Dictionary Entries
Showing 501–520 of 1,415 words
ရ
ရိုင်းစိုင်း
[ɹáɪɴsáɪɴ]
Arakanese:
ယိုင်ကျေး သိမ်မွေ့မှု၊ သာယာ ချိုရာမှု လုံးဝ မဟိရေ
Burmese:
ယဉ်ကျေး သိမ်မွေ့မှု၊ သာယာ ချိုသာမှု လုံးဝ ကင်းမဲ့သော
English:
rude - uncouth - uncivilized wild - untamed ( as in ဆင်~၊ တော~တိရိစ္ဆာန်) inexperienced - unfamiliar ( as in အူ~၊ နား ~) raw ( as in ပိုး~) - uncut or unpolished ( as in ကျောက်~) - virgin (soil) (as in မြေ~)
Grammar Note:
ကြိယာ
ရိုင့်ထောင်
[ɹa̰ɪɴtʰàʊɴ]
Arakanese:
ဆည်ပေါက် ဖောက်ထားရေ ရေကျရာကို (ရိုင့်) လမူး (ယင်း)ဖြင့် ငါးအဝင်သာ ရပြီးကေ အထွက်မရယောင် လောင်းာင်ချိုင့်ပိုင် ဝိုင်းပတ်၍ ပြုလုပ်ထားရေ ပိုက်ချနည်း တမျိုး
Burmese:
ဆည်ပေါက် ဖောက်ထားသော ရေကျရာကို (ရိုင့်) လမူး (ယင်း)ဖြင့် ငါးအဝင်သာ ရ၍ အထွက်မရအောင် လှောင်ချိုင့်ကဲ့သို့ ဝိုင်းပတ်၍ ပြုလုပ်ထားသော ငါးဖမ်းနည်း တစ်မျိုး
English:
none
Grammar Note:
နာမ်
ရိုင်းပင်း
[ɹáɪɴpɪ́ɴ]
Arakanese:
တယောက်တလီအား ကူညီ ထောက်ပံ့ရေ။ ပြုလုပ် ဆောင်ရွက် ပီးရေ
Burmese:
တစ်စုံတစ်ယောက်အား ကူညီ ထောက်ပံ့သည်။ ပြုလုပ် ဆောင်ရွက် ပေးသည်
English:
rally round - come to the aid of - help
Grammar Note:
ကြိယာ
ရိုင်ပတ်
[ɹàɪɴpaʔ]
Arakanese:
အလျားရှည်၍ အနံတိုနှီးဖြင့် ရက်လုပ်ထားရေ ဖျာရှည် (ယင်းကို ခွေပတ်၍ ကောက်ပဲ သီးနှံအစဟိစွာ ထည့်လိဟိရေ။) ပုတ်၊ ရိုင်၊ ကျီဖြည့်၊ ထည့်၍ သွင်းထား (ရှီးထုံး)။ ရီကြောင်း ထွက်ဝင်၊ သယ်တင်မနိုင်၊ ပုတ်ရိုင်ကျီဖြည့်၊ သွင်းထည့်ထားရာ၊ မဟာဝိဟိက၊ နာမသတင်း၊ ကောင်းနံ့သင်း၍ (
Burmese:
အလျားရှည်၍ အနံတိုနှီးဖြင့် ရက်လုပ်ထားသော ဖျာရှည် (၎င်းကို ခွေပတ်၍ ကောက်ပဲ သီးနှံစသည် ထည့်လေ့ရှိသည်။) ပုတ်၊ ရိုင်၊ ကျီဖြည့်၊ ထည့်၍ သွင်းထား (ရှေးထုံး)။ ရေကြောင်း ထွက်ဝင်၊ သယ်တင်မနိုင်၊ ပုတ်ရိုင်ကျီဖြည့်၊ သွင်းထည့်ထားရာ၊ မဟာဝိဟိက၊ နာမသတင်း၊ ကောင်းနံ့သင်း၍ (
English:
bamboo matting (used in making an enclosure for storing grain)
Grammar Note:
နာမ်
ရိုင်းပျ
[ɹáɪɴpr]
Arakanese:
ယိုင်ကျေးမှု အလိအကျင့် ပျက်ယွင်း မိုက်မဲသော။ သန သလစရာ ကောင်းရေ
Burmese:
ယဉ်ကျေးမှု အလေ့အကျင့် ပျက်ယွင်း မိုက်မဲသော။ ရွံရှာ စက်ဆုပ်ဖွယ် ကောင်းသော
English:
rude - coarse - vulger
Grammar Note:
နာမဝိသေသန
ရိုင်ရိုင်
[ɹàɪɴɹàɪɴ]
Arakanese:
သာယာ တင့်ရေ မွေ့လျော်ဖွယ် ကောင်းရေ။ သာမောစဖွယ် ကောင်းရေ။ အင်ကြင်းတောမြိုင်၊ ခက်ရိုင်ပြန့်ပြော၊ ပိန္နဲတောနန့် (ဆဒ္ဒန်)။ ချက်ရိုင်ပြည့််စုံ၊ တောရဂုံဝယ် (ယင်း)။ သိမ်မွေ့နူးညံ့ ညင်သာ ပြေပြစ်ရေ အမူအရာဟိသော။ ရိုင်းပျခြင်း မဟိရေ။ ၂၊ ကြည့်လို့ ကောင်းရေ။ အ
Burmese:
သာယာ တင့်တယ် မွေ့လျော်ဖွယ် ကောင်းသော။ သာမောစဖွယ် ကောင်းသော။ အင်ကြင်းတောမြိုင်၊ ခက်ရိုင်ပြန့်ပြော၊ ပိန္နဲတောနှင့် (ဆဒ္ဒန်)။ ချက်ရိုင်ပြည့််စုံ၊ တောရဂုံဝယ် (၎င်း)။ သိမ်မွေ့နူးညံ့ ညင်သာ ပြေပြစ်သည့် အမူအရာရှိသော။ ရိုင်းပျခြင်း မရှိသော။ ၂၊ ကြည့်၍ ကောင်းသော။ အ
English:
delicacy
Grammar Note:
နာမဝိသေသန
ရိုင့်ရိုင့်
[ɹa̰ɪɴɹa̰ɪɴ]
Arakanese:
အပင်၊ သစ်ရွက် အစဟိစွာ တခုနန့်တခု ထူထပ်စွာ အုပ်မိုးဗျာယ်
Burmese:
သစ်ပင်၊ သစ်ရွက် စသည် တစ်ခုနှင့်တစ်ခု ထူထပ်စွာ အုပ်မိုးလျက်
English:
dense forest
Grammar Note:
ကြိယာဝိသေသန
ရိုင်းရိုင်း
[ɹáɪɴɹáɪɴ]
Arakanese:
အသျှူတရာမြင့်သော မိုးထိယောင် မြင့်သော။ သျှစ်သောင်းပါးပျိုင်း၊ ပြိုင်းရိုင်းရိုင်းနန့်၊ ဆိုင်းဆိုင်းမြမြ၊ ပြိုင်ညောင်လှ၏ (ဆဒ္ဒန်)
Burmese:
အလွန်မြင့်သော မိုးထိယောင် မြင့်သော။ သျှစ်သောင်းပါးပျဉ်း၊ ပြိုင်းရိုင်းရိုင်းနှင့်၊ ဆိုင်းဆိုင်းမြမြ၊ ပြိုင်ညောင်လှ၏ (ဆဒ္ဒန်)
English:
high
Grammar Note:
ကြိယာ
ရိုင်ရိုင်၂
[ɹàɪɴɹàɪɴ၂]
Arakanese:
မသိမသာ။ ခပ်ခွာခွာ။ (နောက်ကို ဆုတ်ရေ။) ပုန်းယှောင်ကာ နီလီငြား၊ တုမပြိုင်ပဲ၊ ရိုင်ရိုင် နောက်ဆုတ်လား၍ (ဗမာချီ)
Burmese:
မသိမသာ။ ခပ်ခွာခွာ။ (နောက်သို့ ဆုတ်သည်။) ပုန်းရှောင်ကာ နီလီငြား၊ တုမပြိုင်ပဲ၊ ရိုင်ရိုင် နောက်ဆုတ်လား၍ (ဗမာချီ)
English:
[ arch ] in teeming numbers
Grammar Note:
ကြိယာဝိသေသန
ရိုင့်ရိုင့်ခြုံ
[ɹa̰ɪɴɹa̰ɪɴkʰɹÒʊɴ]
Arakanese:
အလျား ၄တောင်၊ အနံ ၂တောင် ၁ထွာဟိ၊ ခြုံထည်ကို အဂေါင်းမှ လည်ကို ရစ်သိုင်းခြုံ၍ မျက်လုံးနှစ်လုံး လမ်းကို မြင်နိုင်လောက်ရုံသာ ဖွင့်ထားရေ့ ရှီးရိုးရာ ရခိုင်သမမ ရို့၏ ယိုင်ကျေးမှု ခြုံနည်းတမျိုး
Burmese:
အလျား ၄တောင်၊ အနံ ၂တောင် ၁ထွာရှိ၊ ခြုံထည်ကို ဦးခေါင်းမှ လည်ကို ရစ်သိုင်းခြုံ၍ မျက်လုံးနှစ်လုံး လမ်းကို မြင်နိုင်လောက်ရုံသာ ဖွင့်ထားသည့် ရှေးရိုးရာ ရခိုင်သူမ တို့၏ ယဉ်ကျေးမှု ခြုံနည်းတစ်မျိုး
English:
generic term for shawl scarf wrap cape etc.
Grammar Note:
နာမ်
ရိုင်းရူး
[ɹáɪɴɹùး]
Arakanese:
အသိဉာဏ် ခေါင်းပါးခြင်းကြောင့် ယုတ်မာ ကြမ်းကြုတ်သော။ ရိုင်းရူး မိစ္ဆာ၊ ဗင်္ဂါကုလား၊ မြုံသက်သားနန့် သုံးပါးလုံးပြည်၊ ပုန်လတ်စွာကြောင့် (မှောက်တော်)
Burmese:
အသိဉာဏ် ခေါင်းပါးခြင်းကြောင့် ယုတ်မာ ကြမ်းကြုတ်သော။ ရိုင်းရူး မိစ္ဆာ၊ ဗင်္ဂါကုလား၊ မြုံသက်သားနှင့် သုံးပါးလုံးပြည်၊ ပုန်လတ်သည်ကြောင့် (မှောက်တော်)
English:
nefairous
Grammar Note:
နာမဝိသေသန
ရိုင်ဝိုင်း
[ɹàɪɴwáɪɴ]
Arakanese:
အလျားရှည်၍ အနံတိုနှီးဖြင့် ရက်လုပ်ထားရေ ဖျာရှည်(ယင်းကို ခွေပတ်၍ ကောက်ပဲ သီးနှံ အစဟိစွာ ထည့်လိဟိရေ။) ပုတ်၊ ရိုင်၊ ကျီဖြည့်၊ ထည့်၍သွင်းထား (ရှီးထုံး)။ ရီကြောင်း ထွက်ဝင်၊ သယ်တင်မနိုင်၊ ပုတ်ရိုင်ကျီဖြည့်၊ သွင်းထည့်ထားရာ၊ မဟာဝိဟိက၊ နာမသတင်း၊ ကောင်းနံ့သင်း၍ (ရ
Burmese:
အလျားရှည်၍ အနံတိုနှီးဖြင့် ရက်လုပ်ထားသော ဖျာရှည်(၎င်းကို ခွေပတ်၍ ကောက်ပဲ သီးနှံ စသည် ထည့်လေ့ရှိသည်။) ပုတ်၊ ရိုင်၊ ကျီဖြည့်၊ ထည့်၍သွင်းထား (ရှေးထုံး)။ ရေကြောင်း ထွက်ဝင်၊ သယ်တင်မနိုင်၊ ပုတ်ရိုင်ကျီဖြည့်၊ သွင်းထည့်ထားရာ၊ မဟာဝိဟိက၊ နာမသတင်း၊ ကောင်းနံ့သင်း၍ (ရ
English:
bamboo mat
Grammar Note:
နာမ်
ရိုးစိရိုးစောက်
[ɹósìɹósɔ́ɛʔ]
Arakanese:
မနီသာ မထိုင်သာ အမျိုးအမည် ခွဲခြားရန် ခက်ခဲသော ကိုယ်မာ ခံစားရမှု ဖြစ်ပေါ်ဗျာယ်။ ချောမွိ့ ပြေပြစ်ခြင်း မဟိဘဲ
Burmese:
မနေသာ မထိုင်သာ အမျိုးအမည် ခွဲခြားရန် ခက်ခဲသော ကိုယ်တွင် ခံစားရမှု ဖြစ်ပေါ်လျက်။ ချောမွေ့ ပြေပြစ်ခြင်း မရှိပဲ
English:
behave in a restless manner
Grammar Note:
ကြိယာဝိသေသန
ရိုးစောက်ကြီး
[ɹósɔ́ɛʔt͡ɕï]
Arakanese:
ထွေလည် ဆန်းပြား ကွေ့ပတ်သော သဖောအပြုအမှု မပါရာနန့်
Burmese:
ထွေလည် ဆန်းပြား ကွေ့ပတ်သော သဘော အပြုအမှု မပါပဲ
English:
directly
Grammar Note:
ကြိယာဝိသေသန
ရိုးစောက်ချ
[ɹósɔ́ɛʔɕ]
Arakanese:
မင်းအမင် အစဟိစွာအနိန်နန့် ကော်ဆဲခြင်းနန့် ပင်ဖြစ်ဖြစ်၊ အင်္ဂါဇာတ် အစဟိစွာအနိန်နန့် ပင်ဖြစ်ဖြစ် ခိုင်းနှိုင်း ကော်ချရေ
Burmese:
မင်းအမေ စသည်ဖြင့် ဆဲဆိုခြင်းဖြင့် လည်းကောင်း၊ အင်္ဂါဇာတ် စသည်ဖြင့် လည်းကောင်း ခိုင်းနှိုင်း ဆဲဆိုသည်
English:
swear at - revile - vituperate
Grammar Note:
ကြိယာ
ရိုးဆက်
[ɹósʰɛʔ]
Arakanese:
ဘိုးဖီးမှစပြီးကေ ဆင်းသက်လာရေ အမျိုးအနွယ်အစိုင်။ သတ္တဝါရို့၏ ကိုယ်ခန္ဓာ အစိတ်အပိုင်း၌ အရိုးချင်း ဆက်စက်နိန်ရေ အရာ
Burmese:
ဘိုးဘေးမှစ၍ ဆင်းသက်လာသော အမျိုးအနွယ်အစဉ်။ သတ္တဝါတို့၏ ကိုယ်ခန္ဓာ အစိတ်အပိုင်း၌ အရိုးချင်း ဆက်စက်နေသော အရာ
English:
joint ( of bone )
Grammar Note:
နာမ်
ရိုညွှတ်
[ɹÒɲW̯aʔ]
Arakanese:
ရိုသေ လေးစားရေ။ အဂေါင်းညွှတ်ကာ လေးစားခြင်းကို ပြုသည်
Burmese:
ရိုသေ လေးစားသည်။ ဦးခေါင်းညွှတ်ကာ လေးစားခြင်းကို ပြုသည်
English:
be respectful - be submissive
Grammar Note:
ကြိယာ
ရိုးတ
[ɹót]
Arakanese:
အပင်အစဟိစွာ၏ အကိုင်း၊ ပင်မကြီး။ ၂၊ ထီးအစဟိစွာ၏ ရှည်သွယ်သော (လက်ကိုင်) ပင်မအရိုး
Burmese:
သစ်ပင်စသည်၏ အကိုင်း၊ ပင်စည်။ ၂၊ ထီးစသည်၏ ရှည်သွယ်သော (လက်ကိုင်) ပင်မအရိုး
English:
trunk
Grammar Note:
နာမ်
ရိုးတံလှ
[ɹótံɬ]
Arakanese:
လိမေ္မာ်ရင့်ရောင် ညှာတန်ပြွန်ထိပ်မာ ပွင့်ဖတ်ဖြူ ခုနှစ်ခုဟိရေ ပန်းပွင့်ရေ အပင်။ ဆိပ်ဖလူးပန်း၊ အညှာနန့်၊ ကိုင်ဝံ့ဇာသူ၊ ပညာနန့် (ပန်းဝှက်)။ အဆင်းဖြူဝါ၊ အညှာကားမြ၊ ရိုးတံလှနှင့် မွှီးပျံ ကြိုင်ကြိုင် တောလုံးလှိုင်၏ (ထွန်းတိ)
Burmese:
လိမေ္မာ်ရင့်ရောင် ညှာတန်ပြွန်ထိပ်တွင် ပွင့်ဖတ်ဖြူ ခုနှစ်ခုရှိသော ပန်းပွင့်သည့် အပင်။ ရိုးလှသန္တာ၊ အညှာနန့်၊ ကိုင်ဝံ့မည်သူ၊ ပညာနန့် (ပန်းဝှက်)။ အဆင်းဖြူဝါ၊ အညှာကားမြ၊ ရိုးတံလှနှင့် မွှီးပျံ ကြိုင်ကြိုင် တောလုံးလှိုင်၏ (ထွန်းတိ)
English:
none
Grammar Note:
နာမ်
ရိုးတိုးရွန်တန့်
[ɹótóɹʊ̀ɴtàɴ့]
Arakanese:
မဝံ့မရံ။ ရှက်ရွံ့ဗျာယ်။ တွန့်ဆုတ်ဗျာယ်
Burmese:
မဝံ့မရံ။ ရှက်ရွံ့လျက်။ တွန့်ဆုတ်လျက်
English:
timidly
Grammar Note:
ကြိယာဝိသေသန