Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 281–300 of 1,415 words

    ရ

    ရပ်ခြား

    [ɹaʔkʰɹá]
    ကိုယ့် နီထိုင်ရာ ရပ်ရွာကို ထားပနာ တပါးသော ဒေသရပ်ရွာ၊ မြစ်၊ ချောင်း ပင်လယ် စစွာကို ကူးဖြတ်ပနာ လားလာရရေ တပါးသော ရပ်ရွာ
    မိမိ၏ နေထိုင်ရာ ရပ်ရွာကို ထား၍ တစ်ပါးသော ဒေသရပ်ရွာ၊ မြစ်၊ ချောင်း ပင်လယ် စသည်ကို ကူးဖြတ်၍ သွားလာရသော တစ်ပါးသော ရပ်ရွာ
    foreign country
    နာမ်

    ရပ်စိရပ်စောက်

    [ɹaʔsìɹaʔsɔ́ɛʔ]
    ကိုယ်စန့်စန် ရပ်ဗျာယ်။ ၂၊ အခိုက်အတန့် ရပ်ဗျာယ်
    ကိုယ်စန့်စန် ရပ်လျက်။ ၂၊ အခိုက်အတန့် ရပ်လျက်
    moment
    ကြိယာဝိသေသန

    ရပ်စောက်

    [ɹaʔsɔ́ɛʔ]
    ကိုယ်ခန္ဓာကို အထက် အောက် တဖြောင့်တည်း တည်စီပြီးကေ။ ၂၊ တတည့် ထောင်ဗျာယ် အနိန်အထားဖြင့်။ ရပ်စောက်မောင်ယေ၊ အိမ်စလင်းမာ၊ ကြာခရေ (တေး)
    ကိုယ်ခန္ဓာကို အထက် အောက် တဖြောင့်တည်း တည်စေလျက်။ ၂၊ တည့်တည့် ထောင်လျက် အနေအထားဖြင့်။ ရပ်စောက်မောင်ယေ၊ အိမ်သလင်းမှာ၊ ကြာခရေ (တေး)
    straightforward
    ကြိယာဝိသေသန

    ရပ်စောက်ကုလားထိုင်

    [ɹaʔsɔ́ɛʔkoʊlátʰàɪɴ]
    ခြေတံရှည်သော ကုလားထိုင်
    ခြေတံရှည်သော ကုလားထိုင်
    chair
    နာမ်

    ရပ်စောက်ခဝဲသီး

    [ɹaʔsɔ́ɛʔkʰwɛθï]
    ဟင်းလျာအဖြစ် သုံးရရေ ချွဲသော အစီးဟိရေ သီးတောင့်သီးသည့် အပင်တမျိုး။ ချောဒေါင့်သီး
    ဟင်းလျာအဖြစ် သုံးရသော ချွဲသော အစေးရှိသော သီးတောင့်သီးသည့် အပင်တစ်မျိုး။ ရုံးပတီသီး
    ridged gourd - angular luffa plant [Mon ခဝေါ]?
    နာမ်

    ရပ်စောက်စင်း

    [ɹaʔsɔ́ɛʔsɪ́ɴ]
    အဝတ်အထည်ရို့မာ ရက်ကန်း အနံလိုက် ပြုလုပ်ထားရေ အစင်းကြောင်း
    အဝတ်အထည်တို့တွင် ရက်ကန်း အနံလိုက် ပြုလုပ်ထားသည့် အစင်းကြောင်း
    stripe
    နာမ်

    ရပ်စောက်ဆောက်

    [ɹaʔsɔ́ɛʔsʰɔ́ɛʔ]
    ကိုယ်ကို စန့်စန် ရပ်ဗျာယ်
    ကိုယ်ကို စန့်စန် ရပ်လျက်
    lying
    ကြိယာဝိသေသန

    ရပ်စောက်ဆွီး

    [ɹaʔsɔ́ɛʔsʰwï]
    ယုတ်မာသော အပြုအမူ အပြောအဆို။ ၂၊ ယုတ်မာသောသူ။ ၃၊ ဆိုးညစ် ယုတ်မာသော သူကို တင်စားပနာ ပြောဆိုရေ စကားလုံး။ မခုတ်မထစ်ပဲ အပိုင် သွိခြောက်ပနာ အဆွီးလားရေ အပင်
    ယုတ်မာသော အပြုအမူ အပြောအဆို။ ၂၊ ယုတ်မာသောသူ။ ၃၊ ဆိုးညစ် ယုတ်မာသော သူကို တင်စား၍ ပြောဆိုသော စကားလုံး။ မခုတ်မထစ်ပဲ အလိုလို သွေ့ခြောက်၍ ဆွေးမြေ့သွားသော သစ်ပင်
    nefairous
    နာမ်

    ရပ်စောက်ဈီး

    [ɹaʔsɔ́ɛʔzʱï]
    အမိုးမဲ့ အကာမဲ့ မိုးထ၊ ညဇာ တနားချေတဗွေချေမျှ ရောင်းချသော ဈီး
    အမိုးမဲ့ အကာမဲ့ နံနက်၊ ညနေ ခေတ္တမျှ ရောင်းချသော ဈေး
    temporary market
    နာမ်

    ရပ်စောက်ထောင်

    [ɹaʔsɔ́ɛʔtʰàʊɴ]
    တတည့် ထောင်ဗျာယ်။ ဗေါင်းဇောက် အနိန်အထားအနိန်နန့်
    တည့်တည့် ထောင်လျက်။ မတ်စောက် အနေအထား အားဖြင့်
    straightforward
    ကြိယာဝိသေသန

    ရပ်စောက်နာ

    [ɹaʔsɔ́ɛʔnà]
    အိပ်ရာမာ လဲဗျာယ်မနေပဲ၊ လားလာ လှုပ်ယှားဗျာယ်နန့် စွဲကပ်သော ရောဂါ ဝေဒနာ
    အိပ်ရာတွင် လဲလျက်မနေပဲ၊ သွားလာ လှုပ်ရှားလျက်နှင့် စွဲကပ်သော ရောဂါ ဝေဒနာ
    disease
    နာမ်

    ရပ်စောက်ပြီး

    [ɹaʔsɔ́ɛʔpɹï]
    အချေများ ရပ်စောက်ရပ်ပနာ ပြေးလားနှိုင်သော တနှစ်မှ သုံးနှစ်အရွယ်
    ကလေးငယ်များ မတ်တပ်ရပ်၍ ပြေးသွားနိုင်သော တစ်နှစ်မှ သုံးနှစ်အရွယ်
    baby
    ကြိယာ

    ရပ်စောက်မျှိုင်

    [ɹaʔsɔ́ɛʔmr̯àɪɴ]
    ဆိတ်ငြိမ်စွာ မရာမကြည် ငေးငိုင်ရေ။ ရွှင်လမ်း တက်ကြွခြင်း ကင်းစွာ ငေးငိုင် ဆုတ်နစ်နိန်ရေ။ သပိတ်တော်လေ၊ ဖိတ်ကာကျကေ၊ လက်ကလွတ်ယောင်၊ ရပ်စောက်မျှိုင်ရေ (မင်းနန်း)
    ဆိတ်ငြိမ်စွာ မသာမကြည် ငေးငိုင်သည်။ ရွှင်လမ်း တက်ကြွခြင်း ကင်းစွာ ငေးငိုင် ဆုတ်နစ်နေသည်။ သပိတ်တော်လေ၊ ဖိတ်ကာကျကေ၊ လက်ကလွတ်ယောင်၊ ရပ်စောက်မျှိုင်ရေ (မင်းနန်း)
    gaze
    ကြိယာ

    ရပ်စောက်လား

    [ɹaʔsɔ́ɛʔlá]
    အချေတိအား ရပ်စောက်ရပ်ပနာ လားနှိုင်စ အရွယ်
    ကလေးငယ်များအား မတ်တပ်ရပ်၍ သွားနိုင်စ အရွယ်
    baby
    နာမ်

    ရပ်စွန်ပြည်နား

    [ɹaʔsʊ̀ɴpɹɛná]
    နိုင်ငံ နယ်နိမိတ် အစွန်အဖျား ဒေသ။ နိုင်ငံ၏ အစွန်အဖျား၌ တည်ဟိရေ ကျေးရွာ
    နိုင်ငံ နယ်နိမိတ် အစွန်အဖျား ဒေသ။ နိုင်ငံ၏ အစွန်အဖျား၌ တည်ရှိသော ကျေးရွာ
    overskirts (of a town or village)
    နာမ်

    ရပ်ဆိုင်း

    [ɹaʔsʰáɪɴ]
    တန့်နေ စီရေ။ အခိုက်အတန့်အနိန်နန့် ပိုင်းခြား၍ ပြတ်တောက် စီရေ။ ၂၊ ဟိကိုတိုးပြီးကေ လုပ်ဆောင်ခြင်း၊ တိန်း ငြိမ်သက် လှုပ်ရှားခြင်းရို့ အခိုက်အတန့် အပိုင်းအရာအနိန်နန့် ပြတ်တောက်သည်
    တန့်နေ စေသည်။ အခိုက်အတန့် အားဖြင့် ပိုင်းခြား၍ ပြတ်တောက် စေသည်။ ၂၊ ရှေ့ကိုတိုး၍ လုပ်ဆောင်ခြင်း၊ တိတ်ဆိတ် ငြိမ်သက် လှုပ်ရှားခြင်းတို့ အခိုက်အတန့် အပိုင်းအခြား အားဖြင့် ပြတ်တောက်သည်
    suspend - break ( as in ထမင်းစားချိန်တွင် အလုပ်ကို~-) terminate (as in အလုပ်တာဝန်မှ~-) - discontinue
    ကြိယာ

    ရပ်ဆွီရွာမျိုး

    [ɹaʔsʰwíɹwàmró]
    တရပ်တည်း တတူ နီထိုင်ဖက် ဖြစ်သူ။ အသွီးအသားချင်း မတော်စပ်ကေလေ့ တရပ်တည်း တရွာတည်း၌ တတူ နီထိုင်ပနာ ခင်မင်ချစ်ကျွမ်း ဝင်သူ
    တစ်ရပ်တည်း အတူ နေထိုင်ဖက် ဖြစ်သူ။ အသွေးအသားချင်း မတော်စပ်သော်လည်း တစ်ရပ်တည်း တစ်ရွာတည်း၌ အတူ နေထိုင်၍ ခင်မင်ချစ်ကျွမ်း ဝင်သူ
    fellow villager or townsman as close as kin
    နာမ်

    ရပ်တည်

    [ɹaʔtɛ̀]
    ကိုယ့်စိတ်ကို မယိမ်းမယိုင် မလှုပ်ရှား ရယောင် စောင့်ထိန်းရေ။ စိတ်ကို တနီရာမာ စူးစိုက်ထားရေ။ ၂၊ တိုင်း ခိုင်ခံ့စွာ ရပ်နိုင်စွမ်းသည်
    မိမိစိတ်ကို မယိမ်းမယိုင် မလှုပ်ရှား ရအောင် စောင့်ထိန်းသည်။ စိတ်ကို တစ်နေရာတွင် စူးစိုက်ထားသည်။ ၂၊ တည်ငြိမ် ခိုင်ခံ့စွာ ရပ်နိုင်စွမ်းသည်
    exist (as in အစာရေစာ မရှိဘဲ လူတို့ ~နိုင်ရန်) abide by - stand by (as in အမှန်တရားဘက်မှ~-)
    ကြိယာ

    ရပ်တတ်

    [ɹaʔtaʔ]
    (မလားတတ်သေး) ရပ်တတ်ရုံမျှ ဖြစ်ရေ အရွယ်ဖြစ်ဗျာယ်။ မလှမ်းနိုင်ကေ၊ တန်းကိုင်တတ်နန့်၊ ရပ်တတ်ကပင်၊ ဖဝါးသင်ကေ (ကော်)
    (မသွားတတ်သေး) ရပ်တတ်ရုံမျှ ဖြစ်သော အရွယ်ဖြစ်လျက်။ မလှမ်းနိုင်ကေ၊ တန်းကိုင်တတ်နှင့်၊ ရပ်တတ်ကပင်၊ ဖဝါးသင်ကေ (ကော်)
    in an upright position (as in ~လား-၊~ရပ်-)
    ကြိယာဝိသေသန

    ရပ်တတ်သျှေ

    [ɹaʔtaʔʃè]
    (မလားတတ်သေး) ရပ်တတ်ရုံမျှ ဖြစ်ရေ အရွယ်။ မလှမ်းနိုင်ကေ၊ တန်းကိုင်တတ်နန့်၊ ရပ်တတ်ကပင်၊ ဖဝါးသင်ကေ။ (ကော်
    (မသွားတတ်သေး) ရပ်တတ်ရုံမျှ ဖြစ်သော အရွယ်။ မလှမ်းနိုင်ကေ၊ တန်းကိုင်တတ်နှင့်၊ ရပ်တတ်ကပင်၊ ဖဝါးသင်ကေ။ (ကော်
    baby
    နာမ်