Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 561–580 of 1,415 words

    ရ

    ရီကုန်ရီခန်း

    [ɹíkòʊɴɹíkʰáɴ]
    (ဥပစာ) နည်းလမ်းကုန်။ ဇကုန်
    (ဥပစာ) နည်းလမ်းကုန်။ အစွမ်းကုန်
    (of a cock fight) till exhausted [fig.] with all-out effort - with all one’s might
    ကြိယာဝိသေသန

    ရီကုန်လိုက်

    [ɹíkòʊɴlaɪʔ]
    ဖြားတက်ရေမှ ဖြားတက် တန့်ရေ့အထိ လောင်းဖြင့် လိုက်ရေ။ လောင်းကိုမျိုး၍ လိုက်ရေ
    ဒီရေတက်သည်မှ ဒီရေတက် ရပ်သည့်အထိ လှေဖြင့် လိုက်သည်။ လှေကိုမျော၍ လိုက်သည်
    [fig.] make all-out effort - see sth through to the very end
    ကြိယာ

    ရီကူး

    [ɹíkùး]
    ရီထဲမာ လက်ခြေရို့ကို လှုပ်ရှား ယက်ကျောက်ပြီးကေ ကိုယ်ခန္ဓာကို ရွိအောင် ပြုသည်
    ရေထဲတွင် လက်ခြေတို့ကို လှုပ်ရှား ယက်ကန်လျက် ကိုယ်ခန္ဓာကို ရွေ့လျားအောင် ပြုသည်
    swim
    ကြိယာ

    ရီးကူး

    [ɹïkùး]
    မူလ ရီးသားချက် တခုတရီကို မကွဲမပြား တမျိုးတည်း ကျအောင် လိုက်ပြီးကေ ရီးရေ
    မူလ ရေးသားချက် တစ်စုံတစ်ရာကို မကွဲမပြား တစ်မျိုးတည်း ကျအောင် လိုက်၍ ရေးသည်
    copy (script or print)
    ကြိယာ

    ရီကျ

    [ɹít͡ɕ]
    ဖြားရီ နိမ့်ဆင်းရေ။ ရီပြင် လျော့နိမ့်ရေ။ ခတ်လို့သွားရင်၊ ကြောင်းဖြာပြောဟော ဖြားကျမည်ကို၊ အလွန်စိုးကေ၊ ကြိုးစားပြီးကေသာ၊ ဝန်ဖိုင်ပြွန်ကို၊ ဖြားဆန်းခတ်လို့ (ရီလား)
    ဒီရေ နိမ့်ဆင်းသည်။ ရေပြင် လျော့နိမ့်သည်။ ခတ်လို့လားကေ၊ ကြောင်းဖြာပြောဟော ဖြားကျမည်ကို၊ အလွန်စိုးကေ၊ ကြိုးစား၍သာ၊ ဝန်ဖိုင်ပြွန်ကို၊ ဖြားဆန်းခတ်လို့ (ရီလား)
    ebb-tide waterfall - cascade - cataract
    နာမ်

    ရီကျ၂

    [ɹít͡ɕ၂]
    ရေမာ တခေါက် ဖွပ်ခြင်း ခံရယား ဖြစ်တေ။ အေ-ဒယော နှစ်ရီကျပြီးဗျာယ် (အရပ်)။ ၂၊ ဆီးရောင် ကျွတ်သည်
    ရေတွင် တစ်ကြိမ် လျှော်ဖွပ်ခြင်း ခံရပြီး ဖြစ်သည်။ အေ-ဒယော နှစ်ရီကျပြီးဗျာယ် (အရပ်)။ ၂၊ ဆေးရောင် ကျွတ်သည်
    ebb (of colour) run (of clothing) have undergone a wash (i.e. be no longer brandnew)
    ကြိယာ

    ရီကျက်အီး

    [ɹít͡ɕɛʔʔï]
    ရေကို ပြွက်ပြွက်ဆူအောင် ကျိုထား ပြီးကေ အအီးခံ ထားရေ ရေ
    ရေကို ဆူပွက်အောင် ကျိုထား ပြီးနောက် အအေးခံ ထားသော ရေ
    drinking water sterilized by boiling
    နာမ်

    ရီကျိန်းတတ်

    [ɹít͡ɕéɪɴtaʔ]
    ရီအောက်မာ အတန်ကြာ ငုပ်လျို နီထိုင်သူ။ ရေငုပ် သမား
    ရေအောက်၌ အတန်ကြာ ငုပ်လျို နေထိုင်သူ။ ရေငုပ် သမား
    diver - frogman
    နာမ်

    ရီကျိုင်

    [ɹít͡ɕàɪɴ]
    နှီးသားကို သရိုးသစ်စိရို့နန့် မွမ်းမံ ပြုလုပ်ထားရေ အဝကျယ် အောက်ကျဉ်းခွက်ရှည်။ ယွန်းခွက်ပုံအတိုင်း ဒန်သတ္တုဖြင့် ပြုလုပ်ရေ ယင်းနည်းပိုင် ခွက်ရှည်။ ၂၊ မြေ၊ ဖလ် သတ္တု အစဟိစွာတခုခုဖြင့် ရေထည့်ရန် ပြုလုပ်ထားရေ အစောက်ရှည် ထည့်စရာ
    နှီးသားကို သရိုးသစ်စေ့တို့ဖြင့် မွမ်းမံ ပြုလုပ်ထားသော အဝကျယ် အောက်ကျဉ်းခွက်ရှည်။ ယွန်းခွက်ပုံအတိုင်း ဒန်သတ္တုဖြင့် ပြုလုပ်သော အလားတူ ခွက်ရှည်။ ၂၊ မြေ၊ ဖလ် သတ္တု စသည်တစ်ခုခုဖြင့် ရေထည့်ရန် ပြုလုပ်ထားသော အစောက်ရှည် ထည့်စရာ
    cup
    နာမ်

    ရီးကျီဝတ်ကျီ

    [ɹït͡ɕíwaʔt͡ɕí]
    ပြုသင့်ပြုအပ်ရေ ပဇာယနကို အားလုံးပြုရေ။ ပဇာယန ပြုစု အရာမာသည်
    ပြုသင့်ပြုအပ်သော လောကဝတ်ကို အကုန်အစင်ပြုသည်။ လောကဝတ် ပြုစု ပြီးမြောက်သည်
    treat
    ကြိယာဝိသေသန

    ရီကျောက်

    [ɹít͡ɕɔ́ɛʔ]
    သောက်ရီ ထည့်သော အစောက် ရှည်ရေ လက်ကိုင်ပါရေ ကြော်ဗျ တမျိုး။ ၂၊ နှုတ်သီးနန့် လက်ကိုင်ပါရေ အိုးတမျိုး။ ပူတဲ့ ရာသီ၌ အချေများမာ ဖြစ်ပွားတတ်ရေ ကျောက်ရောဂါ တမျိုး
    သောက်ရေ ထည့်သော အစောက် ရှည်သည့် လက်ကိုင်ပါသော ဒန်အိုး တစ်မျိုး။ ၂၊ နှုတ်သီးနှင့် လက်ကိုင်ပါသော အိုးတစ်မျိုး။ ပူတဲ့ ရာသီ၌ ကလေးငယ်များတွင် ဖြစ်ပွားတတ်သော ကျောက်ရောဂါ တစ်မျိုး
    jug chicken pox
    နာမ်

    ရီကြက်

    [ɹít͡ɕɛʔ]
    ကြက်ပိုင် ကိုယ်ထည် ဟိပြီး ရီအိုင် ရေစပ်မာ ကျက်စားလေ့ ဟိဟိရေ ရီကူးတတ်ရေ ခြေတံရှည် ငှက်ငယ် တမျိုး။ ကြို့ကြာလင်းကွက်၊ စက္ကဝတ်နန့်၊ ရီကြက်ဟင်္သာ၊ ငှက်စင်ရော်ရို့ (ပဒုမ္မာ)။ ခေါင်း၌ အမျှင်တံ ဆယ်ခုဟိ၍ ကိုယ်ခန္ဓာအထဲ အမည်းရည်အိတ် ဟိပြီး ရန်သူ လာ
    ကြက်ကဲ့သို့ ကိုယ်ထည် ယှိပြီး ရေအိုင် ရေစပ်တွင် ကျက်စားလေ့ ရှိယှိသည့် ရေကူးတတ်သော ခြေတံရှည် ငှက်ငယ် တစ်မျိုး။ ကြို့ကြာလင်းကွက်၊ စက္ကဝတ်နှင့်၊ ရီကြက်ဟင်္သာ၊ ငှက်စင်ရော်တို့ (ပဒုမ္မာ)။ ခေါင်း၌ အမျှင်တံ ဆယ်ခုယှိ၍ ကိုယ်ခန္ဓာအတွင်း အမည်းရည်အိတ် ယှိပြီး ရန်သူ လာ
    waterfowl octopus
    နာမ်

    ရီကြိုင်

    [ɹít͡ɕàɪɴ]
    ကြည်လင် အီးမြရေ ရေ။ ရီကြိုင် ရေအေး။ ပြင်နားခြုံစိုင်၊ ရီကြိုင်ကြိုင်နှင့်၊ မြောင်းချိုင်သာယာ၊ ရဂုံချာ၌ (ထွန်းတိ)
    ကြည်လင် အေးမြသော ရေ။ ရေကြည် ရေအေး။ ပြင်နားခြုံစိုင်၊ ရီကြိုင်ကြိုင်နှင့်၊ မြောင်းချဉ်သာယာ၊ ရဂုံချာ၌ (ထွန်းတိ)
    purified water
    နာမ်

    ရီကြိုင်ချောင်းစား

    [ɹít͡ɕàɪɴɕáʊɴsá]
    ရခိုင်မင်း လက်ထက်မာ ကျေးရွာ နယ်မြီဒေသ သတ်မှတ်ပနာ အခွန်အတုတ် ကောက်ခံ ယူပိုင်ခွင့် ပီးအပ်ခြင်း ခံရသူ။ (ရီကြိုင်စား ချောင်းသည် အဂု ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်တန်းဒေသမာ ဟိရေ။ ချောင်းစား ဆိုကေလေ့ ရွာစားပိုင် ပင်တည်း။
    ရခိုင်မင်း လက်ထက်တွင် ကျေးရွာ နယ်မြေဒေသ သတ်မှတ်၍ အခွန်အတုတ် ကောက်ခံ ယူပိုင်ခွင့် ပေးအပ်ခြင်း ခံရသူ။ (ရီကြိုင်စား ချောင်းသည် ယခု ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်တန်းဒေသတွင် ယှိသည်။ ချောင်းစား ဆိုသော်လည်း ရွာစားကဲ့သို့ ပင်တည်း။
    person entitled to a portion of revenue collected from a stream
    နာမ်

    ရီကြိုင်တော

    [ɹít͡ɕàɪɴtɔ́]
    ရီကြိုင် ဆိုရေ သစ်တမျိုး ပေါက်ရောက်သော တော။ သစ်တောမာ ရီကြိုင် ကျီးခြိုင်ခြိုင်၊ ဆီးနှင်းကေဝီဝီ၊ မှိုင်းရီရီ (ဓမ္မက)
    ရီကြိုင် ဟူသော သစ်တစ်မျိုး ပေါက်ရောက်သော တော။ သစ်တောမှာ ရီကြိုင် ကျီးခြိုင်ခြိုင်၊ ဆီးနှင်းကေဝီဝီ၊ မှိုင်းရီရီ (ဓမ္မက)
    tide of forest
    နာမ်

    ရီကြိုင်ရာမြက်နုရာ

    [ɹít͡ɕàɪɴɹàmɹɛʔnoʊɹà]
    (ဥပစာ) မှီတင်း နီထိုင်ရန် သင့်လျော်သော နီရာ ဒေသ
    (ဥပစာ) မှီတင်း နေထိုင်ရန် သင့်လျော်သော နေရာ ဒေသ
    [fig.] greener pastures
    နာမ်

    ရီကြိုင်သား

    [ɹít͡ɕàɪɴθá]
    ရီကြိုင်ချောင်းမာ နိန်ရေ သူရို့ကို ခေါ်သော စကားလုံး။ ရီကြောင်း (ချောင်းမြောင်းကို စွဲ၍ ရီကြိုင်သား၊ မရိုးသား အစဟိစွာ ခေါ်ကတ်တေ။
    ရီကြိုင်ချောင်းတွင် နေသော သူတို့ကို ခေါ်သော စကားလုံး။ ရီကြောင်း (ချောင်းမြောင်းကို စွဲ၍ ရီကြိုင်သား၊ မရိုးသား စသည် ခေါ်ကြသည်။
    word denoting a group of persons
    နာမ်

    ရီကြီး

    [ɹít͡ɕï]
    (ဖြားရီ) ရီထု မြှင့်တက်ပနာ ကျယ်ပြန့်စွာ ဖုံးလွှမ်းရေ။ ဖြားကြီးရေခါ၊ ဇမ္ဗူချောင်းမာ၊ မျိုးလိုးပါ၊ ပိုက်မာလေ့သော့ကျ၊ လှကြာဝေ၊ ငါးပိထောင်းကေ၊ ကိုးမေါင်းရ (တေး)
    (ဒီရေ) ရေထု မြှင့်တက်၍ ကျယ်ပြန့်စွာ ဖုံးလွှမ်းသည်။ ဖြားကြီးရေခါ၊ ဇမ္ဗူချောင်းမှာ၊ မျိုးလိုးပါ၊ ပိုက်မှာလည်းကျ၊ လှကြာဝေ၊ ငါးပိထောင်းကေ၊ ကိုးမေါင်းရ (တေး)
    flood - inundate
    ကြိယာ

    ရီးကြီးရီးရာ

    [ɹït͡ɕïɹïɹà]
    အရီးကြီးရေ အမှုကိစ္စ မဟုတ်ဘဲဗျာယ် ကြီးကျယ်သော အမှုကိစ္စ ပိုင် ပြုမူ ဆောင်ရွက်သည်
    အရေးကြီးသော အမှုကိစ္စ မဟုတ်ပဲလျက် ကြီးကျယ်သော အမှုကိစ္စ ကဲ့သို့ ပြုမူ ဆောင်ရွက်သည်
    romanticize
    ကြိယာ

    ရီကြော

    [ɹít͡ɕɔ́]
    မြစ်ပင်လယ်ပြင် အစဟိစွာ၌ ရေနက်ဟိုင်းရာ အလိုက် သိသာနှိုင်ရေ ရီစီးကြောင်း။ ၂၊ မြီအောက် ရေဟိရာ တလျှောက်
    မြစ်ပင်လယ်ပြင် စသည်၌ ရေနက်ရှိုင်းရာ အလိုက် သိသာနိုင်သော ရေစီးကြောင်း။ ၂၊ မြေအောက် ရေယှိရာ တစ်လျှောက်
    current underground water course
    နာမ်