Dictionary Entries
Showing 461–480 of 1,415 words
ရ
ရိပ်
[ɹìaʔ]
Arakanese:
နေ၊ လ၊ မီး၊ အလင်းရောင် အစဟိစွာရို့ အကာအကွယ် တခုတရီကြောင့် အနည်းအကျိုင်း အလင်းလျော့ပါးစွာ ကျရောက်ရေ အနိန်အထား။ ၂၊ ထင်ရှား သိသာခြင်း မဟိဘဲ ဗြုန်းကနဲ တွိမြင်လိုက်ရရေ ပုံပန်းသဏ္ဍာန်။ ၃၊ ကြည်လင်သော ရီပြင်၊ မှန်၊ ကြီးမုံ အစဟိစွာရို့မာ ပေါ်ထင်ရေ အရာဝတ္တု တစုံ
Burmese:
နေ၊ လ၊ မီး၊ အလင်းရောင် စသည်တို့ အကာအကွယ် တစ်စုံတစ်ရာကြောင့် အနည်းအကျဉ်း အလင်းလျော့ပါးစွာ ကျရောက်သည့် အနေအထား။ ၂၊ ထင်ရှား သိသာခြင်း မရှိပဲ ဗြုန်းကနဲ တွေ့မြင်လိုက်ရသော ပုံပန်းသဏ္ဍာန်။ ၃၊ ကြည်လင်သော ရေပြင်၊ မှန်၊ ကြေးမုံ စသည်တို့၌ ပေါ်ထင်သည့် အရာဝတ္တု တစ်စုံ
English:
shade - shadow (as in သစ်ပင်~၊ အမှောင်~) sign (as in လူ~မတွေ့ရ၊ မိုး~လေ~) reflection (as in မှန်~၊ ရီ~) refuge - protection (as in မင်း~ခို -)
Grammar Note:
နာမ်
ရိပ်၂
[ɹìaʔ၂]
Arakanese:
အားလျော့ နည်းသော အရောင် ကျရောက်ရေ။ ၂၊ ရိုက်ပတ် ကွေ့ပတ်၍ ပြောဆိုရေ
Burmese:
အားလျော့ နည်းသော အရောင် ကျရောက်သည်။ ၂၊ ရိုက်သိုင်း ကွေ့ပတ်၍ ပြောဆိုသည်
English:
(of sunlight sun) dim fade lower (as in နေ~ဗျာယ်) speak allusively - talk elliptically ( as in စကားတံဆိပ်၊ တစ်ခွန်း~က)
Grammar Note:
ကြိယာ
ရိပ်ကနဲ
[ɹìaʔknɛ]
Arakanese:
အလွန် အကကောင်းလျင် တိုးတောင်းစွာ
Burmese:
အလွန် အလျင်မြန် တိုးတောင်းစွာ
English:
fleetingly - suddenly
Grammar Note:
ကြိယာဝိသေသန
ရိပ်ခြည်
[ɹìaʔkʰɹɛ]
Arakanese:
သိသာရုံမျှ ဖြစ်ရေ သဘော။ ၂၊ အစထွက်။ အနည်းအကျိုင်း။ ရိပ်ခြည်တစိ၊ မှန်းမသပဲ (ပန်း)
Burmese:
သိသာရုံမျှ ဖြစ်သော သဘော။ ၂၊ တစွန်းတစ။ အနည်းအကျဉ်း။ ရိပ်ခြည်တစိ၊ မှန်းမသပဲ (ပန်း)
English:
a fraction
Grammar Note:
နာမ်
ရိပ်ခြည်မိ
[ɹìaʔkʰɹɛmì]
Arakanese:
အရိပ်ချရေ ဆိုလိုချက်ကို ကောင်းစွာ သဖောပေါက် နားလည်ရေ။ ဖော်ထုတ်ပနာ မပြော ဆိုကေလေ့ အထဲသဘောကို ဝေဖန်ရွီတွက်နန့် ထင်မြင် သိသာ နိုင်လီရေ
Burmese:
သွယ်ဝိုက်သည့် ဆိုလိုချက်ကို ကောင်းစွာ သဘောပေါက် နားလည်သည်။ ထုတ်ဖော်၍ မပြော ဆိုသော်လည်း အတွင်းသဘောကို ဝေဖန်သောအားဖြင့် ထင်မြင် သိသာ နိုင်ပေသည်
English:
get a hint or inkling - guess
Grammar Note:
ကြိယာ
ရိပ်ခြည်သန်း
[ɹìaʔkʰɹɛθáɴ]
Arakanese:
အကြောင်းအရာ တခုခုကို တစွန်းတစ ဖော်ပြရေ။ အရိပ်ချ ရည်ညွှန်း၍ ပြောဆိုရေ
Burmese:
အကြောင်းအရာ တစ်ခုခုကို တစ်စွန်းတစ်စ ဖော်ပြသည်။ သွယ်ဝိုက် ရည်ညွှန်း၍ ပြောဆိုသည်
English:
indirect speech
Grammar Note:
ကြိယာ
ရိပ်ဖမ်းစမ်းဖမ်း
[ɹìaʔpʰáɴsáɴpʰáɴ]
Arakanese:
သဖောပေါက် နားလည်စီနှိုင်ရေ မျက်နှာပိုး စရေ အနည်းအကျိုင်းမျှ သိသာရန် တင်ပြချက်
Burmese:
သဘောပေါက် နားလည်စေနိုင်သော အရိပ်အကဲ စသည့် အနည်းအကျဉ်းမျှ သိသာရန် တင်ပြချက်
English:
short to the point
Grammar Note:
နာမ်
ရိပ်ဖမ်းမိ
[ɹìaʔpʰáɴmì]
Arakanese:
ဆိုလိုချက် သဖောအဓိပ္ပါယ်ကို တွေးခေါ်ခြင်းနန့် သိဟိ နားလည်သည်
Burmese:
ဆိုလိုချက် သဘော အဓိပ္ပါယ်ကို တွေးတောခြင်းဖြင့် သိရှိ နားလည်သည်
English:
get a hint or inkling - guess
Grammar Note:
ကြိယာ
ရိပ်ဖမ်းယမ်းဖမ်း
[ɹìaʔpʰáɴjáɴpʰáɴ]
Arakanese:
သိသာရုံမျှ ဝေဖန် ဆင်ခြင် သိသာစီရေ သဘောအားဖြင့်
Burmese:
သိသာရုံမျှ ဝေဖန် ဆင်ခြင် သိသာစေသော သဘောအားဖြင့်
English:
vaguely - indistinctly
Grammar Note:
ကြိယာဝိသေသန
ရိပ်မကျ
[ɹìaʔmt͡ɕ]
Arakanese:
တစွန်းတစမျှ ရိပ်စားမှုမဟိ ဖြစ်တေ။ တခုတရီ မျက်နှာပိုးကိုမျှ နားလည်ခြင်းမဟိ ဖြစ်တေ။ ယောက်ျားကားညဉ့်၊ မေသုဝဏ်နှင့်၊ စံပျောမွေ့ကေ၊ နိကိုမမာ့၊ မောင်နှင့်မေလေ၊ သည်နိမိတ်ကို၊ ရိပ်မကျပဲ (ဓမ္မသာ)
Burmese:
တစ်စွန်းတစမျှ ရိပ်စားမှုမရှိ ဖြစ်သည်။ တစ်စုံတစ်ရာ အရိပ်အကဲကိုမျှ နားလည်ခြင်းမရှိ ဖြစ်သည်။ ယောက်ျားကားညဉ့်၊ မေသုဝဏ်နှင့်၊ စံပျောမွေ့ကေ၊ နေ့ကိုမိန်းမ၊ မောင်နှင့်မေလေ၊ သည်နိမိတ်ကို၊ ရိပ်မကျပဲ (ဓမ္မသာ)
English:
misunderstand
Grammar Note:
ကြိယာ
ရိပ်ရိပ်
[ɹìaʔɹìaʔ]
Arakanese:
လျင်သော အဟုန်ဖြင့်။ ၂၊ အယင့်ယင် ကွယ်ပျောက် လားရေ မသဲမကွဲ အမြင်မျိုးအနိန်နန့်။ ဇာအပင်နန့်၊ ဇာမာဇာရက်ပ်၊ မြင်တတ်တတ်ဖြင့်၊ အမှတ်မထင်၊ ကြောက်အင်စိတ်ကြောင့်၊ ရိပ်ရိတ်မြင်လို့ (ကော်)
Burmese:
လျင်သော အဟုန်ဖြင့်။ ၂၊ လျင်မြန်စွာ ပျောက်ကွယ် သွားသော မသဲမကွဲ အမြင်မျိုး အားဖြင့်။ ဘယ်သစ်ပင်နှင့်၊ ဘယ်တွင်ဘယ်ရပ်၊ မြင်တတ်တတ်ဖြင့်၊ အမှတ်မထင်၊ ကြောက်အင်စိတ်ကြောင့်၊ ရိပ်ရိတ်မြင်လို့ (ကော်)
English:
fleetingly indistinctly
Grammar Note:
ကြိယာဝိသေသန
ရိပ်ရိပ်ရိပ်ရိပ်
[ɹìaʔɹìaʔɹìaʔɹìaʔ]
Arakanese:
အယင့်ယင် ကွယ်ပျောက်လားသော မသဲမကွဲ အမြင် မျိုးအားဖြင့်။ အယင့်ယင် ဖြစ်ပေါ် ချုပ်ပျောက်သောအနိန်နန့်
Burmese:
လျင်မြန်စွာ ကွယ်ပျောက်သွားသော မသဲမကွဲ အမြင် မျိုးအားဖြင့်။ လျင်မြန်စွာ ဖြစ်ပေါ် ချုပ်ပျောက်သော အားဖြင့်
English:
(move) fleetingly
Grammar Note:
ကြိယာဝိသေသန
ရိပ်ရိပ်သျှေ
[ɹìaʔɹìaʔʃè]
Arakanese:
လျင်သော အဟုန်ဖြင့်။ ၂၊ အယင့်ယင် ကွယ်ပျောက်လားရေ မသဲမကွဲ အမြင်မျိုးအနိန်နန့်။ ဇာအပင်နန့်၊ ဇာမာဇာရက်ပ်၊ မြင်တတ်တတ်ဖြင့်၊ အမှတ်မထင်၊ ကြောက်အင်စိတ်ကြောင့် ရိပ်ရိတ်မြင်လို့ (ကော်)
Burmese:
လျင်သော အဟုန်ဖြင့်။ ၂၊ လျင်မြန်စွာ ပျောက်ကွယ်သွားသော မသဲမကွဲ အမြင်မျိုး အားဖြင့်။ ဘယ်သစ်ပင်နှင့်၊ ဘယ်တွင်ဘယ်ရပ်၊ မြင်တတ်တတ်ဖြင့်၊ အမှတ်မထင်၊ ကြောက်အင်စိတ်ကြောင့် ရိပ်ရိတ်မြင်လို့ (ကော်)
English:
(move) fleetingly
Grammar Note:
ကြိယာဝိသေသန
ရိပ်သံဖမ်း
[ɹìaʔθံpʰáɴ]
Arakanese:
သဖောပေါက် နားလည် စီနှိုင်ရေ အရိပ်အသံ အစဟိစွာ အနည်း အကျိုင်းမျှ တင်ပြချက်
Burmese:
သဘောပေါက် နားလည် စေနိုင်သော အရိပ်အသံ စသည် အနည်း အကျဉ်းမျှ တင်ပြချက်
English:
vaguely - indistinctly - short to the point
Grammar Note:
ကြိယာဝိသေသန
ရိပ်အီးမြီ
[ɹìaʔʔïmɹì]
Arakanese:
အီးချမ်း သာယာသော အရပ် ဒေသ။ ငြိမ်းအီးစွာ ခိုလှုံရာနီရာ။ အဆောက်အအုံ
Burmese:
အေးချမ်း သာယာသော အရပ် ဒေသ။ ငြိမ်းအေးစွာ ခိုလှုံရာနေရာ။ အဆောက်အအုံ
English:
peaceful building
Grammar Note:
နာမ်
ရို့
[ɹo̰]
Arakanese:
ဗဟုဝုစ်ဝန် (ငါရို့မှ ငါပျောက်၍ ရို့ရို့ အစားသုံးသော အာလုပ် စကား။ တချို့ ရို့ကား၊ ရန်ခိုက်ရှာပြီးကေ၊ တချို့သာပြစ် တင်ကုန် (ဿဥက္ကာတု)
Burmese:
ဗဟုဝုစ်ပစ္စည်း (ငါရို့မှ ငါပျောက်၍ ရို့တို့ အစားသုံးသော အာလုပ် စကား။ တစ်ချို့ ရို့ကား၊ ရန်ခိုက်ရှာ၍၊ တချို့သာပြစ် တင်ကုန် (ဿဥက္ကာတု)
English:
word suffixed to the object which one is calling for attention (as in တစ်ချို့~ကား၊ မောင်~)
Grammar Note:
ပစ္စည်း
ရိုး
[ɹó]
Arakanese:
အထဲလား ဝါခြင်း ကင်းသော။ တည်ကြည် ဖြောင့်မတ်သော။ ၂၊ ရိုးရိုးတန်းတန်း သာမန်အတိုင်း ဖြစ်ရေ။ ၃၊ တိုင်းး အအီးသသာစွာ နီထိုင်တတ်ရေ။ ၄၊ တွိမြင် ကြားသိနီကျ ဖြစ်ရေ။ ငါရို့ အေပိုင်အတွိ.အကြုံတိက ရိုးလားခဗျာယ် (အရပ်)
Burmese:
ကောက်ကျစ် လိမ်လည်ခြင်း ကင်းသော။ တည်ကြည် ဖြောင့်မတ်သော။ ၂၊ ရိုးရိုးတန်းတန်း သာမန်အတိုင်း ဖြစ်သော။ ၃၊ တည်ငြိမ်း အေးဆေးစွာ နေထိုင်တတ်သော။ ၄၊ တွေ့မြင် ကြားသိနေကျ ဖြစ်သော။ ငါရို့ အေပိုင်အတွိ.အကြုံတိက ရိုးလားခဗျာယ် (အရပ်)
English:
simple - honest - guileless - naïve (as in နည်း ~၊ သဘော ~၊ ပုံ ~လက်) what is usual or customary (as in ရှေး~၊ လမ်း~)
Grammar Note:
နာမဝိသေသန
ရို့၂
[ɹo̰၂]
Arakanese:
စကားပြောရာမာ ဟိကိရိယာကို အကြောင်းခံပြုပနာ နောက်ကြိယာနန့် ဆက်စပ်ပီးရေ စကားလုံး။ ၍၊ လို့။ နင်ဇာမနီ၊ ထိုယောက်ျားကို၊ လားရို့ ဂုခေါ်ချီ (ဓမ္မက)
Burmese:
စကားပြောရာတွင် ရှေ့ကိရိယာကို အကြောင်းခံပြု၍ နောက်ကြိယာနှင့် ဆက်စပ်ပေးသော စကားလုံး။ ၍၊ လို့။ နင်ဇာမနီ၊ ထိုယောက်ျားကို၊ လားရို့ ဂုခေါ်ချီ (ဓမ္မက)
English:
[colloq.] but
Grammar Note:
သမ္ဗန္တ
ရိုး၂
[ɹó၂]
Arakanese:
အစိုင်အလာ ပြမြဲဖြစ်မြဲ ဖြစ်ရေ အလိအထ။ ထုံးစံ။ အပင် ခြုံနွယ်များ ပေါက်ပနာ တောင်ကျိုင်ကြားမှ စီးဆင်းလှာသော မြောင်းမက ချောင်းမရောက်သော ရီစီးကြောင်း
Burmese:
အစဉ်အလာ ပြမြဲဖြစ်မြဲ ဖြစ်သော အလေ့အထ။ ထုံးစံ။ သစ်ပင် ချုံနွယ်များ ပေါက်၍ တောတောင်ကြားမှ စီးဆင်းလာသော မြောင်းမက ချောင်းမရောက်သော ရေစီးကြောင်း
English:
long stretch or row such as (a) ridge embankment fencing fluting etc (as in ကုန်းခင်~၊ တောင်~၊ ကန်ပေါင်~၊ တာ~၊ စည်း~၊ ခြံ~၊ မြွေ~၊ လမ်း~၊ ရွာ~) - (b) watercourse (as in မြစ်~၊ ချောင်း~၊ မူး~၊ ရေ~) brook - rivulet (as in ~တစ်လျှောက်၊) custom - tra
Grammar Note:
နာမ်
ရို့၃
[ɹo̰၃]
Arakanese:
အပြောဝါကျ၌ ကြိယာ၏ အနက်ကို ကြိယာ နာမ်မပြောင်းပဲ၊ ကတ္တားပုဒ် ဖြစ်စီလိုရာမာ ဖြည့်စပ်၍ သုံးသော ကတ္တားပြ စကားလုံး။ လို့။ မလ္လာယုခေါ်၊ ထိုကျွန်းထက်မာ၊ ကျောက်ဂူဆောက်ရို့၊ ငါရို့ထားကတ်မေ (ဓမ္မက)
Burmese:
အပြောဝါကျ၌ ကြိယာ၏ အနက်ကို ကြိယာ နာမ်မပြောင်းပဲ၊ ကတ္တားပုဒ် ဖြစ်စေလိုရာ၌ ဖြည့်စပ်၍ သုံးသော ကတ္တားပြ စကားလုံး။ လို့။ မလ္လာယုခေါ်၊ ထိုကျွန်းပေါ်မှာ၊ ကျောက်ဂူဆောက်ရို့၊ ငါရို့ထားကတ်မေ (ဓမ္မက)
English:
because
Grammar Note:
ပစ္စည်း