Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 541–560 of 1,415 words

    ရ

    ရိုးရဲရိုးရဲ

    [ɹóɹɛɹóɹɛ]
    အရောင်အဝါ ပြိုးပြိုးပြက်ပြက် တောက်ပဗျာယ်
    အရောင်အဝါ ပြိုးပြိုးပြက်ပြက် တောက်ပလျက်
    bright
    ကြိယာဝိသေသန

    ရိုးရွန်း

    [ɹóɹʊ́ɴ]
    ကိုင်းထဲက မျက်လုံးသဏ္ဌာန် အကွက်ငယ်များပါ အသီးသီးလေ့ ဟိပြီးး အသီးအရွက်ကို စားသုံးရရေ ပင်ပျပ်တမျိုး။ သစ်သီး ကနစိုး၊ ရဲရိုဝ်းသမ္ဘာရာ၊ ဩဇာပန္နဲ (ထွန်းတိ)
    ကိုင်းထဲမှ မျက်လုံးသဏ္ဌာန် အကွက်ငယ်များပါ အသီးသီးလေ့ ရှိပြီး အသီးအရွက်ကို စားသုံးရသော ပင်ပျပ်တစ်မျိုး။ သစ်သီး ကနစိုး၊ ရဲရိုဝ်းသမ္ဘာရာ၊ ဩဇာပန္နဲ (ထွန်းတိ)
    none
    နာမ်

    ရိုးရွန်း၂

    [ɹóɹʊ́ɴ၂]
    ကိုယ်လုံးကိုယ်ထည် ပပိန်ချေ ပိန်ညှက်သူ
    ကိုယ်လုံးကိုယ်ထည် သေးသွယ် ပိန်ညှက်သူ
    skinny
    နာမ်

    ရိုးလှသန္တာ

    [ɹóɬθn̪a̰n̪t̪a̰à]
    လိမေ္မာ် ရင့်ရောင် ညှာတန်ပြွန်ထိပ်မာ ပွင့်ဖတ်ဖြူ ခုနှစ်ခုဟိရေ ပန်းပွင့်ရေ အပင်။ ဆိပ်ဖလူးပန်း၊ အညှာနန့်၊ ကိုင်ဝံ့ဇာသူ၊ ပညာနန့် (ပန်းဝှက်)
    လိမေ္မာ် ရင့်ရောင် ညှာတန်ပြွန်ထိပ်တွင် ပွင့်ဖတ်ဖြူ ခုနှစ်ခုရှိသော ပန်းပွင့်သည့် အပင်။ ရိုးလှသန္တာ၊ အညှာနန့်၊ ကိုင်ဝံ့မည်သူ၊ ပညာနန့် (ပန်းဝှက်)
    none
    နာမ်

    ရိုသီ

    [ɹÒθí]
    အလီးအမြတ် ပြုရေ။ ကြည်ညို လေးစားရေ။ ပုဆစ်မာ တုပ်ကွေ့ဟိမာတည်၊ လက်ကေမာဆယ်ချောင်း၊ စုံစွာပေါင်း၊ ငါးပါး ရိုသီ သျှင်မင်းကြီးကို ကျွန်ရို့လက်အုပ်ချီ
    အလေးအမြတ် ပြုသည်။ ကြည်ညို လေးစားသည်။ ပုဆစ်မှာ တုပ်ကွေ့ရှိတွင်တည်၊ လက်ကေမှာဆယ်ချောင်း၊ စုံစွာပေါင်း၊ ငါးပါး ရိုသီ သျှင်မင်းကြီးကို ကျွန်ရို့လက်အုပ်ချီ
    respect
    ကြိယာ

    ရိုသီမြတ်နိုး(ဓမ္မက)

    [ɹÒθímɹaʔnó(dʱm̪a̰m̪a̰k)]
    ကြည်ညို လေးစားရေ။ ကြည်ညို လေးမြတ်စွာ ဆက်ဆံရေ။ ရိုသီမြတ်နိုး၊ လက်စုံမိုးကာ၊ ဇိခိုးပါ၏ (ကန်တော့)
    ကြည်ညို လေးစားသည်။ ကြည်ညို လေးမြတ်စွာ ဆက်ဆံသည်။ ရိုသီမြတ်နိုး၊ လက်စုံမိုးကာ၊ ရှိခိုးပါ၏ (ကန်တော့)
    behave respectfully - bow in respect - revere
    ကြိယာ

    ရိုသီလေးမြတ်

    [ɹÒθílémɹaʔ]
    ယုံကြည် မြတ်နိုးခြင်းနန့် လေးစားခြင်းကို ပြုသည်
    ယုံကြည် မြတ်နိုးခြင်းဖြင့် လေးစားခြင်းကို ပြုသည်
    behave respectfully - bow in respect - revere
    ကြိယာ

    ရိုးအကြီး

    [ɹóʔt͡ɕï]
    သွယ်သွယ်လက်လက် ချက်ချာခြင်း မဟိရေ။ ရိုးသား လွန်ကဲသနန့် ထုံထိုင်း ကြာသော
    သွယ်သွယ်လက်လက် ချက်ချာခြင်း မရှိသော။ ရိုးသား လွန်ကဲသဖြင့် ထုံထိုင်း နှေးကွေးသော
    forthright - naive - simple
    နာမဝိသေသန

    ရီ

    [ɹí]
    မြစ်ဖျား၊ အင်းအိုင်၊ သမုဒ္ဒရာမာ သဘာဝအတိုင်း တည်ဟိသော အရည်။ ကံမကူညီ၊ စွန်ချီယူကေ၊ ရီမာ နစ်လို့ (ပဋာ)
    မြစ်ဖျား၊ အင်းအိုင်၊ သမုဒ္ဒရာတွင် သဘာဝအတိုင်း တည်ယှိသော အရည်။ ကံမကူညီ၊ စွန်ချီယူကေ၊ ရီတွင် နစ်လို့ (ပဋာ)
    water
    နာမ်

    ရီး

    [ɹï]
    အက္ခရာ၊ စာ၊ သင်္ကေတ အမှတ်အသား အစဟိစွာရို့ကို တခုတရီ မျက်နှာပြင် ထက်မာ ဆွဲခြစ်စရာ တမျိုးမျိုးဖြင့် ထင်သာယောင် ပြုလုပ်ရေ။ ၂၊ စီကုံး ဖွဲ့နွဲ့ရေ။ တခုတရီ၏ ဖြစ်ပျက်ခြင်းရာကို စာဖြင့် မှတ်သားထားရေ။ ၃၊ ပဂျီ စစွာကို ဆီးရောင်စုံဖြင့် ပေါ်လွင် ထင်ရ
    အက္ခရာ၊ စာ၊ သင်္ကေတ အမှတ်အသား စသည်တို့ကို တစ်စုံတစ်ခု မျက်နှာပြင် ပေါ်တွင် ဆွဲခြစ်စရာ တစ်မျိုးမျိုးဖြင့် ထင်သာအောင် ပြုလုပ်သည်။ ၂၊ စီကုံး ဖွဲ့နွဲ့သည်။ တစ်စုံတစ်ခု၏ ဖြစ်ပျက်ခြင်းရာကို စာဖြင့် မှတ်သားထားသည်။ ၃၊ ပန်းချီ စသည်ကို ဆေးရောင်စုံဖြင့် ပေါ်လွင် ထင်ရ
    write - draw - compose part particle suffixed to verb or noun to denote a state action or skill (as in လား~၊ လာ~၊ သာသနာ~၊ တော်လှန်~၊ ဓား~၊ လှံ~ etc) numerical classifier for counting stretches of sleep( as in တစ်~အိပ်-)
    ကြိယာ

    ရီး၂

    [ɹï၂]
    အဖြစ်အပျက်၊ အကြောင်းကိစ္စ တခုတရီ ဆောင်ရွက်ရန် နာမ်ပုဒ်မာ ဆက်တွဲရရေ စကားလုံး။ ရာဇာစောထီး၊ ရီးတကြီးဖြင့်၊ ကြောင်းရီးသာယာ၊ ရှေ့တော်မာလျှင်၊ ကြီးကြော်ရီးကို၊ မေးရေအခါ (ထာနု)
    အဖြစ်အပျက်၊ အကြောင်းကိစ္စ တစ်စုံတစ်ခု ဆောင်ရွက်ရန် နာမ်ပုဒ်တွင် ဆက်တွဲရသော စကားလုံး။ ရာဇာစောထီး၊ ရေးတကြီးဖြင့်၊ ကြောင်းရီးသာယာ၊ ရှေ့တော်မှာလျှင်၊ ကြေးကြော်ရေးကို၊ မေးသောအခါ (ထာနု)
    [colloq.] postpositional marker indicating something
    ပစ္စည်း

    ရီး၃

    [ɹï၃]
    တခေါက်အိပ်ပျော်ရေမှ နိုးသည်အထိ ကာလအပိုင်းအရာကို ရွီတွက်သော စကားလုံး။ တ ရီးအိပ်ပျော်၊ စက်တော်ခေါ်၊ မောင်တော်လာနိုး (ဓမ္မက)။ အဖိုးအခ သတ်မှတ်ချက်။ သတ်မှတ်ထားရေ အဖိုးအခ။ ၂၊ အရွီအတွက် အဟိန်အဟုန် အစ ဟိရေဖြင့် တပြီီးညီ သတ်မှတ်ချက်။ ရောင်းနှုန်းရီး အတိုင
    တစ်ကြိမ်အိပ်ပျော်သည်မှ နိုးသည်အထိ ကာလအပိုင်းအခြားကို ရေတွက်သော စကားလုံး။ တ ရီးအိပ်ပျော်၊ စက်တော်ခေါ်၊ မောင်တော်လာနိုး (ဓမ္မက)။ အဖိုးအခ သတ်မှတ်ချက်။ သတ်မှတ်ထားသော အဖိုးအခ။ ၂၊ အရေအတွက် အရှိန်အဟုန် အစ ရှိသည်ဖြင့် တစ်ပြေးညီ သတ်မှတ်ချက်။ ရောင်းနှုန်းရီး အတိုင
    numerical classifier for counting stretches of sleep( as in တစ်~အိပ်-)
    နာမ်

    ရီကင်း

    [ɹíkɪ́ɴ]
    ချောင်း၏ မြစ်ဝ အစဟိစွာ၌ လူဆိုးသူဆိုးရို့ကို ဖမ်းဆီး နှိမ်နှင်းရန် စောင့်နီသူ။ ၂၊ ရန်သူ၏ အခြီအရဲကို ထောက်လှမ်းရန် လှည့်လည်နီသူ။ ၃၊ အခွန်အတုတ် ကောက်ခံရာ ရေဆိပ်အစဟိစွာ
    ချောင်း၏ မြစ်ဝ စသည်၌ လူဆိုးသူဆိုးတို့ကို ဖမ်းဆီး နှိမ်နှင်းရန် စောင့်နေသူ။ ၂၊ ရန်သူ၏ အခြေအနေကို ထောက်လှမ်းရန် လှည့်လည်နေသူ။ ၃၊ အခွန်အတုတ် ကောက်ခံရာ ရေဆိပ်စသည်
    guard
    နာမ်

    ရီကင်း၂

    [ɹíkɪ́ɴ၂]
    အခွံမာပနာ မြင်းခွာပုံ ကျောက်ကုန်းနန့် စူးပိုင်ယှောင် ပတုံးဟိရေ ရီသတ္တဝါ တမျိုး။ ငါးတောက်တူနန့်၊ တောင်သူမကြင်း၊ ရီကင်းမကျိုင် (ငါး)
    အခွံမာ၍ မြင်းခွာပုံ ကျောက်ကုန်းနှင့် ဆူးကဲ့သို့သော အမြီးယှိသည့် ရေသတ္တဝါ တစ်မျိုး။ ငါးတောက်တူနှင့်၊ တောင်သူမကြင်း၊ ရီကင်းမကျိုင် (ငါး)
    commo moorhen Gallinula chloropus
    နာမ်

    ရီကစပ်

    [ɹíksaʔ]
    ရီထဲမာ ပျော်ရွှင်စွာ ကူးခတ် ပျော်ပိုက်ရေ။ ၂၊ သင်္ကြန်ပွဲမာ အပြန်အလှန် ရေနန့် ပက်ဖြန်း ကတ်တေ။ အသူ့သျှေခါ၊ ပင်လယ်နားမာ၊ ရီကစပ်ဖို့၊ လားကတ်တေ၊ ငါရို့သျှေခါ၊ ပင်လယ်နားမာ၊ ရီကစပ်ဖို့၊ လားကတ်တေ၊ (တေး)
    ရေထဲတွင် ပျော်ရွှင်စွာ ကူးခတ် ပျော်ပိုက်သည်။ ၂၊ သင်္ကြန်ပွဲတွင် အပြန်အလှန် ရေနှင့် ပက်ဖြန်း ကြသည်။ အသူ့သျှေခါ၊ ပင်လယ်နားမှာ၊ ရီကစပ်ဖို့၊ လားကတ်တေ၊ ငါရို့သျှေခါ၊ ပင်လယ်နားမှာ၊ ရီကစပ်ဖို့၊ လားကတ်တေ၊ (တေး)
    pour water on one another during the Water Festival play about or disport in water - swimming
    ကြိယာ

    ရီကတော့

    [ɹíktɔ̰]
    ရီပြင်၌ အလယ်မာ ခွက်ပနာပျင်ဗျာယ် ဆွဲငင်၍ ရစ်လည်နိန်ရေ ရေဝဲတမျိုး
    ရေပြင်၌ အလယ်တွင် ချိုင့်၍ ဆွဲငင်၍ ရစ်လည်နေသော ရေဝဲတစ်မျိုး
    eddy - whirlpool
    နာမ်

    ရီကတောင်း

    [ɹíktáʊɴ]
    သောက်ရီ ထည့်သော လိုင်ဖင်းရှည် အိုးငယ် တမျိုး
    သောက်ရေ ထည့်သော လည်ပင်းရှည် အိုးငယ် တစ်မျိုး
    jug
    နာမ်

    ရီကန်

    [ɹíkàɴ]
    ရေတင် နိန်စီရန် တူးဖော် ထားရေ မားချိုင့်။ ချိုင့်ကြီး
    ရေတင် နေစေရန် တူးဖော် ထားသည့် တွင်းချိုင့်။ ချိုင့်ကြီး
    pool - lake - pond - tank
    နာမ်

    ရီကရား

    [ɹíkɹá]
    သောက်ရီ ထည့်သော အစောက်ရှည်ရေ လက်ကိုင်ပါရေ ကြော်ဗျ တမျိုး။ ၂၊ နှုတ်သီးနန့် လက်ကိုင်ပါရေ အိုးတမျိုး
    သောက်ရေ ထည့်သော အစောက်ရှည်သည့် လက်ကိုင်ပါသော ဒန်အိုး တစ်မျိုး။ ၂၊ နှုတ်သီးနှင့် လက်ကိုင်ပါသော အိုးတစ်မျိုး
    breaker - jug with beak and handle - vessel with spout and handle - kettle
    နာမ်

    ရီကိုင်

    [ɹíkàɪɴ]
    ထမင်း၊ ဟင်း စားဖို့အခါမှ ပင်ဖြစ်ဖြစ်၊ ကျင်ကြီး ကျင်ငယ် လားရာမာ ပင်ဖြစ်ဖြစ်၊ သန့်စင်စီရန် အသုံးပြုသည်
    ထမင်း၊ ဟင်း စားမည့်အခါတွင် လည်းကောင်း၊ ကျင်ကြီး ကျင်ငယ် သွားရာတွင် လည်းကောင်း၊ သန့်စင်စေရန် အသုံးပြုသည်
    revive a fighting cock by massaging with water wash after finishing one’s toilet
    ကြိယာ