Dictionary Entries
Showing 261–280 of 1,415 words
ရ
ရန်လိုမ
[ɹàɴlÒm]
Arakanese:
ရန်ပြုလိုရေ မမာ့။ ရန်ဖြစ်လို စိတ်ကြီးရေမမာ့။ စွာသော မမာ့။ စူဠသုဘဒ်၊ ဒေါသပိုကေ၊ ဖို့လိုမ၏၊ ဘဝဇာတ်ကို၊ တီးဖြတ်ပြီးကေ၊ တန်ဆာဆင်၍၊ စီရင်ဖို့ရာ (ဆဒ္ဒန်)
Burmese:
ရန်ပြုလိုသော မိန်းမ။ ရန်ဖြစ်လို စိတ်ကြီးသောမိန်းမ။ စွာသော မိန်းမ။ စူဠသုဘဒ်၊ ဒေါသပိုကေ၊ ရန်လိုမ၏၊ ဘဝဇာတ်ကို၊ တည်းဖြတ်ပြီးလျှင်၊ တန်ဆာဆင်၍၊ စီရင်တော့မည် (ဆဒ္ဒန်)
English:
be aggressive woman
Grammar Note:
နာမ်
ရန်လုပ်
[ɹàɴloʊʔ]
Arakanese:
ရန်ပြုရေ။ ရန်ဖြစ်ရန် အကြောင်းကို တလိတမန် ဖန်တီးရေ
Burmese:
ရန်ပြုသည်။ ရန်ဖြစ်ရန် အကြောင်းကို တမင်သက်သက် ဖန်တီးသည်
English:
be quarrelsome - provoke
Grammar Note:
ကြိယာ
ရန်သူ
[ɹàɴθù]
Arakanese:
ကိုယ့်အား ဖီးရန် နှောက်ယှက် ဖျက်ဆီးသူ
Burmese:
မိမိအား ဘေးရန် နှောက်ယှက် ဖျက်ဆီးသူ
English:
enemy
Grammar Note:
နာမ်
ရနှိုး
[ɹn̥ó]
Arakanese:
ရလိမ့်မေဟု မျှော်လင့်ထားစွာ။ ရဖို့ (ရအံ့) ဟု ယုံကြည်ထားဗျာယ်
Burmese:
ရလိမ့်မည်ဟု မျှော်လင့်ထားစွာ။ ရဖို့ (ရအံ့) ဟု ယုံကြည်ထားလျက်
English:
hopefully - expectantly - with expectation
Grammar Note:
ကြိယာဝိသေသန
ရနှိုးနှိုး
[ɹn̥ón̥ó]
Arakanese:
ရလိမ့်မေဟု မျှော်လင့်ထားရေ။ ရဖို့ (ရအံ့) ဟု ယုံကြည်ထားရေ
Burmese:
ရလိမ့်မည်ဟု မျှော်လင့်ထားသည်။ ရဖို့ (ရအံ့) ဟု ယုံကြည်ထားသည်
English:
believe
Grammar Note:
ကြိယာ
ရနှိုးနှိုး၂
[ɹn̥ón̥ó၂]
Arakanese:
ရရန်ဆိုရေ မျှော်လင့်ချက်။ ရရန်ဆိုရေ မျှော်လင့် စွဲလန်းချက်
Burmese:
ရရန်ဟူသော မျှော်လင့်ချက်။ ရရန်ဟူသော မျှော်လင့် စွဲလန်းချက်
English:
hope
Grammar Note:
နာမ်
ရနှိုးရနှိုး
[ɹn̥óɹn̥ó]
Arakanese:
ရရန်ဆိုရေ အလွန်အကျွံ မျှော်လင့်ချက် တကြီးနန့်။ ရနိုင်ခရေကို တမ်းတမျှော်လင့် စောင့်နီသောအနိန်နန့် ရနှိုးရနှိုး၊ မျှော်ကာကိုးဗျာယ် (လွမ်းခြင်း)
Burmese:
ရရန်ဟူသော အလွန်အမင်း မျှော်လင့်ချက် တကြီးနှင့်။ ရနိုင်ခဲ့သည်ကို တမ်းတမျှော်လင့် စောင့်နေသော အားဖြင့် ရနှိုးရနှိုး၊ မျှော်ကာကိုးလျက် (လွမ်းခြင်း)
English:
hope
Grammar Note:
ကြိယာဝိသေသန
ရပိုင်ခွင့်
[ɹpàɪɴkʰwɪ̰ɴ]
Arakanese:
ဥပဒေအရ တနည်း ပဋိညာဉ် ဝန်ခံထားချက်အရ တခုတရီ။ ရပွားစား-ယောက်က ရဟိခံစားနှိုင်ရေ အကျိုးကျေးဇု
Burmese:
ဥပဒေအရ သို့မဟုတ် ပဋိညာဉ် ဝန်ခံထားချက်အရ တစ်စုံတစ်ရာ။ ရပွားစား-ယောက်က ရယှိခံစားနိုင်သော အကျိုးကျေးဇူး
English:
right - entitlement
Grammar Note:
နာမ်
ရပေါက်လမ်းစ
[ɹpaʊʔláɴs]
Arakanese:
ရနိုင်စရာ အခွင့်အရီး အခွင့်အခါ အခြီအရဲ
Burmese:
ရနိုင်စရာ အခွင့်အရေး အခွင့်အခါ အခြေအနေ
English:
opportunity
Grammar Note:
နာမ်
ရပေါ်ကြိမ်
[ɹpɔ̀t͡ɕèɪɴ]
Arakanese:
ပျော့ပျောင်းရေ ကြိမ်နွယ်တမျိုး
Burmese:
ပျော့ပျောင်းသော ကြိမ်နွယ်တစ်မျိုး
English:
bine
Grammar Note:
နာမ်
ရပ်
[ɹaʔ]
Arakanese:
တန့်အောင် ပြုရေ။ တန့်စီရေ။ ၂၊ ကိုယ်ခန္ဓာကို ဆန့်ဗျာယ် မြီကြီးထက်မာ တည်စီရေ။ ၃၊ လှုပ်ယှားမှု အဟိန်အဟုန် တန့်သည်
Burmese:
တန့်အောင် ပြုသည်။ တန့်စေသည်။ ၂၊ ကိုယ်ခန္ဓာကို ဆန့်လျက် မြေကြီးပေါ်တွင် တည်စေသည်။ ၃၊ လှုပ်ရှားမှု အရှိန်အဟုန် တန့်သည်
English:
stop stand upright request (as in မေတ္တာ~-) Also ရပ်ခံ
Grammar Note:
ကြိယာ
ရပ်၂
[ɹaʔ၂]
Arakanese:
တခုတရီ ဖြစ်တည်ရာ စစွဲမမြဲ နီထိုင်ရာ ဒေသ အပိုင်းအရာ။ ၂၊ ဝန်းကျင်လူရို့ တတည့် မျက်နှာမူရာ။ ၃၊ လူတယောက် တည်တည့် ရပ်ရေအတိုင်း အရှည်
Burmese:
တစ်စုံတစ်ခု ဖြစ်တည်ရာ စွဲစွဲမြဲမြဲ နေထိုင်ရာ ဒေသ အပိုင်းအခြား။ ၂၊ ဝန်းကျင်လူတို့ တည့်တည့် မျက်နှာမူရာ။ ၃၊ လူတစ်ယောက် တည်တည့် ရပ်သည့်အတိုင်း အရှည်
English:
place - community - quarter (as in ~ရှစ်ပါး၊~ရေးရွာရေး၊ မျက်ပါး~) Also အရပ်
Grammar Note:
နာမ်
ရပ်ကျော်ရွာကျော်
[ɹaʔt͡ɕɔ̀ɹwàt͡ɕɔ̀]
Arakanese:
ရပ်ရွာဒေသ တခွင်လုံး သိဟိဗျာယ်။ ရပ်ရွာ၌ ထင်ရှားဗျာယ်
Burmese:
ရပ်ရွာဒေသ တခွင်လုံး သိရှိလျက်။ ရပ်ရွာ၌ ထင်ရှားလျက်
English:
be widely known
Grammar Note:
ကြိယာဝိသေသန
ရပ်ကြီးရွာကြီးသား
[ɹaʔt͡ɕïɹwàt͡ɕïθá]
Arakanese:
လူမှုရီး ထွန်းကားသော မြို့ရွာကြီးရို့မာ မွီးဖွား ကြီးပြင်းလာသူ
Burmese:
လူမှုရေး ထွန်းကားသော မြို့ရွာကြီးတို့တွင် မွေးဖွား ကြီးပြင်းလာသူ
English:
city-bred man - townsman
Grammar Note:
နာမ်
ရပ်ကြီးရွာကြီးသူ
[ɹaʔt͡ɕïɹwàt͡ɕïθù]
Arakanese:
လူမှုရီး ထွန်းကားသော မြို့ရွာကြီးရို့မာ မွီးဖွား ကြီးပြင်းလာသူ။ လူမှုရီး ထွန်းကားသော မြို့ကြီးရို့မာ မွီးဖွား ကြီးပြင်းသူ အမျိုးသမီး
Burmese:
လူမှုရေး ထွန်းကားသော မြို့ရွာကြီးတို့တွင် မွေးဖွား ကြီးပြင်းလာသူ။ လူမှုရေး ထွန်းကားသော မြို့ကြီးတို့တွင် မွေးဖွား ကြီးပြင်းသူ အမျိုးသမီး
English:
city-bred woman
Grammar Note:
နာမ်
ရပ်ကွက်
[ɹaʔkwɛʔ]
Arakanese:
ရပ်ရွာ၏ အစိတ်အပိုင်း နီရာအရပ်။ လူရို့ တစုတရုံးတည်း နီထိုင်ရာ ပတ်လည် အပိုင်းအရာ
Burmese:
ရပ်ရွာ၏ အစိတ်အပိုင်း နေရာအရပ်။ လူတို့ တစ်စုတစ်ရုံးတည်း နေထိုင်ရာ ပတ်လည် အပိုင်းအခြား
English:
quarter (of town) - ward
Grammar Note:
နာမ်
ရပ်ခံ
[ɹaʔkʰံ]
Arakanese:
တခုတရီသော ဖီးအန္တရာယ်ကို (နောက်မဆုတ်ပဲ) ရပ်တည် ခုခံသည်
Burmese:
တစ်စုံတစ်ခုသော ဘေးအန္တရာယ်ကို (နောက်မဆုတ်ပဲ) ရပ်တည် ခုခံသည်
English:
resist
Grammar Note:
ကြိယာ
ရပ်ခံသား
[ɹaʔkʰံθá]
Arakanese:
ရပ်ရွာမာ အခြီချ နီထိုင်သူ
Burmese:
ရပ်ရွာတွင် အခြေချ နေထိုင်သူ
English:
settle
Grammar Note:
နာမ်
ရပ်ခေါင်
[ɹaʔkʰèàɪ̀ɴ]
Arakanese:
အလွန် ကွာလှမ်းသော။ အလွန် ဝေးသော။ နီးစပ်မှု မဟိရေ
Burmese:
အလွန် ကွာလှမ်းသော။ အလွန် ဝေးသော။ နီးစပ်မှု မရှိသော
English:
distant
Grammar Note:
နာမဝိသေသန
ရပ်ခေါင်ရွာခေါင်
[ɹaʔkʰèàɪ̀ɴɹwàkʰèàɪ̀ɴ]
Arakanese:
အလွန် ကွာလှမ်းသော။ အလွန် ဝေးသော။ နီးစပ်မှု မဟိရေ
Burmese:
အလွန် ကွာလှမ်းသော။ အလွန် ဝေးသော။ နီးစပ်မှု မရှိသော
English:
distant
Grammar Note:
နာမဝိသေသန