Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 21–40 of 1,415 words

    ရ

    ရက်ကန်းတိုင်

    [ɹɛʔkáɴtàɪɴ]
    ရက်ကန်းစင်မာ ခြည်လိပ်တုံးကို ထိန်းရန် စိုက်ထားရေ စင်ဦးဟိ တိုင်တို တမျိုး
    ယက်ကန်းစင်တွင် ချည်လိပ်တုံးကို ထိန်းရန် စိုက်ထားသော စင်ဦးရှိ တိုင်တို တစ်မျိုး
    post of loom
    နာမ်

    ရက်ကန်းထိုး

    [ɹɛʔkáɴtʰó]
    ရက်ကန်း တိုင်ခြည်ကို ယိုင်သွားပေါက်သို့ ကော်စိတံဖြင့် သွင်းရေ။ (ရက်ကန်းတိုင်ခြည်ကို နှုတ်ပေါက်မားသို့ ကော်စိတံဖြင့် သွင်းရေ။
    ယက်ကန်း တိုင်ချည်ကို ယဉ်သွားပေါက်သို့ ကော်စိတံဖြင့် သွင်းသည်။ (ယက်ကန်းတိုင်ချည်ကို နှုတ်ပေါက်တွင်းသို့ ကော်စိတံဖြင့် သွင်းသည်။
    weave (on a loom)
    ကြိယာ

    ရက်ကန်းပျဉ်

    [ɹɛʔkáɴprɪ̀ɴ]
    ရက်ကန်း ရက်ရေအခါ ထိုင်ဖို့အတွက် ကန့်လန့် ပြုလုပ်ထားရေ ပျိုင်ချပ်
    ယက်ကန်း ရက်သည့်အခါ ထိုင်ဖို့ရန် ကန့်လန့် ပြုလုပ်ထားသော ပျဉ်ချပ်
    timber
    နာမ်

    ရက်ကန်းရှယ်

    [ɹɛʔkáɴʃɛ̀]
    ရက်ကန်း ရက်ရန် တိုင်ခြည်တိကို လိုရာ အကွက် အဆင် အလိုက် ရစ်ပတ် သွယ်တန်းရေ။ (နမူနာ) သွားခြည် ပြန်ခြည် တုံ့လှယ် ကူးသန်းရေ။ ပိတုံး၊ ဖလံ၊ လူးလာမပြတ်၊ ရက်ကန်းရှယ်ယောင်၊ ပန်းရည်ခတ်လို့၊ ထူးမြတ်ကြည်လင် (ဂုတ္တိလ)
    ယက်ကန်း ရက်ရန် တိုင်ချည်များကို လိုရာ အကွက် အဆင် အလိုက် ရစ်ပတ် သွယ်တန်းသည်။ (ဥပမာ) သွားချည် ပြန်ချည် တုံ့လှယ် ကူးသန်းသည်။ ပိတုံး၊ လိပ်ပြာ၊ လူးလာမပြတ်၊ ရက်ကန်းရှယ်ယောင်၊ ပန်းရည်ခတ်လို့၊ ထူးမြတ်ကြည်လင် (ဂုတ္တိလ)
    lay the warp winding the skein off the hard-reels round and round a framework of posts [fig] go back and forth - shuttle
    ကြိယာ

    ရက်ကျ

    [ɹɛʔt͡ɕ]
    တရက် အလုပ် လုပ်ရေ အတွက် လုပ်ခကို နိချင်း ယှင်းပီးရရေ စနစ်။ ဧပိုင် အလုပ်မျိုး။ ၂၊ ယင်းပိုင် အလုပ်လုပ်သူ
    တစ်နေ့ အလုပ် လုပ်သည့် အတွက် လုပ်ခကို နေ့ချင်း ရှင်းပေးရသော စနစ်။ ဤသို့သော အလုပ်မျိုး။ ၂၊ ယင်းကဲ့သို့ အလုပ်လုပ်သူ
    daily wage system worker on daily wages
    နာမ်

    ရက်ကျငှား

    [ɹɛʔt͡ɕŋ̊á]
    သက်ဟိသက်မဲ့ အလုပ်လုပ်ဖို့ တနိတာအတွက် ငှားရမ်းသည်
    သက်ရှိသက်မဲ့ အလုပ်လုပ်ရန် တစ်နေ့တာအတွက် ငှားရမ်းသည်
    rent on dialy wages
    ကြိယာ

    ရက်ကျလိုက်

    [ɹɛʔt͡ɕlaɪʔ]
    နိခစား အလုပ်ကို လုပ်ရေ
    နေ့စား အလုပ်ကို လုပ်သည်
    work on daily wages
    ကြိယာ

    ရက်ခုံ

    [ɹɛʔkʰòʊɴ]
    ရက်ကန်းစင်မာ တိုင်ခြည်ရို့ကို ခံထားရေ ကုန်းဖြီ နှစ်ချောင်းနန့် လက်ထိပ် အနားဟိ သစ်သားတန်း
    ယက်ကန်းစင်တွင် တိုင်ချည်တို့ကို ခံထားသော ထုတ်တန်း နှစ်ချောင်းနှင့် လက်ထိပ် အနားရှိ သစ်သားတန်း
    timber
    နာမ်

    ရက်ခုံတန်း

    [ɹɛʔkʰòʊɴtáɴ]
    ရက်ကန်းစင်မာ တိုင်ခြည်ရို့ကို ခံထားရေ ကုန်းဖြီ နှစ်ချောင်းနန့် လက်ထိပ် အနားဟိ သစ်သားတန်း
    ယက်ကန်းစင်တွင် တိုင်ချည်တို့ကို ခံထားသော ထုတ်တန်း နှစ်ချောင်းနှင့် လက်ထိပ် အနားရှိ သစ်သားတန်း
    timber
    နာမ်

    ရက်ခုံတိုင်

    [ɹɛʔkʰòʊɴtàɪɴ]
    ရက်ကန်းစင်မာ တိုင်ခြည်ကို ခံထားရေ ကုန်းဖြီတင်ရန် အတွက် စိုက်ထူထားရေ တိုင်။ ရှေ့၊ နောက် ဝဲ၊ ယာ စိုက်ထူ ထားရေ တိုင်လေးတိုင်
    ယက်ကန်းစင်တွင် တိုင်ချည်ကို ခံထားသော ထုတ်တန်းတင်ရန် အတွက် စိုက်ထူထားသော တိုင်။ ရှေ့၊ နောက် ဝဲ၊ ယာ စိုက်ထူ ထားသည့် တိုင်လေးတိုင်
    timber
    နာမ်

    ရက်ချင်းညချင်း

    [ɹɛʔɕɪ́ɴɲɕɪ́ɴ]
    အမြမြန်ဆဆန်။ အဂု။ တနားချေနန့်ပင်
    အဆောတလျင်။ ချက်ချင်း။ ခဏချင်းပင်
    the same night
    ကြိယာဝိသေသန

    ရက်ချင်းပေါက်

    [ɹɛʔɕɪ́ɴpaʊʔ]
    တရက်တည်းမာ (ခရီး)ရောက်ပေါက်သည်
    တစ်နေ့တည်းတွင် (ခရီး)ရောက်ပေါက်သည်
    arrive the trip take a day
    ကြိယာ

    ရက်ချင်းပြန်

    [ɹɛʔɕɪ́ɴpɹàɴ]
    တရက်တည်းမာ (ခရီး)လားပနာ ပြန်လာဗျာယ်
    တစ်နေ့တည်းတွင် (ခရီး)သွား၍ ပြန်လာလျက်
    short trip - within a short time
    ကြိယာဝိသေသန

    ရက်ချင်းပြီး

    [ɹɛʔɕɪ́ɴpɹï]
    တရက်တည်းမာ (ကိစ္စ) ပြီးပြတ်ဗျာယ်
    တစ်နေ့တည်းတွင် (ကိစ္စ) ပြီးပြတ်လျက်
    finished job take a day
    ကြိယာဝိသေသန

    ရက်ချိုင်

    [ɹɛʔɕàɪɴ]
    တရက် လပ်ဗျာယ်။ တရက်ခြား
    တစ်နေ့ လပ်လျက်။ တစ်နေ့ခြား
    on alternate days
    ကြိယာဝိသေသန

    ရက်ချိုင်ဖျား

    [ɹɛʔɕàɪɴpʰrá]
    တရက်ခြား ဖျားနာသော ငှက်ဖျားအစဟိစွာ
    တစ်ရက်ခြား ဖျားနာသော ငှက်ဖျားစသည်
    ague that comes on alternate days - fever that comes on alternate days
    နာမ်

    ရက်စိ.လစိ.

    [ɹɛʔsì.lsì.]
    မွီးဖွားရန် အချိန်စိ ဖြစ်နီသော
    မွေးဖွားရန် အချိန်စေ့ ဖြစ်နေသော
    about to give birth - parturient
    နာမဝိသေသန

    ရကျိုးနပ်

    [ɹt͡ɕónaʔ]
    တခုတရီ လုပ်ကိုင် ဆောင်ရွက်မှု၏ အကျိုး ကျေးဇုကို လောက်ငှစွာ ခံစားရရေ
    တစ်စုံတစ်ခု လုပ်ကိုင် ဆောင်ရွက်မှု၏ အကျိုး ကျေးဇူးကို လုံလောက်စွာ ခံစားရသည်
    particle suffixed to a verb to convey the idea of being worthwhile - get one’s money’s worth
    ပစ္စည်း

    ရခိုင်

    [ɹkʰàɪɴ]
    ပြည်ရခိုင်မာ နီထိုင်သော ရခိုင်လူမျိုး။ တိုင်းရင်းသား။ ရခိုင်အစ ရီကြိုင်က (ပုံ)
    ပြည်ရခိုင်တွင် နေထိုင်သော ရခိုင်လူမျိုး။ တိုင်းရင်းသား။ ရခိုင်အစ ရီကြိုင်က (ပုံ)
    Arakan-Rakhine : name of one of the national groups of the Union of Myanmar
    နာမ်

    ရခိုင်ခြင်း

    [ɹkʰàɪɴkʰɹɪ́ɴ]
    ရခိုင်ရို့၏ ပြောဆိုရေ မိခင်ရင်း စကား။ ပင်မ ရိုးရာ ဘာသာစကား။ ၂၊ အဆိုအတီး၊ အမှုတ်၊ အက အစဟိစွာ
    ရခိုင်တို့၏ ပြောဆိုသော မိခင်ရင်း စကား။ ပင်မ ရိုးရာ ဘာသာစကား။ ၂၊ အဆိုအတီး၊ အမှုတ်၊ အက စသည်
    the language of Arakan-Rakhine
    နာမ်