Dictionary Entries
Showing 601–620 of 1,415 words
ရ
ရီချို
[ɹíɕÒ]
Arakanese:
ရီငန်နန့် အခြားသော ရေဝင်ခြင်း မဟိသော ဒေသဟိ အင်းအိုင် မြစ်ချောင်းမှ ပကတိရေ
Burmese:
ရေငန်နှင့် အခြားသော ရေဝင်ခြင်း မယှိသော ဒေသယှိ အင်းအိုင် မြစ်ချောင်းမှ ပကတိရေ
English:
freshwater
Grammar Note:
နာမ်
ရီချိုး
[ɹíɕó]
Arakanese:
ကိုယ်ခန္ဓာကို ရေနန့် သွန်းလောင်း၍ သန့်စင် စီရေ
Burmese:
ကိုယ်ခန္ဓာကို ရေနှင့် သွန်းလောင်း၍ သန့်စင် စေသည်
English:
bathe - wash
Grammar Note:
ကြိယာ
ရီချိုင်း
[ɹíɕáɪɴ]
Arakanese:
အီးမြရေ သုံးဆောင်ဖွယ် ရေ။ သောက်ရီ။ ရတနာ သုံးပါးအား ရည်မှတ်ပနာ ကပ်လှူသော ရေ။ ရီယောင်ကချိုင်း၊ သံယောင်ကျိုင်းပါစီ (ဆုပီး)
Burmese:
အေးမြသော သုံးဆောင်ဖွယ် ရေ။ သောက်ရေ။ ရတနာ သုံးပါးအား ရည်မှတ်၍ ကပ်လှူသော ရေ။ ရီယောင်ကချိုင်း၊ သံယောင်ကျိုင်းပါစီ (ဆုပေး)
English:
drinking-water
Grammar Note:
နာမ်
ရီချိုင်းစင်
[ɹíɕáɪɴsɪ̀ɴ]
Arakanese:
အများ သောက်သုံး နိုင်ဖို့ သောက်ရီအိုး တင်ထားရေ စင်။ အဆောက် အအုံ
Burmese:
အများ သောက်သုံး နိုင်ရန် သောက်ရေအိုး တင်ထားသော စင်။ အဆောက် အအုံ
English:
stand (for drinking water pot). stand for a pot or pots of cool drinking water for the public
Grammar Note:
နာမ်
ရီချိုင်းအိုး
[ɹíɕáɪɴʔó]
Arakanese:
အများ သောက်သုံး နိုင်ဖို့ တည်ထားရေ သောက်ရီအိုး။ ၂၊ ဘုရား သောက်တော် အိုးခက်။ ၃၊ ဘုရားပန်းထိုးသော အိုး
Burmese:
အများ သောက်သုံး နိုင်ရန် တည်ထားသော သောက်ရေအိုး။ ၂၊ ဘုရား သောက်တော် ရေအိုး။ ၃၊ ဘုရားပန်းထိုးသော အိုး
English:
pot of cool drinking water for the public pot to hold water for offering on the altar vase pot or jar in which water and flowers are placed as a religious offering
Grammar Note:
နာမ်
ရီချိုးဆိပ်
[ɹíɕósʰìaʔ]
Arakanese:
ရီချိုးရန် ပြုပျင်ထားရေ နီရာ။ ချောင်း၊ မြောင်း၊ ရီကန် အစဟိစွာမာ လူအများ ရီချိုးလိဟိရေ နီရာ
Burmese:
ရေချိုးရန် ပြုပြင်ထားသော နေရာ။ ချောင်း၊ မြောင်း၊ ရေကန် စသည်တွင် လူအများ ရေချိုးလေ့ရှိသော နေရာ
English:
bathing beach - riverside bathing place
Grammar Note:
နာမ်
ရီချိုးမိုးချိုး
[ɹíɕómóɕó]
Arakanese:
ရီချိုးပြီးရာလားဟူ အမီးပြုရာမာ အသုံးပြုရေ စကားလုံး။ ရီချိုးမိုးချိုး ခဗျာယ်လာ (အရပ်)
Burmese:
ရေချိုးပြီးပြီလားဟူ အမေးပြုရာတွင် အသုံးပြုသော စကားလုံး။ ရီချိုးမိုးချိုး ခဗျာယ်လာ (အရပ်)
English:
bath
Grammar Note:
နာမ်
ရီးခြစ်
[ɹïkʰɹɪʔ]
Arakanese:
အက္ခရာ၊ ရုပ်ပုံ အစဟိစွာ တခုတရီ ရီးရေ
Burmese:
အက္ခရာ၊ ရုပ်ပုံ စသည် တစ်စုံတစ်ရာ ရေးသည်
English:
draw - write - scribble - scratch - doodle
Grammar Note:
ကြိယာ
ရီးခြား
[ɹïkʰɹá]
Arakanese:
အရီးကိစ္စကို တတ်သိ နားလည်သော။ အရာဌာန အလျောက် သိတတ်ရေ။ အထာနပ်သော
Burmese:
အရေးကိစ္စကို တတ်သိ နားလည်သော။ အရာဌာန အလျောက် သိတတ်သော။ ပါးနပ်သော
English:
be shrewd
Grammar Note:
နာမဝိသေသန
ရီခြားမြီခြား
[ɹíkʰɹámɹìkʰɹá]
Arakanese:
ချောင်း၊ မြစ်၊ သမုဒ္ဒရာ၊ တောတောင်၊ နယ်မြီ တခုတရီ ခြားသော ဝေးရပ်မြေ။ တိုင်းတပါး
Burmese:
ချောင်း၊ မြစ်၊ သမုဒ္ဒရာ၊ တောတောင်၊ နယ်မြေ တစ်စုံတစ်ရာ ခြားသော ဝေးရပ်မြေ။ တိုင်းတစ်ပါး
English:
overseas - foreign land
Grammar Note:
နာမ်
ရီခွက်
[ɹíkʰwɛʔ]
Arakanese:
ရေထည့် သောက်စရာ ခွက်။ ရေထည့် နှိုင်ရေ ထည့်စရာ
Burmese:
ရေထည့် သောက်စရာ ခွက်။ ရေထည့် နိုင်သော ထည့်စရာ
English:
glass - bowl - mug
Grammar Note:
နာမ်
ရီခွက်သျှေ
[ɹíkʰwɛʔʃè]
Arakanese:
ရေထည့်စရာ ခွက်အချေစားမျိုး
Burmese:
ရေထည့်စရာ ခွက်အငယ်စားမျိုး
English:
small glass
Grammar Note:
နာမ်
ရီငတ်
[ɹíŋaʔ]
Arakanese:
ရေမွတ်သိပ်သည်
Burmese:
ရေမွတ်သိပ်သည်
English:
be thirsty be short of water (as in the case of plants )
Grammar Note:
ကြိယာ
ရီငတ်ဝမ်းကျ
[ɹíŋaʔwáɴt͡ɕ]
Arakanese:
ရေမွတ် သိပ်သော ဝမ်းကျရောဂါ။ အဖျားသန္နပတ်၊ ရီငတ်ဝမ်းကျ ဟူသမျှကို တိုက်ကတ်ပါလေ (ဓာပကာနီဆီး)
Burmese:
ရေမွတ် သိပ်သော ဝမ်းကျရောဂါ။ အဖျားသန္နပတ်၊ ရီငတ်ဝမ်းကျ ဟူသမျှကို တိုက်ကြပါလေ (ဓာပကာနီဆေး)
English:
diarrhoea
Grammar Note:
နာမ်
ရီငုပ်
[ɹíŋoʊʔ]
Arakanese:
ရီအောက်ကို လျှိုးဝင်ရေ။ ရီအောက်မာ အတန်ကြာ နေနှိုင်ရေ
Burmese:
ရေအောက်သို့ လျှိုးဝင်သည်။ ရေအောက်၌ အတန်ကြာ နေနိုင်သည်
English:
dive - submerge
Grammar Note:
ကြိယာ
ရီငုပ်ပြိုင်
[ɹíŋoʊʔpɹàɪɴ]
Arakanese:
ရီအောက်မာ ဇာသူ အကြာဆုံး နေနှိုင်ရေဟု အပြိုင်ပြု ကတ်တေ
Burmese:
ရေအောက်တွင် မည်သူ အကြာဆုံး နေနိုင်သည်ဟု အပြိုင်ပြု ကြသည်
English:
dive
Grammar Note:
ကြိယာ
ရီငွိ.
[ɹíŋwì.]
Arakanese:
အပူဓာတ် လွန်ကဲ၍ အခိုးအဖြစ် ပြောင်းလဲပနာ ရွင့်ပျံနိန်ရေ ရေမှုန်ထု
Burmese:
အပူဓာတ် လွန်ကဲ၍ အခိုးအဖြစ် ပြောင်းလဲ၍ လွင့်ပျံနေသော ရေမှုန်ထု
English:
steam - water-vapour
Grammar Note:
နာမ်
ရီစက်
[ɹísɛʔ]
Arakanese:
ဖိတ်စဉ် ရွင့်ကျသော ရေပေါက်။ ၂၊ တချိန်တုံးက တတူတကွ ပေါင်းသင်း ဆုံးဆည်းခရေ အတိတ်က ကောင်းမှုအကျိုးဆက်
Burmese:
ဖိတ်စဉ် လွင့်ကျသော ရေပေါက်။ ၂၊ တစ်ချိန်တုံးက အတူတကွ ပေါင်းသင်း ဆုံးဆည်းခဲ့သည့် အတိတ်က ကောင်းမှုအကျိုးဆက်
English:
drop of water past deed of merit done together resulting in the present or future encounter
Grammar Note:
နာမ်
ရီစက်ကုန်
[ɹísɛʔkòʊɴ]
Arakanese:
ဆုံဆည်း ပေါင်းသင်း ခရေ အကျိုးဆက် ပြတ်စဲသည်
Burmese:
ဆုံဆည်း ပေါင်းသင်း ခဲ့ဘူးသည့် အကျိုးဆက် ပြတ်စဲသည်
English:
come to a parting of the ways
Grammar Note:
ကြိယာ
ရီစက်ချ
[ɹísɛʔɕ]
Arakanese:
ကောင်းမှု တခုတရီ ပြုရာမာ ကောင်းမှု ထမြှောက် ပြီးစီးရေအခါ မြေစောင့်နတ်အား တိုင်တည်သော သဘောအမှတ်ဖြင့် ခွက်၌ ထည့်သော ရေကို မြေသို့ သွန်းလောင်း ချရေ
Burmese:
ကောင်းမှု တစ်စုံတစ်ရာ ပြုရာ၌ ကောင်းမှု ထမြှောက် ပြီးစီးသည့်အခါ မြေစောင့်နတ်အား တိုင်တည်သော သဘောအမှတ်ဖြင့် ခွက်၌ ထည့်သော ရေကို မြေသို့ သွန်းလောင်း ချသည်
English:
make a libation - pour water symbolically after a meritorious deed
Grammar Note:
ကြိယာ