Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 241–260 of 1,415 words

    ရ

    ရန်စွယ်ရန်ငုတ်

    [ɹàɴswɛ̀ɹàɴŋoʊʔ]
    ရန်ပြု ထိပါးလာဖို့ ဖီးအန္တရာယ်။ အဟန့်အတား အပိတ် အပင်း အနှောင့်အယှက် ဖြစ်စီရေ အန္တရာယ်။ အယင်ကပင် ရန်ဖြစ်လို့ ဟိကတ်တေ ရန်စွယ် ရန်ငုတ်တိ မလားယေ (အရပ်)
    ရန်ပြု ထိပါးလာမည့် ဘေးအန္တရာယ်။ အဟန့်အတား အပိတ် အပင်း အနှောင့်အယှက် ဖြစ်စေသည့် အန္တရာယ်။ အယင်ကပင် ရန်ဖြစ်လို့ ဟိကတ်တေ ရန်စွယ် ရန်ငုတ်တိ မလားယေ (အရပ်)
    danger
    နာမ်

    ရန်တ

    [ɹàɴt]
    ရန်ဖြစ်ချင်ရေ စိတ်ဖြင့် တံပက်လူအား မကောင်း ပြောဆိုရေ
    ရန်ဖြစ်ချင်သည့် စိတ်ဖြင့် တစ်ဘက်သားအား မကောင်း ပြောဆိုသည်
    provoke
    ကြိယာ

    ရန်တင်း

    [ɹàɴtɪ́ɴ]
    ရန်ဖြစ်စီသော တခုတရီ၏ အကြောင်းခြင်းရာ။ ခြင်္သေ့မင်းကို၊ ရန်တင်းပြုမား၊ ယုန်ငယ်လားလို့ (ရခိုင်ကာ)
    ရန်ဖြစ်စေသော တစ်စုံတစ်ခု၏ အကြောင်းခြင်းရာ။ ခြင်္သေ့မင်းကို၊ ရန်တင်းပြုမှား၊ ယုန်ငယ်လားလို့ (ရခိုင်ကာ)
    source of danger
    နာမ်

    ရန်တင်းရှာ

    [ɹàɴtɪ́ɴʃà]
    တယောက်ယောက်အား နှောင့်ယှက်ထိပါး တိုက်ခိုက်ရေ။ တုနှိုင်းမရ၊ ရန်တင်းရှာ၊ ခရာစိုးမည်။ အိုမမာ့ (ငစွယ်)
    တစ်စုံတစ်ဦးအား နှောင့်ယှက်ထိပါး တိုက်ခိုက်သည်။ တုနှိုင်းမရ၊ ရန်တင်းရှာ၊ ခရာစိုးမည်။ အိုမိန်းမ (ငစွယ်)
    fight
    ကြိယာ

    ရန်တိုက်

    [ɹàɴtaɪʔ]
    တဦးနန့်တဦး တဖက်နန့်တဖက် ခိုက်ရန် ဖြစ်ပွားအောင် နှစ်ဘက်ကြား လှုပ်ရှား တက်ကြွစီရန် ဖန်တီးပီးရေ။ ခွီးသားရန်တိုက်၊ လူ့ပြည်ကျွန်းမာ၊ လူမဖြစ် (ပုံ)
    တစ်ဦးနှင့်တစ်ဦး တစ်ဘက်နှင့်တစ်ဘက် ခိုက်ရန် ဖြစ်ပွားအောင် နှစ်ဘက်ကြား လှုပ်ရှား တက်ကြွစေရန် ဖန်တီးပေးသည်။ ခွီးသားရန်တိုက်၊ လူ့ပြည်ကျွန်းမှာ၊ လူမဖြစ် (ပုံ)
    instigate - incite enmity
    ကြိယာ

    ရန်တု

    [ɹàɴtoʊ]
    တယောက်ယောက် တုပြိုင်၍ ရန်ပြုကတ်တေ
    တစ်စုံတစ်ဦး တုပြိုင်၍ ရန်ပြုကြသည်
    challenge (to fight) - enter into hostilities
    ကြိယာ

    ရန်တုံ့

    [ɹàɴto̰ʊɴ]
    တဦးနန့်တဦး တဖက်နန့်တဖက် အပြန်အလှန်အားဖြင့် ရန်ပြု ကတ်တေ။ ရန်သူကို ရန်တုံ့ မပြုရ (ပုံ)
    တစ်ဦးနှင့်တစ်ဦး တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန်အားဖြင့် ရန်ပြု ကြသည်။ ရန်သူကို ရန်တုံ့ မပြုရ (ပုံ)
    retaliate
    ကြိယာ

    ရန်ထောင်

    [ɹàɴtʰàʊɴ]
    တဦးနန့်တဦး တဖက်နန့်တဖက် အပြန်အလှန်အားဖြင့် ရန်ပြုကတ်တေ။ ရန်သူကို ရန်တုံ့ မပြုရ (ပုံ)
    တစ်ဦးနှင့်တစ်ဦး တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန်အားဖြင့် ရန်ပြုကြသည်။ ရန်သူကို ရန်တုံ့ မပြုရ (ပုံ)
    provoke reprove
    ကြိယာ

    ရန်ပ

    [ɹàɴp]
    ခိုက်ရန် ဖြစ်ပွားမှု။ ခိုက်ရန် ဖြစ်ပွားကတ်ရေ ဂူရာကျိုင်စု၏ လှုပ်ယှားမှု ပုံပန်းအသွင်
    ခိုက်ရန် ဖြစ်ပွားမှု။ ခိုက်ရန် ဖြစ်ပွားကြသည့် လူအုပ်စု၏ လှုပ်ရှားမှု ပုံပန်းအသွင်
    fight
    နာမ်

    ရန်ပုံငွီ

    [ɹàɴpòʊɴŋwí]
    တခုတရီသော ကိစ္စအတွက် သုံးစွဲရန် အသင်းအဖွဲ့ အစဟိစွာ၌ သတ်မှတ် စုဆောင်း ထားရေ ငွီ
    တစ်စုံတစ်ခုသော ကိစ္စအတွက် သုံးစွဲရန် အသင်းအဖွဲ့ စသည်၌ သတ်မှတ် စုဆောင်း ထားသော ငွေ
    fund
    နာမ်

    ရန်ပြ

    [ɹàɴpɹ]
    ရန်စစ် ငြိမ်းအီးလားပြီးကေ ဖြစ်တေ
    ရန်စစ် ငြိမ်းအေးသွားပြီး ဖြစ်သည်
    end the war
    ကြိယာ

    ရန်ပြု

    [ɹàɴpɹoʊ]
    တယောက်ယောက်အား နှောင့်ယှက်ထိပါး တိုက်ခိုက်ရေ။ တုနှိုင်းမရ၊ ရန်တင်းရှာ၊ ခရာစိုးမည်။ အိုမမာ့ (ငစွယ်)
    တစ်စုံတစ်ဦးအား နှောင့်ယှက်ထိပါး တိုက်ခိုက်သည်။ တုနှိုင်းမရ၊ ရန်တင်းရှာ၊ ခရာစိုးမည်။ အိုမိန်းမ (ငစွယ်)
    attack - assail
    ကြိယာ

    ရန်ပြေ

    [ɹàɴpɹè]
    ဖီးအန္တရာယ် ပပျောက်ရေ။ ရန်ဖီးစဲ ငြိမ်းသည်
    ဘေးအန္တရာယ် ပပျောက်သည်။ ရန်ဘေးစဲ ငြိမ်းသည်
    end the war
    ကြိယာ

    ရန်ဖက်

    [ɹàɴpʰɛʔ]
    ကိုယ့်နန့် ခိုက်ရန် ဖြစ်ဖူးသူ။ ကိုယ့်အား ရန်ဖြစ်လိုလားသူ
    မိမိနှင့် ခိုက်ရန် ဖြစ်ဖူးသူ။ မိမိအား ရန်ဖြစ်လိုလားသူ
    enemy - opponent - adversary Also ရန်ဘက်
    နာမ်

    ရန်ဖြစ်

    [ɹàɴpʰɹɪʔ]
    တဦးနန့် တဦး မသင့်မတင့် ပြောဆိုပြုမူသည်
    တစ်ဦးနှင့် တစ်ဦး မသင့်မတင့် ပြောဆိုပြုမူသည်
    quarrel
    ကြိယာ

    ရန်ဖြစ်ခဲဖြစ်

    [ɹàɴpʰɹɪʔkʰɛpʰɹɪʔ]
    တဦးနန့်တဦး ခိုက်ရန်ဖြစ်ပွားစေနှိုင်ရေ အခြီအရဲ
    တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဖြစ်ပွားစေနိုင်သည့် အခြေအနေ
    quarrel - fight
    နာမ်

    ရန်မ

    [ɹàɴm]
    တယောက်ယောက်အား နှောက်ယှက် ထိပါး တိုက်ခိုက်သည်
    တစ်စုံတစ်ဦးအား နှောက်ယှက် ထိပါး တိုက်ခိုက်သည်
    attack
    ကြိယာ

    ရန်မာန်

    [ɹàɴmààɴ]
    အနှောင့်အယှက် ပီးတတ်ရေ ဖီးရန်။ ၂၊ ထောင်လွှား မောက်မာ တက်ကြွပြီးကေ ရန်ပြုလိုရေ ကြမ်းတမ်းမှု
    အနှောင့်အယှက် ပေးတတ်သည့် ဘေးရန်။ ၂၊ ထောင်လွှား မောက်မာ တက်ကြွ၍ ရန်ပြုလိုသော ကြမ်းတမ်းမှု
    danger - harm
    နာမ်

    ရန်ရှာ

    [ɹàɴʃà]
    ရန်ပြုရေ။ ၂၊ အကြောင်းမဲ့ သတ်သတ် အကြောင်း ဖန်တီးပြီးကေ ဖီးရန် အနှောင့်အယှက် ပြုသည်
    ရန်ပြုသည်။ ၂၊ အကြောင်းမဲ့ သက်သက် အကြောင်း ဖန်တီး၍ ဘေးရန် အနှောင့်အယှက် ပြုသည်
    pick a quarrel - provoke
    ကြိယာ

    ရန်လို

    [ɹàɴlÒ]
    ရန်ဖြစ်ချင်စိတ် ကြီးမားရေ။ ရန်ဖြစ်မှုကို လိုလားရေ။ စွာရေ။ စိတ်၌ ရည်စူး၊ သတ်ရလိုဟု၊ ရန်ငြိုးကြူးလို့ (ဆဒ္ဒန်)
    ရန်ဖြစ်ချင်စိတ် ကြီးမားသည်။ ရန်ဖြစ်မှုကို လိုလားသည်။ စွာသည်။ စိတ်၌ ရည်စူး၊ သတ်ရလိုဟု၊ ရန်ငြိုးကြူးလို့ (ဆဒ္ဒန်)
    be quarrelsome - be aggressive
    ကြိယာ