Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 41–60 of 1,415 words

    ရ

    ရခိုင်ဆီး

    [ɹkʰàɪɴsʰï]
    ရခိုင်ဆီး ရခိုင် ကစ္ဆပနဒီ ကုလားတန်မြစ်၏ ဝဲယာတလျှောက်မှ ထွက်သော ဆီးရွက်ကြီး
    ရခိုင်ဆီး ရခိုင် ကစ္ဆပနဒီ ကုလားတန်မြစ်၏ ဝဲယာတစ်လျှောက်မှ ထွက်သော ဆေးရွက်ကြီး
    Arakan-Rakhine medicine
    နာမ်

    ရခိုင်တိုင်းရင်းသားလူမျိုးနွယ်

    [ɹkʰàɪɴtáɪɴɹɪ́ɴθálùmrónwɛ̀]
    ရခိုင် တိုင်းရင်းသား လူမျိုးနွယ် ရခိုင်၊ သက်၊ ဒိုင်းနက်၊ မရာမာကြီး၊ ချင်း၊ (ခမီး-မြို့)၊ ကမန်း
    ရခိုင် တိုင်းရင်းသား လူမျိုးနွယ် ရခိုင်၊ သက်၊ ဒိုင်းနက်၊ မရာမာကြီး၊ ချင်း၊ (ခမီး-မြို့)၊ ကမန်း
    Arakan-Rakhine ethnic group
    နာမ်

    ရခိုင်ပိုင်ပြောပလင်

    [ɹkʰàɪɴpàɪɴpɹɔ́plɪ̀ɴ]
    ရခိုင်ပြေမာ နိန်ကေ ရခိုင်စကားကို ပြောရဖို့၊ ရခိုင်ပိုင်ပြောပလင် သူငယ်ချင်း
    ရခိုင်ပြေမှာ နိန်ကေ ရခိုင်စကားကို ပြောရဖို့၊ ရခိုင်ပိုင်ပြောပလင် သူငယ်ချင်း
    say it in Arakanese
    နာမ်

    ရခိုင်ပေါက်

    [ɹkʰàɪɴpaʊʔ]
    ရခိုင်ပြေ၌ မွီးဖွားသော သူ
    ရခိုင်ပြေ၌ မွေးဖွားသော သူ
    Arakanter - one born in Arakan but not of Arakanese descent
    နာမ်

    ရခိုင်ပြည်

    [ɹkʰàɪɴpɹɛ]
    (အယင်က သတ်မှတ်ထားချက်) အဟိ- မော်တင်စွန်း၊ အနောက်- ဘာဂီရ နဒီ ရေရိုးလက်ကြား တောင်သိဟိုဠ်၊ မြောက်-မဏိပူရ၊ အာသန်၊ မရွန်ပြည်၊ မြုံပြည်၊ ပထဝီအနေ အထားအရ သတ်မှတ်ထားချက်။ တောရီကြိုင်ကို လုပ်ကိုင်မြို့တည် ကာလရှည်သော်၊ တိုင်းပြည် ရခိုင်၊ ခုတိုင်မေါ်ကွန်း၊ သမိုင်းထ
    (ယခင်က သတ်မှတ်ထားချက်) အရှေ့- မော်တင်စွန်း၊ အနောက်- ဘာဂီရ နဒီ ရေရိုးလက်ကြား တောင်သိဟိုဠ်၊ မြောက်-မဏိပူရ၊ အာသန်၊ မရွန်ပြည်၊ မြုံပြည်၊ ပထဝီအနေ အထားအရ သတ်မှတ်ထားချက်။ တောရီကြိုင်ကို လုပ်ကိုင်မြို့တည် ကာလရှည်သော်၊ တိုင်းပြည် ရခိုင်၊ ခုတိုင်မေါ်ကွန်း၊ သမိုင်းထ
    Arakan - Fatherland of Arakan - Rakhineland - today the area of Arakan issquare in miles
    နာမ်

    ရခိုင်ပြည်နယ်

    [ɹkʰàɪɴpɹɛnɛ̀]
    ပြည်နယ်အထဲမာ နီထိုင်သော လူမျိုးအလိုက် တနည်း နယ်နိမိတ်အလိုက် သတ်မှတ် ပိုင်းခြာထားရေ ဒေသ
    ပြည်နယ်အတွင်း၌ နေထိုင်သော လူမျိုးအလိုက် သို့မဟုတ် နယ်နိမိတ်အလိုက် သတ်မှတ် ပိုင်းခြားထားသော ဒေသ
    region
    နာမ်

    ရခိုင်ပြေ

    [ɹkʰàɪɴpɹè]
    (အယင်က သတ်မှတ်ထားချက်) အဟိ- မော်တင်စွန်း၊ အနောက်- ဘာဂီရ နဒီ ရေရိုးလက်ကြား တောင်သိဟိုဠ်၊ မြောက်-မဏိပူရ၊ အာသန်၊ မရွန်ပြည်၊ မြုံပြည်၊ ပထဝီအနေ အထားအရ သတ်မှတ်ထားချက်။ တောရီကြိုင်ကို လုပ်ကိုင်မြို့တည် ကာလရှည်သော်၊ တိုင်းပြည် ရခိုင်၊ ခုတိုင်မေါ်ကွန်း၊ သမိုင်းထ
    (ယခင်က သတ်မှတ်ထားချက်) အရှေ့- မော်တင်စွန်း၊ အနောက်- ဘာဂီရ နဒီ ရေရိုးလက်ကြား တောင်သိဟိုဠ်၊ မြောက်-မဏိပူရ၊ အာသန်၊ မရွန်ပြည်၊ မြုံပြည်၊ ပထဝီအနေ အထားအရ သတ်မှတ်ထားချက်။ တောရီကြိုင်ကို လုပ်ကိုင်မြို့တည် ကာလရှည်သော်၊ တိုင်းပြည် ရခိုင်၊ ခုတိုင်မေါ်ကွန်း၊ သမိုင်းထ
    Arakan - Fatherland of Arakan - Rakhineland - today the area of Arakan issquare in miles
    နာမ်

    ရခိုင့်ဘုရင့်နိုင်ငံတော်

    [ɹkʰa̰ɪɴbʱoʊɹɪ̰ɴnàɪɴŋံtɔ̀]
    ရခိုင့်ဘုရင့်နိုင်ငံတော်ကို မာရယုမင်းက စတင်ပြီးကေ သမ္မတရာဇာမင်း လက်ထက်မာ ကျဆုံး။ ရခိုင့်ဘုရင့်နိုင်ငံတော်ရေ ၁၇၈၅ မာ ကျဆုံးလားရေ။ ဥဩရီသောက်ထီးနန်းပျောက်
    ရခိုင့်ဘုရင့်နိုင်ငံတော်ကို မာရယုမင်းက စတင်ပြီးကေ သမ္မတရာဇာမင်း လက်ထက်တွင် ကျဆုံး။ ရခိုင့်ဘုရင့်နိုင်ငံတော်ရေ ၁၇၈၅ မာ ကျဆုံးလားရေ။ ဥဩရီသောက်ထီးနန်းပျောက်
    Arakanese Kingdom - Kingdom of Arakan - Arakanese Kingdom fell in
    နာမ်

    ရခိုင်သက္ကရာဇ်

    [ɹkʰàɪɴθkə́kəɹàz်]
    ရခိုင် ခုနှစ် သက္ကရာဇ်
    ရခိုင် ခုနှစ် သက္ကရာဇ်
    Arakanese Era AE which dates back to AD
    နာမ်

    ရခိုင်သား

    [ɹkʰàɪɴθá]
    ရခိုင်သားရေ ရခိုင်ပြေမာ မနိန်ကေ ရခိုင်သားဖြစ်ရစွာ ဘဝအပြေ့ကို မရကတ်။ မာ့ခ်ျလဲ ရခိုင်-ရခိုင်သားယာ၊ ငါပါ ရခိုင်-ရခိုင်သားယာ၊ ရီမြီဒေသ ခွဲခြားကေလဲ စည်းလုံးညီညွတ်ကတ်မေ ဝေ (တေး)
    ရခိုင်သားရေ ရခိုင်ပြေမာ မနိန်ကေ ရခိုင်သားဖြစ်ရစွာ ဘဝအပြေ့ကို မရကတ်။ မင်းလဲ ရခိုင်-ရခိုင်သားယာ၊ ငါလဲ ရခိုင်-ရခိုင်သားယာ၊ ရီမြီဒေသ ခွဲခြားကေလဲ စည်းလုံးညီညွတ်ကတ်မယ် ဝေ (တေး)
    Arakanese - Rakhinese - native of Arakan - An Arakanese cannot have a total Arakanese experience without living in Arakan
    နာမ်

    ရခိုင်အမျိုးသားနိ

    [ɹkʰàɪɴʔmróθánì]
    ရခိုင်အမျိုးသားနိ
    ရခိုင်အမျိုးသားနေ့
    Arakanese National Day which is observed on the first day of the dark half of the month of Kason since
    နာမ်

    ရခိုင်အသံထွက်

    [ɹkʰàɪɴʔθံtʰwɛʔ]
    အ၊ အာ၊ အား။ အိ-ဣ၊ အီ-ဤ၊ အီး။ အု-ဥ၊ အူ-ဦ၊ အူး-ဦး။ အေ-ဧ၊ အေ့၊ အေး။ အော-ဩ၊ အော့၊ အော်-ဪ။ အို၊ အို့၊ အိုး။ ၂၊ အက်၊ အုက်၊ အိုက်။ အတ်-အာတ်၊ အိတ်-ဣတ်၊ အုတ်-ဥတ်။ အင်၊ အင့်၊ အင်း။ အန်၊ အန့်၊ အန်း။ အိန်-ဣန်၊ အိန့်၊ အိန်း။ အုန်၊ အုန့်၊ အုန်း။ အောင်၊ အောင့်၊ အောင်း။
    အ၊ အာ၊ အား။ အိ-ဣ၊ အီ-ဤ၊ အီး။ အု-ဥ၊ အူ-ဦ၊ အူး-ဦး။ အေ-ဧ၊ အေ့၊ အေး။ အော-ဩ၊ အော့၊ အော်-ဪ။ အို၊ အို့၊ အိုး။ ၂၊ အက်၊ အုက်၊ အိုက်။ အတ်-အာတ်၊ အိတ်-ဣတ်၊ အုတ်-ဥတ်။ အင်၊ အင့်၊ အင်း။ အန်၊ အန့်၊ အန်း။ အိန်-ဣန်၊ အိန့်၊ အိန်း။ အုန်၊ အုန့်၊ အုန်း။ အောင်၊ အောင့်၊ အောင်း။
    pronunciation of Arakanese words is classified into two: one with ordinary vowel and other with second consonant. For details see the different entries
    နာမ်

    ရခဲ

    [ɹkʰɛ]
    ခက်ခဲရေ။ မလွယ်။ ငြိုငြင်ဖွယ် ဖြစ်တေ။ ခဲယဉ်းသည်
    ခက်ခဲသည်။ မလွယ်။ ငြိုငြင်ဖွယ် ဖြစ်သည်။ ခဲယဉ်းသည်
    difficult
    ကြိယာ

    ရံခါ

    [ɹံkʰà]
    တခါတရီ။ အမြဲအစွဲ မဟုတ်တော့ဘဲ အမှတ်မထင်သော ကာလတခုခု
    တစ်ခါတစ်ရံ။ အမြဲအစွဲ မဟုတ်တော့ဘဲ အမှတ်မထင်သော ကာလတစ်ခုခု
    time - instance ( as in တစ်ခါတစ်~)
    နာမ်

    ရဂုံ

    [ɹɡòʊɴ]
    အပင် ခြုံနွယ် ထူထပ် များပြားစွာ ပေါက်ရောက်နီသော တော။ အရပ်
    သစ်ပင် ချုံနွယ် ထူထပ် များပြားစွာ ပေါက်ရောက်နေသော တော။ အရပ်
    zone
    နာမ်

    ရင်

    [ɹɪ̀ɴ]
    သတ္တဝါရို့၏ ကိုယ်ရှေ့ဘက် အထက်ပိုင်း။ ၂၊ မမာ့ရို့၏ နို့သီးဝန်းကျင် အပြင်။ သားငယ်ကို နို့မတိုက် ကျွေးရပြီးကေ ရင်နို့သီးမှ နို့ရည်များ ပြည့််တင်းလာပြီးကေ နာကြင်သော ဝေဒနာ (ကို ခံစားရရေ။) နို့ကလေ့ရင်၊ အီးကာကြင်ကေ၊ မိခင်ဒုက္ခ (နာရဒ)
    သတ္တဝါတို့၏ ကိုယ်ရှေ့ဘက် အထက်ပိုင်း။ ၂၊ မိန်းမတို့၏ သားမြတ်ဝန်းကျင် အပြင်။ သားငယ်ကို နို့မတိုက် ကျွေးရ၍ ရင်သားမြတ်မှ နို့ရည်များ ပြည့််တင်းလာ၍ နာကျင်သော ဝေဒနာ (ကို ခံစားရသည်။) နို့ကလည်းရင်၊ အီးကာကြင်ကေ၊ မိခင်ဒုက္ခ (နာရဒ)
    chest - breast
    နာမ်

    ရင့်

    [ɹɪ̰ɴ]
    (သစ်သီး၊ သစ်ရွက်၊ အပင်၊ အသက်၊ အရွယ် အစဟိစွာရို့) ကြီးပွားခြင်း၊ အိုမင်းခြင်း၊ကျကျိုင်းခက်ထန်ခြင်း စဒေပိုင် ရောက်သော။ ၂၊ ကြမ်းတမ်း ရိုင်းပျသော။ ၃၊ အတွိအကြုံ လုပ်သက် များရေ
    (သစ်သီး၊ သစ်ရွက်၊ သစ်ပင်၊ အသက်၊ အရွယ် စသည်တို့) ကြီးပွားခြင်း၊ အိုမင်းခြင်း၊ မာကျော ခက်ထန်ခြင်း စသည်သို့ ရောက်သော။ ၂၊ ကြမ်းတမ်း ရိုင်းပျသော။ ၃၊ အတွေ့အကြုံ လုပ်သက် များသော
    (of fruit tree age experience) mature older looking than ones age experienced (in work) advanced(pregnancy) (as in အသီး~) deep - dark(as of colour) rude (in manner or speech)
    နာမဝိသေသန

    ရင်း

    [ɹɪ́ɴ]
    အနာ အစဟိစွာ၌ ပတ်လည် မည်းညိုရောင် ကြွလှာရေ အခြီအရဲ။ မူလ။ အခြီခံ။ ၂၊ တခုတရီ၏ အပါးဆုံး ကျသော နီရာ၊ (ခြီရင်း၊ ဂေါင်းရင်း၊ အပင်ရင်း စရေ။
    အနာ စသည်၌ ပတ်လည် မည်းညိုရောင် ကြွလာသော အခြေအနေ။ မူလ။ အခြေခံ။ ၂၊ တစ်စုံတစ်ခု၏ အနီးဆုံး ကျသော နေရာ၊ (ခြီရင်း၊ ဂေါင်းရင်း၊ သစ်ပင်ရင်း စသည်။
    base capital (as in ဒင်္ဂါးလေးသန်း~) principal (as in တိုး~) blood relation (as in အစ်ကို~) anyone close and intimate (as in ဆရာ~) root - sth primary or basic - prime (as in ခြေ~)
    နာမ်

    ရင်၂

    [ɹɪ̀ɴ၂]
    မဟိမဖြစ် သိမ့်စွာကို ဟိအောင် ဖြစ်ယောင် ဆောင်ရွက် ပြုလုပ်ရေ။ စီမံ ဖန်တီးရေ။ မင်္ဂလာ ဘိသိက်တော်ကြီးကို စီရင်တော်မူလို့ ပြီးပါရာ
    မရှိမဖြစ် သေးသည်ကို ရှိအောင် ဖြစ်အောင် ဆောင်ရွက် ပြုလုပ်သည်။ စီမံ ဖန်တီးသည်။ မင်္ဂလာ ဘိသိက်တော်ကြီးကို စီရင်တော်မူလို့ ပြီးပါပြီ
    prepare - create
    ကြိယာ

    ရင်း၂

    [ɹɪ́ɴ၂]
    အနာ အစဟိစွာ သွီးဆိပ် တက်ပနာ ရောင်ကြွ ပြည့််တက်လာရေ။ မသင့်ရေ တက်စာကို စားမိ၍ အနာစူကြွ ရမ်းရေ။ အစာမားလို့ မလားယေ၊ အနာရင်းစွာ ညှော်သင့်ကေလည်း အနာရင်းရေ (အရပ်)။ လုပ်ငန်းတခုခုမာ မတည်ငွီ ပြုရေ။ အခြီခံ စိုက်ထုတ် သုံးစွဲမြှုပ်နှံသည်
    အနာ စသည် သွေးဆိပ် တက်၍ ရောင်ကြွ ပြည့််တက်လာသည်။ မသင့်သော တက်စာကို စားမိ၍ အနာစူကြွ ရောင်ရမ်းသည်။ အစာမှားလို့ မလားယေ၊ အနာရင်းစွာ ညှော်သင့်ကေလည်း အနာရင်းရေ (အရပ်)။ လုပ်ငန်းတစ်ခုခုတွင် မတည်ငွေ ပြုသည်။ အခြေခံ စိုက်ထုတ် သုံးစွဲမြှုပ်နှံသည်
    put in - invest (as in ဒင်္ဂါးနန့်~) be inimate (as in သူနန့်~) be closely related (as in အဆွေစပ်ကေ ပို~)
    ကြိယာ