Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 301–320 of 1,415 words

    ရ

    ရပ်တန့်

    [ɹaʔtàɴ့]
    တခုတရီ ဆောင်ရွက်ဆဲ၌ ပြတ်ရေ။ တနားချေတဗွေချေ တန့်ရေ။ ၂၊ တစုံ တခု လှုပ်ယှားမှုမှ ပြီးပြတ်စီရေ
    တစ်စုံတစ်ခု ဆောင်ရွက်ဆဲ၌ ပြတ်သည်။ ခေတ္တ ရပ်သည်။ ၂၊ တစ်စုံ တစ်ခု လှုပ်ရှားမှုမှ ပြီးပြတ်စေသည်
    stop - halt - stand still ( as in တိုးတက်မှုမရှိဘဲ~နေ-)
    ကြိယာ

    ရပ်တော်မူ

    [ɹaʔtɔ̀mù]
    ရပ်ဗျာယ် နေတော်မူ ပုံအတိုင်း ထုလုပ်ထားရေ ဗုဒ္ဓ ရုပ်ပွားတော်
    ရပ်လျက် နေတော်မူ ပုံအတိုင်း ထုလုပ်ထားသည့် ဗုဒ္ဓ ရုပ်ပွားတော်
    status of a standing Buddha
    နာမ်

    ရပ်နား

    [ɹaʔná]
    တခုတရီ လှုပ်ယှားမှုမှ ရပ်ပနာ တနားချေတဗွေချေအားဖြင့် တိုင်းစွာ နိန်ရေ။ ၂၊ ခရီးလား လာနေခိုက် တနီရာရာမာ ပင်ပန်း နွမ်းရိမှုကို ပြေပျောက်စီသည်
    တစ်စုံတစ်ရာ လှုပ်ရှားမှုမှ ရပ်၍ ခေတ္တအားဖြင့် တည်ငြိမ်စွာ နေသည်။ ၂၊ ခရီးသွား လာနေခိုက် တစ်နေရာရာတွင် ပင်ပန်း နွမ်းနယ်မှုကို ပြေပျောက်စေသည်
    stop awhile
    ကြိယာ

    ရပ်နိ

    [ɹaʔnì]
    တခုတရီသို့ မလားမလာပဲ နီမြဲတိုင်း နီရာမာပင် ရပ်တည်နီရေ
    တစ်စုံတစ်ရာသို့ မသွားမလာပဲ နေမြဲတိုင်း နေရာတွင်ပင် ရပ်တည်နေသည်
    [arch.] (of troops) encamp
    ကြိယာ

    ရပ်နိ၂

    [ɹaʔnì၂]
    တရပ်တည်းမာ တတူ နီထိုင်ဖော် ဖြစ်သူ
    တစ်ရပ်တည်းတွင် အတူ နေထိုင်ဖော် ဖြစ်သူ
    neighbour
    နာမ်

    ရပ်မိရပ်ဖ

    [ɹaʔmìɹaʔpʰ]
    ရပ်ရွာ၌ ကြည်ညို လေးစားထိုက်သော အသက်အားဖြင့် ကြီးရင့်သော အကြီးအကဲ ပုဂ္ဂိုလ်
    ရပ်ရွာ၌ ကြည်ညို လေးစားထိုက်သော အသက်အားဖြင့် ကြီးရင့်သော အကြီးအကဲ ပုဂ္ဂိုလ်
    elders of the community
    နာမ်

    ရပ်မြီ

    [ɹaʔmɹì]
    ကိုယ့် နီထိုင်သော မှီခိုရာ အရပ်
    မိမိ နေထိုင်သော မှီခိုရာ အရပ်
    place
    နာမ်

    ရပ်မှုရွာမှု

    [ɹaʔm̥oʊɹwàm̥oʊ]
    ရပ်ရွာမာ နီထိုင်သူတိနန့် ဆိုင်ရေ အကျိုး ကျေးဇု တစုံ တရာ ပေါ်ထွက်ရန် ဆောင်ရွက်မှု
    ရပ်ရွာတွင် နေထိုင်သူများနှင့် ပတ်သက်သော အကျိုး ကျေးဇူး တစ်စုံ တစ်ရာ ပေါ်ထွက်ရန် ဆောင်ရွက်မှု
    community affairs
    နာမ်

    ရပ်ရွာ

    [ɹaʔɹwà]
    လူနီ အရပ် ပတ်လည် အပိုင်းအရာ။ လူမကန်မဝှန် တပေါင်းတည်း အိုးအိမ် ဖွဲ့စည်းချ ရပ်အားကိုး ရပ်တည်ရာ ဒေသ
    လူနေ အရပ် ပတ်လည် အပိုင်းအခြား။ လူအများအပြား တပေါင်းတည်း အိုးအိမ် ဖွဲ့စည်းချ ရပ်အားကိုး ရပ်တည်ရာ ဒေသ
    village - town community (as in ~အကျိုး)
    နာမ်

    ရပ်ရွာနီမြီ

    [ɹaʔɹwànímɹì]
    ကိုယ့်နီထိုင်သော မှီခိုရာ အရပ်
    မိမိနေထိုင်သော မှီခိုရာ အရပ်
    place
    နာမ်

    ရပ်ဝီး

    [ɹaʔwï]
    ကိုယ့် နီထိုင်ရာ အရပ်နန့် ကွာလှမ်းပြီးကေ တပါးသော နီရာ
    မိမိ နေထိုင်ရာ အရပ်နှင့် ကွာလှမ်း၍ တစ်ပါးသော နေရာ
    distant place
    နာမ်

    ရပ်ဝီးမြီတာ

    [ɹaʔwïmɹìtà]
    ကိုယ့် နီထိုင်ရာ အရပ်နန့် ကွာလှမ်းပြီးကေ တပါးသော နီရာ။ ရပ်ဝီးမြီတာ၊ ဂုချိန်ခါ၌၊ မပါသားလှ (ကော်)။ တွေးခေါ်တစိ.၊ စိုးမဟိခြင်း၊ ရပ်ဝီးမြီတာ၊ ဂုချိန်ခါ၌ (ထာနု)
    မိမိ နေထိုင်ရာ အရပ်နှင့် ကွာလှမ်း၍ တစ်ပါးသော နေရာ။ ရပ်ဝီးမြီတာ၊ ယခုအခါ၌၊ မပါသားလှ (ကော်)။ တွေးတောတစိ.၊ စိုးမရှိခြင်း၊ ရပ်ဝီးမြီတာ၊ ယခုအခါ၌ (ထာနု)
    distant place
    နာမ်

    ရပ်သိပြည်သိ

    [ɹaʔθìpɹɛθì]
    ရပ်ရွာနေ လူအတိနန့် နိုင်ငံအဝှမ်း သိစီပြီးကေ။ အများ သိစီခံပြီးကေ
    ရပ်ရွာနေ လူအများနှင့် နိုင်ငံအဝှမ်း သိစေလျက်။ အများ သိစေခံလျက်
    publicly (as in အပုချေကို~မွေးစားရေ)
    ကြိယာဝိသေသန

    ရပ်သူရွာသား

    [ɹaʔθùɹwàθá]
    မြို့၊ ရွာ၊ ရပ်ကွက် တခုလုံးမာ နီထိုင်ကတ်သူတိ
    မြို့၊ ရွာ၊ ရပ်ကွက် တစ်ခုလုံးတွင် နေထိုင်ကြသူများ
    members of a community - residents of a town or a village
    နာမ်

    ရပွားစား

    [ɹpWàsá]
    ရခိုင်မင်း လက်ထက်မာ (ရွာစားပိုင် ကျေးရွာနယ်မြီဒေသ) ရပွား ချောင်းနယ်မြီဒေသ သတ်မှတ်ပနာ အခွန်အတုတ် ကောက်ခံ ယူပိုင်ခွင့် ပီးအပ်ခြင်း ခံရသူ။ (အဂု ဘင်္ဂလားဒေ့ရှ် တောင်တန်းဒေသမာ ဟိရေ။
    ရခိုင်မင်း လက်ထက်တွင် (ရွာစားကဲ့သို့ ကျေးရွာနယ်မြေဒေသ) ရပွား ချောင်းနယ်မြေဒေသ သတ်မှတ်၍ အခွန်အတုတ် ကောက်ခံ ယူပိုင်ခွင့် ပေးအပ်ခြင်း ခံရသူ။ (ယခု ဘင်္ဂလားဒေ့ရှ် တောင်တန်းဒေသတွင် ယှိသည်။
    taximan
    နာမ်

    ရံဖန်

    [ɹံpʰàɴ]
    အမြဲမဟုတ်။ အခန်သင့် ရေအခါ၊ တခါတရီ
    အမြဲမဟုတ်။ အခန်သင့် သည့်အခါ၊ တစ်ခါတစ်ရံ
    occasionally
    ကြိယာဝိသေသန

    ရံဖန်ရံခါ

    [ɹံpʰàɴɹံkʰà]
    ရက်ပြတ်ရက်ပြတ်။ တနားတခါ
    မကြာမကြာ။ ခဏခဏ
    occasionally - sometimes
    ကြိယာဝိသေသန

    ရဖို့ခဲ

    [ɹpʰo̰kʰɛ]
    အလွန်ခဲယဉ်းကြောင်းကို ဖော်ပြရအခါမာ သုံးသော စကားလုံး
    အလွန်ခဲယဉ်းကြောင်းကို ဖော်ပြသောအခါတွင် သုံးသော စကားလုံး
    difficult
    ပစ္စည်း

    ရဖြိုးရဖြာ

    [ɹpʰɹóɹpʰɹà]
    ကရားကထား။ ဗရမ်းဗတာ ဖွာကြဲလျှက်။ ၂၊ အကြောင်းအရာ အကန့်အသတ်မဟိ ရောက်မီရောက်ရာအနိန်နန့်။ ၃၊ ကစင့်ကရဲ။ အကွဲကွဲအပြားပြား။ ၄၊ အပြင်ကို စိုင်ကျသနန့်
    ဖရိုဖရဲ။ အစီအစဉ်မကျ ပြန့်ကြဲလျှက်။ ၂၊ အကြောင်းအရာ အကန့်အသတ်မယှိ ရောက်မီရောက်ရာ အားဖြင့်။ ၃၊ ကစင့်ကရဲ။ အကွဲကွဲအပြားပြား။ ၄၊ ပြင်ပသို့ လွင့်စဉ်ကျသဖြင့်
    In disorder - in disarray
    ကြိယာဝိသေသန

    ရဖြီး

    [ɹpʰɹï]
    ဆံပင်မာ တွယ်ကပ်သော သန်းဥသန်းဖျ စရေရို့ကို တိုက်ချနှိုင်ယောင် ပိုင်နှစ်ဘက်ဟိ ဘီးတမျိုး။ ဆံပင်၊ အမွီးအမျှင်စစွာကို ရှင်းဖြီးရရေ သစ်သား၊ ကျွဲချို (ဝါ) ဆင်စွယ်၊ လိပ်ခွံ၊ အရိုး အစဟိစွာတမျိုးမျိုးဖြင့် ပြုလုပ်ထားရေ့ ပိုင်တံနှင့် အကြားပါဟိရေဖြီးစရာ ပစ
    ဆံပင်တွင် တွယ်ကပ်သော သန်းဥသန်းဖျ စသည့်တို့ကို တိုက်ချနိုင်အောင် အသွားနှစ်ဘက်ယှိ ဘီးတစ်မျိုး။ ဆံပင်၊ အမွေးအမျှင်စသည်ကို ရှင်းဖြီးရသည့် သစ်သား၊ ကျွဲချို (ဝါ) ဆင်စွယ်၊ လိပ်ခွံ၊ အရိုး စသည်တစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသည့် အသွားတံနှင့် အကြားပါယှိသည့်ဖြီးစရာ ပစ
    comb
    နာမ်