Dictionary Entries
Showing 321–340 of 1,415 words
ရ
ရဖြီးကုပ်
[ɹpʰɹïkoʊʔ]
Arakanese:
ဆံပင်ရို့ကို ဖိထိန်းထားရေ လခြမ်းသဏ္ဍာန် မျက်နှာပြင် ကွေ့ကော့သည့် ဘီးတမျိုး
Burmese:
ဆံပင်တို့ကို ဖိထိန်းထားသော လခြမ်းသဏ္ဍာန် မျက်နှာပြင် ကွေ့ကော့သည့် ဘီးတစ်မျိုး
English:
headdress comb
Grammar Note:
နာမ်
ရဖြီးသိပ်
[ɹpʰɹïθìaʔ]
Arakanese:
ဆံပင်မာ တွယ်ကပ်သော သန်းဥ သန်းဖျ စရေရို့ကို တိုက်ချနှိုင်ယောင် ပိုင်နှစ်ဘက်ဟိ ဘီးတမျိုး
Burmese:
ဆံပင်တွင် တွယ်ကပ်သော သန်းဥ သန်းဖျ စသည့်တို့ကို တိုက်ချနိုင်အောင် အသွားနှစ်ဘက်ယှိ ဘီးတစ်မျိုး
English:
fine tooth comb
Grammar Note:
နာမ်
ရမနီ
[ɹmní]
Arakanese:
သစ်သား မပျော့မမာ ညက်ညော၍ အခေါက်ဖြူရောင် သန်းသော အပင်တမျိုး၊ မင်္ဂလာကြက်သရေ၊ တိုးတက်စီဖို့၊ ရမနီသစ်၊ အနှစ်ပြည့််လျှံ၊ ခြင်္သေ့ခံ၍၊ ခုန်ပျံရတနာ၊ မည်ဝေါဟာမူ၊ သီဟာသန၊ အထူးဆင်ကေ၊ ပန်လင်လှနန့် (ဝိဇယ)
Burmese:
သစ်သား မပျော့မမာ ညက်ညော၍ အခေါက်ဖြူရောင် သန်းသော အပင်တစ်မျိုး၊ မင်္ဂလာကြက်သရေ၊ တိုးတက်စေဖို့၊ ရမနီသစ်၊ အနှစ်ပြည့််လျှံ၊ ခြင်္သေ့ခံ၍၊ ခုန်ပျံရတနာ၊ မည်ဝေါဟာမူ၊ သီဟာသန၊ အထူးဆင်ကေ၊ ပလ္လင်လှနှင့် (ဝိဇယ)
English:
cedar
Grammar Note:
နာမ်
ရမာပန်း
[ɹmàpáɴ]
Arakanese:
အဖိုးတန်သော သစ်ခွပန်း တမျိုး။ မပန်ရပါ၊ ပန်းရမာ၊ နောင်သာပန်ဖို့၊ အပင်သန်ကေ၊ ခက်လန်ဖျားမာ၊ စူးခက်ရံခြံထိုးလို့ (ဇမ်း)
Burmese:
အဖိုးတန်သော သစ်ခွပန်း တစ်မျိုး။ မပန်ရပါ၊ ပန်းရမာ၊ နောင်သာပန်ဖို့၊ အပင်သန်ကေ၊ ခက်လန်ဖျားမှာ၊ စူးခက်ရံခြံထိုးလို့ (ဇမ်း)
English:
orchid
Grammar Note:
နာမ်
ရမိရရာ
[ɹmìɹɹà]
Arakanese:
မဟုတ်မမှန်ပဲ မှန်ရမ်းယိုးစွပ် ပြောဆိုချက်။ ထွိတ်ဝေး မဟောက်ကာ ဟောက်ကာ ကောက်ကရမင်းကျ ပြောနီရေ (အရပ်)။ လူမှုရီးအားဖြင့် သင့်တင့် လျော်ကန်မှု မဟိသော အပြုအမှု။ အပြောအဆို။ အပြုအကျင့်။ သူ့မယားနန့်၊ သူသကျိရာ၊ သူ့ကြင်ရာကို၊ ညှာတာမဟိ၊ ကျင့်ဖောက်ပြန်ပျာ၊ လွမ်းဆိုးညစ်
Burmese:
မဟုတ်မမှန်ပဲ မှန်ရမ်းစွပ်စွဲ ပြောဆိုချက်။ ထွိတ်ဝေး မဟောက်ကာ ဟောက်ကာ ရမိရရာ ပြောနီရေ (အရပ်)။ လူမှုရေးအားဖြင့် သင့်တင့် လျော်ကန်မှု မယှိသော အပြုအမှု။ အပြောအဆို။ အပြုအကျင့်။ သူ့မယားနှင့်၊ သူသားအိမ်ရာ၊ သူ့ကြင်ရာကို၊ ညှာတာမဟိ၊ ကျင့်ဖောက်ပြန်ပျာ၊ လွမ်းဆိုးသွမ်း
English:
whatever is available - behaviour
Grammar Note:
နာမ်
ရမ္မက်
[ɹm̪a̰m̪a̰ɛʔ]
Arakanese:
စွဲလမ်း မက်မောခြင်း။ လိုချင်စိတ် ပြင်းပြခြင်း
Burmese:
စွဲလမ်း မက်မောခြင်း။ လိုချင်စိတ် ပြင်းပြခြင်း
English:
desire - lust
Grammar Note:
နာမ်
ရမ္မက်ကြီး
[ɹm̪a̰m̪a̰ɛʔt͡ɕï]
Arakanese:
စွဲလမ်း မက်မောရေ။ လိုချင်စိတ် ပြင်းပြရေ
Burmese:
စွဲလမ်း မက်မောသည်။ လိုချင်စိတ် ပြင်းပြသည်
English:
be lusty - have strong desire - be sensual
Grammar Note:
ကြိယာ
ရမ်း
[ɹáɴ]
Arakanese:
ဝေဒနာ တခုခုကြောင့် ကိုယ်ခန္ဓာ အသားအရီ ဖောင်းကြွစူမို့သော။ မှုတ်လီ ရောင်လီ၊ မန်းလီ ရမ်းလီ
Burmese:
ဝေဒနာ တစ်ခုခုကြောင့် ကိုယ်ခန္ဓာ အသားအရေ ဖောင်းကြွစူမို့သော။ မှုတ်လီ ရောင်လီ၊ မန်းလီ ရမ်းလီ
English:
slightly swollen (as in တံသုတ်ကျမ်းသို့၊ မို့~စုန့်ထိုး၊ တံပိုးမထ)
Grammar Note:
နာမဝိသေသန
ရမ်းကား
[ɹáɴká]
Arakanese:
လူတိကိုအနှောင့်အယှက် ဖြစ်ယောင် စာနာ ထောက်ထား မပြုငြားပဲ စိတ်ကူးပေါက်ရာ ပြုရေ။ ထင်ရာပြုသည်
Burmese:
သူတစ်ပါးကို အနှောင့်အယှက် ဖြစ်အောင် စာနာ ထောက်ထား မပြုငြားပဲ စိတ်ကူးပေါက်ရာ ပြုသည်။ ထင်ရာပြုသည်
English:
be most unruly
Grammar Note:
ကြိယာ
ရမ်းတား
[ɹáɴtá]
Arakanese:
ကာဆီးရေ။ ဆီးရေ။ မြစ်ရေ။ ဟန့်ရေ။ ဆို့ပိတ်ရေ။ ပိတ်ပင်သည်
Burmese:
ကာဆီးသည်။ ဆီးသည်။ မြစ်သည်။ ဟန့်သည်။ ဆို့ပိတ်သည်။ ပိတ်ပင်သည်
English:
protect
Grammar Note:
ကြိယာ
ရမ်းနာ
[ɹáɴnà]
Arakanese:
ရမ်းသော အနာတမျိုး
Burmese:
ရောင်ရမ်းသော အနာတစ်မျိုး
English:
swollen
Grammar Note:
နာမ်
ရမ်းပေါက်လီ
[ɹáɴpaʊʔlí]
Arakanese:
အနောက်စူးစူးမှ တိုက်ခတ်လာရေ လေ။ ညနီချမ်းမာ၊ ရမ်းပေါက်ထကျင်၊ ရွက်ကိုတင်ပနာ ငှက်ဆင်တုံးပေါက်၊ ထိုကလျောက်ဗျာယ် (ရီလား)။ ညနီညိုကေ၊ သုံးပိုလောင်းာက်မာ၊ ရမ်းပေါက်လာကေ (ရီလား)
Burmese:
အနောက်စူးစူးမှ တိုက်ခတ်လာသော လေ။ ညနီချမ်းတွင်၊ ရမ်းပေါက်ထကျင်၊ ရွက်ကိုတင်၍ ငှက်ဆင်တုံးပေါက်၊ ထိုကလျောက်လျက် (ရီလား)။ ညနီညိုကေ၊ သုံးပိုလှောက်မှာ၊ ရမ်းပေါက်လာကေ (ရီလား)
English:
wing
Grammar Note:
နာမ်
ရမ်းပြ
[ɹáɴpɹ]
Arakanese:
စစ်သားတိ စုဝေး၍ စစ်ပညာ အမျိုးမျိုးကို လုပ်ပြရေ။ သဲသဲညံညံ၊ တိုက် မောင်းသံနန့် အောင်လံရံဝန်း၊ ဗိုလ်ငချွန်းသည်၊ စစ်ရမ်းပြကာ၊ ရောက်ကြလာမူ (ရခိုင်ကာ)
Burmese:
စစ်သားများ စုဝေး၍ စစ်ပညာ အမျိုးမျိုးကို လုပ်ပြသည်။ သဲသဲညံညံ၊ တိုက် မောင်းသံနှင့် အောင်လံရံဝန်း၊ ဗိုလ်ငချွန်းသည်၊ စစ်ရမ်းပြကာ၊ ရောက်ကြလာမူ (ရခိုင်ကာ)
English:
military parade
Grammar Note:
ကြိယာ
ရမ်းရမ်း
[ɹáɴɹáɴ]
Arakanese:
ခက်ခဲရေ မလွယ်ကူ။ ငြိုငြင်ဖွယ်ဖြစ်တေ။ ခဲယဉ်းရေ။ ဂေါင်းကို ကိုင်လည်း၊ ရမ်းရမ်း တိုင်းး ပါရဲဖ။ မတုံးကိုကိုင်လည်း၊ ရမ်းရမ်း တိုင်းး ပါရဲဖ (ငစွယ်)
Burmese:
ခက်ခဲသည် မလွယ်ကူ။ ငြိုငြင်ဖွယ်ဖြစ်သည်။ ခဲယဉ်းသည်။ ဂေါင်းကို ကိုင်လည်း၊ ရမ်းရမ်း တကား ပါရဲဖ။ မတုံးကိုကိုင်လည်း၊ ရမ်းရမ်း တကား ပါရဲဖ (ငစွယ်)
English:
[arch.] delightedly
Grammar Note:
ကြိယာ
ရမ်းရမ်းမြင်
[ɹáɴɹáɴmɹɪ̀ɴ]
Arakanese:
(အဝီးမှ မြင်ရပိုင် လှုပ်လှုပ်အချေ) မသဲမကွဲ မြင်ရရေ
Burmese:
(အဝေးမှ မြင်ရသကဲ့သို့ လှုပ်လှုပ်ကလေး) မသဲမကွဲ မြင်ရသည်
English:
dimly
Grammar Note:
ကြိယာ
ရယူ
[ɹjù]
Arakanese:
လက်ဝယ် ရောက်ယောင် သိမ်းစုရေ။ ပိုင်ဆိုင် ထိန်းချုပ်မိအောင် သိမ်းပိုက်သည်
Burmese:
လက်ဝယ် ရောက်အောင် သိမ်းစုသည်။ ပိုင်ဆိုင် ထိန်းချုပ်မိအောင် သိမ်းပိုက်သည်
English:
take over - take possession of - conquer
Grammar Note:
ကြိယာ
ရယ်
[ɹɛ̀]
Arakanese:
နှစ်သက် ဝမ်းရာမှုဖြင့် နှုတ်ခမ်းကို ဖွင့်ဟဗျာယ် အသံစိကေချေ ပေါ်ထွက် စီရေ
Burmese:
နှစ်သက် ဝမ်းသာမှုဖြင့် နှုတ်ခမ်းကို ဖွင့်ဟလျက် အသံအနည်းငယ် ပေါ်ထွက် စေသည်
English:
laugh
Grammar Note:
ကြိယာ
ရယ်ကာသွမ်းကာ
[ɹɛ̀kàθʊ̀ɴkà]
Arakanese:
ပြောကေးဆိုကေး။ ပြောဆိုဗျာယ်ပင်။ ပြောပြောဆိုဆို
Burmese:
ပြောရင်းဆိုရင်း။ ပြောဆိုလျက်ပင်။ ပြောပြောဆိုဆို
English:
laugh at
Grammar Note:
ကြိယာဝိသေသန
ရယ်ကောင်းရယ်ဖွယ်
[ɹɛ̀káʊɴɹɛ̀pʰwɛ̀]
Arakanese:
ရယ်မောခြင်းကို ဖြစ်စီသော အမြင်၊ အကြား စရေ။ ရယ်မောခြင်းကို ဖြစ်စီသော အကြောင်းအရာ အပြုအမူ
Burmese:
ရယ်မောခြင်းကို ဖြစ်စေသော အမြင်၊ အကြား စသည်။ ရယ်မောခြင်းကို ဖြစ်စေသော အကြောင်းအရာ အပြုအမူ
English:
drollery
Grammar Note:
နာမ်
ရယ်ချီရယ်ချိုး
[ɹɛ̀ɕíɹɛ̀ɕó]
Arakanese:
နှစ်သက် ကြည်နူးသော မျက်နှာ အမူအရာကို ပြရေ
Burmese:
နှစ်သက် ကြည်နူးသော မျက်နှာ အမူအရာကို ပြသည်
English:
laugh
Grammar Note:
ကြိယာ