Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 481–500 of 1,415 words

    ရ

    ရိုးကပ်သကပ်

    [ɹókaʔθkaʔ]
    အသားအရီ ပိန်ခြုံသော
    အသားအရေ ပိန်ချုံသော
    skinny
    နာမဝိသေသန

    ရိုးကပ်သကပ်

    [ɹókaʔθkaʔ]
    အရိုးငယ် မာကျောသော မြေတွား မြက်ပင်တမျိုး
    အရိုးသေးငယ် မာကျောသော မြေတွား မြက်ပင်တစ်မျိုး
    grass
    နာမ်

    ရိုက်

    [ɹaɪʔ]
    (စို့၊ ငုတ်၊ တိုင်စစွာကို) အထဲကို ဝင်အောင် တခုတရီဖြင့် ဖိနှက် သွင်းရေ။ ၂၊ ဖိနှိပ်ခြင်းနန့် ပုံစံတခုတရီပေါ် ထင်အောင် ပြုရေ။ ၃၊ တခုတရီကို တီးခတ်ရေ။ ၄၊ တခုတရီသော အရာကို လက်ဖြင့်ဖြစ်စီ၊ ဒုတ်ဖြင့်ဖြစ်စီ အား အဟုန်ပြင်းစွာ တီးခတ်ရေ။ ပု
    (စို့၊ ငုတ်၊ တိုင်စသည်ကို) အထဲသို့ ဝင်အောင် တစ်စုံတစ်ခုဖြင့် ဖိနှက် သွင်းသည်။ ၂၊ ဖိနှိပ်ခြင်းဖြင့် ပုံစံတစ်စုံတစ်ရာပေါ် ထင်အောင် ပြုသည်။ ၃၊ တစ်စုံတစ်ရာကို တီးခတ်သည်။ ၄၊ တစ်စုံတစ်ခုသော အရာကို လက်ဖြင့်ဖြစ်စေ၊ ဒုတ်ဖြင့်ဖြစ်စေ အား အဟုန်ပြင်းစွာ တီးခတ်သည်။ ပု
    hit strike - beat strike - beat - dash (as in တုတ်~-၊ လက်~-၊ လှိုင်း ~-) stamp (sa in တံဆိပ်~-). take picture - photograph (as in ဓာတ်ပုံ~-) - film - shoot (as in ရုပ်ရှင်~-) play (cards) play (as in ဂေါက်~-၊ တင်းနစ်~-) drive in (as in ပန္နက်~-၊ သ
    ကြိယာ

    ရိုက်ကူး

    [ɹaɪʔkùး]
    တခုခုသော ပုံစံသည် စွဲကျန်အောင် ဖန်တီး ပြုလုပ်ရေ
    တစ်ခုခုသော ပုံစံသည် စွဲကျန်အောင် ဖန်တီး ပြုလုပ်သည်
    shoot or film (a picture) - photograph
    ကြိယာ

    ရိုက်ကွက်

    [ɹaɪʔkwɛʔ]
    ဓါတ်ပုံ၊ ဘိုင်းစကူးအစဟိစွာ ရိုက်ကူးရန် သင့်လျော် လျောက်ပတ်သော ရှုမြင်ကွင်း
    ဓါတ်ပုံ၊ ရုပ်ရှင် စသည် ရိုက်ကူးရန် သင့်လျော် လျောက်ပတ်သော ရှုမြင်ကွင်း
    [cinemat] setting - locale
    နာမ်

    ရိုက်ချက်

    [ɹaɪʔɕɛʔ]
    ရိုက်သော အားအဟိန်
    ရိုက်သော အားအရှိန်
    [ printing] impression stroke (golf) shot (cinematic)
    နာမ်

    ရိုက်စား

    [ɹaɪʔsá]
    တယောက်ယောက်အား မရိုးသားသော စိတ်ဖြင့် လှည့်ပတ်၍ ပြောဆို ပြုမူရေ။ ဝါရေ။ မဟုတ်မမှန် ပြောဆိုပြုလုပ်ရေ
    တစ်စုံတစ်ဦးအား မရိုးသားသော စိတ်ဖြင့် လှည့်ပတ်၍ ပြောဆို ပြုမူသည်။ လိမ်လည်သည်။ မဟုတ်မမှန် ပြောဆိုပြုလုပ်သည်
    hoodwink
    ကြိယာ

    ရိုက်စောင်းသတ်

    [ɹaɪʔsáʊɴθaʔ]
    အရိပ်ကျလောင်းာက်ရေစကားဖြင့် ထိခိုက် ပုတ်ခတ်သည်
    သွယ်ဝိုက်သော စကားဖြင့် ထိခိုက် ပုတ်ခတ်သည်
    calumny
    ကြိယာဝိသေသန

    ရိုက်နှက်

    [ɹaɪʔn̥ɛʔ]
    နာကြင်အောင် ထုခတ်သည်
    နာကျင်အောင် ထုခတ်သည်
    strike
    ကြိယာ

    ရိုက်နှိပ်

    [ɹaɪʔn̥ìaʔ]
    တံဆိပ် ခတ်ရေ။ ၂၊ တခုတရီ ရုပ်ပုံအစဟိစွာ စွဲထင်အောင် ပြုသည်
    တံဆိပ် ခတ်သည်။ ၂၊ တစ်စုံတစ်ရာ ရုပ်ပုံစသည် စွဲထင်အောင် ပြုသည်
    imprint stamp
    ကြိယာ

    ရိုက်ရာ

    [ɹaɪʔɹà]
    ထီးမွေ၊ နန်းမွေ၊ မင်းစည်းစိမ် အမွီအနှစ်။ ရာထူးဌာနန္တရ။ ရှေးအစိုင်အလာ ပြုလုပ် ဆောင်ရွက်လာခရေ လက်ရာအမွီ။ ခမည်းတော် ရိုက်ရာကို စိုးတော်မူ၏ (ဓည)
    ထီးမွေ၊ နန်းမွေ၊ မင်းစည်းစိမ် အမွေအနှစ်။ ရာထူးဌာနန္တရ။ ရှေးအစဉ်အလာ ပြုလုပ် ဆောင်ရွက်လာခဲ့သော လက်ရာအမွေ။ ခမည်းတော် ရိုက်ရာကို စိုးတော်မူ၏ (ဓည)
    hereditary succession
    နာမ်

    ရိုက်သတ်

    [ɹaɪʔθaʔ]
    တခုခုဖြင့် နာကြင်အောင် တီးခတ်သည်
    တစ်ခုခုဖြင့် နာကျင်အောင် တီးခတ်သည်
    fight
    ကြိယာ

    ရိုက်ဟီး

    [ɹaɪʔhï]
    အရာဝတ္တု တခုခုကို တခုတရီဖြင့် ရိုက်ခတ်၍ ပြင်းစွာ အသံမြည်သည်
    အရာဝတ္တု တစ်ခုခုကို တစ်စုံတစ်ခုဖြင့် ရိုက်ခတ်၍ ပြင်းစွာ အသံမြည်သည်
    heehaw
    ကြိယာ

    ရိုကျိုး

    [ɹÒt͡ɕó]
    အရိုအသီ ပြုရေ။ အလီးအမြတ် ပြုရေ။ ကြည်ညို မြတ်နိုးရေ။ တုပ်ကွ ရိုကျိုး၊ လက်စုံမိုးကာ၊ ဇိခိုးပါ၏ (ကန်တော့)
    အရိုအသေ ပြုသည်။ အလေးအမြတ် ပြုသည်။ ကြည်ညို မြတ်နိုးသည်။ တုပ်ကွ ရိုကျိုး၊ လက်စုံမိုးကာ၊ ရှိခိုးပါ၏ (ကန်တော့)
    be respectful - be submissive
    ကြိယာ

    ရိုင်

    [ɹàɪɴ]
    အလျားရှည်၍ အနံတိုနှီးဖြင့် ရက်လုပ်ထားရေ ဖျာရှည် (ယင်းကို ခွေပတ်၍ ကောက်ပဲ သီးနှံအစဟိစွာ ထည့်လိဟိရေ။) ပုတ်၊ ရိုင်၊ ကျီဖြည့်၊ ထည့်၍သွင်းထား (ရှီးထုံး)။ ရီကြောင်း ထွက်ဝင်၊ သယ်တင်မနိုင်၊ ပုတ်ရိုင်ကျီဖြည့်၊ သွင်းထည့်ထားရာ၊ မဟာဝိဟိက၊ နာမသတင်း၊ ကောင်းနံ့သင်း၍ (ရ
    အလျားရှည်၍ အနံတိုနှီးဖြင့် ရက်လုပ်ထားသော ဖျာရှည် (၎င်းကို ခွေပတ်၍ ကောက်ပဲ သီးနှံစသည် ထည့်လေ့ရှိသည်။) ပုတ်၊ ရိုင်၊ ကျီဖြည့်၊ ထည့်၍သွင်းထား (ရှေးထုံး)။ ရေကြောင်း ထွက်ဝင်၊ သယ်တင်မနိုင်၊ ပုတ်ရိုင်ကျီဖြည့်၊ သွင်းထည့်ထားရာ၊ မဟာဝိဟိက၊ နာမသတင်း၊ ကောင်းနံ့သင်း၍ (ရ
    bamboo matting (used in making an enclosure for storing grain)
    နာမ်

    ရိုင့်

    [ɹa̰ɪɴ]
    အခက်အလက် ထူထပ်စွာ အုပ်ဆိုင်း၍ အဝီးမှ မြင်ရရေ သစ်တော။ အပင်စု၊ အပင်စရေ။ မောင်လှဦးဘ သစ်တောကို အဝီးကကြည့်ကေ ရိုင့်လို့ တညီတည်း မြင်ရရေ (အရပ်)။ ငါးထောင် ပိုက်ချသော ကိရိယာ
    အခက်အလက် ထူထပ်စွာ အုပ်ဆိုင်း၍ အဝေးမှ မြင်ရသော သစ်တော။ သစ်ပင်စု၊ သစ်ပင်စသည်။ မောင်လှဦးဘ သစ်တောကို အဝီးကကြည့်ကေ ရိုင့်လို့ တညီတည်း မြင်ရရေ (အရပ်)။ ငါးထောင် ငါးဖမ်းသော ကိရိယာ
    forest
    နာမ်

    ရိုင်း

    [ɹáɪɴ]
    ယိုင်ကျေး သိမ်မွေ့မှုကင်းသော။ သားယုတ်ဗွီကြမ်း၊ အကျိုးကန်းယောင်၊ ဆိုးညစ် ရိုင်းမိုက် (ကော်)။ ၂၊ စိမ်းသော။ ကိုယ်တိုင်သိမြင်ခံစား လုပ်ကိုင်ခြင်း ဗဟုသုတ မဟိသိမ့်ရေ။ ၃၊ ဆိုးရွားစွာ မလိုလားဖွယ် ဖြစ်ရေ။ ၄၊ အသုံးကျအောင် ပြုပျင်ရခြင်း မဟိသိမ့်ရေ။ ၅၊ အကြားအမြင် အ
    ယဉ်ကျေး သိမ်မွေ့မှုကင်းသော။ သားယုတ်ဗွီကြမ်း၊ အကျိုးကန်းယောင်၊ ဆိုးသွမ်း ရိုင်းမိုက် (ကော်)။ ၂၊ စိမ်းသော။ ကိုယ်တိုင်သိမြင်ခံစား လုပ်ကိုင်ခြင်း ဗဟုသုတ မရှိသေးသော။ ၃၊ ဆိုးရွားစွာ မလိုလားဖွယ် ဖြစ်သော။ ၄၊ အသုံးကျအောင် ပြုပြင်ရခြင်း မရှိသေးသော။ ၅၊ အကြားအမြင် အ
    rude - uncouth - uncivilized wild - untamed ( as in ဆင်~၊ တော~တိရိစ္ဆာန်) inexperienced - unfamiliar ( as in အူ~၊ နား ~) raw ( as in ပိုး~) - uncut or unpolished ( as in ကျောက်~) - virgin (soil) (as in မြေ~)
    နာမဝိသေသန

    ရိုင်၂

    [ɹàɪɴ၂]
    သာယာ တင့်ရေ မွေ့လျော်ဖွယ် ကောင်းရေ။ သာမောစဖွယ် ကောင်းရေ။ အင်ကြင်းတောမြိုင်၊ ခက်ရိုင်ပြန့်ပြော၊ ပိန္နဲတောနန့် (ဆဒ္ဒန်)။ ချက်ရိုင်ပြည့််စုံ၊ တောရဂုံဝယ် (ယင်း)။ သိမ်မွေ့နူးညံ့ ညင်သာ ပြေပြစ်ရေ အမူအရာ ဟိရေ။ ရိုင်းပျခြင်း မဟိရေ
    သာယာ တင့်တယ် မွေ့လျော်ဖွယ် ကောင်းသော။ သာမောစဖွယ် ကောင်းသော။ အင်ကြင်းတောမြိုင်၊ ခက်ရိုင်ပြန့်ပြော၊ ပိန္နဲတောနှင့် (ဆဒ္ဒန်)။ ချက်ရိုင်ပြည့််စုံ၊ တောရဂုံဝယ် (၎င်း)။ သိမ်မွေ့နူးညံ့ ညင်သာ ပြေပြစ်သည့် အမူအရာ ရှိသော။ ရိုင်းပျခြင်း မရှိသော
    pleasant
    နာမဝိသေသန

    ရိုင်၃

    [ɹàɪɴ၃]
    အဂေါင်းထဲမာ ရီဝဲမှုန်မှိုင်း၍ ကိုယ်ကို မဆောက် တည်နှိုင်ယောင် ဖြစ်တေ။ ဂေါင်း ရိုင်လို့ ဂေါင်းကို ထူးလို့မရ (အရပ်)။ ပိုင်းဖြတ်ရေ။ အထူးဂါရ ကပိုင်သားကို ဒါးနန့် ရိုင် (ပုံ)။ သစ်သား အသားသေစီရန် အပင်၏ အောက်ခြီအရင်းမှ ပင်လုံးကို ပတ်ပတ်လည် လည်ရစ်၍ စိကေချေ ထ
    ဦးခေါင်းထဲ၌ ရီဝဲမှုန်မှိုင်း၍ ကိုယ်ကို မဆောက် တည်နိုင်အောင် ဖြစ်သည်။ ဂေါင်း ရိုင်လို့ ဂေါင်းကို ထူးလို့မရ (အရပ်)။ ပိုင်းဖြတ်သည်။ မဆီမဆိုင် ကပိုင်သားကို ဒါးနန့် ရိုင် (ပုံ)။ သစ်သား အသားသေစေရန် သစ်ပင်၏ အောက်ခြေအရင်းမှ ပင်လုံးကို ပတ်ပတ်လည် လည်ရစ်၍ အနည်းငယ် ထ
    dizzy
    ကြိယာ

    ရိုင်၄

    [ɹàɪɴ၄]
    ပိုင်းဖြတ်ရေ။ အထူးဂါရ ကပိုင်သားကို ဒါးနန့် ရိုင် (ပုံ)။ သစ်သား အသားသေစီရန် အပင်၏ အောက်ခြီ အရင်းမှ ပင်လုံးကို ပတ်ပတ်လည် လည်ရစ်၍ စိကေချေ ထစ်ထားရေ
    ပိုင်းဖြတ်သည်။ မဆီမဆိုင် ကပိုင်သားကို ဒါးနန့် ရိုင် (ပုံ)။ သစ်သား အသားသေစေရန် သစ်ပင်၏ အောက်ခြေ အရင်းမှ ပင်လုံးကို ပတ်ပတ်လည် လည်ရစ်၍ အနည်းငယ် ထစ်ထားသည်
    compartmentalize
    ကြိယာ