Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 681–700 of 1,415 words

    ရ

    ရီတိုင်း

    [ɹítáɪɴ]
    ဖြားရီ အကျဆုံးအချိန်နန့် အတက်ဆုံး အချိန်ရို့မာ ပြန်ပနာမတက်မီ၊ မကျမီ အခိုက်အတန့်၌ ရေငြိမ်တန့် နိန်ရေ
    ဒီရေ အကျဆုံးအချိန်နှင့် အတက်ဆုံး အချိန်တို့တွင် ပြန်၍မတက်မီ၊ မကျမီ အခိုက်အတန့်၌ ရေငြိမ်တန့် နေသည်
    be still of water
    ကြိယာ

    ရီတိုင်းချိန်ကြိုး

    [ɹítáɪɴɕèɪɴt͡ɕó]
    လောင်း၊ သင်္ဘော စကပင် ရီထဲကို ပစ်ချပနာ ရေနက် ပမာဏကို သိဟိစီရန် တိုင်းရရေ အဖျားမာ ခဲသီးအစဟိစွာ တပ်ထားရေ ပါ၊၊ အတောင် အစဟိစွာ အမှတ်ပါကြိုး
    လှေ၊ သင်္ဘော စသည်မှ ရေထဲသို့ ပစ်ချ၍ ရေနက် ပမာဏကို သိယှိစေရန် တိုင်းရသည့် အဖျားတွင် ခဲသီးစသည် တပ်ထားသော ပေ။ အတောင် စသည် အမှတ်ပါကြိုး
    water guage
    နာမ်

    ရီတိုင်းဝါး

    [ɹítáɪɴwàး]
    မြစ်ထဲမာ လားလာ ခုတ်မောင်းနိန်ရေ လောင်း၊ သင်္ဘောများ အတွက် ရေ၏ အတိမ်အနက်ကို သိရန် ဝါး၏ ထိပ်ဖျားမာ သံပြားငယ် ချုပ်ပနာ ဆီးအဖြူ၊ အရဲ၊ အနက် တရစ်စီ သတ်ဗျာယ် ရေမာ ချထားရေ ဗော်ယာတမျိုး
    မြစ်ထဲတွင် သွားလာ ခုတ်မောင်းနေသော လှေ၊ သင်္ဘောများ အတွက် ရေ၏ အတိမ်အနက်ကို သိရန် ဝါး၏ ထိပ်ဖျားတွင် သံပြားငယ် ချုပ်၍ ဆေးအဖြူ၊ အနီ၊ အနက် တစ်ရစ်စီ သတ်လျက် ရေတွင် ချထားသော ဗော်ယာတစ်မျိုး
    markers of river
    နာမ်

    ရီထင့်

    [ɹítʰɪ̰ɴ]
    ဖြားရီ အကျဆုံး အချိန်နန့် အတက်ဆုံး အချိန်ရို့မာ ပြန်ပနာ မတက်မီ၊ မကျမီ အခိုက်အတန့်၌ ရေငြိမ် တန့်နိန်ရေ။ ၂၊ ဖြားရီ ရှေ့မတိုး နောက်မဆုတ် ငြိမ်တန့် နိန်ရေ
    ဒီရေ အကျဆုံး အချိန်နှင့် အတက်ဆုံး အချိန်တို့တွင် ပြန်၍ မတက်မီ၊ မကျမီ အခိုက်အတန့်၌ ရေငြိမ် တန့်နေသည်။ ၂၊ ဒီရေ ရှေ့မတိုး နောက်မဆုတ် ငြိမ်တန့် နေသည်
    stable
    ကြိယာ

    ရီထင်ရာ

    [ɹítʰɪ̀ɴɹà]
    ရေပြည့်် တက်ကြောင်း သိရေ ထင်ရှားစီသော အမှတ်အသား
    ရေပြည့်် တက်ကြောင်း သိသော ထင်ရှားစေသော အမှတ်အသား
    reach at full marker river
    နာမ်

    ရီးထိုး

    [ɹïtʰó]
    ကာလမြင့်စွာ မမိမပျောက် အောက်မိယောင် စာတမ်း ကမ္ပည်း အစဟိစွာ ရီးသားသည်
    ကာလမြင့်စွာ မမေ့မပျောက် သတိရအောင် စာတမ်း ကမ္ပည်း စသည် ရေးသားသည်
    record - inscribe on stone - affix signature
    ကြိယာ

    ရီးထုံး

    [ɹïtʰóʊɴ]
    စာလုံးပေါင်း သတ်ပုံ ရီးရိုးရီးရာ ရီးသား လာခရေ ရီးပုံစနစ်
    စာလုံးပေါင်း သတ်ပုံ ရေးရိုးရေးရာ ရေးသား လာခဲ့သော ရေးပုံစနစ်
    orthography - spelling
    ကြိယာ

    ရီးထုံးရီးနည်း

    [ɹïtʰóʊɴɹïnɛ́]
    ရှေးအစိုင်အလာ ရီးသား လိုက်နာခရေ ရီးသားပုံစနစ်
    ရှေးအစဉ်အလာ ရေးသား လိုက်နာခဲ့သော ရေးသားပုံစနစ်
    orthography - spelling
    နာမ်

    ရီဒဏ်

    [ɹídn်]
    မထေရ်ကြီး ပုဂ္ဂိုလ်ရို့က အပြစ် အနိန်နန့် ရဟန်း မောင်သျှင်ရို့အား ပေးရေ သဲ၊ ရေသယ်ခြင်းနန့် ထမ်းဆောင်ရရေ ဒဏ်။ မိုဃ်းရွာ ရီကြီးခြင်းကြောင့် ထွိမိထွိရာ ပျက်စီး ဆုံးပါးရရေ ဒဏ်
    မထေရ်ကြီး ပုဂ္ဂိုလ်တို့က အပြစ် အားလျော်စွာ ရဟန်း သာမဏေတို့အား ပေးသည့် သဲ၊ ရေသယ်ခြင်းဖြင့် ထမ်းဆောင်ရသော ဒဏ်။ မိုဃ်းရွာ ရေကြီးခြင်းကြောင့် ထွေထွေရာရာ ပျက်စီး ဆုံးပါးရသော ဒဏ်
    penance meted out to erring novices requiring them to carry water for the monastery
    နာမ်

    ရီဒုံ

    [ɹídòʊɴ]
    နှီးသားကို သရိုး သစ်စိရို့နန့် မွမ်းမံ ပြုလုပ်ထားရေ အဝကျယ် အောက်ကျဉ်း ခွက်ရှည်။ ယွန်းခွက်ပုံအတိုင်း ဒန်သတ္တုဖြင့် ပြုလုပ်ရေ ယင်းနည်းပိုင် ခွက်ရှည်။ ၂၊ မြေ၊ ဖလ် သတ္တု အစဟိစွာတခုခုဖြင့် ရေထည့်ရန် ပြုလုပ်ထားရေ အစောက်ရှည် ထည့်စရာ
    နှီးသားကို သရိုး သစ်စေ့တို့ဖြင့် မွမ်းမံ ပြုလုပ်ထားသော အဝကျယ် အောက်ကျဉ်း ခွက်ရှည်။ ယွန်းခွက်ပုံအတိုင်း ဒန်သတ္တုဖြင့် ပြုလုပ်သော အလားတူ ခွက်ရှည်။ ၂၊ မြေ၊ ဖလ် သတ္တု စသည်တစ်ခုခုဖြင့် ရေထည့်ရန် ပြုလုပ်ထားသော အစောက်ရှည် ထည့်စရာ
    basin - bowl
    နာမ်

    ရီနက်ကြောင်း

    [ɹínɛʔt͡ɕáʊɴ]
    မြစ်ပြင်၊ ပင်လယ်ပြင် အစဟိစွာ၌ အထုအစောက် ကြီးမားရေ ရီစီးကြော
    မြစ်ပြင်၊ ပင်လယ်ပြင် စသည်၌ အထုအစောက် ကြီးမားသော ရေစီးကြော
    deep water - water course
    နာမ်

    ရီနက်ခင်း

    [ɹínɛʔkʰɪ́ɴ]
    အနိမ့်ပိုင်းကျသော လယ်ယာ မြီကွက်။ ၂၊ ရေနက်ကွင်း လယ်မျိုး၌ စိုက်ပျိုးသော စိုက်ခင်း
    အနိမ့်ပိုင်းကျသော လယ်ယာ မြေကွက်။ ၂၊ ရေနက်ကွင်း လယ်မျိုး၌ စိုက်ပျိုးသော စိုက်ခင်း
    species of paddy grown in flooded areas on field
    နာမ်

    ရီနံချီး

    [ɹínံɕï]
    ဓာတ်ဆီ၊ ရနံဆီ စစွာတိ ထုတ်ယူပနာ ကျန်ဟိသော ပျစ်စေးရေ ရီနံကြွင်း
    ဓာတ်ဆီ၊ ရေနံဆီ စသည်များ ထုတ်ယူ၍ ကျန်ယှိသော ပျစ်စေးသည့် ရေနံကြွင်း
    oil dregs
    နာမ်

    ရီနံစိမ်း

    [ɹínံséɪɴ]
    ဓာတ်ဆီ၊ ရနံဆီ အစဟိစွာ ထုတ်ယူခြင်း မပြုရသိမ့်မှီ ရီနံရိုင်း
    ဓာတ်ဆီ၊ ရေနံဆီ စသည် ထုတ်ယူခြင်း မပြုရသေးမှီ ရေနံရိုင်း
    crude oil
    နာမ်

    ရီနံဆီ

    [ɹínံsʰí]
    ရီနံမှ နောက်ဆုံးအဆင့် ထုတ်ယူရဟိရေ မီးတောက် လောင်စီရေ ကြည်လင်သော လောင်စာရည် တမျိုး။ ဒေါက်လှန့်လည်းဝီဝီ၊ ရီနံလည်းဆီနန့်၊ ရွှီပြည်သျှင်မာ၊ အပြည့််တင်မည် (စန္ဒရား)
    ရေနံမှ နောက်ဆုံးအဆင့် ထုတ်ယူရရှိသော မီးတောက် လောင်စေသည့် ကြည်လင်သော လောင်စာရည် တစ်မျိုး။ ဒေါက်လှန့်လည်းဝီဝီ၊ ရီနံလည်းဆီနှင့်၊ ရွှီပြည်သျှင်မှာ၊ အပြည့််တင်မည် (စန္ဒရား)
    kerosene - paraffin
    နာမ်

    ရီးနည်း

    [ɹïnɛ́]
    စာစီစာကုံး ရီးဖွဲ့ ရာမာ လိုက်နာရန် အခြီခံ လမ်းညွှန်ချက်
    စာစီစာကုံး ရေးဖွဲ့ ရာ၌ လိုက်နာရန် အခြေခံ လမ်းညွှန်ချက်
    orthography - spelling
    ကြိယာ

    ရီနည်းငါး

    [ɹínɛ́ŋàး]
    (ဥပစာ) အားကိုး မှီခိုရာ ကင်းမဲ့သူ
    (ဥပစာ) အားကိုး မှီခိုရာ ကင်းမဲ့သူ
    helpless person
    နာမ်

    ရီနံတွင်း

    [ɹínံtwɪ́ɴ]
    မြီအောက်မှ ရီနံကို တူးဖောက် စုပ်ယူရေ နီရာ
    မြေအောက်မှ ရေနံကို တူးဖောက် စုပ်ယူသည့် နေရာ
    oil well
    နာမ်

    ရီနံရောင်

    [ɹínံɹàʊɴ]
    အဝါနန့် အညို ရောစပ်သော အရောင်
    အဝါနှင့် အညို ရောစပ်သော အရောင်
    greenish brown
    နာမ်

    ရီနီ

    [ɹíní]
    ရေပေါ် ရီအောက်မာ အသက်ရှင် နီထိုင်သော သတ္တဝါ
    ရေပေါ် ရေအောက်၌ အသက်ရှင် နေထိုင်သော သတ္တဝါ
    aquatic creature
    နာမ်