Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 701–720 of 1,415 words

    ရ

    ရီနီး

    [ɹínï]
    ရေမပူမအေး နွေးရုံမျှ အခြီအရဲ
    ရေမပူမအေး နွေးရုံမျှ အခြေအနေ
    warm water
    နာမ်

    ရီနီသတ္တဝါ

    [ɹíníθt̪t̪a̰wà]
    ရေပေါ်ရီအောက်မာ အသက်ရှင် နီထိုင်သော သတ္တဝါ
    ရေပေါ်ရေအောက်၌ အသက်ရှင် နေထိုင်သော သတ္တဝါ
    aquatic creature
    နာမ်

    ရီနီးသတ်

    [ɹínïθaʔ]
    ရပူဖြင့် ဆီးကြောရေ။ ပွရယောင် တခုတရီကို ရပူမာ စိကေချေ နှစ်ထားရေ
    ရေနွေးဖြင့် ဆေးကြောသည်။ ပွရအောင် တစ်စုံတစ်ရာကို ရေနွေးတွင် အနည်းငယ် နှစ်ထားသည်
    wash
    ကြိယာ

    ရီနီးသတ်၂

    [ɹínïθaʔ၂]
    စိကေချေ နွေးရုံမျှဖြင့်
    အနည်းငယ် နွေးရုံမျှဖြင့်
    warm
    ကြိယာဝိသေသန

    ရီနွီး

    [ɹínwï]
    အပူဟိန် မစဲသိမ့်ရေ ရေ။ ၂၊ ရေ မပူ မအေး နွေးရုံမျှ အခြီအရဲ
    အပူငွေ့ မစဲသေးသော ရေ။ ၂၊ ရေ မပူ မအေး နွေးရုံမျှ အခြေအနေ
    warm water
    နာမ်

    ရီနွီးဗူး

    [ɹínwïbùး]
    ရပူကို အပူဟိန် လျော့မပြယ်ရယောင် သိုထားနှိုင်ရေ ထည့်စရာ
    ရေနွေးကို အပူရှိန် လျော့မပြယ်ရအောင် သိုထားနိုင်သည့် ထည့်စရာ
    thermos flask
    နာမ်

    ရီနွီးသတ်

    [ɹínwïθaʔ]
    တခုတရီကို ရပူမာ တနားချေတဗွေချေ နှစ်သည်
    တစ်စုံတစ်ရာကို ရေနွေးတွင် ခေတ္တ နှစ်သည်
    blanch
    ကြိယာ

    ရီနွီးအိုး

    [ɹínwïʔó]
    ရေကို ကြိုချက်ရရေ အိုး
    ရေကို ကျိုချက်ရသည့် အိုး
    kettle
    နာမ်

    ရီပစ်

    [ɹípɪʔ]
    ကွာလှမ်းသော တစုံတရာကို ရေဖြင့် ထိတောင် ပြုရေ။ ၂၊ လောင်းအစဟိစွာ၌ စိမ့်ဝင်သော ရေကို ကော်ထုတ်ရေ။ တခုတရီ တည်ဟိရာ အထဲက ရေကို ကော်ခပ် ပစ်သည်
    ကွာလှမ်းသော တစ်စုံတရာကို ရေဖြင့် ထိအောင် ပြုသည်။ ၂၊ လှေစသည်၌ စိမ့်ဝင်သော ရေကို ကော်ထုတ်သည်။ တစ်စုံတစ်ခု တည်ရှိရာ အတွင်းမှ ရေကို ကော်ခပ် ပစ်သည်
    splash or throw water at someone or sth bale out water
    ကြိယာ

    ရီပစ်ခွက်

    [ɹípɪʔkʰwɛʔ]
    လောင်းမာ ရီခပ်ပက် ထုတ်သော ခွက်ငယ်
    လှေတွင် ရေခပ်ပက် ထုတ်သော ခွက်ငယ်
    mug
    နာမ်

    ရီပတ်

    [ɹípaʔ]
    ရီပြင်၌ အလယ်မာ ခွက်ပနာပျင်ဗျာယ် ရစ်လည်နိန်ရေ ရေဝဲတမျိုး
    ရေပြင်၌ အလယ်တွင် ချိုင့်၍ ရစ်လည်နေသော ရေဝဲတစ်မျိုး
    whirlpool
    နာမ်

    ရီပတ်တိုက်

    [ɹípaʔtaɪʔ]
    ရေ တနည်း ရပူ ဆွတ်ထားရေ အဝတ်ဖြင့် ပွတ်တိုက် သန့်စင်ပီးရေ
    ရေ သို့မဟုတ် ရေနွေး ဆွတ်ထားသော အဝတ်ဖြင့် ပွတ်တိုက် သန့်စင်ပေးသည်
    clean of wet cloth
    ကြိယာ

    ရီပန်း

    [ɹípáɴ]
    လောင်း၊ သင်္ဘော အစဟိစွာ လားရာမာ ဦးပိုင်း ဝဲရာ ရီပြင်မာ ရီထု ကွဲဖြာ၍ ဝေကျသော ရေမှုန်ရေမွှား
    လှေ၊ သင်္ဘော စသည် သွားရာ၌ ဦးပိုင်း ဝဲရာ ရေပြင်တွင် ရေထု ကွဲဖြာ၍ ဝေကျသော ရေမှုန်ရေမွှား
    water sprinkler fountain
    နာမ်

    ရီပန်းစား

    [ɹípáɴsá]
    လောင်း၊ သင်္ဘော အစဟိစွာ ရေကို ဦးတိုက် ခွဲဖြာပနာ အဟုန်ပြင်းစွာ ဟိကို တိုးရွှိရေ။ ၂၊ တိုးဝှေ့ခြင်းနန့် ရီပြင်ကို ဖွာထွက်စီရေ။ ခေတ်ပေါ် ထင်ရှားရေ။ မောင်သာဖြူရို့ ပြိုင်လောင်းဦးက ရီပန်းစား ပါရေ (အရပ်)
    လှေ၊ သင်္ဘော စသည် ရေကို ဦးတိုက် ခွဲဖြာ၍ အဟုန်ပြင်းစွာ ရှေ့သို့ တိုးရွှေ့သည်။ ၂၊ တိုးဝှေ့ခြင်းဖြင့် ရေပြင်ကို ဖွာထွက်စေသည်။ ခေတ်ပေါ် ထင်ရှားသည်။ မောင်သာဖြူရို့ ပြိုင်လောင်းဦးက ရီပန်းစား ပါရေ (အရပ်)
    (ship or boat) cut through the water with speed [fig.] be popular
    ကြိယာ

    ရီပန်းထ

    [ɹípáɴtʰ]
    လောင်း၊ သင်္ဘော အစဟိစွာ လားရာမာ ရေကို ဦးထိုး တိုက်ရာမာ အဟုန်ပြင်းစွာ တိုးဝှေ့ခြင်းကြောင့် ရေမှုန်ရေမွှား ပြင်းစွာထသည်
    လှေ၊ သင်္ဘော စသည် သွားရာ၌ ရေကို ဦးထိုး တိုက်ရာတွင် အဟုန်ပြင်းစွာ တိုးဝှေ့ခြင်းကြောင့် ရေမှုန်ရေမွှား ပြင်းစွာထသည်
    (ship or boat) cut through the water with speed
    နာမ်

    ရီပန်းထွက်

    [ɹípáɴtʰwɛʔ]
    ပတ်ဝန်းကျင်သို့ ပျံ့ကြဲစဉ် ထွက်လှာသော ရေမှုန်။ ရေအမှုန် အမွှား
    ပတ်ဝန်းကျင်သို့ ပျံ့ကြဲစဉ် ထွက်လာသော ရေမှုန်။ ရေအမှုန် အမွှား
    cut through the water with speed
    နာမ်

    ရီပန်းလိုက်

    [ɹípáɴlaɪʔ]
    လောင်း၊ သင်္ဘော အစဟိစွာ ဦးထိုး တိုက်ရာမာ ရီယက်ပန်း၊ ပြင်းစွာ ထရေ။ လောင်း၊ သင်္ဘော အစဟိစွာ ရေကို ဦးတိုက်ခွဲဖြာပနာ အဟုန်ပြင်းစွာ ဟိကို တိုးဝှေ့ခြင်းနန့် ရေမှုန် ရေမွှား ရီပြင်ကို ဖွာထွက် စီရေ
    လှေ၊ သင်္ဘော စသည် ဦးထိုး တိုက်ရာတွင် ရေယက်ပန်း၊ ပြင်းစွာ ထသည်။ လှေ၊ သင်္ဘော စသည် ရေကို ဦးတိုက်ခွဲဖြာ၍ အဟုန်ပြင်းစွာ ရှေ့သို့ တိုးဝှေ့ခြင်းဖြင့် ရေမှုန် ရေမွှား ရေပြင်ကို ဖွာထွက် စေသည်
    (ship or boat) cut through the water with speed
    ကြိယာ

    ရီပသီး

    [ɹípθï]
    ရီထဲမာ ပေါက်ရေ အခက်အလက် ပါရေ ကျောက်ကြောတမျိုး
    ရေထဲတွင် ပေါက်သည့် အခက်အလက် ပါသည့် ရေမှော်တစ်မျိုး
    algae - moss
    နာမ်

    ရီပိတ်ရိုက်

    [ɹípeɪʔɹaɪʔ]
    သံ၊ သွပ်၊ သတ္တု စရေ အပေါက်ကို ရေမဝင် ရယောင် သံဖြင့် နှစ်ဘက် ညှပ်သတ်ရေ
    သံ၊ သွပ်၊ သတ္တု စသည့် အပေါက်ကို ရေမဝင် ရအောင် သံဖြင့် နှစ်ဘက် ညှပ်ရိုက်သည်
    be watertight
    ကြိယာ

    ရီပိုး

    [ɹípó]
    အတောင်ကို ဖုံးအုပ်ထားရေ နက်ကျုတ်သော အခွံမာဟိရေ ရေ၌ နီတတ်ရေ ပိုးတမျိုး (ယင်းပိုးအား အာဟာရအဖြစ် စားကတ်တေ။
    အတောင်ကို ဖုံးအုပ်ထားသော နက်ကျုတ်သော အခွံမာရှိသည့် ရေ၌ နေတတ်သော ပိုးတစ်မျိုး (၎င်းပိုးအား အာဟာရအဖြစ် စားကြသည်။
    collective term for marine reptiles marine micro-organisms - minute living things in the water
    နာမ်