Dictionary Entries
Showing 441–460 of 1,415 words
ရ
ရာဟုဆိုက်
[ɹàhoʊsʰaɪʔ]
Arakanese:
ဒုက္ခ အမျိုးမျိုးနန့် ကြုံတွိ ရရေ။ ဂြိုဟ်ဆိုးမွီနှောက် ခံရရေ။ မကောင်းရေ အကျိုး သက်ရောက်ရေ
Burmese:
ဒုက္ခ အမျိုးမျိုးနှင့် ကြုံတွေ့ ရသည်။ ဂြိုဟ်ဆိုးမွှေနှောက် ခံရသည်။ မကောင်းသော အကျိုး သက်ရောက်သည်
English:
get inttrouble
Grammar Note:
ကြိယာ
ရာဟုထောင့်
[ɹàhoʊtʰɔ́ɪ̰ɴ]
Arakanese:
အနောက်မြောက်ဒေါင့် အရပ်
Burmese:
အနောက်မြောက်ထောင့် အရပ်
English:
north-west
Grammar Note:
နာမ်
ရာဟုထောင့်လီ
[ɹàhoʊtʰɔ́ɪ̰ɴlí]
Arakanese:
အနောက်မြောက်ဒေါင့်မှ တိုက်ခတ်လာရေ လေ
Burmese:
အနောက်မြောက်ထောင့်မှ တိုက်ခတ်လာသော လေ
English:
windy
Grammar Note:
နာမ်
ရာဟုဖမ်း
[ɹàhoʊpʰáɴ]
Arakanese:
လငပုပ် ဖမ်းရေ။ ရာဟုသည် နေကို (လကို) လျှာဖြင့် ဖမ်းယူခြင်းကြောင့် နီဝန်း အားလုံးသော် ပင်ဖြစ်ဖြစ်၊ တစိတ်တဒီသအနိန်နန့်သော် ပင်ဖြစ်ဖြစ် ကွယ်ပျောက်လားသည်
Burmese:
လငပုပ် ဖမ်းသည်။ ရာဟုသည် နေကို (လကို) လျှာဖြင့် ဖမ်းယူခြင်းကြောင့် နေဝန်း အလုံးစုံသော် လည်းကောင်း၊ တစ်စိတ်တစ်ဒေသ အားဖြင့်သော် လည်းကောင်း ကွယ်ပျောက်သွားသည်
English:
be eclipsed - eclipse (moon or sun)
Grammar Note:
ကြိယာ
ရိ.
[ɹì.]
Arakanese:
ညှိုးနွမ်းသော။ ပင်ပန်း နွမ်းရိသော။ ပင်ပန်း နွမ်းရိသနန့် အားလျော့သော။ ကိုယ်ခန္ဓာ ရိ.ရွေ့လားနိုင်ဗျာယ် (အရပ်)။ ညောတရိညာတရာပန်းလည်း၊ ပန်းမှန်းမသိ၊ နွမ်းကာရိ.လည်း ရိ.မှန်းမသိ (ပန်း)
Burmese:
ညှိုးနွမ်းသော။ ပင်ပန်း နွမ်းနယ်သော။ ပင်ပန်း နွမ်းနယ်သဖြင့် အားလျော့သော။ ကိုယ်ခန္ဓာ ရိ.ရွေ့လားနိုင်ဗျာယ် (အရပ်)။ ညောင်းညာပန်းလည်း၊ ပန်းမှန်းမသိ၊ နွမ်းကာရိ.လည်း ရိ.မှန်းမသိ (ပန်း)
English:
overwrought
Grammar Note:
နာမဝိသေသန
ရိ.နာ
[ɹì.nà]
Arakanese:
လားလာ လှုပ်ယှားမှုတိအတွက်နန့် ခြေလက်မသယ်ချင် ဖြစ်တေ။ ပင်ပန်း နွမ်းရိရေ။ ကိုယ်လက် တောင့်တင်း ညောတရိညာတရာရေ
Burmese:
သွားလာ လှုပ်ရှားမှုများသောကြောင့် ခြေလက်မသယ်ချင် ဖြစ်သည်။ ပင်ပန်း နွမ်းနယ်သည်။ ကိုယ်လက် တောင့်တင်း ညောင်းညာသည်
English:
languish
Grammar Note:
ကြိယာ
ရိ.ပွတ်
[ɹì.pwaʔ]
Arakanese:
အထဲဘက်ကို နက်ဟိုင်းအောင် တဆတ်ဆတ် လှိုက်စားပနာ ပွန်းရိရေ။ ၂၊ ပင်ပန်း ဆင်းရဲရေ။ ဒုက္ခ ရောက်ရေ။ ပြည်သူ ရိ.ပွတ်၊ ဆင်းရဲတတ်၏(ရှီးထုံး)
Burmese:
အတွင်းဘက်သို့ နက်ရှိုင်းအောင် တဖြည်းဖြည်း လှိုက်စား၍ ပွန်းရိသည်။ ၂၊ ပင်ပန်း ဆင်းရဲသည်။ ဒုက္ခ ရောက်သည်။ ပြည်သူ ရိ.ပွတ်၊ ဆင်းရဲတတ်၏(ရှေးထုံး)
English:
get inttrouble
Grammar Note:
ကြိယာ
ရိ.ရိ.
[ɹì.ɹì.]
Arakanese:
မသိမသာ ချိတ်ရိပ်ဗျာယ်။ အရိပ်အမြွတ်လောင်းာက်ရာ သိစီပြီးကေ
Burmese:
မသိမသာ ချိတ်ရိပ်လျက်။ အရိပ်အမြွတ်မျှသာ သိစေလျက်
English:
hint
Grammar Note:
ကြိယာဝိသေသန
ရိ.ရိ.ပင်ပင်
[ɹì.ɹì.pɪ̀ɴpɪ̀ɴ]
Arakanese:
ပင်ပန်းကြီးစွာနန့်
Burmese:
ပင်ပန်းကြီးစွာနှင့်
English:
languidly
Grammar Note:
ကြိယာဝိသေသန
ရိ.သျှား
[ɹì.ʃá]
Arakanese:
အားကုန်ခန်း နွမ်းလျသော။ ပင်ပန်း ကြီးစွာသော။ မုတ္တိုရ်မိဖုရား၊ နန်းမွေခံကေ၊ ပြည်တန်သားနန့်၊ ရိ.သျှားပင်ပန်း၊ မရွှင်နွမ်း၍၊ စခန်းချပြီးကေ(ကော်)။ များဖျင်သူပုန်၊ ပြည်ကိုခြုံ၍၊ လုပ်တုံချောက်ချား၊ မျိုးလေးပါးလည်း၊ ရိ.ယှားပူဆာ (ရခိုင်ကာ)
Burmese:
အားကုန်ခန်း နွမ်းလျသော။ ပင်ပန်း ကြီးစွာသော။ မုတ္တိုရ်မိဖုရား၊ နန်းမွေခံကေ၊ ပြည်တန်သားနှင့်၊ ရိ.သျှားပင်ပန်း၊ မရွှင်နွမ်း၍၊ စခန်းချကာ(ကော်)။ များဖျင်သူပုန်၊ ပြည်ကိုချုံ၍၊ လုပ်တုံချောက်ချား၊ မျိုးလေးပါးလည်း၊ ရိ.ယှားပူဆာ (ရခိုင်ကာ)
English:
overwrought
Grammar Note:
နာမဝိသေသန
ရိက္ခာ
[ɹìkʰə́kʰaà]
Arakanese:
အမှုထမ်းရို့အား ကူညီ ထောက်ပံ့သော လစာ။ ၂၊ နောင်တချိန်မာ စားသုံးရန် စုဆောင်း သိုမှီးထားရေ စားစရာ သောက်စရာ ဝန်။ အစားအစာ။ စားသောက်ဖွယ်ရာ၊ ရိက္ခာစာကို။ ကိုယ်စီ ကိုယ်ငှ၊ အဝဝလျှင်၊ ယူဆောင် ကတ်ပါလီလီာ့ (ဗမာချီ)
Burmese:
အမှုထမ်းတို့အား ကူညီ ထောက်ပံ့သော လစာ။ ၂၊ နောင်တချိန်တွင် စားသုံးရန် စုဆောင်း သိုမှီးထားသော စားစရာ သောက်စရာ ပစ္စည်း။ အစားအစာ။ စားသောက်ဖွယ်ရာ၊ ရိက္ခာစာကို။ ကိုယ်စီ ကိုယ်ငှ၊ အဝဝလျှင်၊ ယူဆောင် ကြပါလေလော့ (ဗမာချီ)
English:
provision ration [Hindi ရိဇက]
Grammar Note:
နာမ်
ရိက္ခာယူ
[ɹìkʰə́kʰaàjù]
Arakanese:
နောင် တမလွန် ဘဝ၌ စားသုံးရန် (မသေမီကာလ) အဂုဘဝ၌ ဒါန ကုသိုလ် ပြုလုပ်ရေ။ ကျွေးမွီး လှူဒါန်းသည်
Burmese:
နောင် တမလွန် ဘဝ၌ စားသုံးရန် (မသေမီကာလ) ယခုဘဝ၌ ဒါန ကုသိုလ် ပြုလုပ်သည်။ ကျွေးမွေး လှူဒါန်းသည်
English:
endow
Grammar Note:
ကြိယာ
ရိတ်
[ɹeɪʔ]
Arakanese:
မြက်ပင်၊ စပါးပင်၊ အမွီးအမှင် သီးနှံပင် အစဟိစွာရို့ကို ဖြတ်သိမ်းသည်
Burmese:
မြက်ပင်၊ ကောက်ပင်၊ အမွေးအမှင် သီးနှံပင် စသည်တို့ကို ဖြတ်သိမ်းသည်
English:
shave (hair ) - reap (paddy corn etc) [fig. colloq] exploit - rip sb off
Grammar Note:
ကြိယာ
ရိတ်ကနဲ
[ɹeɪʔknɛ]
Arakanese:
အလွန် အကကောင်းလျင် တိုးတောင်းစွာ
Burmese:
အလွန် အလျင်မြန် တိုးတောင်းစွာ
English:
suddenly
Grammar Note:
ကြိယာဝိသေသန
ရိတ်နာ
[ɹeɪʔnà]
Arakanese:
မကန်မဝှန် ကူးစက် ပြန့်ပွား၍ ရံဖိရံခါ ဖြစ်တတ်ရေ ရောဂါဆိုး။ ၂၊ ဝမ်းနာကျ။ ကာလနာရောဂါ
Burmese:
အများအပြား ကူးစက် ပြန့်ပွား၍ ရံဖန်ရံခါ ဖြစ်တတ်သော ရောဂါဆိုး။ ၂၊ ဝမ်းနာကျ။ ကာလဝမ်းရောဂါ
English:
cholera - gonorrhoea
Grammar Note:
နာမ်
ရိတ်ရိတ်သျှေ
[ɹeɪʔɹeɪʔʃè]
Arakanese:
အလွန် အကကောင်းလျင် တိုးတောင်းစွာ
Burmese:
အလွန် အလျင်မြန် တိုးတောင်းစွာ
English:
suddenly
Grammar Note:
ကြိယာဝိသေသန
ရိတ်သိမ်း
[ɹeɪʔθéɪɴ]
Arakanese:
မှည်းရင့်ပြီးရေ ကောက်ပဲသီးနှံ အစဟိစွာရို့ကို ရိတ်ဖြတ်ပနာ ရွှိပြောင်း ယူဆောင်ရေ
Burmese:
မှည်းရင့်ပြီးသော ကောက်ပဲသီးနှံ စသည်တို့ကို ရိတ်ဖြတ်၍ ရွှေ့ပြောင်း ယူဆောင်သည်
English:
reap - harvest
Grammar Note:
ကြိယာ
ရိတ်သိမ်းရိတ်ဖြတ်စက်
[ɹeɪʔθéɪɴɹeɪʔpʰɹaʔsɛʔ]
Arakanese:
လယ်ပြင်ဟိ စပါးရိတ်သိမ်းချိန်မာ စပါးကို ရိတ်ဖြတ် အိပ်ထည့်ပြီးသား စက်
Burmese:
လယ်ကွင်းရှိ စပါးရိတ်သိမ်းချိန်တွင် စပါးကို ရိတ်ဖြတ် အိပ်ထည့်ပြီးသား စက်
English:
combine harvester
Grammar Note:
နာမ်
ရိန့်
[ɹèɪɴ့]
Arakanese:
(အပင်) အခက်အလက်ရို့နန့် အုပ်ဆိုင်းကေလည်းဟိရေ။ ကောင်းရေ။ အသရေ ဟိရေ။ တင့်ရေသော
Burmese:
(သစ်ပင်) အခက်အလက်တို့ဖြင့် အုပ်ဆိုင်းလျက်ရှိသော။ ကောင်းသော။ အသရေ ရှိသော။ တင့်တယ်သော
English:
proper
Grammar Note:
နာမဝိသေသန
ရိန်ရိန့်
[ɹèɪɴɹèɪɴ့]
Arakanese:
အပင်၊ သစ်ရွက်၊ သစ်ခက် အစဟိစွာ တခုနန့်တခု ထူထပ်စွာ အုပ်မိုးကျဗျာယ်
Burmese:
သစ်ပင်၊ သစ်ရွက်၊ သစ်ခက် စသည် တစ်ခုနှင့်တစ်ခု ထူထပ်စွာ အုပ်မိုးကျလျက်
English:
shady
Grammar Note:
ကြိယာဝိသေသန