Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 641–660 of 1,415 words

    ရ

    ရီစုန်

    [ɹísòʊɴ]
    ရီစီးရာ ဘက်ကို လိုက်ကေလည်း။ ရီစီးရာ အလိုက်
    ရေစီးရာ ဘက်သို့ လိုက်ပါလျက်။ ရေစီးရာ အလိုက်
    down-stream
    ကြိယာဝိသေသန

    ရီစုန်မျိုး

    [ɹísòʊɴmró]
    (ဥပစာ) တံပက်လူ အလိုသို့ လိုက်လားရရေ။ သူ့ အလို့သို့ လိုက်ပါ လားရရေ
    (ဥပစာ) တစ်ဘက်သား အလိုသို့ လိုက်သွားရသည်။ သူ့ အလို့သို့ လိုက်ပါ သွားရသည်
    [fig.] drift - get nowhere
    ကြိယာ

    ရီစူး

    [ɹísùး]
    လောင်း၊ သင်္ဘော လားလာရာ ရီထု၏ အနက် ပမာဏ
    လှေ၊ သင်္ဘော သွားလာရာ ရေထု၏ အနက် ပမာဏ
    draught - depth of water a ship draws - deep water
    နာမ်

    ရီစောင်းထက်

    [ɹísáʊɴtʰɛʔ]
    ရေ၏ တိုက်စားမှု အင်အား ထက်မြက်ရေ။ သံစောင်း ကျောက်စောင်းထက် ရီစောင်းထက် (ပုံ)
    ရေ၏ တိုက်စားမှု အင်အား ထက်မြက်သော။ သံစောင်း ကျောက်စောင်းထက် ရီစောင်းထက် (ပုံ)
    erosive force of a current
    နာမဝိသေသန

    ရီစွပ်နာ

    [ɹíswaʔnà]
    သစ်သီးသစ်ရွက် အစဟိစွာရို့ ရေစွတ်မှု လွန်ကဲသနန့် နွမ်းရောသောအဖြစ်။ မိုဃ်းကကောင်းများသနန့် အပင်ငယ် အရွက်များ ပျော့နွန်း ညှိုးကျတတ်ရေ အပင်နာ
    သစ်သီးသစ်ရွက် စသည်တို့ ရေစွတ်မှု လွန်ကဲသဖြင့် နွမ်းရောသောအဖြစ်။ မိုဃ်းများလွန်းသဖြင့် သစ်ပင်ငယ် အရွက်များ ပျော့နွန်း ညှိုးကျတတ်သော အပင်နာ
    none
    နာမ်

    ရီစွယ်ထိုး

    [ɹíswɛ̀tʰó]
    ကမ်းတဖက်ကို ဦးတိုက်ပနာ အဟုန်ပြင်းစွာ တိုက်ခတ်လာရေ ရီစွတ်င်
    ကမ်းတစ်ဘက်သို့ ဦးတိုက်၍ အဟုန်ပြင်းစွာ တိုက်ခတ်လာသော ရေစိုင်
    wave
    နာမ်

    ရီဆင်း

    [ɹísʰɪ́ɴ]
    ရေလျှောရာ ဆင်ခြီလျော အပြင်
    ရေလျှောရာ ဆင်ခြေလျော အပြင်
    drainage
    နာမ်

    ရီဆင်းတံတား

    [ɹísʰɪ́ɴtံtá]
    မြစ်ဆိပ်၊ ရေဆိပ် အစဟိစွာရို့မာ ရီထဲကို တက်ရောက်ဖို့ ဆင်ခြီလျော ဆောက်လုပ် ထားရေ လှဂ အစဟိစွာ ဆင်းစရာ
    မြစ်ဆိပ်၊ ရေဆိပ် စသည်တို့တွင် ရေထဲသို့ တက်ရောက်ရန် ဆင်ခြေလျော ဆောက်လုပ် ထားသော လှေကား စသည် ဆင်းစရာ
    landing stage
    နာမ်

    ရီဆန်

    [ɹísʰàɴ]
    စီးဆင်းနိန်ရေ ရီကြောင်းကို ဆန်တက်ဗျာယ်
    စီးဆင်းနေသော ရေကြောင်းကို ဆန်တက်လျက်
    upstream
    ကြိယာဝိသေသန

    ရီဆန်၂

    [ɹísʰàɴ၂]
    ရီစီး ဆင်းနေစွာကို ဆန်၍ တက်ရရေခရီး
    ရေစီး ဆင်းနေသည်ကို ဆန်၍ တက်ရသောခရီး
    upstream
    နာမ်

    ရီဆိပ်

    [ɹísʰìaʔ]
    မြစ်ကမ်း၊ ချောင်းကမ်း၊ ကန်ပေါင် အစဟိစွာရို့မာ လူအများ ရီခပ် ရီချိုးသော နီရာ။ ၂၊ လောင်း၊ သင်္ဘော အစဟိစွာရို့ ဆိုက်ကပ်ရန် သတ်မှတ်ထားရေ နီရာ
    မြစ်ကမ်း၊ ချောင်းကမ်း၊ ကန်ပေါင် စသည်တို့၌ လူအများ ရေခပ် ရေချိုးသော နေရာ။ ၂၊ လှေ၊ သင်္ဘော စသည်တို့ ဆိုက်ကပ်ရန် သတ်မှတ်ထားသော နေရာ
    riverside bathing place landing place for river craft
    နာမ်

    ရီဆိုး

    [ɹísʰó]
    အညစ်အကြီး ဆီးကြော သွန်ထုတ်သော ရေ
    အညစ်အကြေး ဆေးကြော သွန်ထုတ်သော ရေ
    polluted water
    နာမ်

    ရီဆိုး၂

    [ɹísʰó၂]
    အန္တရာယ် ကြီးမားအောင် ရီစီးအဟုန် ပြင်းထန်သော
    အန္တရာယ် ကြီးမားအောင် ရေစီးအဟုန် ပြင်းထန်သော
    polluted water
    နာမဝိသေသန

    ရီဆိုင်

    [ɹísʰàɪɴ]
    မြစ်ချောင်း နှစ်မြွာ သုံးမြွာ စကပင် အဟုန်နန့် စီးဆင်းလှာသော ရေကြောချင်း ထိစပ်ရာ ရီပြင်။ ဖြားရီ နှစ်ကြောင်း စုဆုံရာ။ မတိုးမဆုတ် ဖြစ်နီခြင်း
    မြစ်ချောင်း နှစ်မြွာ သုံးမြွာ စသည်မှ အဟုန်နှင့် စီးဆင်းလာသော ရေကြောချင်း ထိစပ်ရာ ရေပြင်။ ဒီရေ နှစ်ကြောင်း စုဆုံရာ။ မတိုးမဆုတ် ဖြစ်နေခြင်း
    meeting point of currents
    နာမ်

    ရီဆိုင်း

    [ɹísʰáɪɴ]
    အိုးခက် စစွာကို ထည့်သွင်းကာ ထမ်းဆောင်ရရေ (ဝန်သယ်) ကိရိယာ။ ဆိုင်း
    ရေအိုး စသည်ကို ထည့်သွင်းကာ ထမ်းဆောင်ရသော (ဝန်သယ်) ကိရိယာ။ ဆိုင်း
    framework to carry water pot - cane or bamboo framework for suspending fruits pots etc.
    နာမ်

    ရီဆိုင်၂

    [ɹísʰàɪɴ၂]
    မြစ်ဝကျွန်းပေါ် အရပ်မာ ပင်လယ်မှ တက်လာရေ ဖြားရီ နှစ်ခု တွိဆုံသော နီရာ
    မြစ်ဝကျွန်းပေါ် အရပ်တွင် ပင်လယ်မှ တက်လာသော ဒီရေ နှစ်ခု တွေ့ဆုံသော နေရာ
    meeting point of currents
    ကြိယာ

    ရီဆီး

    [ɹísʰï]
    ရေဖြင့် ဆီးကြော ထားရေ
    ရေဖြင့် ဆေးကြော ထားသည်
    wash
    ကြိယာ

    ရီဆီး၂

    [ɹísʰï၂]
    ရေဖြင့် ဆီးကြောထားရေ အရာ။ ၂၊ ရေနန့် စပ်၍ ခြယ်မှုန်းရရေ စာပဂျီ ဆီး
    ရေဖြင့် ဆေးကြောထားသော အရာ။ ၂၊ ရေနှင့် စပ်၍ ခြယ်မှုန်းရသော စာပန်းချီ ဆေး
    water-colour wash-board
    နာမ်

    ရီဆီးငါး

    [ɹísʰïŋàး]
    (ဥပစာ) (ရေဖြင့် ဆီးကြော ထားရေ ငါးပိုင်) ဖြူဖွေး သန့်စင်သူ။ ဖြူဖြူဖွီးဖွီး၊ ရီဆီးငါးလို၊ လှနိုင်ရှာသရယ် (တေးခြင်း)
    (ဥပစာ) (ရေဖြင့် ဆေးကြော ထားသော ငါးကဲ့သို့) ဖြူဖွေး သန့်စင်သူ။ ဖြူဖြူဖွီးဖွီး၊ ရီဆီးငါးလို၊ လှနိုင်ရှာသရယ် (သီချင်း)
    [fig.] woman with a healthy bloom - pure man
    နာမ်

    ရီဆုံးရီဖျား

    [ɹísʰóʊɴɹípʰrá]
    (ဥပစာ) အဆုံး အပိုင်းအရာထိ။ အပြီး ထိတောင်
    (ဥပစာ) အဆုံး အပိုင်းအခြားထိ။ အပြီး တိုင်အောင်
    [fig.] the very end - the bitter end
    ကြိယာဝိသေသန