Dictionary Entries
Showing 421–440 of 1,415 words
ရ
ရာတား
[ɹàtá]
Arakanese:
တခုတရီ အတွက် ရည်မှတ် ထားရေ အရာဖြစ်တေ
Burmese:
တစ်စုံတစ်ရာ အတွက် ရည်မှတ် ထားသော အရာဖြစ်သည်
English:
aim
Grammar Note:
ကြိယာ
ရာတားချက်
[ɹàtáɕɛʔ]
Arakanese:
ကြိုတင် သတ်မှတ် ပိုင်းခြာထားချက်။ တခုတရီ ပြုလုပ်ဖို့လို့ ကြိုတင် ရည်မှန်းထားချက်။ စိတ်မာ မှန်းထားချက်
Burmese:
ကြိုတင် သတ်မှတ် ပိုင်းခြားထားချက်။ တစ်စုံတစ်ခု ပြုလုပ်မည်ဟု ကြိုတင် ရည်မှန်းထားချက်။ စိတ်တွင် မှန်းထားချက်
English:
aim
Grammar Note:
နာမ်
ရာတွင်း
[ɹàtwɪ́ɴ]
Arakanese:
ရခိုင်တာတရာ အကွာအဝီး။ တာတရာ အထဲ ခရီးအပိုင်းခြား။ (၁၂တောင်-တတာ၊ တာတရာ-တမား၊ ၁၀မား-တတိုင်၊ ခရီးတသောင်း ဆိုပနာ သုံးနှုန်းကတ်တေ။
Burmese:
ရခိုင်တာတစ်ရာ အကွာအဝေး။ တာတစ်ရာ အတွင်း ခရီးအပိုင်းခြား။ (၁၂တောင်-တစ်တာ၊ တာတစ်ရာ-တစ်တွင်း၊ ၁၀တွင်း-တစ်တိုင်၊ ခရီးတစ်သောင်း ဟူ၍ သုံးနှုန်းကြသည်။
English:
linear measure equivalent to hundred
Grammar Note:
နာမ်
ရာထူး
[ɹàtʰùး]
Arakanese:
မင်းအစိုးရရို့က မြှောက်စား ပီးအပ်ရေ ဂုဏ်ရည်အဆင့်
Burmese:
မင်းအစိုးရတို့က မြှောက်စား ပေးအပ်သော ဂုဏ်ရည်အဆင့်
English:
official position or appointment - designation
Grammar Note:
နာမ်
ရာထူးချ
[ɹàtʰùးɕ]
Arakanese:
ခန့်အပ် ထားရေ ရာထူးမှ တနားချေတဗွေချေ ပြတ်လပ်ထားရေ
Burmese:
ခန့်အပ် ထားသည့် ရာထူးမှ ခေတ္တ ပြတ်လပ်ထားသည်
English:
suspend from duty
Grammar Note:
ကြိယာ
ရာပုံစု
[ɹàpòʊɴsoʊ]
Arakanese:
ရွီတွက်ရ လွယ်ကူအောင် တရာစီ ခွဲခြားပနာ စုထပ်ရေ။ အပုံလိုက်သည်
Burmese:
ရေတွက်ရ လွယ်ကူအောင် တစ်ရာစီ ခွဲခြား၍ စုထပ်သည်။ စုပုံသည်
English:
count by units of a hundred
Grammar Note:
ကြိယာ
ရာပြတ်
[ɹàpɹaʔ]
Arakanese:
ဝန်၏ တန်ဖိုးကို အတိအကျဆုံး ပိုင်းခြား ဆုံးဖြတ် ပီးရေ
Burmese:
ပစ္စည်း၏ တန်ဖိုးကို အတိအကျဆုံး ပိုင်းခြား ဆုံးဖြတ် ပေးသည်
English:
appraise
Grammar Note:
ကြိယာ
ရာယာချ
[ɹàjàɕ]
Arakanese:
လယ်ပိုင် မြေပိုင်သျှင်ရို့က ကိုယ့် လယ်မြီ ပိုင်နက်၌ သီးသန့် ချထားရေ ရပ်ရွာအိမ်ခြေ
Burmese:
လယ်ပိုင် မြေပိုင်သျှင်တို့က မိမိ၏ လယ်မြေ ပိုင်နက်၌ သီးခြား ချထားသော ရပ်ရွာအိမ်ခြေ
English:
village
Grammar Note:
နာမ်
ရာသက်ပန်
[ɹàθɛʔpàɴ]
Arakanese:
အသက်သီယောင် ထက်ဆုံး။ တသက်လုံးလုံး
Burmese:
အသက်သေအောင် ထက်ဆုံး။ တစ်သက်ပတ်လုံး
English:
for life
Grammar Note:
ကြိယာဝိသေသန
ရာသီ
[ɹàθí]
Arakanese:
တနှစ်ကို (နွေ၊ မိုး၊ ဆောင်းဆိုပနာ) သုံးပိုင်း ပိုင်းထားရေ ကာလ။ ၂၊ ဥတု။ ၃၊ မမာ့ရို့မာ အရွယ်ရောက်ရေမှသွီးမဆုံးမီ ကာလအထဲ လစိုင်ပေါ်နီကျ ဓမ္မတာသွေး
Burmese:
တစ်နှစ်ကို (နွေ၊ မိုး၊ ဆောင်းဟူ၍) သုံးပိုင်း ပိုင်းထားသော ကာလ။ ၂၊ ဥတု။ ၃၊ မိန်းမတို့တွင် အရွယ်ရောက်သည်မှ သွေးမဆုံးမီ ကာလအတွင်း လစဉ်ပေါ်နေကျ ဓမ္မတာသွေး
English:
any one of the twelve signs of the zodiac season month (as in တန်ခူး~) period of time (as in ငါးနှစ်~ ) menses (as in ~ဓမ္မတာသွေး) [ Pali ရာသိ]
Grammar Note:
နာမ်
ရာသီကုန်
[ɹàθíkòʊɴ]
Arakanese:
တနှစ်မာ ဥတုသုံးပါး ဟိရာ။ ယင်းဥတု၊ သုံးပါးကို ပင်လျှင် နွီရာသီ၊ မိုးခါသား၊ ဆောင်းရာသီဆိုပနာ သတ်မှတ် ထားသနန့် ယင်းရာသီ တခုခု၏ ကုန်ဆုံးခြင်းသဘော။ ရာသီကုန်ဆုံး၊ တန်ဆောင်မုန်း (မိုးခါသားကုန်ခြင်း သဘောသို့ သက်ရောက်ရေ။
Burmese:
တစ်နှစ်တွင် ဥတုသုံးပါး ယှိရာ။ ယင်းဥတု၊ သုံးပါးကို ပင်လျှင် နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီဟူ၍ သတ်မှတ် ထားသဖြင့် ၎င်းရာသီ တစ်ခုခု၏ ကုန်ဆုံးခြင်းသဘော။ ရာသီကုန်ဆုံး၊ တန်ဆောင်မုန်း (မိုးရာသီကုန်ခြင်း သဘောသို့ သက်ရောက်သည်။
English:
seasonal goods
Grammar Note:
နာမ်
ရာသီခွင်
[ɹàθíkʰwɪ̀ɴ]
Arakanese:
ရာသီ စက်ဝိုင်းကို ၁၂ဖို့ ပြုပနာ ပိုင်းခြာထားရေ ဇယားကွက်
Burmese:
ရာသီ စက်ဝိုင်းကို ၁၂ဖို့ ပြု၍ ပိုင်းခြားထားသော ဇယားကွက်
English:
houses of the zodiac
Grammar Note:
နာမ်
ရာသီစက်
[ɹàθísɛʔ]
Arakanese:
ဆယ့်နှစ်လရာသီ ရွိ လည်ပတ် ကူးပြောင်းနိန်ရေ စက်ဝိုင်း
Burmese:
ဆယ့်နှစ်လရာသီ ရွေ့လျား လည်ပတ် ကူးပြောင်းနေသော စက်ဝိုင်း
English:
zodiac
Grammar Note:
နာမ်
ရာသီစာ
[ɹàθísà]
Arakanese:
ရာသီအလိုက် ပေါ်ထွက် လာရေ အသီးအနှံအစဟိစွာ စားဖွယ်
Burmese:
ရာသီအလိုက် ပေါ်ထွက် လာသော အသီးအနှံစသည် စားဖွယ်
English:
fruit vegetables and other food in season
Grammar Note:
နာမ်
ရာသီပင်
[ɹàθípɪ̀ɴ]
Arakanese:
ရာသီအလိုက် သီးပွင့်သော အပင်မျိုး
Burmese:
ရာသီအလိုက် သီးပွင့်သော အပင်မျိုး
English:
seasonal plants
Grammar Note:
နာမ်
ရာသီပန်း
[ɹàθípáɴ]
Arakanese:
တနှစ်မာ ဆယ့်နှစ်ရာသီ ဟိရာ၊ ယင်းရာသီ တခုကျအလိုက် ဖူးပွင့်သော ပန်းမျိုး
Burmese:
တစ်နှစ်တွင် ဆယ့်နှစ်ရာသီ ယှိရာ၊ ယင်းရာသီ တစ်ခုစီအလိုက် ဖူးပွင့်သော ပန်းမျိုး
English:
seasonal flowers
Grammar Note:
နာမ်
ရာသီပွဲ
[ɹàθípwɛ]
Arakanese:
တနှစ်မာ ဆယ့်နှစ်ရာသီ ဟိရာ။ ယင်းရာသီ၏ လစိုင်အနိန်နန့် ကျင်းပမြဲ ဖြစ်ရေ ပွဲလမ်းသဘင်။ ပျော်ရွှင်သောင်းသဲ၊ တပို့တွဲမာ၊ ရထားဆွဲငင် (ရာသီဖွဲ့)
Burmese:
တစ်နှစ်တွင် ဆယ့်နှစ်ရာသီ ယှိရာ။ ယင်းရာသီ၏ လစဉ် အားဖြင့် ကျင်းပမြဲ ဖြစ်သော ပွဲလမ်းသဘင်။ ပျော်ရွှင်သောင်းသဲ၊ တပို့တွဲမှာ၊ ရထားဆွဲငင် (ရာသီဖွဲ့)
English:
monthly or seasonal festival
Grammar Note:
နာမ်
ရာသီရုပ်
[ɹàθíɹoʊʔ]
Arakanese:
တဆယ့်နှစ် ရာသီမာ တခုကျအလိုက် အမှတ်အသား ပြုထားရေ အရုပ်
Burmese:
တစ်ဆယ့်နှစ် ရာသီတွင် တစ်ခုစီအလိုက် အမှတ်အသား ပြုထားသော အရုပ်
English:
signs of the zodiac
Grammar Note:
နာမ်
ရာသီလီ
[ɹàθílí]
Arakanese:
မိုးခါသား၌ အနောက်တောင် ဒေါင့်မှ ပင်ဖြစ်ဖြစ်၊ ဆောင်းရာသီ၌ မြောက်မှ ပင်ဖြစ်ဖြစ်၊ နွီရာသီ၌ အနောက်မြောက် ဒေါင့်မှ ပင်ဖြစ်ဖြစ်၊ ပုံမှန် တိုက်ခတ်သော လေ
Burmese:
မိုးရာသီ၌ အနောက်တောင် ထောင့်မှ လည်းကောင်း၊ ဆောင်းရာသီ၌ မြောက်မှ လည်းကောင်း၊ နွေရာသီ၌ အနောက်မြောက် ထောင့်မှ လည်းကောင်း၊ ပုံမှန် တိုက်ခတ်သော လေ
English:
seasonal wind
Grammar Note:
နာမ်
ရာဟု
[ɹàhoʊ]
Arakanese:
ဗဒူးဂြိုဟ်၏ အရံဖြစ်ရေ ဂြိုဟ်၊ ဂြိုဟ်ဆိုးတမျိုး
Burmese:
ဗုဒ္ဓဟူးဂြိုဟ်၏ အရံဖြစ်သော ဂြိုဟ်၊ ဂြိုဟ်ဆိုးတစ်မျိုး
English:
[ astrol ] Rahu: ascending node of the moon. [ Sans ရာဟု] - jinx
Grammar Note:
နာမ်