Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 201–220 of 1,415 words

    ရ

    ရည်းစားမျှော်

    [ɹɛ́sámr̯ɔ̀]
    ချစ်သူ လာဖို့ လမ်းကို မျှော်လင့်နိန်ရေ
    ချစ်သူ လာမည့် လမ်းကို မျှော်လင့်နေသည်
    look at sweetheart
    ကြိယာ

    ရည်းစားသနား

    [ɹɛ́sáθná]
    တဦးနန့် တဦး အပြန်အလှန် မေတ္တာမျှဖက်
    တစ်ဦးနှင့် တစ်ဦး အပြန်အလှန် မေတ္တာမျှဖက်
    true love
    နာမ်

    ရည်းစီရည်းစား

    [ɹɛ́síɹɛ́sá]
    မမာ့နန့် ယောကျ်ား အပြန်အလှန် ချစ်ဖော်ချစ်ဖက်
    မိန်းမနှင့် ယောကျ်ား အပြန်အလှန် ချစ်ဖော်ချစ်ဖက်
    true love
    နာမ်

    ရည်စူး

    [ɹɛ̀sùး]
    တခုတရီကို တယောက်တလီ အတွက် ရည်မှတ် ထားရေ
    တစ်စုံတစ်ရာကို တစ်စုံတစ်ယောက် အတွက် ရည်မှတ် ထားသည်
    aim at - dedicate to - be meant for - earmark
    ကြိယာ

    ရည်ညွှန်း

    [ɹɛ̀ɲW̯áɴ]
    ရှီးရှု ဦးတည်ရေ။ အထောက်အထား ပြုသည်
    ရှေးရှု ဦးတည်သည်။ အထောက်အထား ပြုသည်
    refer to - make a reference to
    ကြိယာ

    ရည်တူ

    [ɹɛ̀tù]
    အဆင့်အတန်း ပြုလုပ် ဆောင်ရွက်နှိုင်ရေ ကိုယ်စွမ်းဉာဏ်စွမ်း အစဟိစွာ တူညီစွာ
    အဆင့်အတန်း ပြုလုပ် ဆောင်ရွက်နိုင်သော ကိုယ်စွမ်းဉာဏ်စွမ်း စသည် တူညီစွာ
    of the same rank qualification standard etc
    ကြိယာဝိသေသန

    ရည်မှတ်

    [ɹɛ̀m̥aʔ]
    တခုတရီကို စိတ်မာ သတ်မှတ်ထားရေ
    တစ်စုံတစ်ခုကို စိတ်တွင် သတ်မှတ်ထားသည်
    aim at - dedicate to - be meant for - earmark
    ကြိယာ

    ရည်ရည်လည်လည်

    [ɹɛ̀ɹɛ̀lɛ̀lɛ̀]
    ရှင်းလင်း ကွဲပြားစွာ။ တတ်ကျွမ်း နိုင်နင်းစွာ။ ယိုင်ကျေး ပြေပြစ်စွာ။ ယိုင်ကျေး သိမ်မွေ့စွာ
    ရှင်းလင်း ကွဲပြားစွာ။ ကျွမ်းကျင် နိုင်နင်းစွာ။ ယဉ်ကျေး ပြေပြစ်စွာ။ ယဉ်ကျေး သိမ်မွေ့စွာ
    urbanely
    ကြိယာဝိသေသန

    ရည်ရွယ်

    [ɹɛ̀ɹwɛ̀]
    တယောက်ယောက်အား တခုတရီကို ရည်သန် စွဲမှတ်ရေ။ ရှီးရှု၍ အာရုံ ထားရေ
    တစ်စုံတစ်ဦးအား တစ်စုံတစ်ခုကို ရည်သန် စွဲမှတ်သည်။ ရှေးရှု၍ အာရုံ ထားသည်
    hope for aim at - intend - be meant for
    ကြိယာ

    ရည်လည်

    [ɹɛ̀lɛ̀]
    သဖောပေါက် နားလည်သည်
    သဘောပေါက် နားလည်သည်
    understand
    ကြိယာ

    ရည်လည်ယောင်

    [ɹɛ̀lɛ̀jàʊɴ]
    ပပြတ်သသား သဖောပေါက် နားလည်ယောင် (ပြောရေ။) စကားပြေကေ သဖောပေါက် ရည်လည်ယောင် ပြောရရေ (အရပ်)
    ရှင်းရှင်းလင်းလင်း သဘောပေါက် နားလည်အောင် (ပြောသည်။) စကားပြေကေ သဘောပေါက် ရည်လည်အောင် ပြောရရေ (အရပ်)
    clarify
    ကြိယာဝိသေသန

    ရည်သန်

    [ɹɛ̀θàɴ]
    စိတ်မာ သက်ဝင် အာရုံပြုရေ။ ဆန္ဒပြုရေ။ တပိုင်းသီစွာ ရှီးရှု အာရုံ စူးစိုက်ရေ။ ကျွန်ုပ်ဧကန်၊ စိတ်ရည်သန်ပနာ၊ လှူဒါန်းပါရ၊ မြတ်ပုညကြောင့် (ဓမ္မသာ)
    စိတ်တွင် သက်ဝင် အာရုံပြုသည်။ ဆန္ဒပြုသည်။ ဆန္ဒပြင်းပြစွာ ရှေးရှု အာရုံ စူးစိုက်သည်။ ကျွန်ုပ်ဧကန်၊ စိတ်ရည်သန်၍၊ လှူဒါန်းပါရ၊ မြတ်ပုညကြောင့် (ဓမ္မသာ)
    hope for aim at - intend - be meant for
    ကြိယာ

    ရည်သန်စိတ်

    [ɹɛ̀θàɴseɪʔ]
    မူလ ကြံစည် ရည်ရွယ်ချက်။ မှန်းရွယ်ချက်
    မူလ ကြံစည် ရည်ရွယ်ချက်။ မှန်းရွယ်ချက်
    aim and object - purpose - intention
    နာမ်

    ရတက်ပွား

    [ɹtɛʔpWà]
    ကြောင့်ကြပူပင်မှု။ စိုးရိမ် ပူဆွေးမှုကြောင့် ခံစားရမှု
    ကြောင့်ကြ ပူပန်မှု။ စိုးရိမ် ပူဆွေးမှုကြောင့် ခံစားရမှု
    worry - anxiety
    နာမ်

    ရတတ်

    [ɹtaʔ]
    ကြီးငွီ ဝန် ဥစ္စာ ပြည့််စုံသော။ နော်ဇာဦးဘ လူရတတ် တန်းကားတရာ ခါးမာ လိတ်လို့၊ ရတတ်တေ (တေး)။ (လူရတတ်၊ ကြီးရတတ် အစဟိစွာသုံးရေ။
    ကြေးငွေ ပစ္စည်း ဥစ္စာ ပြည့််စုံသော။ နော်ဇာဦးဘ လူရတတ် တန်းကားတစ်ရာ ခါးမှာ လိတ်လို့၊ ရတတ်တေ (တေး)။ (လူရတတ်၊ ကြေးရတတ် စသည်သုံးသည်။
    unexpurgated
    နာမဝိသေသန

    ရတတ်တေ

    [ɹtaʔtè]
    ငွီ၊ ကြီး၊ ဝန်ဥစ္စာ ပြည့််စုံသည်
    ငွေ၊ ကြေး၊ ပစ္စည်းဥစ္စာ ပြည့််စုံသည်
    comfortably off
    ကြိယာ

    ရတနာလ

    [ɹtnàl]
    ဘုရား၊ တရား၊ သံဃာဆိုရေ ကြည်ညိုဖွယ်ရာ သုံးပါ။ ၂၊ စုံမက်မြတ်နိုး တန်ဖိုးထားရေ သား၊ သမီး၊ ဆင်၊ မြင်းအစဟိရေ သက်ဟိအရာ။ ၃၊ စုံမက်မြတ်နိုး တန်ဖိုးထားရေ ရွှီ၊ ငွီ အစဟိရေ သက်မဲ့ဝန် ဝတ္တု
    ဘုရား၊ တရား၊ သံဃာဟူသော ကြည်ညိုဖွယ်ရာ သုံးပါ။ ၂၊ စုံမက်မြတ်နိုး တန်ဖိုးထားသော သား၊ သမီး၊ ဆင်၊ မြင်းစသော သက်ယှိအရာ။ ၃၊ စုံမက်မြတ်နိုး တန်ဖိုးထားသော ရွှေ၊ ငွေ စသော သက်မဲ့ပစ္စည်း ဝတ္တု
    the three Gems or the three object of veneration ie Buddha Dharma and Sangha
    နာမ်

    ရတနာသုံးပါး

    [ɹtnàθóʊɴpàး]
    ဘုရား၊ တရား၊ သံဃာဆိုရေ ကြည်ညို မြတ်နိုးဖွယ် သုံးပါး
    ဘုရား၊ တရား၊ သံဃာဟူသော ကြည်ညို မြတ်နိုးဖွယ် သုံးပါး
    the three Gems or the three object of veneration ie Buddha Dharma and Sangha
    နာမ်

    ရံတန်း

    [ɹံtáɴ]
    အိမ်ကာရန် အလျားလိုက် ရိုက်ထားရေ အောက်ခံတန်း၊ ကြက်လျှောက်တန်း
    အိမ်ကာရန် အလျားလိုက် ရိုက်ထားသော အောက်ခံတန်း၊ ကြက်လျှောက်တန်း
    base rail
    နာမ်

    ရတိုင်းစု

    [ɹtáɪɴsoʊ]
    ရတတ်သမျှသော အရာ။ အမျိုးအမည်။ အတန်းအစား။ အသုံးဝင်မဝင် မခွဲခြားပဲ စုဆောင်းထားရေ အရာဝတ္တု ။ အသင့်လွယ်ရာ ရတတ်သမျှ
    ရတတ်သမျှသော အရာ။ အမျိုးအမည်။ အတန်းအစား။ အသုံးဝင်မဝင် မခွဲခြားပဲ စုဆောင်းထားသော အရာဝတ္တု ။ အသင့်လွယ်ရာ ရတတ်သမျှ
    assortment
    နာမ်