုပ်ဆိုင်း၍ အဝေးမှမြင်ရသော သစ်တော။ သစ်ပင်စု၊ သစ်ပင် စသည်။ မောင်လှဦးဘ သစ်တောကို အဝီးက ကြည့်ကေ ရိုင့်လို့ တညီတည်း မြင်ရရေ (အရပ်)။ ငါးထောင် ငါးဖမ်းသော ကိရိယာ
    forest
    နာမ်

    ရဉ့်ရဉ့််

    [ɹɪ̀ɴ့ɹɪ̀ɴ့်]
    အပင်၊ သစ်ရွက် အစဟိစွာ တခုနန့် တခု ထူထပ်စွာ အုပ်မိုးဗျာယ်
    သစ်ပင်၊ သစ်ရွက် စသည် တစ်ခုနှင့် တစ်ခု ထူထပ်စွာ အုပ်မိုးလျက်
    dense forest
    ကြိယာဝိသေသန

    ရည်

    [ɹɛ̀]
    တခုတရီကို ဦးတည်ပြီးကေ ညွှန်ရေ။ ၂၊ မျှော်လင့် ရည်ရွယ်သည်
    တစ်စုံတစ်ခုကို ဦးတည်၍ ညွှန်သည်။ ၂၊ မျှော်လင့် ရည်ရွယ်သည်
    aim at - hope for
    ကြိယာ

    ရည်၂

    [ɹɛ̀၂]
    ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ အရည်အခြင်း။ (လုပ်ရည် ကိုင်ရည် စရေ။
    ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ အရည်အချင်း။ (လုပ်ရည် ကိုင်ရည် စသည်။
    quality - characteristic - attribute (as in လုပ်~ ကိုင်~) lustre (as in ရွှေ~ဝင်းနီရေ
    နာမ်

    ရည်းစား

    [ɹɛ́sá]
    မမာ့နန့် ယောက်ျား အပြန်အလှန် ချစ်ဖော်ချစ်ဖက်
    မိန်းမနှင့် ယောက်ျား အပြန်အလှန် ချစ်ဖော်ချစ်ဖက်
    sweetheart
    နာမ်

    ရည်စားထား

    [ɹɛ̀sátʰá]
    ရည်းစားအဖြစ် စပ်မိအောင် လုပ်ရေ။ ရည်းစားရည်းစား၊ ချစ်လို့ထား၊ အထားမတတ်၊ သက်သီတတ် (ရိုးရာ)
    ရည်းစားအဖြစ် စပ်မိအောင် လုပ်သည်။ ရည်းစားရည်းစား၊ ချစ်လို့ထား၊ အထားမတတ်၊ သက်သီတတ် (ရိုးရာ)
    have a sweetheart
    ကြိယာ