Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 581–600 of 1,415 words

    ရ

    ရီကြောင်း

    [ɹít͡ɕáʊɴ]
    ချောင်း၊ မြောင်း၊ ပင်လယ် သမုဒ္ဒရာ စရေ ရီပြင်၌ လောင်းလှီ သင်္ဘော လားလာရာ လမ်းကြောင်း။ ၂၊ ရေလမ်းခရီး
    ချောင်း၊ မြောင်း၊ ပင်လယ် သမုဒ္ဒရာ စသည့် ရေပြင်၌ လောင်းလှေ သင်္ဘော သွားလာရာ လမ်းကြောင်း။ ၂၊ ရေလမ်းခရီး
    navigable channel passage or route riverine route - sea route
    နာမ်

    ရီကြောင်းပြ

    [ɹít͡ɕáʊɴpɹ]
    သင်္ဘော ရေယာဉ် အစဟိစွာ ထွက်ဝင်ရာ ရီကြောင်းလမ်းကို ညွှန်ပြ ပီးရရေ အမှုထမ်း။ ၂၊ ရီလမ်း လားလာရာ လမ်းကို ညွှန်ပြထားရေ အမှတ်အသား
    သင်္ဘော ရေယာဉ် စသည် ထွက်ဝင်ရာ ရေကြောင်းလမ်းကို ညွှန်ပြ ပေးရသော အမှုထမ်း။ ၂၊ ရေကြောင်းခရီး သွားလာရာ လမ်းကို ညွှန်ပြထားသော အမှတ်အသား
    pilot markers of buoys
    နာမ်

    ရီကြောမြီကြောလိုက်

    [ɹít͡ɕɔ́mɹìt͡ɕɔ́laɪʔ]
    (ဥပစာ) တခုတရီသော ဒေသအလိုက် လူရို့ မဖန်တီးပဲ အလိုအလျောက် တူညီရေ သဖောဟိရေ။ ဒေသအလိုက် အဖြစ် အနေ စရိုက်ချင်း အစဟိစွာ တူညီရေ
    (ဥပစာ) တစ်စုံတစ်ခုသော ဒေသအလိုက် လူတို့ မဖန်တီးပဲ အလိုအလျောက် တူညီသော သဘော ယှိသည်။ ဒေသအလိုက် အဖြစ် အနေ စရိုက်ချင်း စသည် တူညီသည်
    [fig.] assume local characteristics
    ကြိယာ

    ရီးကွက်

    [ɹïkwɛʔ]
    ရီးသားဖွဲ့နွဲရာ အကြောင်းပြချက်
    ရေးသားဖွဲ့နွဲရာ အကြောင်းပြချက်
    sth to write about
    နာမ်

    ရီခံဒယော

    [ɹíkʰံdjɔ́]
    ရီချိုး ပြီးခါစ ရီစွတ်ခံ၍ ဖရရေ ခတောင်း၊ လုံချီ
    ရေချိုး ပြီးခါစ ရေစိုခံ၍ လဲလှယ်ရသည့် ပုဆိုး၊ လုံချီ
    sarong into which one changes after a bath
    နာမ်

    ရီခန်းချက်

    [ɹíkʰáɴɕɛʔ]
    ထမင်း၊ ဟင်း စားဖွယ် တစုံတရီကို အရည်မညှည့်ပဲ ခန်းခြောက် ကျက်နပ်အောင် ချက်သည်
    ထမင်း၊ ဟင်း စားဖွယ် တစုံတရာကို အရည်မငှဲ့ပဲ ခန်းခြောက် ကျက်နပ်အောင် ချက်သည်
    steam rice - cook rice until the water has evaporated
    ကြိယာ

    ရီခန်းငါး

    [ɹíkʰáɴŋàး]
    နီဇာဟိန် မီးအပူဟိန်ကြောင့် ရေမှ ထွက်သော အခိုးအငွီ့
    နေအပူရှိန် မီးအပူရှိန်ကြောင့် ရေမှ ထွက်သော အခိုးအငွေ့
    fume
    နာမ်

    ရီခပ်ယောင်

    [ɹíkʰaʔjàʊɴ]
    ရီခပ်ရေ အကွန်ဆောင်ဗျာယ်။ တောင်တန်းခါးက၊ ဆင်းလားလီလို့၊ အမည်ရှာငြား၊ ရီခပ်ယောင်လေ၊ ဆောင်တုံငြားဗျာယ် (ပဋာ)
    ရေခပ်သည့် ဟန်ဆောင်လျက်။ တောင်တံခါးက၊ ဆင်းသွားလေလို့၊ အမည်ရှာငြား၊ ရီခပ်ယောင်လေ၊ ဆောင်တုံငြားလျက် (ပဋာ)
    to draw water
    ကြိယာဝိသေသန

    ရီခပ်ယောင်၂

    [ɹíkʰaʔjàʊɴ၂]
    ပကတိအတိုင်း မဟုတ်ရေ အမူအရာ အသွင်အပြင် ပေါ်ယောင် လုပ်ကြံ ကြိုးစားရေ။ အတုအပ ပြုရေ။ အကွန်ဆောင်ရေ
    ပကတိအတိုင်း မဟုတ်သော အမူအရာ အသွင်အပြင် ပေါ်အောင် လုပ်ကြံ ကြိုးစားသည်။ အတုအပ ပြုသည်။ ဟန်ဆောင်သည်
    pretend
    ကြိယာ

    ရီခမိုး

    [ɹíkʰmó]
    သောက်ရီအိုး။ ညောင်ရီအိုး
    သောက်ရေအိုး။ ရေချမ်းအိုး
    pot of cool drinking water for the public pot to hold water for offering on the altar
    နာမ်

    ရီခမိုး၂

    [ɹíkʰmó၂]
    သာယာ ဝပြောသော။ အီးချမ်း သာယာသော။ ထိုကာလမာ လူဖြစ်ရရေ သူရို့စွာ နတ်ရွာ နိဗ္ဗာန်ကို ရစွာနန့် တူ၏။ ရီခမိုး စောက်ချိုးရစွာနန့် တူ၏ (ကျောက်ရိုး)
    သာယာ ဝပြောသော။ အေးချမ်း သာယာသော။ ထိုကာလတွင် လူဖြစ်ရသော သူတို့သည် နတ်ရွာ နိဗ္ဗာန်ကို ရသည်နှင့် တူ၏။ ရီခမိုး သောက်ချိုးရသည်နှင့် တူ၏ (ကျောက်ရိုး)
    prosperous
    နာမဝိသေသန

    ရီခံမိုးခံ

    [ɹíkʰံmókʰံ]
    ရေမာ နှစ်၍ ဖွပ်ခြင်းနန့် အသားပွ ထွက်ခြင်း၊ ဆီးရောင် ကျွတ်ခြင်း အစဟိစွာ ပျက်ယွင်းမှု မဟိနိုင်ဖြစ်တေ
    ရေတွင် နှစ်၍ ဖွပ်ခြင်းဖြင့် အသားပွ ထွက်ခြင်း၊ ဆေးရောင် ကျွတ်ခြင်း စသည် ပျက်ယွင်းမှု မယှိနိုင်ဖြစ်သည်
    be durable serve
    ကြိယာ

    ရီခံမြောင်း

    [ɹíkʰံmɹáʊɴ]
    ကျောက်ဖျိုင်၏ ပတ်လည် အနားအထဲဟိ မြောင်း
    ကျောက်ပျဉ်၏ ပတ်လည် အနားအတွင်းယှိ မြောင်း
    gutter have around of flat
    နာမ်

    ရီခိုးရီငွိန့်

    [ɹíkʰóɹíŋwèɪɴ့]
    နီဇာဟိန် မီးအပူဟိန်ကြောင့် ရေမှထွက်သော အခိုးအငွီ့
    နေအပူရှိန် မီးအပူရှိန်ကြောင့် ရေမှထွက်သော အခိုးအငွေ့
    steam - water – vapour - slight heat
    နာမ်

    ရီခူ

    [ɹíkʰù]
    ပင်လယ်ထဲမာ ကျက်စားရေ အရောင်အမျိုးမျိုး ဟိ၍ ချွဲကျိသော သတ္တဝါ တမျိုး
    ပင်လယ်ထဲတွင် ကျက်စားသည့် အရောင်အမျိုးမျိုး ယှိ၍ ချွဲကျိသော သတ္တဝါ တစ်မျိုး
    jellyfish
    နာမ်

    ရီခေါင်း

    [ɹíkʰèàɪ́ɴ]
    ရီထွက် ရေဝင် ရနိုင်စီရန် အဖွင့်အပိတ်နန့် ပြုလုပ်ထားရေ ရေတန်းခါး ပေါက်။ ၂၊ ရေသွန် ထွက်စီရန် ပြုလုပ်ထားရေ ရီစီး လမ်းဝ
    ရေထွက် ရေဝင် ရနိုင်စေရန် အဖွင့်အပိတ်နှင့် ပြုလုပ်ထားသော ရေတံခါး ပေါက်။ ၂၊ ရေသွန် ထွက်စေရန် ပြုလုပ်ထားသော ရေစီး လမ်းဝ
    sluice gate
    နာမ်

    ရီခေါင်းပေါက်

    [ɹíkʰèàɪ́ɴpaʊʔ]
    ရီထွက် ရေဝင် ရနိုင်စီရန် အဖွင့်အပိတ်နန့် ပြုလုပ်ထားရေ သစ်သား ရေတန်းခါးပေါက်
    ရေထွက် ရေဝင် ရနိုင်စေရန် အဖွင့်အပိတ်နှင့် ပြုလုပ်ထားသော သစ်သား ရေတံခါးပေါက်
    sluice gate
    နာမ်

    ရီချ

    [ɹíɕ]
    ကျွဲ၊ နွား၊ မြင်း အစဟိစွာ တိရစ္ဆာန်တိကို ရေစပ်သို့ ဆောင်ယူပနာ ရေတိုက်ရေ။ ၂၊ ဆင်တိကို ရီကစပ် စီရေ။ ၃၊ ရေဖြင့်စပြီးကေ ဖွပ်လျော်ရေ။ ၄၊ လောင်း၊ သင်္ဘော စစွာကို ဆောက်လုပ်ပြီးကေ အသုံးပြုဖို့ ရီထဲကို ပထမ ဦးစွာ ချရေ
    ကျွဲ၊ နွား၊ မြင်း စသည် တိရစ္ဆာန်များကို ရေစပ်သို့ ဆောင်ယူ၍ ရေတိုက်သည်။ ၂၊ ဆင်များကို ရေကစား စေသည်။ ၃၊ ရေဖြင့်စ၍ ဖွပ်လျော်သည်။ ၄၊ လှေ၊ သင်္ဘော စသည်ကို ဆောက်လုပ်ပြီးနောက် အသုံးပြုရန် ရေထဲသို့ ပထမ ဦးစွာ ချသည်
    take animals to a stream for a drink launch a newly built boat or ship wash clothing for the first time drown (a method of execution for royalty) - disport in water
    ကြိယာ

    ရီချိန်

    [ɹíɕèɪɴ]
    မျက်နှာပြင် ညီညာမှု ဟိမဟိကို စနည်းနာ လိလာရာမာ အသုံးပြုရရေ ရေထည့်ထားရေ ဖန်ပြွန်ပါ ကိရိယာ
    မျက်နှာပြင် ညီညာမှု ယှိမယှိကို စုံစမ်း လေ့လာရာတွင် အသုံးပြုရသော ရေထည့်ထားသော ဖန်ပြွန်ပါ ကိရိယာ
    spirit-level - level record kept as a standard
    နာမ်

    ရီချိန်ကိုက်

    [ɹíɕèɪɴkaɪʔ]
    မျက်နှာပြင် တပြီီးညီရေ။ အလျားသော် ပင်ဖြစ်ဖြစ်၊ စောက်အနံသော် ပင်ဖြစ်ဖြစ်၊ ပုံမှန်ကျရေ။ ၂၊ သတ်မှတ် ထားရေ့ အတိုင်း ပမာဏ ပြည့််စုံသည်
    မျက်နှာပြင် တစ်ပြေးညီသည်။ အလျားသော် လည်းကောင်း၊ စောက်အနံသော် လည်းကောင်း၊ ပုံမှန်ကျသည်။ ၂၊ သတ်မှတ် ထားသည့် အတိုင်း ပမာဏ ပြည့််စုံသည်
    be level be up to a set record be balanced [ fig ] (in drinking) reach ones limit
    ကြိယာ