Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 341–360 of 1,415 words

    ရ

    ရယ်စရာ

    [ɹɛ̀sɹà]
    ရယ်မောခြင်းကို ဖြစ်စီသော အမြင်၊ အကြား စရေ။ ရယ်မောခြင်းကို ဖြစ်စီသော အကြောင်းအရာ အပြုအမူ
    ရယ်မောခြင်းကို ဖြစ်စေသော အမြင်၊ အကြား စသည်။ ရယ်မောခြင်းကို ဖြစ်စေသော အကြောင်းအရာ အပြုအမူ
    joke - humorous speech or act
    နာမ်

    ရယ်တစ်ခွန်းပြောတစ်ခွန်း

    [ɹɛ̀tɪʔkʰʊ́ɴpɹɔ́tɪʔkʰʊ́ɴ]
    ရယ်ရွှင်သောအသံ၊ အမူအရာ နှောဗျာယ် ပြောဆိုရေ။ ရယ်ဖွယ်ဖြစ်ယောင် တမင်ဖန်တီး ပြောဆိုရေ။ စကားဖြင့် ရယ်ချင်ယောင် ပြုသည်
    ရယ်ရွှင်သောအသံ၊ အမူအရာ နှောလျက် ပြောဆိုသည်။ ရယ်ဖွယ်ဖြစ်အောင် တမင်ဖန်တီး ပြောဆိုသည်။ စကားဖြင့် ရယ်ချင်ယောင် ပြုသည်
    laugh at
    ကြိယာ

    ရယ်ပြီရယ်ပြုံး

    [ɹɛ̀pɹìɹɛ̀pɹóʊɴ]
    နှစ်သက်ကြည်နူးသော မျက်နှာ အမူအရာကို ပြရေ။ လျှပ်လိပ်လက်ဇေ၊ ပြိုးပြိုး ပြက်ပြောင်၊ ရယ်ပြီရယ်ပြုံး၊ နောက်ဆံထုံးမာ၊ ရွှီကုံးရွှီပန်းဆင်၍ (ဗျာရတု)
    နှစ်သက်ကြည်နူးသော မျက်နှာ အမူအရာကို ပြသည်။ လျှပ်လိပ်လက်ဇေ၊ ပြိုးပြိုး ပြက်ပြောင်၊ ရယ်ပြီရယ်ပြုံး၊ နောက်ဆံထုံးမှာ၊ ရွှီကုံးရွှီပန်းဆင်၍ (ဗျာရတု)
    laugh
    ကြိယာ

    ရယ်ဖွယ်

    [ɹɛ̀pʰwɛ̀]
    ရယ်မောခြင်းကို ဖြစ်စီသော အမြင်၊ အကြား စရေ။ ရယ်မောခြင်းကို ဖြစ်စီသော အကြောင်းအရာ အပြုအမူ
    ရယ်မောခြင်းကို ဖြစ်စေသော အမြင်၊ အကြား စသည်။ ရယ်မောခြင်းကို ဖြစ်စေသော အကြောင်းအရာ အပြုအမူ
    joke - humorous speech or act
    နာမ်

    ရယ်ရယ်ပြုံးပြုံး

    [ɹɛ̀ɹɛ̀pɹóʊɴpɹóʊɴ]
    ကြည်နူး ဝမ်းသာစွာ။ ရယ်ရွှင်သော မျက်ကြောနန့်။ ရယ်ရယ်ပြုံးပြုံး၊ နူပျိုသာယာ၊ ချိုမျက်နှာနန့်၊ နေပျော်တုံးကို (ဓမ္မသာ)
    ကြည်နူး ဝမ်းမြောက်စွာ။ ရယ်ရွှင်သော မျက်နှာထားနှင့်။ ရယ်ရယ်ပြုံးပြုံး၊ နူပျိုသာယာ၊ ချိုမျက်နှာနှင့်၊ နေပျော်တုံးကို (ဓမ္မသာ)
    humorous
    ကြိယာဝိသေသန

    ရယ်ရွှင်

    [ɹɛ̀ɹW̯ɪ̀ɴ]
    ထွတ်ခြိုက်စွာ ရယ်ရေ
    နှိုက်ခြိုက်စွာ ရယ်သည်
    giggle
    ကြိယာ

    ရယ်ရွှင်၂

    [ɹɛ̀ɹW̯ɪ̀ɴ၂]
    စိတ်ထက်သန် တက်ကြွ လှုပ်ရှားသော။ နှစ်သက် ဝမ်းရာမှုဖြင့် ကတ်ရွ လှုပ်ရှားသော
    စိတ်ထက်သန် တက်ကြွ လှုပ်ရှားသော။ နှစ်သက် ဝမ်းသာမှုဖြင့် ကြရွ လှုပ်ရှားသော
    active
    နာမဝိသေသန

    ရယ်သွန်းဖတ်သွန်း

    [ɹɛ̀θʊ́ɴpʰaʔθʊ́ɴ]
    ရယ်မောဖွယ်ရာ အနိန်နန့်။ ရယ်မော စီမှုဖြင့် ရောနှော ဖုံးလွှမ်းဗျာယ်
    ရယ်မောဖွယ်ရာ အနေဖြင့်။ ရယ်မော စေမှုဖြင့် ရောနှော ဖုံးလွှမ်းလျက်
    laugh at
    ကြိယာဝိသေသန

    ရယ်သွန်းဖတ်သွန်း၂

    [ɹɛ̀θʊ́ɴpʰaʔθʊ́ɴ၂]
    ရယ်မောဖွယ် စကား။ ရယ်မောဖွယ် အကြောင်းအရာ
    ရယ်မောဖွယ် စကား။ ရယ်မောဖွယ် အကြောင်းအရာ
    joke - humorous speech or act
    နာမ်

    ရရစ်

    [ɹɹɪʔ]
    က၊ ခ၊ ဂ၊ င၊ တ၊ ဒ၊ ပ၊ ဖ၊ ဗ၊ မ အစဟိရေ ဗျည်းများမာ ရကောက် တွဲနိူင်းရာမာ အသွင် ပြောင်းလဲထားရေ အမှတ်အသား (ြ)
    က၊ ခ၊ ဂ၊ င၊ တ၊ ဒ၊ ပ၊ ဖ၊ ဗ၊ မ စသော ဗျည်းများတွင် ရကောက် တွဲယှဉ်ရာ၌ အသွင် ပြောင်းလဲထားသော အမှတ်အသား (ြ)
    [Arakan. Orth.] encircling ra(ရ) - semi-vowel ligature inscribed clockwise round the left half of a consonant
    နာမ်

    ရရိုင်းကြီး

    [ɹɹáɪɴt͡ɕï]
    ယိုင်ကျေး သိမ်မွေ့ခြင်း လုံးဝ မဟိရေ။ စက်ဆုတ်ဖွယ် ကောင်းယောင် ရိုင်းသော။ လူဟိသူဟိတိက ရရိုင်းကြီးကာ (အရပ်)
    ယဉ်ကျေး သိမ်မွေ့ခြင်း လုံးဝ ကင်းမဲ့သော။ စက်ဆုတ်ဖွယ် ကောင်းအောင် ရိုင်းသော။ လူရှိသူရှိတိက ရရိုင်းကြီးကာ (အရပ်)
    indelicate
    နာမဝိသေသန

    ရရောင်းသတ်

    [ɹɹáʊɴθaʔ]
    အသံကျကျယ်လောင်လောင် အခဲမကျီ ပြောဆို ဟစ်ကြွီးဗျာယ်
    အသံကျယ်လောင်စွာ မကျေမနပ် ပြောဆို ဟစ်ကြွေးလျက်
    flaming
    ကြိယာဝိသေသန

    ရရဲ

    [ɹɹɛ]
    မလွယ်။ ခက်ရေ။ ငြိုငြင်ဖွယ်ဖြစ်တေ။ ခဲယဉ်းရေ။ ယင်းချင့်ကို ရဖို့က ရရဲရာမြင်ရေ (အရပ်)
    မလွယ်။ ခက်သည်။ ငြိုငြင်ဖွယ်ဖြစ်သည်။ ခဲယဉ်းသည်။ ယင်းချင့်ကို ရဖို့က ရရဲရာမြင်ရေ (အရပ်)
    difficult
    ကြိယာ

    ရရွတ်စစိုက်

    [ɹɹwaʔssaɪʔ]
    တစိုက်မတ်မတ် ပြုလုပ်ဆောင်ရွက်ရေ။ ၂၊ တခုတရီ ပြုလုပ်ဆောင်ရွက်ရာမာ မခိုမကပ်ပဲ ပြုလုပ်ဆောင်ရွက်ရေ။ အရီး တယူ ဂရုတစိုက် ပြုလုပ်ရေ။ အလျင်ပြီးယောင် ဆောင်ရွက်သည်
    တစိုက်မတ်မတ် ပြုလုပ်ဆောင်ရွက်သည်။ ၂၊ တစ်စုံတစ်ခု ပြုလုပ်ဆောင်ရွက်ရာတွင် မခိုမကပ်ပဲ ပြုလုပ်ဆောင်ရွက်သည်။ အရေး တယူ ဂရုတစိုက် ပြုလုပ်သည်။ အလျင်ပြီးအောင် ဆောင်ရွက်သည်
    take care
    ကြိယာ

    ရံရွေ

    [ɹံɹwè]
    မင်း၊ မိဖုရား၊ မင်းညီ၊ မင်းသား၊ မင်းသမီး စရေရို့၏ အထံ၌ အခစား အမှုထမ်းရွက်သူ။ ရံရွေတော်၊ ဖျားဖျင်တသင်းရယ်၊ မပျင်းဖွယ်၊ ဝန်းရံခကတ်ရေ (အမျိုးသမီး)။ ရံရွေတော်ဖော် သင်းပေါင်းများစွာရို့နန့် (အမျိုးသား)
    မင်း၊ မိဖုရား၊ မင်းညီ၊ မင်းသား၊ မင်းသမီး စသည့်တို့၏ အထံ၌ အခစား အမှုထမ်းရွက်သူ။ ရံရွေတော်၊ ဖျားဖျင်တသင်းရယ်၊ မပျင်းဖွယ်၊ ဝန်းရံခကြရေ (အမျိုးသမီး)။ ရံရွေတော်ဖော် သင်းပေါင်းများစွာတို့နှင့် (အမျိုးသား)
    person attending on royalty ( especially lady-in-waiting )
    နာမ်

    ရလဒ်

    [ɹld်]
    မြှောက်ခြင်း စားခြင်းကြောင့် ရဟိသော အဖြီ
    မြှောက်ခြင်း စားခြင်းကြောင့် ရယှိသော အဖြေ
    [ maths ] result. effect - consequence - outcome
    နာမ်

    ရလီယက်

    [ɹlíjɛʔ]
    တယောက်ယောက်က မရိုးသားသော စိတ်ဖြင့် ဝါလှည့်ပတ် ပြောဆိုမှုကို (တခေါက်တခါ) ခံပီးလိုက်ရရေ
    တစ်စုံတစ်ဦးက မရိုးသားသော စိတ်ဖြင့် လိမ်လည်လှည့်ပတ် ပြောဆိုမှုကို (တစ်ကြိမ်တစ်ခါ) ခံပေးလိုက်ရသည်
    gullible - what a pity
    ကြိယာ

    ရလီယက်တစ်လက်

    [ɹlíjɛʔtɪʔlɛʔ]
    တယောက်ယောက်က မရိုးသားသော စိတ်ဖြင့် ဝါ လှည့်ပတ် ပြောဆိုမှုကို (တခေါက်တခါ) ခံပီးလိုက်ရစွာကို မကျီနပ်သော သဘောနန့် (ရန်ငြိုးသံ ပါကေေ့) ပြောသော အာလုပ် စကားလုံး။ ကောင်းယင့်ဝေး ရလီယက်တလက် (အရပ်)
    တစ်စုံတစ်ဦးက မရိုးသားသော စိတ်ဖြင့် လိမ်လည် လှည့်ပတ် ပြောဆိုမှုကို (တစ်ကြိမ်တစ်ခါ) ခံပေးလိုက်ရသည်ကို မကျေနပ်သော သဘောဖြင့် (ရန်ငြိုးသံ ပါပါနှင့်) ပြောသော အာလုပ် စကားလုံး။ ကောင်းယင့်ဝေး ရလီယက်တစ်လက် (အရပ်)
    gullible - what a pity
    နာမ်

    ရလီယင့်

    [ɹlíjɪ̰ɴ]
    တယောက်ယောက်က မရိုးသားသော စိတ်ဖြင့် ဝါ လှည့်ပတ် ပြောဆိုမှုကို (တခေါက်တခါ) ခံပီးလိုက်ရရေ
    တစ်စုံတစ်ဦးက မရိုးသားသော စိတ်ဖြင့် လိမ်လည် လှည့်ပတ် ပြောဆိုမှုကို (တစ်ကြိမ်တစ်ခါ) ခံပေးလိုက်ရသည်
    gullible - what a pity
    ကြိယာ

    ရလီယင့်တစ်လက်

    [ɹlíjɪ̰ɴtɪʔlɛʔ]
    တယောက်ယောက်က မရိုးသားသော စိတ်ဖြင့် ဝါ လှည့်ပတ် ပြောဆိုမှုကို (တခေါက်တခါ) ခံပီးလိုက်ရစွာကို မကျီနပ်သော သဘောနန့် (ရန်ငြိုးသံ ပါကေေ့) ပြောသော အာလုပ် စကားလုံး။ ကောင်းယင့်ဝေး ရလီယက်တလက် (အရပ်)။ ကောင်းယင့်ဝေး ရလီယင့်တလက် (အရပ်)
    တစ်စုံတစ်ဦးက မရိုးသားသော စိတ်ဖြင့် လိမ်လည် လှည့်ပတ် ပြောဆိုမှုကို (တစ်ကြိမ်တစ်ခါ) ခံပေးလိုက်ရသည်ကို မကျေနပ်သော သဘောဖြင့် (ရန်ငြိုးသံ ပါပါနှင့်) ပြောသော အာလုပ် စကားလုံး။ ကောင်းယင့်ဝေး ရလီယက်တစ်လက် (အရပ်)။ ကောင်းယင့်ဝေး ရလီယင့်တစ်လက် (အရပ်)
    gullible sound - grudge sound
    နာမ်