Dictionary Entries
Showing 401–420 of 1,415 words
ရ
ရာဇမတ်
[ɹàzmaʔ]
Arakanese:
မင်းပွဲ၊ ဘုရားပွဲ၊ မင်္ဂလာပွဲ အစဟိစွာရို့မာ ထူးထူးခြားခြား အမြတ်ထားရာ နီရာကို ကာရံလေ့ဟိရေ ဒေါင့်ချွန်း နှစ်ဖက် ပါဝင်ရေ အနား လေးဖက်ဟိ ချွန်းကွက်ပုံစံ ရက်ထားရေ နှီးဝါးအကာ
Burmese:
မင်းပွဲ၊ ဘုရားပွဲ၊ မင်္ဂလာပွဲ စသည်တို့တွင် ထူးထူးခြားခြား အမြတ်ထားရာ နေရာကို ကာရံလေ့ယှိသည့် ထောင့်ချွန်း နှစ်ဖက် ပါဝင်သော အနား လေးဖက်ယှိ ချွန်းကွက်ပုံစံ ရက်ထားသော နှီးဝါးအကာ
English:
lattice fence (usually of bamboo) erected around places at pagoda festivals or on the sides of roads along which important persons are to pass
Grammar Note:
နာမ်
ရာဇမတ်ထရံ
[ɹàzmaʔtʰɹံ]
Arakanese:
ရာဇမတ်အကာ အရံရို့ ပါဝင်ရေ ဒေါင့်ချွန် နှစ်ဖက် ပါဝင်ရေ အနား လေးဘက်ဟိ ချွန်းကွက် အကာအရံ
Burmese:
ရာဇမတ်အကာ အရံတို့ ပါဝင်သော ထောင့်ချွန် နှစ်ဖက် ပါဝင်သော အနား လေးဘက်ယှိ ချွန်းကွက် အကာအရံ
English:
diamond shaped design (of lattice fences)
Grammar Note:
နာမ်
ရာဇဝင်
[ɹàzwɪ̀ɴ]
Arakanese:
မင်းစဉ်မင်းဆက်ရို့၏ ဖြစ်ပျက်မှု အကြောင်းအရာ စာတမ်း
Burmese:
မင်းစဉ်မင်းဆက်တို့၏ ဖြစ်ပျက်မှု အကြောင်းအရာ စာတမ်း
English:
chronicle of kings - history creeper having many applications in herbal medicine Millettia racemosa
Grammar Note:
နာမ်
ရာဇဝင်တွင်
[ɹàzwɪ̀ɴtwɪ̀ɴ]
Arakanese:
နောင်ကာလ ရှည်ကြာစွာ မှတ်သားဖွယ်ရာ ထင်ရှားသော ပြောစမှတ် ပြုလောက်ယောင် တင်ကျန်ရစ်သော
Burmese:
နောင်ကာလ ရှည်ကြာစွာ မှတ်သားဖွယ်ရာ ထင်ရှားသော ပြောစမှတ် ပြုလောက်အောင် တင်ကျန်ရစ်သော
English:
make history
Grammar Note:
နာမဝိသေသန
ရာဇဝင်ရိုင်း
[ɹàzwɪ̀ɴɹáɪɴ]
Arakanese:
အစိုင်တကျ ပြစ်တင်ကဲ့၏ဖွယ် အရည်အခြင်း ပျက်နိမ့်သော။ သမိုင်းမာ တောင်မကျန် စေလိုရေ သဘောများ ဖြစ်ပျက်ရရေ
Burmese:
အစဉ်သဖြင့် ပြစ်တင်ကဲ့ရဲ့ဖွယ် အရည်အချင်း ပျက်နိမ့်သော။ သမိုင်းတွင် တင်မကျန် စေလိုသည့် သဘောများ ဖြစ်ပျက်ရသော
English:
be a disgrace - set a shameful record
Grammar Note:
နာမဝိသေသန
ရာဇဝင်လူဆိုး
[ɹàzwɪ̀ɴlùsʰó]
Arakanese:
မကောင်းမှုကို အခေါက်ခေါက် ကျူးလွန်ခရေ လူဆိုး။ ၂၊ အစိုင် သနန့် ပြစ်တင်ကဲ့၏ဖွယ် ဂုဏ်ဖျက် နိမ့်ခံရရေ သူ
Burmese:
မကောင်းမှုကို အကြိမ်ကြိမ် ကျူးလွန်ခဲ့သော လူဆိုး။ ၂၊ အစဉ် သဖြင့် ပြစ်တင်ကဲ့ရဲ့ဖွယ် ဂုဏ်ဖျက် နိမ့်ခံရသော သူ
English:
history sheet criminal - man with a long criminal record
Grammar Note:
နာမ်
ရာဇဝတ်
[ɹàzwaʔ]
Arakanese:
မင်းရို့၏ ကျင့်ဝတ်။ မင်းမှု မင်းရီး ပြုဖွယ် ကိစ္စ အဝဝ။ ၂၊ အစိုးရက ဥပဒေအရ ကျူးလွန်ခြင်းကို မပြုဖို့အတွက် ပညတ်ထားရေ အမူအကျင့်။ ၃၊ မင်းရို့အတွက် ပြုလုပ် ဖွယ်ရာ တာဝန်
Burmese:
မင်းတို့၏ ကျင့်ဝတ်။ မင်းမှု မင်းရေး ပြုဖွယ် ကိစ္စ အဝဝ။ ၂၊ အစိုးရက ဥပဒေအရ ကျူးလွန်ခြင်းကို မပြုဖို့ရန် ပညတ်ထားသော အမူအကျင့်။ ၃၊ မင်းတို့အတွက် ပြုလုပ် ဖွယ်ရာ တာဝန်
English:
kingly duties and morals law of a state - royal edict - criminal
Grammar Note:
နာမ်
ရာဇဝတ်ကောင်
[ɹàzwaʔkàʊɴ]
Arakanese:
ရာဇဝတ်မှုနန့် မကင်းသောသူ။ ရာဇဝတ်ကြောင့် အရီးယူခံရသူ
Burmese:
ရာဇဝတ်မှုနှင့် မကင်းသောသူ။ ရာဇဝတ်ကြောင့် အရေးယူခံရသူ
English:
criminal
Grammar Note:
နာမ်
ရာဇဝတ်ကျင့်ထုံး
[ɹàzwaʔt͡ɕɪ̰ɴtʰóʊɴ]
Arakanese:
ရာဇဝတ် မှုခင်းများ စာနန့် ဆုံးဖြတ်ရာမာ ရာဇဝတ်ကြောင်း လိုက်နာ ကျင့်သုံး ဆောင်ရွက်ရရေ အခြီခံ ဥပဒေထုံးတမ်း
Burmese:
ရာဇဝတ် မှုခင်းများ စာနှင့် ဆုံးဖြတ်ရာတွင် ရာဇဝတ်ကြောင်း လိုက်နာ ကျင့်သုံး ဆောင်ရွက်ရသည့် အခြေခံ ဥပဒေထုံးတမ်း
English:
criminal procedure code
Grammar Note:
နာမ်
ရာဇဝတ်ကြောင်း
[ɹàzwaʔt͡ɕáʊɴ]
Arakanese:
ကိုယ်လက် ထိပါး ကျူးလွန်မှု စစွာကို စစ်ဆီးခြင်း ဆိုင်ရာ ဥပဒေသ။ စနစ်
Burmese:
ကိုယ်လက် ထိပါး ကျူးလွန်မှု စသည်ကို စစ်ဆေးခြင်း ဆိုင်ရာ ဥပဒေသ။ စနစ်
English:
[obs.] action to be taken in criminal cases
Grammar Note:
နာမ်
ရာဇဝတ်ဘေး
[ɹàzwaʔbʱé]
Arakanese:
အပြစ် အနိန်နန့် ကျူးလွန်သူက ဥပဒေအရ ခံယူရမှု။ အပြစ်ဒဏ်
Burmese:
အပြစ် အားလျော်စွာ ကျူးလွန်သူက ဥပဒေအရ ခံယူရမှု။ အပြစ်ဒဏ်
English:
punishment for crime
Grammar Note:
နာမ်
ရာဇဝတ်မှု
[ɹàzwaʔm̥oʊ]
Arakanese:
အပြစ်ဒဏ် လျော်ကန် သင့်ဖွယ်ဟိရေလို့ တရားရုံးမာ လျှောက်ထားခြင်း ခံရရေအမှု
Burmese:
အပြစ်ဒဏ် လျော်ကန် သင့်ဖွယ်ယှိသည်ဟု တရားရုံးတွင် လျှောက်ထားခြင်း ခံရသောအမှု
English:
[ obs ] criminal case
Grammar Note:
နာမ်
ရာဇဝတ်သင့်
[ɹàzwaʔθɪ̰ɴ]
Arakanese:
မင်းအစိုးရရို့က အပြစ်အလျှောက် စီရင်အပြစ်ပီး ခံယူရရေ။ တရား ဥပဒေအရ ပြစ်မှု ကျူးလွန်ရေ အတွက် အပြစ်ဒဏ် ခံယူရရေ
Burmese:
မင်းအစိုးရတို့က အပြစ်အလျှောက် စီရင်အပြစ်ပေး ခံယူရသည်။ တရား ဥပဒေအရ ပြစ်မှု ကျူးလွန်သည့် အတွက် အပြစ်ဒဏ် ခံယူရသည်
English:
be punished in accordance with criminal law
Grammar Note:
ကြိယာ
ရာဇဝတ်သား
[ɹàzwaʔθá]
Arakanese:
တရားရုံးမာ လက်တင်ခြီတင် ကျူးလွန်မှုအရ အမှုစွဲဆိုခြင်း ခံရသူ
Burmese:
တရားရုံးတွင် ကိုယ်ထိလက်ရောက် ကျူးလွန်မှုအရ အမှုစွဲဆိုခြင်း ခံရသူ
English:
person charged with a criminal offence
Grammar Note:
နာမ်
ရာဇဝလ္လဘ
[ɹàzwl္lbʱ]
Arakanese:
မင်းနန့် အကျွမ်းဝင်သူ
Burmese:
မင်းနှင့် အကျွမ်းဝင်သူ
English:
king’s friend
Grammar Note:
နာမ်
ရာဇဝံသ
[ɹàzwံθ]
Arakanese:
မင်းစဉ်မင်းဆက်။ မင်း၏ မျိုးနွယ် စဉ်ဆက်။ အစိုးရလုပ်ငန်း တာဝန်ကို ဆောင်ရွက်သော မင်းမှုထမ်း။ ကိုယ့်အိမ်မာ နိန်ပနာ ကိုယ့် အစာကို စားဗျာယ် ဗဟုသိပ္ပ တခုတရီကို တတ်အောင်ပြုပနာ ရာဇကမ္မ အစေအမှုရို့ကို ထမ်းပိုး ရွက်ဆောင်သော သူရို့အား ရာဇဝံသ ဟု ခေါ်ဆိုကတ် ကုန်၏ (ဒိဌာ)
Burmese:
မင်းစဉ်မင်းဆက်။ မင်း၏ မျိုးနွယ် စဉ်ဆက်။ အစိုးရလုပ်ငန်း တာဝန်ကို ဆောင်ရွက်သော မင်းမှုထမ်း။ မိမိအိမ်တွင် နေ၍ မိမိ အစာကို စားလျက် ဗဟုသိပ္ပ တစ်စုံတစ်ခုကို တတ်အောင်ပြု၍ ရာဇကမ္မ အစေအမှုတို့ကို ထမ်းပိုး ရွက်ဆောင်သော သူတို့အား ရာဇဝံသ ဟု ခေါ်ဆိုကြ ကုန်၏ (ဒိဌာ)
English:
aristocrat
Grammar Note:
နာမ်
ရာဇသံ
[ɹàzθံ]
Arakanese:
မျိုးက်ခြောက်ခြောက်စာ။ ၂၊ အကျိုးအကြောင်းနန့် ပတ်သက်ပြီးကေ မင်း၏ အမိန့်စာ
Burmese:
ခြိမ်းခြောက်စာ။ ၂၊ အကျိုးအကြောင်းနှင့် ပတ်သက်၍ မင်း၏ အမိန့်စာ
English:
royal order - royal letter ultimatum - edict
Grammar Note:
နာမ်
ရာဇသတ်
[ɹàzθaʔ]
Arakanese:
ရာဇဝတ်မှုတိနန့် သက်ဆိုင်ရေ လိုက်နာဆောင်ရွက် အသုံးပြုဖို့ ပြဌာန်းထားရေ ကျင့်စဉ်။ ရာဇဝတ် မှုခင်းနန့်ဆိုင်ရာ ဓလိထုံးစံ။ အလိ
Burmese:
ရာဇဝတ်မှုများနှင့် သက်ဆိုင်သော လိုက်နာဆောင်ရွက် အသုံးပြုရန် ပြဌာန်းထားသည့် ကျင့်စဉ်။ ရာဇဝတ် မှုခင်းနှင့်ဆိုင်ရာ ဓလေ့ထုံးစံ။ အလေ့
English:
criminal law - penal law
Grammar Note:
နာမ်
ရာဇာ
[ɹàzà]
Arakanese:
မင်း။ အစိုးရ
Burmese:
မင်း။ အစိုးရ
English:
king - ruler monarch - sovereign - government
Grammar Note:
နာမ်
ရာဇိန္ဒြေ
[ɹàzìn̪a̰n̪d̪a̰ɹè]
Arakanese:
မင်းအစိုးရ အနိန်နန့် စောင့်စည်းမှု အကျင့်သီလ။ စောင့်စည်း အပ်ရေ အကျင့်သီလ
Burmese:
မင်းအစိုးရ အနေဖြင့် စောင့်စည်းမှု အကျင့်သီလ။ စောင့်စည်း အပ်သော အကျင့်သီလ
English:
kingly dignity - code of conduct to be observed by a king
Grammar Note:
နာမ်